← Chapters

ငါတို့ La Voiture Noire ကြည့်ချင်တယ်

Vol. 45 Ch. 669

ငါတို့ La Voiture Noire ကြည့်ချင်တယ်

Vol. 45 Ch. 669

“ လခွမ်းပဲ… ငါခုလေးတင် ဘာမြင်လိုက်တာ…”’

“ ငိုးပဲ.. ဒီကောင် ယွမ် တစ်သိန်းတန် Civic နဲ့ ဒရစ် ဆွဲပြသွားတယ်လား…”

“ သေစမ်း… ရှောင်ယွီဘရာ လွင့်ထွက်သွားပြီဟ….”

ချောမွေ့စွာ ကွေ့နိုင်ခဲ့သော်လည်း နောက်ခန်းတွင် ထိုင်နေသည့် စွန်းချန်မှာတော့ ကြောက်စိတ် မပြေသေးချေ။

သူမ ကျန်းရှောင်ယွီ၏ ဘရာ လွင့်မလွင့်ကို မသိ။ သို့သော် သူမကိုယ်တိုင်က လွင့်ထွက်သွားတော့မည့်သယောင် ခံစားနေရသည်။

“ တာယာတွေက သိပ်မကောင်းလို့ပေါ့… တကယ်လို့ လုံးဝ ပူနေတဲ့ တာယာဆိုရင် ဒီထက်တောင် ပိုပြီး လှပသွားဦးမယ်…” လင်းရီ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ကျန်းရီလေ့ကတော့ ဝိဉာဏ် ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသကဲ့သို့ ချွေးတို့ ပြန်ရင်း ငူငူငိုင်ငိုင်ကြီး ဖြစ်နေလေသည်။

ဒီရဲ့ Mask တပ်ထားတဲ့သူက ဘယ်သူလဲ…

ပရော်ဖက်ရှင်နယ် ကားပြိုင်တဲ့သူလား…

CT6 ကားပိုင်ရှင်လည်း ထို့နည်းတူ အံ့အားသင့်သွားခဲ့သည်။

ဘယ်လို ငရဲတုန်းကွ…

ဘာတွေလဲ ဖြစ်နေတာ…

ဝှက်တယ်ဖက်ခ်ပဲ… သူက Typr-R ကြီး မောင်းပြီးတော့ လူတွေကို အရူးလိုက်လုပ်နေတာလား….

ကွေ့အနည်းငယ် ကွေ့ပြီးနောက် CT6 ကားပိုင်ရှင်မှာ ခေါင်းအမြီးပင် မမြင်ရတော့ချေ။ တိုးဂိတ်သို့ မရောက်သေးသော်လည်း သူ ပြိုင်ပွဲကို လက်လျော့လိုက်ပြီးဖြစ်၏။

အဲ့လောက် စကေးကြမ်းတဲ့ ဒရိုင်ဘာနဲ့ ပြိုင်မောင်းရအောင် ငါက သောက်ရူးလား…

လင်းရီလည်း ကားအရှိန်လျော့လိုက်၏။ အကယ်၍ သူသာ အကြမ်းပတမ်း ဆက်မောင်းနေမည်ဆိုပါက Civic ကားမှာ မီးပွင့်တော့ပေမည်။

“ လူတိုင်းပဲ တစ်ချက်ကြည့်လိုက်ကြ…. ငါခု D mode ပြန်ပြောင်းလိုက်ပြီ… အမြန်နှုန်းက 120 .. ဒါပေမယ့် rpm က 2000 လောက်ပဲ… ဒါက Civic ရဲ့ စွမ်းဆောင်ရည် ဘယ်လောက်ကောင်းလဲဆိုတာ သက်သေပြပြီးသား ဖြစ်ရောပေါ့…. ခု မင်းတို့မှာ မေးခွန်းထုတ်စရာ ရှိသေးလား….”

“ ငါ ကားတစ်စီး ယူမယ်… ခုပဲ စရံတစ်ခါတည်း ချေမယ်.. ဘယ်ကောင်မှ ငါကားဝယ်တာကို လာမတားနဲ့…”

“ ငါ့မိန်းမလည်း‌ မြေကြီးထဲ ရောက်နေပြီဆိုတော့ ..ဟားဟား… ပိတ်ပင်မယ့်သူ မရှိတော့ဘူး….”

