နယူတန် အုတ်ဂူထဲကနေ ပြန်ထလာပြီ
Vol. 45 Ch. 668
“ အစမ်းမောင်း “
“ အစမ်းမောင်း “
“ အစမ်းမောင်း “
ကြည့်ရှုသူ ပရိသတ်များမှာ အလွန်အမင်း စိတ်အားထက်သန်နေကြပြီး ၎င်းတို့၏ အာရုံကတော့ လင်းရီ အစမ်းမောင်းပြမည်ကို လိုလားနေကြသည်။
“ ဘာလဲ… လေတွေ ဒီလောက်ထိ ကြီးထားတော့ သူ့ကို အစမ်း မမောင်းပြခိုင်းရဲတော့ဘူးလား…”
“ ဒီရဲ့ နှလုံးသားမည်းညစ်တဲ့ ပွဲစားတွေက ကတ်စတန်မာကို ဘယ်လို ဂျင်းထည့်ရမလဲပဲ စဉ်းစားနေကြတာ… လူလိမ်တွေ…”
“ မင်းအဖွားပဲ.. ငါ အစက ဒီကား ဝယ်မလို့ လုပ်နေတာကိုကွာ… ဒါပေမယ့် ဒီလူတွေ မျက်နှာမြင်ပြီးတော့ ဘာကြီးပဲ ဖြစ်နေပါစေ … ငါမဝယ်တော့ဘူး…”
“ ခုကစပြီးတော့ တစ်ဘဝလုံး Civic မမောင်းတော့ဘူး…”
“ Civic ကို မေ့ထားလိုက်ဦး… ငါတော့ Honda မော်ဒယ်လ်တွေအကုန်လုံးကို ဝယ်မသုံးတော့ဘူး…”
ကြည့်ရှုသူများ၏ ကွန်းမန့်ကို မြင်တော့ ကျန်းရီလေ့ ငိုချင်နေသော်လည်း မျက်ရည်များက ကျမလာချေ။
သူတို့ကို ဒီမျက်နှာဖုံးနဲ့ကောင်ရဲ့ ကြံရာပါလို့ ထင်နေကြပြီ…
အမှန်အတိုင်းဆို ငါတို့ကမှ လှည့်စားခံလိုက်ရတဲ့သူပါဟ (ငိုသံကြီးဖြင့် )
ကျန်းရှောင်ယွီ အနည်းငယ် ကိုးရို့ကားယား ဖြစ်သွားခဲ့သည်။
သူမက ဤနေရာကို ကားရောင်းပေးရန် လာခဲ့ပါသော်လည်း လက်ရှိ အခြေအနေမှာတော့ လုံးဝကို ကမ္ဘာပျက်နေသကဲ့သို့ပင်။
အစ်ကိုရီ… ရှင် လျှောက်မမွှေနဲ့တော့နော်… ဟိုမှာ မန်နေဂျာက ငိုချင်နေပြီ….
“ ကျန်း… ဒီအခြေအနေထိ ရောက်လာပြီးမှတော့ မထူးတော့ဘူး.. သူ့ကို မောင်းခိုင်းလိုက်တော့… မဟုတ်ရင် အခြေအနေတွေက ပိုပြီး ဆိုးရွားသွားတော့မှာ….” စွန်းချန်း ပြောလိုက်သည်။
ကျန်းရီလေ့ သူ့ နဖူးပြင်ပေါ်ရှိ ချွေးအေးများအား သုတ်လိုက်ပြီး “ ဒါပေမယ့် ငါတို့ကားက သူပြောသွားသလို လန်ထွက်နေတာမှ မဟုတ်တာ… တကယ်လို့ စမ်းမောင်းကြည့်မယ်ဆိုရင်တောင်မှ ဘာမှ ထူးလာမှာ မဟုတ်ဘူး… ကျရှုံးနေဦးမှာပဲ…”
“ စောဖြစ်တာထက်စာရင် နောက်မှ ဖြစ်တာက ပိုကောင်းပါသေးတယ်..”
