စရိုက်အမှန် ထွက်ပေါ်လာပြီ
Vol. 45 Ch. 670
“ နင်တို့ အဲ့တာကတော့ အရမ်းလွန်သွားပြီနော်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းရှိတဲ့ကားကို နင်တို့က ကြည့်ချင်နေတယ်ဆိုတော့ သူက ဘယ်ခေါ်သွားပေးရမှာ… နင်တို့က အဆုံးထိရောက်အောင် တွန်းအားပေးနေကြတာပဲ….”
“ ငါလည်း ထောက်ခံတယ်…. တကယ်လို့ မင်းတို့က မျက်နှာဖုံး အစ်ကိုကြီးကို မျက်နှာဖြတ်ရိုက်ချင်တယ်ဆိုရင်တောင် ယုတ္တိရှိတာလေးတွေ ပြောကြပါဟ…. အဲ့ကားက ကမ္ဘာပေါ်မှာ တစ်စီးတည်းရှိတာကို လမ်းပေါ်တောင် ထွက်ဖူးဦးမှာ မဟုတ်လောက်ဘူး…”
“ အပေါ်ကလူပြောတာ အဓိပ္ပာယ်ရှိတယ်… ငါ ဒီမနက် ကားသတင်းတွေဖတ်ကြည့်တော့ ဆန်းကြယ်တဲ့ တိုင်ကွန်း တစ်ယောက်က အဲ့ကားကို ဝယ်လိုက်ပြီဆိုပဲ… နောင်ကျရင် အဲ့လိုကားမျိုး မြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး…”
“ ဒီ ကီးဘုတ်ဖိုက်တာတွေကတော့ ငါ့ကို အတော်လေး ဆွံ့အစေတယ် သိလား… ဒီကောင်တွေ တတ်တာဆိုလို့ ဘယ်လိုမျိုး ချောင်ပိတ်ပြောရမလဲပဲ သိတယ်… ပြောလိုက်ရင်လည်း ပရမ်းပတာတွေ…”
“ ငါတို့လည်း အဲ့လိုမျိုး မလုပ်ချင်ပါဘူးကွာ… မင်းတို့ရဲ့ အစ်ကိုကြီးက သောက်ရမ်းမောက်မာနေတာကိုး… နည်းနည်းလေး နိမ့်ချပြီးနေရင် ငါတို့လည်း ဒီလိုမျိုးတွေ မတောင်းဆိုပါဘူး… သူ့ရဲ့ ယာဉ်မောင်းစကေးနဲ့တင် အတော်လေး ကျေနပ်ဖို့ ကောင်းနေပြီ…”
“ အစ်ကိုကြီး ပြောတာက သာမန် အကန့်အသတ်နဲ့ ထုတ်တဲ့ကားတွေ… အဲ့တာကို နင်တို့ကောင်တွေက တစ်ကမ္ဘာလုံးမှာမှ အကန့်အသတ်နဲ့ တစ်စီးတည်းထုတ်တဲ့ ကားကို တောင်းဆိုနေတယ်… ဘယ်သူက အဲ့တောင်းဆိုမှုကြီးကို ဖြည့်ဆည်းပေးနိုင်မှာလဲဟဲ့….” ကျန်းရှောင်ယွီ ခပ်စွာစွာလေး ပြောလိုက်သည်။
အစ်ကိုရီက ချမ်းသာတယ်ဆိုပေမယ့် အဲ့လောက်ကြီးတော့ မချမ်းသာနိုင်လောက်ဘူး….
သူက သာမန် ပြိုင်ကားတွေကို မမှုတာတော့ သဘာဝပဲ.. ဒါပေမယ့် La Voiture Noire ကို ဝယ်နိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး…
[ La Voiture Noire (french) = black car ]
အဲ့တာက ယွမ် 126 မီလီယမ် တန်ကြေးရှိတဲ့ကားလေ… ချင်းဟန်ဆိုရင်တောင် မဝယ်ခင် နှစ်ခါပြန်စဉ်းစားရလောက်တယ်… ပြီးတော့ အဲ့တာက ငွေရှိရုံနဲ့လည်း ဝယ်နိုင်တဲ့ အမျိုးအစား မဟုတ်ပြန်ဘူး… အဲ့လို ကားမျိုး မြင်ချင်နေတာက ဘယ်လိုမှကို မဖြစ်နိုင်တာ..”
