တိုက်ရိုက်ထုတ်လွင့်မှု အစ
Vol. 45 Ch. 666
“ အိုက်ယား… နင်တို့ကလည်း ပေါက်တတ်ကရတွေ ပြောမယ် ဆိုတာချည်းပဲ… မနေ့က တိုင်ကွန်း အစ်ကိုကြီးက ငါ့ရဲ့ အရည်အချင်းတွေကို နှစ်သက်လို့ ဆုချသွားတာလေ… တခြား မသင့်လျော်တဲ့ အတွေးတွေ မရှိပါဘူး…” ကျန်းရှောင်ယွီမှ ရယ်ကျဲကျဲဖြင့် ပြောလိုက်သည်။
“ အမှန်ဆို တိုင်ကွန်း အစ်ကိုကြီးက မင်းကို မရိုးတဲ့အတွေးတွေ ရှိလောက်တယ်… ဒါပေမယ့် ရင်ဘက်ကိုမြင်ပြီးတော့ သူစိတ်ပြောင်းသွားတာ နေမှာ….”
“ ဟဲ့… နင်တို့စကားတွေက နည်းနည်းလေး စော်ကားလွန်းသွားပြီနော်…” ကျန်းရှောင်ယွီ ရင်ကိုကော့လိုက်ပြီး “ မြစ်ရေက တောင်ဘက်ကို အနှစ်သုံးဆယ်… အနောက်ဘက်ကို အနှစ်သုံးဆယ်… နင်တို့ ငယ်ရွယ်တဲ့ မိန်းကလေးကို အနိုင်မကျင့်ကြနဲ့…”
( အစဉ်အမြဲ ပြောင်းလဲနေတယ်ဆိုတဲ့ သဘောပါ..)
“ နေစမ်းပါဦး.. ရှောင်းယွီ… မင်းခု ဘယ်သူ့ကားထဲ ရောက်နေတာ… အတွင်းပိုင်း အပြင်အဆင်က လန်းလှချည်လားဟ…”
“ ဟီးဟီးဟီး….”
ကျန်းရှောင်ယွီ ယခုလို မေးတော့မည်ဆိုတာကို ကြိုသိနေသည့် အပြုံးလေးဖြင့် “ နင်တို့ကောင်တွေ ငါ ရီဗျူး လုပ်သမျှက ဘာတန်ကြေးမှ မရှိဘူးဆိုပြီး ပြောနေကြတာမဟုတ်ဘူးလား.. ခု နင်တို့ကို တကယ့် အကောင်းစားက ဘာလဲ ဆိုတာ ပြမယ်….”
“ ခဏ ခဏ ခဏ …. အဲ့တာ မလုပ်ခင် အရင်ဆုံး မိတ်ဆက်ပေးရဦးမယ်… ခု ငါ့ဘေးမှာ ထိုင်နေတဲ့သူက ဒီနေ့ live stream ရဲ့ အဓိက စထွင်မာ မျက်နှာဖုံးနဲ့ အစ်ကိုကြီးပဲ…”
“ ငါ-ိုး… Bentley ကှီးဟ…”
စတီယာရင်ဘီးပေါ်ရှိ ကားအမှတ်တံဆိပ်ကို မြင်တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများမှာ တည်ငြိမ်စွာ မနေနိုင်တော့ချေ။
“ ရှောင်းယွီ… နင် သကြားဖေဖေ ရှာလာခဲ့တာလား…”
“ သူ အဲ့ဒီ တိုင်ကွန်းကို လျစ်လျူရှုပစ်လိုက်တာ မဆန်းတော့ပါဘူး… လက်စသတ်တော့ အချစ်သစ် ရှာတွေ့သွားတာကား…”
“ ထင်ထားတဲ့အတိုင်းပဲ မိန်းမတွေက သစ္စာကို မရှိဘူး…”
“ ဟျောင့်တွေ … ဒီကားက ရှောင်းယွီ ငှားလာခဲ့တာကော မဖြစ်နိုင်ဘူးလား…. ဘယ်က ငှားခဲ့တာ…”
“ ဘာကို ငှားရမှာ… ဒီကားက မျက်နှာဖုံးအစ်ကိုကြီး ဝယ်ထားတဲ့ကားကော ဖြစ်လို့ မရဘူးလား…” ကျန်းရှောင်ယွီ ပြန်လည် ချေပလိုက်၏။
“ ကလေးကွက်တွေ… တကယ်လို့ သူသာ အဲ့လောက်ထိ ချမ်းသာနေရင် စထွင်မာ လုပ်နေဦးမယ်လို့ ထင်လား…”
“ ဝါသနာလေ… ဂိမ်းတစ်ခုပဲ… အဲ့တာကို နင်တို့ နားလည်ကြလား….” ကျန်းရှောင်ယွီ ပြောလိုက်၏။
“ ဆောတီးပဲ… ငါတို့ နားမလည်ဘူး…”