စွန်းချန် ရွေးချယ်စရာမရှိပဲ စမ်းမောင်းခွင့်ပြုရန် သဘောတူလိုက်ရသည်။
စမ်းသပ်မောင်းနေစဉ်အတွင်း ကား၏ စွမ်းဆောင်ရည်မှာ မျက်နှာဖုံးနှင့်လူ ကြွယ်ထားသလောက် ကောင်းမွန်နေလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမတို့ အဆိုပါ ကိစ္စကို ဖြေရှင်းချက်ပေးရန် အကြောင်းပြချက် တစ်ခုတော့ စဉ်းစားထားရပေမည်။
“ဟင်း… ကောင်းပြီကွာ…” ကျန်းရီလေ့ သက်ပြင်း ချလိုက်ပြီး “ အဲ့လိုလုပ်ရုံ တတ်နိုင်တော့တာပဲ…”
ကျန်းရီလေ့ သူ၏ လူများကို ကားသော့ ယူလာခိုင်းလိုက်၏။
သို့သော် မမောင်းနှင်မှီ ထုံးစံအတိုင်း 'စမ်းမောင်းပြီးနောက် ပြန်ပေးပါ့မည် ‘ ဘာညာ သာရကာ သဘောတူညီမှုများ၌ လက်မှတ်ရေးထိုးရသေး၏။
ထို့နောက် လင်းရီ ကားသော့ကို ယူပြီး ကားထဲသို့ ဝင်လိုက်သည်။ ကျန်းရှောင်ယွီလည်း ခရီးသည်ထိုင်ခုံသို့ ဝင်ထိုင်ကာ ကျန်းရီလေ့နှင့် စွန်းချန်တို့ကတော့ နောက်ဘက်ခြမ်းတွင် ထိုင်နေကြသည်။
သုံးယောက်လုံး စိတ်ခြောက်ခြားနေကြ၏။
တကယ်လို့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ရင် သူတို့ ပရိသတ်တွေကို ဘယ်လို ဖြေရှင်းချက်ပေးမှာ…..
“ အစ်ကိုရီ.. ဘာပြဿနာမှ မရှိတာ သေချာရဲ့လား…” ကျန်းရှောင်ယွီ လင်းရီနားထဲသို့ တိုးတိုးလေး ပြောလိုက်သည်။
“ ဘာကို ပြဿနာ ရှိရမှာ…” လင်းရီ ပြောလိုက်ပြီး “ ငါက ချဲ့ကားပြောနေတာလည်း မဟုတ်….”
“ ဒါပေမယ့်….”
“ ဘာ ဒါပေမယ့်မှ မရှိဘူး…. ထိုင်ခုံခါးပတ်ကို သေချာပတ်ထား…” လင်းရီ ပြောလိုက်ပြီး “ စကားမစပ် ခု ရေပန်းစားမှုက ဘယ်လောက် ရောက်သွားပြီလဲ…”
“ ၂၂၀,၀၀၀ ရောက်နေပြီ… မဆိုးပါဘူး…”
စနစ် မစ်ရှင်မှာ ရေပန်းစားမှု အမှတ်နှစ်သိန်း ရောက်သည်နှင့် ပြီးမြောက်မည်ဖြစ်၏။ သို့သော်လည်း သူ့ထံသို့ မည်သည့် အသိပေးစာမျှ ရောက်မလာချေ။
ကြည့်ရသလောက်တော့ စနစ်မှာ သူများ မိတ်ဆက်ထားပေးသည့် ကြည့်ရှုသူများအား ထည့်မတွက်သည့်ပုံပင်။ထို့ကြောင့် သူပို၍ အလုပ် ကြိုးစားရမည်ဖြစ်၏။
“ သေချာထိုင်ထားကြ…” လင်းရီ သူ၏ ထိုင်ခုံခါးပတ်ကို ပတ်လိုက်သည်။
“ အွန်း အွန်း… သေချာ ပတ်ပြီးသွားပြီ…”
Buzz! Buzz! Buzz! (ဘွန်း ဘွန်း )
“ ငိုးမ… အဲ့အသံက Civic ကား တစ်စီး ဖန်တီးနိုင်တဲ့ အသံလား…”
“ သူ ပြန်ပြောင်းထားတာ သေချာတယ်….”
“ လခွမ်း.. ဒီလို အင်ဂျင်သံက SUV အင်ဂျင်တွေမှာမှ ကြားနိုင်တဲ့ အသံလေကွာ… ဒီကောင်တွေ ပြန်ပြင်ထားတာများလား..”
အား…..