“ ဒီတိုင်း La Voiture Noire တည်းမလား… မင်းတို့ကောင်တွေ ကြည့်ရအောင် ခေါ်သွားပေးမယ်…”
လင်းရီ၏ စကားလုံးများက ကျန်းရှောင်ယွီ၏ မျက်ဝန်းလေးများအား ပြူးကျယ်သွားစေသည်။
“ အစ်ကို ရှင်ဘာပြောလိုက်တယ်…. ရှင်က သူတို့ကို La Voiture Noire ကြည့်ဖို့ ခေါ်သွားပေးမယ်…”
“ အင်း.. တခြားဟာတွေသာ ခက်ရင်ခက်မယ်… ဒါတော့ မခက်ဘူး…..”
ကျန်းရှောင်ယွီ သွေးအန်လုနီးနီး ဖြစ်သွားခဲ့၏။
မခက်ဘူး ဟုတ်လား…
အဲ့တာက ကောင်းကင်ကို တက်ဖို့ထက်တောင် ခက်ခဲသေးတယ် ရှင်ရဲ့.. ဟုတ်ပြီလား…
“ ဒါပေမယ့် အဲ့ကားက ခု ပိုင်ရှင်ရှိနေပြီလေ… ဘယ်သူ့ဆီ ရောက်နေလဲဆိုတာ ရှင်သိလို့လား… သူနဲ့ ကြိုတင် အချိန်းအချက်ပြုဖို့ကော လိုသေးလား…”
“ ဘာလို့ အဲ့လိုမျိုးတွေ လုပ်ဖို့ လိုမှာ…” လင်းရီ ပြောလိုက်ပြီး “ အဲ့ကား ဝယ်လိုက်တဲ့သူက ငါကော မဖြစ်နိုင်ဘူးလား…”
“ အာ….” ကျန်းရှောင်ယွီ တဒင်္ဂမျှ ကြက်သေသေသွားခဲ့ပြီး “ အစ်ကိုကြီး ရှင်နောက်မနေနဲ့တော့… အဲ့တာက အကန့်အသတ်နဲ့ထုတ်တဲ့ စူပါကားနော်… ပိုက်ဆံရှိတိုင်း ဝယ်လို့ ရနေတာလည်း မဟုတ်ဘူး… ဆော်ဒီက တိုင်ကွန်းတွေ ဝယ်သွားလောက်ပြီ….”
“ ကြည့်ကြစမ်း… ခု ဒီတိုင်ကွန်းရဲ့ စရိုက်အစစ်က ဘူးပေါ်သလို ပေါ်လာပြီ… သူတကယ်ကြီး La Voiture Noire ကို ဝယ်လိုက်တယ်လို့တောင် ပြောနေတယ်…. ငါတော့ ရယ်သေပြီ…”
“ နှစ်တစ်နှစ်ရဲ့ အရှက်မရှိဆုံး စထွင်မာ…”
“ အမှန်အတိုင်း ဝန်ခံရရင် ငါတော့ အဲ့ဒီ La Voiture Noire ကို မမြင်ချင်တော့ဘူး.. သူ ကြွားထားတဲ့ စကားတွေကို ဘယ်လို ဆင်ခြေတွေပေးပြီး ပြန်ရုတ်သိမ်းမလဲဆိုတာပဲ သိချင်တယ်….”
“ ဟီးဟီး… မျက်နှာဖြတ်ရိုက်ခံရမယ့် မြင်ကွင်းကိုတော့ မြင်ယောင်နေပြီ….ဘယ်လိုတောင် စိတ်လှုပ်ရှားဖို့ ကောင်းလိုက်လဲ..”