“ နားမလည်လည်း ကိစ္စမရှိဘူး… လူတိုင်းပဲ နင်တို့ ငါ့ကို အားပေးသလို မျက်နှာဖုံး အစ်ကိုကြီးကိုလည်း အားပေးရမယ်နော်… သူက နင်တို့ကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ content တွေ တင်ဆက်ပေးသွားမှာ…”
“ ဘယ်သူ စထွင်းတာ အရေးမကြီးဘူး… ကားစမ်းသပ်မောင်းတာက ဘယ်အချိန်စမှာ… ငါ ခုတလော ကားဝယ်ဖို့ စီစဉ်နေတာ… မင်း စမ်းသပ်ပြမယ့် ကားက ဘယ်လိုနေမလဲဆိုတာ မျှော်နေတယ်နော…”
သိချင်စိတ်ဖြင့် ဝင်လာကြသူများအပြင် ကျန်းရှောင်ယွီ၏ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ၌ တိကျသည့် ရည်မှန်းချက်ဖြင့် ကြည့်ရှုနေကြသူများလည်း ရှိ၏။
မည်သို့ပင်ဆိုစေ ကျန်းရှောင်ယွီ၏ အကျင့်စရိုက်နှင့် ကိုယ်လုံး ကိုယ်ပေါက်မှာ ဆက်ဆီဆန်မနေပေ။
“ လူတိုင်းပဲ… စိတ် မလောကြနဲ့… ငါတို့ နောက် ဆယ်မိနစ်နေရင် တိုက်ရိုက် ထုတ်လွင့်တော့မှာ… ဒီနေ့ တိုက်ရိုက်ထုတ်လွင့်မှုက သေချာပေါက် နင်တို့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး…”
……..
ပိုင်အိုးနီးယားလမ်း… Honda 4S စတိုးဆိုင် အဝင်ဝတွင်တော့ သက်လတ်ပိုင်း လူတစ်ဦးနှင့် ငယ်ရွယ်သည့် အမျိုးသမီးတစ်ဦးမှာ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် ကြည့်နေကြသည်။
သက်လတ်ပိုင်းလူမှာ 4S စတိုးဆိုင်၏ မန်နေဂျာဖြစ်ပြီး နာမည်ကတော့ ကျန်းရီလေ့ပင်။
သူက live stream များ၏ အမာခံ ပရိတ်သတ်တစ်ဦးဖြစ်ပြီး တိုက်ရိုက်ထုတ်လွင့်မှုများ ကြည့်နေစည် ရုတ်တရက် ကျန်းရှောင်ယွီနှင့် သွားဆုံလေသည်။ သူမ၏ တိုက်ရိုက်ထုတ်လွင့်သည့် ပုံစံက စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရ၏။ ထို့ကြောင့်လည်း ကြော်ငြာပေးရန် ဖိတ်ခေါ်လိုက်ခြင်းပင်။
ယခုလို တိုက်ရိုက်ထုတ်လွင့်ပေးရသည့်အတွက် အကျိုးအမြတ်ကတော့ ကော်မရှင်ခ ခွဲဝေပေးခြင်းပင်။
အကယ်၌ ကားတစ်စီးရောင်းထွက်ပါက သူမ ကော်မရှင်ခ ယွမ် ၆၀၀ ရရှိလိမ့်မည်။
ယွမ် ၆၀၀ မှာ မများပြားသော်လည်း သူမအတွက် အလကား ရသည့် ငွေပင်။
ယင်းက အဘယ်ကြောင့်ဆိုသော် သူမ ယခုအခွင့်အရေးကို အသုံးချပြီး သူမ၏ Live stream ၏ content နှင့် အရည်အသွေးကို တိုးတက်အောင် ပြုလုပ်ခြင်သောကြောင့်ပင်။
ထို့ကြောင့် သူမ ပိုက်ဆံ ဘယ်လောက်ရမလဲ ဆိုတာကို စိတ်မဝင်စားချေ။
“ အစ်ကိုကျန်း… ကျွန်မ အဲ့ဒီ စထွင်မာကို ရှာကြည့်ပြီးသွားပြီ… အဲ့လောက်ကြီးလည်း နာမည်ကြီးတဲ့သူ မဟုတ်ပါဘူး… ကျွန်မတို့က သူ့ကိုပေးဖို့ လက်ဆောင်တွေ အများကြီး ပြင်ဆင်ထားတာဆိုတော့ နည်းနည်းလေး ရှုံးနေမလားလို့လေ….”