သတိပေးခြင်းမရှိပဲ Civic မှာ ရုတ်ချည်း တဟုန်ထိုး ပြေးထွက်သွားခဲ့ရာ ကျန်းရှောင်ယွီ ဖုန်းလွတ်ကျမလို ဖြစ်သွားခဲ့၏။
ကျန်းလေ့နှင့် စွန်းချန်တို့၏ အမူအရာမှာ ကျန်းရှောင်ယွီကဲ့သို့ ချဲ့ကားမနေသော်လည်း ရှော့ခ်ရသည့် မျက်နှာအမူအရာ ဖြစ်နေသည်။
သူတို့လည်း ဆိုင်မှာတုန်းက Civic ကို စမ်းမောင်းပြီးပါပြီ…
ဒါပေမယ့် ဒီလိုမျိုး လုပ်လို့ရမှန်းတော့ မသိခဲ့ဘူး…
ဒါက Civic ရဲ့ စတင်တဲ့ အမြန်နှုန်းလားကွ…. ဘာလို့ Type-R နဲ့ တူတယ်လို့ ခံစားနေရတာ….
“ မင်းတို့ကောင်တွေက Civic ရဲ့ စွမ်းဆောင်ရည်ကို မေးခွန်းထုတ်နေကြတယ်ဆိုတော့ ဒီအစ်ကိုကြီးကလည်း အားလုံးမြင်သာအောင် ပြပေးမယ်… မျက်လုံး ကျယ်ကျယ် ဖွင့်ထားကြ.....”
လင်းရီ လီဗာပေါ် နင်းလိုက်ပြီး Civic ၏စွမ်းအားကို အသားကုန် ညစ်ထုတ်လိုက်၏။
လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ကားအများအပြားကို ချန်ထားရစ်ခဲ့လေသည်။
“ သေစမ်း.. အရှိန်နှုန်းက မြန်လှချည်လားကွ… Sagitar ကိုတောင်မှ ကျော်လာခဲ့ပြီ…”
“ Sagitar တင်မကသေးဘူး.. ဘေးက Mustang ကိုတောင် ချန်ထားရစ်ခဲ့တာဟ…”
“ ငိုးပဲ ငိုးပဲ.. ငိုးပဲ… မျက်နှာဖုံး အစ်ကိုကြီးက စောက်ရမ်း အံ့အားသင့်ဖို့ ကောင်းသွားပြီ… သူက Cadillac ကိုတောင် ကျော်တက်သွားခဲ့ပြီ…”
လင်းရီ civic ကို လမ်းပေါ်တွင် မောင်းနေသည်ကိုမြင်တော့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ စိတ်အားထက်သန်မှုတို့မှာ မီးပွားလေးများ လွင့်စင်လာခဲ့ပြီး လေသံပင် ပြောင်းလဲသွားခဲ့တော့၏။
“ မျက်နှာဖုံးအစ်ကိုကြီးက အရမ်းအံ့ဩဖို့ကောင်းတယ်.. သူက တကယ်ကြီး ယွမ် တစ်သိန်းတန်ကားကို ပြိုင်ကားလို မောင်းပြနေတာပဲ…”
“ နတ်ဘုရားလို ပြိုင်ဘက်ကင်းတဲ့ကား… ယွမ်နှစ်သိန်း တန်ကြေးအောက်က ကားတိုင်းမှာ ပြိုင်ဘက်ကင်းပဲ…”
“ ကြည့်… စောနက ကျော်ခံလိုက်ရတဲ့ Cadillac က ပြန်မှီလာနေပြီ…”
“ ဘာပဲပြောပြော အဲ့တာက ယွမ် သုံးသိန်း တန်ကြေးရှိတဲ့ Cadillac CT6 လေ… Civic လေး ကျော်တာ ခံလိုက်ရတယ်ဆိုတော့ သေချာပေါက် ရှက်မိမှာပဲ… ဒီတော့ ပြန်ကျော်တာ သဘာဝပဲ…”
အခြေအနေ ဆိုးရွားလာနေသည်ကို မြင်တော့ ကျန်းရှောင်ယွီ သတိပေးလိုက်ပြီး “ အစ်ကို … သူတို့ မှီလာနေပြီနော်….”
လင်းရီ နောက်ကြည့်မှန်ကို တစ်ချက်ကြည့်လိုက်သည်။ “ မှီစမ်းပါစေ… ဒါပေမယ့် ငါတို့ကို ကျော်နိုင် မကျော်နိုင်ကတော့ သူ့ရဲ့ စကေးတွေအပေါ်မှာ မူတည်တယ်…”
ကျန်းရီလေ့နှင့် စွန်းချန်တို့ ထိတ်လန့်သွားခဲ့ကြသည်။
ဒီရဲ့ မျက်နှာဖုံးနဲ့လူက ရူးသွားပြီလား….