လင်းရီ ပြုံးရုံသာပြုံးပြီး ဘာမျှ ပြန်မပြောချေ။
ထိုအခိုက်အတန့်တွင်တော့ သူ၏ ရေပန်းစားမှုအမှတ်များက အမှတ် ငါးသိန်းကို ကျော်လွန်နေချေပြီ။
ယခင်က ဘယ်လောက် ရှိခဲ့လဲ ဆိုတာ သူအသိအကျ မမှတ်မိသော်လည်း မစ်ရှင်ပြီးမြောက်ရမည့် ပမာဏကိုတော့ ကျော်လွန်နေပြီးဖြစ်ကြောင်း သေချာလေသည်။
ကျိုကျုံးဗီလာသို့ ပြန်ရောက်သည်နှင့် သူ မစ်ရှင် ပြီးမြောက်သွားသည်မျိုးတောင် ဖြစ်နိုင်သည်။
“ အစ်ကို ရှင် တကယ်ကြီး သူတို့ကို အဲ့ကား ကြည့်ဖို့ ခေါ်သွားပေးမှာလား..”
“ ဒါပေါ့ကွ… အဲ့လိုကိစ္စမျိုးကို ငါကဘာလို့ လိမ်ရမှာ…. မဟုတ်ရင် အလွယ်တကူ ဖော်ထုတ်ခံရမှာပေါ့…”
“ အင်းပါ… ပြီးတာပါပဲ…”
ကျန်းရှောင်ယွီ မယုံသင်္ကာ ဖြစ်နေသော်လည်း ဂရုမစိုက်ချေ။
အဘယ်ကြောင့်ဆိုသော် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကျော်ကြားမှုအမှတ်များမှာ တိုးပွားလာနေသောကြောင့် ဖြစ်၏။
စထွင်မာ နယ်ပယ်တွင် ပေါက်တတ်ကရများ လျှောက်ပြောခြင်း၊ အလွန်အကျူး ကြွားဝါပြောဆိုခြင်း၊ လူမုန်းများအောင် လုပ်ခြင်းတို့က အင်မတန် ထိရောက်သည့် နည်းဗျူဟာများပင်။ ယင်းက တစ်စုံတစ်ဦး၏ တိုက်ရိုက်ထုတ်လွင့်ခြင်း ရေပန်းစားမှုများကို ကောင်းမွန်စွာ အကျိုးသက်ရောက်နိုင်လေသည်။
နောက်ပိုင်းတွင် စိတ်ကျေနပ်လောက်မည့် ဆင်ခြေတစ်ခု ပေးရမည် ဖြစ်သော်လည်း ရေပန်းစားမှုမှာ ငါးသိန်းကျော်နေပြီး ဖြစ်သောကြောင့် ပွဲဦးထွက် ထုတ်လွင့်မှုမှာ အရမ်းအောင်မြင်သည်ဟု ဆိုနိုင်လေသည်။
ထိုအတွေးတို့ စိတ်ထဲတွင် ရောက်ရှိနေရင်း ကျန်းရှောင်ယွီ တိုက်ရိုက်ထုတ်လွင့်ခန်း ခေါင်းစည်းကို ပြောင်းလဲလိုက်၏။
>
“ ကဲကဲ အားလုံးပဲ ရှယ်သွားကြဦးနော်…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ခြောက်သိန်း ပြည့်တာနဲ့ နင်တို့ တအားတွေ မြင်ချင်နေတဲ့ La Voiture Noire ကို မြင်ရမယ်….”
“ ရှယ် ထားပေးတယ်…. မြန်မြန်လုပ်… ငါမစောင့်နိုင်တော့ဘူး....”