အမျိုးသမီး၏ နာမည်ကတော့ စွန်းချန်ဖြစ်ပြီး 4S ဆိုင်၏ အရောင်းချန်ပီယံပင်။ ထို့ကြောင့်လည်း ဆိုင်၏ စီမံမှုရေးရာများတွင် ပြောရေးဆိုခွင့် ရှိနေသည်။
“ မင်း live stream တွေ ကြည့်လေ့ကြည့်ထ မရှိဘူးဆိုတာ ပြောရဲတယ်… အဲ့တာကြောင့်မို့ ငါဘာလို့ ဒီလို လုပ်တာလဲ ဆိုတာ နားမလည်တာ…”
“ သူက ဘာတွေများ ထူးခြားနေလို့… ခုလို ကြေညာပေးမယ့် အမျိုးသမီး စထွင်မာ ရှာချင်ရင်တောင် နာမည် ပိုကြီးတဲ့ စထွင်မာ ရှာတာက ပိုမကောင်းဘူးလား…”
“ အဲ့တာကလည်း အကြောင်းပြချက်တွေထဲက တစ်ခုပဲ… ဒါပေမယ့် ငါတို့အတွက် အထိရောက်ဆုံးနဲ့ အကျိုးအရှိဆုံးဖြစ်အောင် အမာခံပရိသတ်များတဲ့ စထွင်မာတွေကို ရွေးချယ်ရမယ်….” ကျန်းရီလေ့ ပြောလိုက်ပြီး “ အဲ့ဒီ ထိပ်တန်းက အမျိုးသမီး စထွင်မာတွေကို သွားပြီး ခေါင်းထဲထည့်မနေနဲ့… သူတို့အကုန်လုံးက ရေပန်းစားတယ်ဆိုပေမယ့် သူတို့ရဲ့ အလှနဲ့ viewer တွေ လဲလှယ်နေတာ… ကြည့်တဲ့သူတွေကလည်း သူတို့လှတာကိုပဲ ကြည့်ချင်ကြတာ… တကယ်လို့ သူတို့ကို ကြေညာခိုင်းလိုက်မယ်ဆိုရင် ဘာမှ အကျိုးအမြတ် ရမှာ မဟုတ်ဘူး…”
“ ဒီရဲ့ ကျန်းရှောင်ယွီလို့ ခေါ်တဲ့ အမျိုးသမီး စထွင်မာကျတော့ မတူဘူး… သူ့ရဲ့ တိုက်ရိုက်ထုတ်လွင့်တဲ့ ပုံစံက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်… ပြီးတော့ ဖန်ဘေ့စ်လည်း အရမ်းကို ခိုင်မာတယ်… ဒီလို စထွင်မာမျိုးကို ငှားတာကမှ ပိုပြီး အကျိုးရှိတာ….”
“ ပြီးတာပဲလေ… ရှင်က မန်နေဂျာပဲ…. ဗီတိုအာဏာက ရှင့်လက်ထဲမှာ….”