သူက CT6 ကို ယွမ် တစ်သိန်းတန်ကားကြီးနဲ့ ပြိုင်ဖို့ လုပ်နေတယ်….
ဒါက သေလမ်းရှာနေတာပဲ မဟုတ်ဘူးလား…
ထိုစဉ်တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့် ကဏ္ဍတွင်တော့ တစ်ဖန် အုံကြွလာပြန်သည်။
“ သူက CT6 ကိုတောင် မကြောက်ဘူးဟ… မျက်နှာဖုံးအစ်ကိုကြီး ဖက်ခ်တယ်ဝှက်…”
“ နည်းနည်းလေး မောက်မာလွန်းမနေဘူးလား.. အဲ့တာက Cadillac လေ… Cadillachoke လည်း မဟုတ်…”
“ ငါလည်း မျက်နှာဖုံး အစ်ကိုကြီးက သူ့ကိုယ်သူ ပိုတွက်နေတယ်လို့ ထင်တယ်… Civicက ဘယ်လောက်ကောင်းတယ်ပဲ ပြောပြော အဲ့ကားရဲ့ ပြိုင်ဘက်တော့ မဖြစ်နိုင်ဘူး…”
ကြည့်ရှုသူများမှ မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေကြစဉ် လင်းရီ ချန်ထားရစ်ခဲ့သည့် Cadillac ကားပိုင်ရှင်မှာ ပြန်မှီလာပြီး မှန်ပြတင်းပေါက် ချလိုက်၏။
“ ညီကို… စောက်ရမ်း အထင်ကြီးဖို့ ကောင်းသွားပြီ… မင်းက Civic စီးပြီး ငါနဲ့ ပြိုင်မောင်းချင်နေတယ်ပေါ့… မင်းမောင်းနေတာ Type-R များ မှတ်နေလားကွ….”
လင်းရီ ပြုံးလိုက်ပြီး “ ဒီတိုင်း CT6 လေးပဲမလား… ကိုင်တွယ်ဖို့ မခက်ပါဘူး….”
Civic ကို နတ်ဘုရားသဖွယ် ချီးမွမ်းထားသော်လည်း ၎င်း၏ ဈေးတန်ဖိုးကို မေ့ထား၍ မရချေ။ သူနှင့် ရွယ်တူများတွင် ပြိုင်ဘက်ကင်းနေသော်လည်း CT6 မှာ ယွမ် သုံးသိန်းကျော် တန်ကြေးရှိ၏။ ထို့ကြောင့် စက်ပစ္စည်း အရည်အသွေးကွာဟမှုများတော့ ရှိမည်မှာ သေချာပေါက်ပင်။
သို့သော်လည်း ၎င်းကို လင်းရီ မမှု။ သူ၏ ကားမောင်းကျွမ်းကျင်သည့် စွမ်းရည်ဖြင့် အနိုင်ယူ၍ရသည်။
အကယ်၍ Cadiallic ထက် မြင့်သည့် ကားဆိုလျှင်တော့ လင်းရီလည်း Civic နှင့် ပြိုင်ပြီး အနိုင်ပိုင်းနိုင်လိမ့်မည်လို့ ယုံကြည်ချက်မရှိချေ။
သို့သော် သူ့ဘေးရှိ CT6 ကတော့ အသေးအမွှားလေးပင်။
“ ဟားဟား….. ကြိုက်သွားပြီ....”
CT6 ကား ပိုင်ရှင်မှာ အူမြူးသွားခဲ့ပြီး “ အမှန်အတိုင်း ဝန်ခံရရင် မင်း Accord မောင်းပြီး ငါ့ရှေ့မှာ ဒီလိုမျိုး လာကြွားနေမယ်ဆိုရင် ငါ နားလည်နိုင်သေးတယ်… ဒါပေမယ့် ကိုယ့်လူ....မင်းက အစုတ်ပလုတ် Civic မောင်းပြီး မောက်မာနေတာကြီးကတော့ လွန်သွားပြီ .”
“ မင်းငါ့ကို ကျော်နိုင်တဲ့ အချိန်ကျမှ အဲ့စကားပြော..”