“ ဒီနေ့ထိ ငါ့ BMW 7 ကအမှိုက်ဆိုတာ မသိခဲ့ပါလားကွာ…”

တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို မြင်တော့ ကျန်းရှောင်ယွီ ပြုံးလိုက်ပြီး “ တကယ်လို့ ကား ဝယ်ချင်တယ်ဆိုရင် 4S စတိုးဆိုင်ကို သွားပြီးတော့ ငါ့နာမည်ကို ပြောလိုက်ကြ… အဲ့တာဆို နင်တို့ ဒစ်စကောင့် သုံးရာခိုင်နှုန်း အပြင် လက်ဆောင်ပစ္စည်းတွေလည်း ရမှာ…. ဒစ်စကောင့်က နောက်တစ်ပတ်အထိ အချိန်ရှိသေးလို့ အားလုံးပဲ လက်လွတ်မခံကြနဲ့နော်….”

ကြည့်ရှုသူများနှင့် ခဏတစ်ဖြုတ် စကားပြောပြီးနောက် လင်းရီ 4 S စတိုးဆိုင်သို့ ပြန်လာခဲ့လိုက်၏။

ကျန်းရှောင်ယွီ ပြုံးလိုက်ပြီး “ မန်နေဂျာကျန်း…. ဒီနေ့ တိုက်ရိုက်ထုတ်လွင့်တာ အဆင်ပြေတယ်မလား…”

ကျန်းရီလေ့ အော်ငိုချင်လောက်သည်အထိ စိတ်လှုပ်ရှားနေတော့၏။

“ အဆင်ပြေရုံတင် ဘယ်ကမှာ.. စောက်ရမ်းကို အဆင်ပြေတာ… မင်းကို ဒီမှာ စထွင်းပေးဖို့ တောင်းဆိုလိုက်တာက ငါ့ဘဝမှာ ပြုလုပ်ခဲ့ဖူးတဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ….”

“ ဟီးဟီး… မန်နေဂျာကျန်း အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ…”

အာလာပသလ္လာပ တစ်ချို့ ပြောပြီးနောက် ကျန်းရီလေ့ လင်းရီနှင့် ကျန်းရှောင်ယွီကို ကျေးဇူးတင်ကြောင်း ဖော်ပြရန် လက်ဆောင်ပစ္စည်းများ ပေးအပ်လိုက်လေသည်။

ထို့နောက် နှစ်ယောက်သား ထွက်လာခဲ့ကြ၏။

လင်းရီကားပေါ်သို့ တက်ရင်း ကျန်းရှောင်ယွီ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် “ နင်တို့တွေ… ဒီနေ့ Live stream က စိတ်လှုပ်ရှားဖို့ မကောင်းဘူးလား… နင်တို့ လက်ဆောင်လေးတွေပေးရင် ပိုပြီးတောင် ကောင်းသွားဦးမယ်…”

လင်းရီ တိုက်ရိုက်ထုတ်လွင့်မှုကို တစ်ချက်ကြည့်လိုက်ပြီး ရေပန်းစားမှု အမှတ်မှာ လေးသိန်းနှစ်သောင်းသို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း သိလိုက်၏။

သို့သော်လည်း သူ၏ မစ်ရှင်မှာ မပြီးမြောက်သေးချေ။

လင်းရီ မနေနိုင်ပဲ မေးကုတ်မိလိုက်၏။ တိုက်ရိုက်ထုတ်လွင့်တာကနေ ရေပန်းစားမှုအမှတ်တွေ ရဖို့ အဲ့လောက်ထိ ခက်လို့လား…

ဧကန္တ သူ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတာတွေ လုပ်ပြဖို့ လိုနေတာ များလား….

“ ဒီနေ့ Live stream က မဆိုးပါဘူး… ဒါပေမယ့် စောက်ရမ်း မိုက်နေတာကြီးလည်း မဟုတ်ပါဘူး… အလကားပဲ…” တစ်စုံတစ်ယောက်မှ ထိုသို့ မှတ်ချက်ရေးလိုက်၏။

“ နင်တို့က မကျေနပ်သေးဘူးပေါ့…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ သူက Civic နဲ့ ဒရစ် ဆွဲပြသွားတာနော်… တခြား စထွင်မာတွေ အဲ့လိုလုပ်ပြတာ နင်တို့ မြင်ဖူးလို့လား… ငါကြွားနေတာတော့ မဟုတ်ဘူး… အင်တာနက်ပေါ်မှာ ရှာကြည့်ရင်တောင် မျက်နှာဖုံး အစ်ကိုကြီးက သေချာပေါက် ပရိုဒရိုင်ဘာပဲ..”