နှစ်ယောက်သား စကားပြောနေစဉ် လင်းရီ၏ Bentley မှာ 4S စတိုးဆိုင် အဝင်ဝသို့ ထိုးရပ်လာခဲ့သည်။
ယင်းက ၎င်းတို့နှစ်ယောက်ကို ရှော့ခ်ရသွားစေသည်။
မည်သို့ပင်ဆိုစေ Bentley မှာ နေ့တိုင်း မြင်လို့ရသည့် ကားမဟုတ်ချေ။
ကားရပ်ပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့ ထွက်လာခဲ့ကြ၏။
ကျန်းရှောင်ယွီ၏ အချက်အလက်များကို ယခင်က မြင်ဖူးသောကြောင့် နှစ်ယောက်မှာ မြင်သည်နှင့် မျက်တန်းမှန်းမိသွားလေသည်။
သို့သော်လည်း လင်းရီကို မြင်တော့ နှစ်ယောက်မှာ အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့ပြီး သိချင်စိတ်တို့ ပြင်းပြလာခဲ့၏။
မျက်နှာကိုလည်း တစ်ခုလုံး ဖုံးအုပ်ထားပြီး သံသယတရားခံနှင့် အရမ်း ဆင်တူနေသည်။
“ ဟယ်လို မန်နေဂျာ ကျန်း… ကျွန်မ ကျန်းရှောင်ယွီလေ…”
ကျန်းရှောင်ယွီ ကျန်းရီလေ့ကို အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
“ ဟယ်လို ဟယ်လို …” ကျန်းရီလေ့ ယဉ်ကျေးစွာ ပြေလိုက်ပြီး “ ပြီးတော့ ဒါက ….”
“ သူက ကျွန်မတို့ ပလတ်ဖောင်းက တခြား စထွင်မာ တစ်ယောက်လေ… ဒီနေ့ပွဲကိုလည်း ကျွန်မနဲ့ အတူလုပ်မှာ….”
“ အဲ့တာဆို ဘာလို့ ဒီလိုကြီး ဝတ်စားထားတာ…”
နှစ်ယောက်သား အနည်းငယ် ဇဝေဇဝါ ဖြစ်နေပြီး လင်းရီ၏ ဝတ်စုံမှာ အနည်းငယ် ထူးဆန်းနေသယောင် ခံစားနေရ၏။
မျက်နှာပြရမှာ ရှက်လို့ အဲ့လောက်ကြီး ဖုံးထားတာလားပဲ…
ကြည့်စမ်း…
မျက်မှန်တွေကော mask တွေကော ဦးထုပ်တွေကော.. စုံလို့…
ကျန်းရီလေ့ live stream ကြည့်တာ နှစ်တို့ များလှပြီးဖြစ်သော်လည်း ယခုလို သူတို့၏ မျက်နှာကို ဖုံးကွယ်ထားသူနှင့်တော့ ပထမဆုံးအကြိမ် ကြုံဖူးခြင်းပင်.
“ ဒါကလည်း Live stream ရဲ့ ထူးခြားချက်ပဲလေ… ကျွန်မတို့က အစွမ်းအစနဲ့ စကားပြောတာ… တခြား စထွင်မာတွေလို ရုပ်ရည်ဗန်းပြနေတာ မဟုတ်ဘူး…”
“ ပြောတာကောင်းတယ်… ဒီဘက်ခတ်မှာ ဘယ်နယ်ပယ်ပဲ ဖြစ်ဖြစ် အရည်အချင်း မရှိလို့ကတော့ အနှေးနဲ့ အမြန် ဖယ်ရှားခံရမှာပဲ…”
နှစ်ယောက်လုံး လင်းရီ၏ အခြေအနေကို ခေါင်းထဲထည့်မနေကြတော့ချေ။ မည်သို့ပင်ဆိုစေ အပြင်ပန်း အဆင်တန်ဆာ များသာ ဖြစ်၏။
ကျန်းရှောင်ယွီသာ ပုံမှန်အတိုင်း တိုက်ရိုက်ထုတ်လွင့်နေသရွေ့ အရာအားလုံး အဆင်ပြေလေသည်။
သို့သော်လည်း စွန်းချန်ကတော့ ကျန်းရှောင်ယွီ၏ ရေပန်းစားမှုမှာ သိပ်မရှိသောကြောင့် အထင်မြင်သေးနေလေသည်။
“ မစ်ကျန်း… ကျွန်မတို့ ဘက်က ပြင်ဆင်ပြီးသွားပြီ.. ပွဲက အချိန်မရွေး စလို့ ရပြီနော်…”
“ဒါဆိုလည်း ခုပဲ စကြတာပေါ့… ဖန်တွေကလည်း ဆက်ပြီး မစောင့်နိုင်ကြတော့ဘူး….”