“ ရှယ်ပြီး …”
“ ရှယ်ပြီး…”
ကျန်းရှောင်ယွီမှာ အတွေ့အကြုံရင့်ကျက်သည့် စထွင်မာ တစ်ဦးပင်။ ယခု အခိုက်အတန့်တွင် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ အခြေအနေကို ထိန်းချုပ်လိုက်နိုင်လေသည်။
နောက်ထပ် လူအများအပြား လာကြည့်ပါစေဟုလည်း သူမ ဆုတောင်းနေမိ၏။
မကြာမီ လင်းရီ ကားကို ကျိုကျုံးဗီလာ အဝင်ဝသို့ ဦးတည်လိုက်၏။
ထို အခါ ကျန်းရှောင်ယွီနှင့် တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတိုင်းမှာ ထိတ်လန့် သို့မဟုတ် ရှော့ခ်ရသွားခဲ့ကြလေသည်။
“ အစ်ကို.... ဒါက ကျိုးဟိုင်ရဲ့ထိပ်တန်း နံပါတ်ဝမ်း ကျိုကျုံးဗီလာမလား..”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ အင်း....Bugatti La Voiture Noire က အထဲမှာလေ… မင်းတို့ကောင်တွေကို ပြပေးမယ်…”
“ ကျွန်မတော့ La Voiture Noire ကို စိတ်မဝင်စားတော့ဘူး… ဒီက ဗီလာတွေက အရမ်းဈေးကြီးတာ…. ဒီထဲ ဝင်ပြီး လေရှူမိရင်တောင် ပိုက်ဆံတွေ ပေးနေရမလားမသိ…”
“ အဲ့လောက်ထိလည်း မဟုတ်ပါဘူးကွာ…”
ကျိုကျုံးဗီလာကို မြင်တော့ ကြည့်ရှုသူများမှာ အပြင်းအထန် ဆွေးနွေးကြပြန်သည်။
“ ငါတော့ ဒီက ဗီလာတွေက ထျန်းချိန်ရိပင်းထက် ပိုကောင်းတယ်လို့ ကြားဖူးတယ်…. နောက်ဆုံးတော့ အထဲမှာ ဘယ်လိုမျိုးလဲဆိုတာ မြင်ဖူးတော့မှာပါလား…”
“ လူချမ်းသာတွေက တကယ့်ကို ခြားနားတာပဲ… တကယ်လို့ ငါ တစ်သက်လုံး မစားမသောက်ပဲ စုဆောင်းရင်တောင် အဲ့ဒီက အိမ်သာတစ်လုံး ဝယ်ဖို့ မတတ်နိုင်သေးဘူး…”
“ ငိုးပဲ… သောက်ရမ်း ဝမ်းနည်းသွားပြီ ဟျောင့်…”
“ ခဏလေး…”
လင်းရီ အထဲသို့ မောင်းဝင်သွားတော့မည်ကို မြင်တော့ ကျန်းရှောင်ယွီ ကမန်းကတန်း တားမြစ်လိုက်ပြီး “ အစ်ကို …. ရှင်ဘာတွေ လုပ်နေတာ….ကျွန်မတို့ သူများကို မစောင့်တော့ဘူး…”
“ ဟမ်… ဘယ်သူ့ကို စောင့်ရမှာ….”
“ သေချာပေါက် ရှင့်သူငယ်ချင်းကိုပေါ့…” ကျန်းရှောင်ယွီ ကျိုကျုံးဗီလာ အပေါက်ဝကို ညွှန်ပြရင်း “ ဒီလို ဗီလာမျိုးက ပိုင်ရှင် တစ်ယောက်ယောက်ရဲ့ ခွင့်ပြုချက် မရှိရင် အထဲဝင်လို့ မရဘူးလေ…”
“ ဒါက ငါ့အိမ်… ငါ့အိမ် ငါလာတာကို ဘယ်ကောင်က လာတားမှာ…”
လင်းရီ ထိုစကား ပြောပြီးပြီးချင်းပဲ ကွန်းမန့် ကဏ္ဍမှာ တစ်ဖန် ပေါက်ကွဲ ထွက်လာပြန်သည်။
“ ငါတို့ အစ်ကိုကြီးက ဘာတွေ ပြောနေတာ.... သူတကယ်ကြီး ကျိုကျုံးဗီလာက သူ့အိမ်လို့ ပြောလိုက်တာလား… သူ ကြွားတာကြီးက တစ်ဖက်ကမ်း မဟုတ်တော့ဘူး... နှစ်ဖက်ကမ်းကို ရောက်နေပြီ.…”
“ တကယ်လို့ အဲ့လောက်ချမ်းသာနေရင် ဘာလို့ စထွင်မာ လုပ်နေသေးလဲ…”
“ မျက်နှာ ဖြတ်ရိုက်ခံရမှာကို စောင့်နေဆဲပါ…”
လင်းရီ ၎င်းတို့ကို ဂရုစိုက်မနေပဲ ကျိုကျုံးဗီလာထဲသို့ မောင်းဝင်သွားလိုက်၏။
လင်းရီ၏ ဘန်ထလေကို မြင်တော့ အပေါက်ဝ၌ စောင့်နေသည့် လုံခြုံရေးမှာ ဂိတ်တံခါးကို ဖွင့်ပေးလိုက်လေသည်။
သို့နှင့် အထဲသို့ ချောချောချူချူ ဝင်ရောက်နိုင်သွားခဲ့၏။
ကျန်းရှောင်ယွီကတော့ ကင်မရာလေးကိုင်လျက် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။
ငါတို့ ဒီလိုနဲ့ အထဲ ရောက်သွားပြီပေါ့..