“ ဘယ်လောက်ပဲ အံ့ဩဖို့ကောင်းတယ် ပြောပြော ဒီတိုင်း Civic လေးပဲလေ… ငါတို့ကို ပိုမိ ပိုမိုက်ပြီး လန်းတဲ့ ပစ္စည်းလေးတွေ ပြစမ်းပါ…”

“ ပိုလန်းတဲ့ ပစ္စည်း…” ကျန်းရှောင်ယွီ ရေရွတ်လိုက်ပြီး “ ငါတို့ ဘန်ထလေထဲ ထိုင်နေတာကို မမိုက်သေးဘူးလားဟဲ့… ဒါလည်း ဇိမ်ခံကားပဲကို…”

“ ဘာကို ဇိမ်ခံကားတုန်း… ခုခေတ် မင်္ဂလာဆောင်ရင် ဒီကားတွေပဲ သုံးကြတာ… ငါတောင် တစ်ခါမောင်းဖူးသေးတယ်… ဘာမှ ထူးဆန်းနေတာမျိုးလည်း မဟုတ်….”

“ အမှန်ပဲ… ကျိုးဟိုင်ဆိုတာ မြို့သေးသေးလေးမှ မဟုတ်တာ… ဘန်ထလေဆိုတဲ့ကားက ဒီမှာ လူတိုင်း မစီးနိုင်ရင်တောင် မောင်းတော့ မောင်းဖူးကြတယ်…”

“ မျက်နှာဖုံး အစ်ကိုကြီးရဲ့ စကေးတွေကတော့ အထင်ကြီးဖို့ ကောင်းပါရဲ့… ဒါပေမယ့် အင်တာနက်ပေါ်မှာ သူများတွေ ဒရစ်လုပ်တာကို ငါတို့လည်း မြင်ဖူးနေတာပဲလေ… နင်တို့နှစ်ယောက်က ရီဗျူးလုပ်တဲ့ စထွင်မာတွေ မဟုတ်ဘူးလား… ငါတို့ အရင်က မမြင်ဖူးတဲ့ ပစ္စည်းအဆန်းလေးတွေ ပြစမ်းပါ….”

“ ကောင်းပြီလေ… မင်းတို့ ဘာကြည့်ချင်လဲ ပြောလိုက်… ငါ ခဏနေကျရင် ခေါ်သွားပေးမယ်…” လင်းရီ ပြောလိုက်သည်။

“ မျက်နှာဖုံး အစ်ကိုကြီး… မင်းရဲ့ မောင်းတဲ့ စကေးတွေက သောက်ရမ်းလန်းတယ်ဆိုတော့ အတွေ့အကြုံ ရှိတဲ့ ဒရိုင်ဘာတစ်ယောက်ဆိုတာ သေချာတယ်… ဒီတော့ ကားတွေအကြောင်းလည်း အများကြီး သိတယ်မလား…”

“ ဒါပေါ့…. တကယ်လို့ မင်း စိတ်ဝင်စားတယ်ဆိုရင် ငါ ကားတစ်ချို့ ပြပေးလို့ရတယ်… ငါ့မှာ အများကြီးပဲ…. တောင်းဆိုစရာရှိရင် လွတ်လွတ်လပ်လပ်သာပြော…”

“ အောင်မာ လေသံကလည်း တယ်မောက်မာလှချည်လားကွ… မသိရင် အဟုတ်လိုလိုနဲ့….”

“ မင်းကမှ ဂေါက်နေတာ… မျက်နှာဖုံးအစ်ကိုကြီး ခု မောင်းနေတဲ့ ကားကို တစ်ချက်ရှိုးလိုက်… လေးမီလီယမ်ကျော်တဲ့ Bentley ကွ… သူ့ သူငယ်ချင်းတွေကလည်း သေချာပေါက် ဆိုးရွားမှာတော့မဟုတ်လောက်ဘူး.. ဒီတော့ ငါတို့ကို ပြိုင်ကားတွေ ကြည့်ဖို့ ခေါ်သွားပေးနိုင်မှာ သဘာဝပဲလေ…. ဦးနှောက်လေးနဲ့ စဉ်းစားပြီးတော့မှ စာရိုက်….”