“ ကောင်းပြီလေ… ဟိုင်းဝေးလမ်းက ရှေ့နားလေးတင်ပဲ… ကျိုးဟိုင် တိုးဂိတ်ကို ဘယ်သူအရင်ရောက်လဲ ပြိုင်ကြမလား…”
“ စိန်လိုက်လေ…”
သို့နှင့် လင်းရီ မှန် ပြတင်းပေါက်ကို ပြန်ပိတ်လိုက်ပြီး လီဗာပေါ်သို့ ခြေထောက်နင်းကာ CT6 ကို ကားတစ်စီးစာ ကျော်ထားလိုက်၏။
“ သေစမ်း… စောက်ရမ်း စိတ်လှုပ်ရှားဖို့ကောင်းတယ်… နေ့ခင်းကြောင်တောင်ကြီး မိုင်ကုန်ဆော်နေတာဟ….”
“ အဲ့တာ တစ်နာရီကို မိုင် ၉၀ လောက်ရှိတယ်မလား…”
“ ညီကို အရှိန်လျှော့… ကျိုးဟိုင် ဟိုင်းဝေး အဝင်ပေါက်က ရှေ့နားလေးတင်ပဲ… မင်း ကွေ့ရတော့မယ်….”
“ ညီလေး.. မြန်မြန် အရှိန်လျှော့ပါဦးဟ… မင်း ခဏနေ ကွေ့ရတော့မှာ…..” ကျန်းရီလေ့ ပြောလိုက်ပြီ “ ခုနေ မလျှော့ရင် အကုန်လုံး မသာပေါ်ကုန်တော့မယ်…”
“ ကျုပ် အရှိန်လျှော့မယ် ပြောဖူးလို့လား…”
“ ရှိကြီးခိုးပါတယ်ကွာ… လျှော့ပါတော့ဟ… မင်းခု နင်းထားတာ ၁၀၀ ရောက်နေပြီ … ဒီလို ပုံစံကြီးနဲ့ ကွေ့ရင် ကျွမ်းထိုးမောက်ခုံတွေ ဖြစ်ကုန်တော့မှာပဲ…”
ဟိုင်းဝေးလမ်းတွင် ၁၀၀ နင်းထားသည်က ကိစ္စမရှိသော်လည်း ၁၀၀ နင်းထားပြီး ကွေ့မည်ဆိုလျှင်တော့ တစ်မီလီယွမ် တန်ကြေးရှိသည့် ကားပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ယွမ် တစ်သိန်းမျှသာ တန်ကြေးရှိသည့် Civic ဆိုလျှင်တော့………….
အကယ်၍ ထိုမျှ အရှိန်နှင့် ကွေ့နိုင်ပါက အိုင်းစက်နယူသန်ပင် သေရာမှ ပြန်ထကြည့်လောက်၏။
“ မျက်နှာဖုံးအစ်ကိုကြီး…. အရှိန်လျှော့ အရှိန်လျှော့… ငါတို့ ဝယ်ဆို ဝယ်ပေးပါ့မယ်…. Live stream အတွက်နဲ့တော့ မင်းရဲ့ အသက်ကို စွန့်စားစရာ မလိုပါဘူးဟ…”
“ သားရီးတို့ … ငါတော့ 911 ကို ဖုန်းဆက်ဖို့ အသင့်ပဲ… မနက်ဖြန်ဆို လူတွေကို ကယ်တင်ပေးတဲ့ သူရဲကောင်းကြီးဆိုပြီး သတင်းစာထဲ ပါလာတော့မှာကွ….ဟားဟား….”
“ Live stream တာ ကျရှုံးလည်း ကိစ္စမရှိဘူး… ကားသာ မမှောက်စေနဲ့….”
ကြည့်ရှုသူများမှ တစ်ယောက်တစ်ပေါက် ဆွေးနွေးနေစဉ် နားကွဲလောက်သည်အထိ ကျယ်လောင်သည့် တာရာနှင့် လမ်း ကုတ်ခြစ်သံမှာ ထွက်ပေါ်လာလေသည်။
ကျန်းရှောင်ယွီ၏ အမြင်မှ နေ၍ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်း ယွမ်တစ်သိန်းတန် Civic ကားလေးမှာ တကယ်ကြီး တစ်နာရီ မိုင်၁၀၀ အမြန်နှုန်းဖြင့် ဒရစ်ဖ် ဆွဲနေကြောင်း မြင်တွေ့လိုက်ရ၏။