“ ကောင်းပြီလေ… အထဲကို ကြွပါ…”
နှစ်ယောက်သား 4S ဆိုင်ထဲသို့ ဝင်လိုက်ကြ၏။
Honda Civiv အသစ်စက်စက်မှာ ဆိုင်၏ အလယ်တွင် နေရာယူထားလေသည်။
ဈေးမှာ သိပ်မများသော်လည်း Civic ၏ အနေအထားနှင့် ဂုဏ်သတင်းတို့ကတော့ မေးခွန်းထုတ်ရန် မလိုအပ်ပေ။
ယခုလို ဈေးတွင် အခြား မည်သည့်ကားကမျှ Civic ၏ ပြိုင်ဘက် မဟုတ်ချေ။
သူ့ရှေ့ရှိ Civic မော်ဒယ်လ်ကို ကြည့်ရင်း လင်းရီမှာ အေးဆေး တည်ငြိမ်လျက်ပင်။
အသွင်အပြင်မှာ တူညီနေသော်လည်း လီချူးဟန်၏ Civic Type -R နှင့် နှိုင်းယှဉ်မည်ဆိုပါက ကမ္ဘာကြီးလောက် ဝေးကွာနေလေသည်။
ကျန်းရှောင်ယွီ ဆယ်ဖီစတစ်ဖြင့် ကင်မရာကို လင်းရီထံသို့ ချိန်လိုက်၏။
“ မျက်နှာဖုံး အစ်ကိုကြီး… စလိုက်ကြစို့… ရှင့်ရဲ့ ပရော်ဖက်ရှင်နယ်ဘက်ခြမ်းကို သေချာပေါက် ပြရမယ်နော်…”
“ အိုကေ… ပြဿနာမရှိဘူး…”
တိုက်ရိုက်ထုတ်လွင့်နေသည်က လင်းရီ ဖြစ်နေသည်ကို မြင်တော့ ကျန်းရီလေ့နှင့် စွန်းချန်တို့၏ အမူအရာမှာ မဆိုစလောက်လေး ပြောင်းလဲသွားခဲ့ကြသည်။
“ မိန်းကလေးကျန်း… ငါတို့ သဘောတူထားတာက မင်းကြေညာပေးဖို့လေ…ဘာလို့ အဲ့သူက မင်းရဲ့ နေရာကို ယူနေတာ…”
“ မန်နေဂျာကျန်း.. ရှင်ဘာမှ စိတ်မပူနဲ့… သူက ကျွန်မထက် ကားတွေအကြောင်း ပိုသိတယ်….ဒီရဲ့ Live stream မှာ သူ့ကို အဓိက နေရာ ထားလိုက်တယ်ဆိုတာကလည်း ပိုပြီးတော့ အောင်မြင်အောင်လို့ပဲ…”
ကျန်းရီလေ့ အခက်တွေ့နေဟန်ဖြင့် “ မိန်းကလေးကျန်း… မင်းလုပ်နေတာကြီးက သိပ်တော့ မဟုတ်သေးပါဘူး… ငါတို့ အလိုရှိတဲ့သူက မင်းလေ… ဒါပေမယ့် လမ်းခုလတ်ကြီးမှာ လူလဲလိုက်တယ်ဆိုတော့ စာချုပ်နဲ့ မကိုက်ညီဘူးနော…”
“ မစိုးရိမ်နဲ့… ဒီနေ့ ကားဆယ်စီး ရောင်းရဖို့ အာမခံတယ်…တကယ်လို့ ရောင်းမထွက်ခဲ့ရင် အဲ့ဆယ်စီး ကျုပ် ပြန်ဝယ်ပေးမယ်…” လင်းရီ ဖျော့တော့စွာ ပြောလိုက်သည်။