“ ငါ့မျက်လုံးထဲမှာတော့ ယွမ် ဆယ်မီလီယမ်အောက်က ကားတွေအကုန်လုံး စောက်ထင်ကို မကြီးတာ… ပြီးတော့ ဒီရဲ့ ဘန်ထလေလည်း သူ့ကား ဟုတ်ပုံ မရပါဘူးကွာ… ဘောစိတစ်ယောက်ယောက်စီကနေ ငှားလာခဲ့တာလည်း ဖြစ်နိုင်တယ်…. မဟုတ်ရင် ဒီလောက်ငယ်ငယ်လေးနဲ့ ဒီလို ကားကောင်းမျိုး မောင်းနေနိုင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”

“ ငိုးပဲ…. မင်းတို့ကောင်တွေ ထရိုးတဲ့ အဆင့်က ပရော်ဖက်ရှင်နယ်တောင် မဟုတ်တော့ဘူး.. နိတ်လယ်ဗယ်တောင် ရောက်နေပြီ… ဘာလဲ မျက်နှာဖုံးအစ်ကိုကြီးက မင်းဘိုးဘေး အုတ်ဂူ ဝင်မွှေသွားလို့ ကြည့်မရ ဖြစ်နေတာလား…”

“ ဘာကိစ္စ ကြည့်မရ ဖြစ်ရမှာ… ငါက ဒီတိုင်း မျက်နှာဖုံး အစ်ကိုကြီးက လေကြီးလွန်းတော့ မခံနိုင်တာ…”

“ ငါလည်း ဒီ မျက်နှာဖုံး အစ်ကိုကြီးက နည်းနည်းလေး မောက်မာတယ်လို့ ထင်တယ်… ကျိုးဟိုင်လို နေရာမျိုးမှာ ကြုံရာ ဘားတစ်ခုထဲ ဝင်ကြည့်ရင်တောင် အနည်းဆုံး ယွမ် နှစ်မီလီယမ်တန်ကြေးရှိတဲ့ ကားတွေ တစ်စီး နှစ်စီး အမြဲတမ်း ရှိတယ်… ဘာမှ ထူးဆန်းနေတာ မဟုတ်ဘူး…”

“ အမှန်ပဲ… ငါတို့ အောက်ထပ်က ဘားဆို ညရောက်တာနဲ့ ဇိမ်ခံကားတွေနဲ့ စုံလို့… မာစီးတီးနဲ့ BMW တွေဆို နှစ်ခါပြန် လှည့်ကြည့်ဖို့တောင် မထိုက်တန်ဘူး.. ရှေ့ရက်တွေတုန်းကဆို ငါ ယွမ် ခြောက်မီလီယမ်လောက် တန်တဲ့ လမ်ဘိုဂီနီ အပေါက်ဝမှာ ရပ်ထားတာ လှမ်းမြင်လိုက်သေး…. ခုဆို ယွမ် ဆယ်မီလီယမ်အောက် ကားတွေက ငါ့ကို ရင်ခုန်အောင် မလုပ်နိုင်တော့ဘူး…”

“ မင်းတို့ကောင်းတွေကလည်း ကိုယ်မစားနိုင်တဲ့ စပျစ်သီးကို ချဉ်တယ်လုပ်နေကြတာပဲကွ…. ကီးဘုတ်ဖိုက်တာတွေလို့ကို မပြောရဘူး…”

လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းကို ကြည့်လိုက်ပြီး “ ကောင်းပြီလေ… မင်းတို့ကောင်တွေ ဘယ်လိုကားမျိုး ကြည့်ချင်လဲ… စက်ရုံကနေ ထုတ်ပြီး ရောင်းချထားတယ်ဆိုရင် မင်းတို့ရဲ့ တောင်းဆိုချက်ကို သေချာပေါက် ဖြည့်ဆည်းပေးမယ်….”

လင်းရီ ကြွားဝါနေခြင်း မဟုတ်ချေ။ ချင်းဟန် ၊ လျန်ကျင်းမင်၊ ကောင်းကျုံးယွမ်နှင့် သူကိုယ်တိုင်ပါ ထည့်တွက်လိုက်ပါက အနည်းဆုံး စူပါကား အမျိုးအစားပေါင်း နှစ်ဆယ်ကျော် ရှိလေသည်။

ယင်းက ဈေးကွက်ထဲရှိ စူပါကား အကုန်လုံး နီးပါးကို ပိုင်ဆိုင်သည်ဟုတောင် ပြော၍ရသည်။

အကယ်၍ ကြည့်ရှုသူများ တောင်းဆိုသည့်ကားက သူတို့၌ မရှိဘူးဆိုလျှင်တောင် ကလပ်ရှိ အခြား အဖွဲ့အဝင်များ၌ ရှိနေနိုင်သည်။

တစ်ထစ်လျှော့ စဉ်းစားပြီး အကယ်၍ ၎င်းတို့မြင်ချင်နေသည့် ကားက သူ၏ အသိမိတ်ဆွေများထံ မရှိဘူးဆိုလျှင်တောင် လင်းရီ ပိုက်ဆံသုံး၍ ဝယ်ယူလိုက်ပေမည်။ လွယ်လွယ်လေးပင်။

“ မျက်နှာဖုံး အစ်ကိုကြီးကတော့ လေစိမ်းတွေ ရှယ်တိုက်နေပြီဟေ့… ငါ့ကောင်တို့.... ဘာကား မြင်ချင်လဲတဲ့….”

“ တော်တော်လွန်တယ်….”

“ ဟားဟား… ငါတော့ ဒီလိုမျိုး မစဉ်းစားပဲနဲ့ စကားပြောတတ်တဲ့ စထွင်မာတွေကို သဘောကျတယ်… မြန်မြန် .. ဒီကောင့်မျက်နှာကို ဖြတ်ရိုက်လိုက်ကြစို့…”

“ ငါ Lamborghini Aventador မြင်ချင်တယ်… မျက်နှာဖုံး အစ်ကိုကြီးက ဖြည့်ဆည်းပေးနိုင်မလား မသိဘူး….”

“ စောက်ရေး မပါလိုက်တာ…. အဲ့တာပဲလား… မင်း မြင်ချင်တာက Lamborghini လေးပဲလား…. အနည်းဆုံးတော့ Koenigsegg Agera Rs ဒါမှမဟုတ် McLaren လောက်တော့ တောင်းဆိုသင့်တယ်….”

“ မင်းလည်း ဘာထူးတုန်း… Koenigseggs နဲ့ McLarens က မင်း မျက်လုံးထဲမှာ ကားအကောင်းစားကြီးတွေပေါ့….”

“ ငါ -ိုးပဲ…. ကျေးဇူးပြုပြီး မင်းစကားကို ဆင်ဆင်ခြင်ခြင်ပြော… တကယ်လို့ အဲ့တာကမှ ကားအကောင်းစား မဟုတ်သေးရင် ဘယ်ကားက အကောင်းဆုံးလဲ…”

“ မင်းတို့ကောင်တွေ အင်တာနက်ကို ပိုးဟပ်ကြည့်ဖို့လောက်ပဲ သုံးတတ်ကြတာလား.....မသိရင်မှတ်ထား.... ကမ္ဘာ့အကောင်းဆုံးကားက Bugatti La Voiture Noire ….သူက ကမ္ဘာပေါ်မှာ တစ်စီးတည်းရှိတယ်… ပြီးတော့ ဘယ်သူဝယ်သွားမှန်းလဲ မသိရဘူး…”

“ ငါမှတ်မိပြီ… ငါလည်း အဲ့ကားကို သိတယ်…သူ့ တန်ဖိုးက 126 မီလီယမ် ရှိပြီးတော့ မြင်းကောင်ရေအားကလည်း ရှယ်ကြမ်း 1500 ကြီးများတောင်… 0-100 Kmh ကို 2.6 စက္ကန့်ပဲ ကြာတယ်… တကယ့်ကို အကောင်းဆုံးကားပဲ…”

“ ဟုတ်တယ် ဟုတ်တယ်… မျက်နှာဖုံး အစ်ကိုကြီးက ငါတို့မြင်ချင်တဲ့ ကား ပြမယ်လို့ ပြောထားတာမလား… ငါတို့ အဲ့ကား မြင်ချင်တယ်…”

All Chapters