နင်တို့ အမှား လုပ်မိတာများလား…
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကြည့်ရှုသူများလည်း ထပ်တူညီစွာ ရှော့ခ်ရနေကြပြီး ကွန်းမန့်များလည်း အရူးအမူး တက်လာနေတော့၏။
‘သူက ဘယ်လိုလုပ်ပြီး ဝင်လို့ ရနေတာ…’
‘တကယ်ကြီး သူ့အိမ်များလား…'
ကျိုကျုံးဗီလာထဲ ရောက်တော့ လင်းရီ ကားကို ဗီလာ နံပါတ်နှစ်သို့ မောင်းသွားလိုက်၏။
ဗီလာနံပါတ်တစ်မှာ သူနှင့် ကျီချင်းရန်တို့ နေထိုင်သည့် ဗီလာဖြစ်သောကြောင့် လင်းရီ အချက်အလက်များကို သိပ်မဖော်ထုတ်ချင်ပေ။
ကားကို ပါကင်ထိုးပြီးနောက် လင်းရီနှင့် ကျန်းရှောင်ယွီတို့ အပြင် ထွက်လိုက်၏။
ကျိုကျုံးဗီလာရှိ ရှုခင်းများက ကျန်းရှောင်ယွီကို ချက်ချင်းလက်ငင်း ဆွဲဆောင်သွားလေသည်။
လှလိုက်တာ … တော်ဝင်ပန်းခြံလား ကျနေတာပဲ..
“ အစ်ကို .. ရှင့်ရဲ့ La Voiture Noire က ဘယ်နားမှာလဲ… ကျွန်မတို့ ကြည့်လို့ရပြီလား…” ကျန်းရှောင်ယွီ အကဲစမ်းသည့် သဘောဖြင့် မေးလိုက်၏။
“ ဒါပေါ့ကွ… ကြည့်လို့ရမှာပေါ့… မဟုတ်ရင် ငါက ဒီ ဘာလုပ်ဖို့ ခေါ်လာခဲ့တယ်ထင်လဲ…”
“ ငါ့အစ်ကိုကြီးကတော့ အဲ့မှာ ဆက်ကြွားနေလိုက်… ကျိုကျုံးဗီလာက ကျိုးဟိုင်မှာ ပထမတန်းစား ဗီလာဆိုရင်တောင် La Voiture Noire က ဒီမှာ ရှိနေမယ်ဆိုတာတော့ မယုံဘူး… တခြား ကားတွေပြပြီး အရူးတော့ လာမလုပ်နဲ့…”
“ အမှန်ပဲ… La Voiture Noire ကို မျက်လုံးထဲ ဆွဲနေအောင် ကြည့်နေတာ.. ဘယ်လိုပုံစံရှိလဲဆိုတာ အတိအကျသိတယ်…. ကျုပ်တို့ကို ဂျင်းမကျွေးနဲ့…”
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို ကြည့်ရင်း လင်းရီ ပြုံးလိုက်သည်။
“ တကယ်လို့ ငါမင်းတို့ကို အရူးလုပ်ချင်နေတာဆိုရင် ဒီလောက်ထိ ဒုက္ခခံနေမှာတောင် မဟုတ်ဘူး…..”
“ ကျွတ် ကျွတ်… ဒီနေ့ခေတ် စထွင်မာတွေကတော့ နာမည်ကြီးဖို့ဆို ဘာပဲလုပ်ရ လုပ်ရပါလားနော်…”
“ ကောင်းပြီ… ဝေဖန် လေကန်နေတာတွေ တော်လိုက်တော့… La Voiture Noire က အပြင်မှာ ဘယ်လိုပုံစံရှိလဲဆိုတာ ဒီအစ်ကိုကြီးက ပြပေးမယ်…”
သို့နှင့် လင်းရီ ဂိုဒေါင် တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်၏။
La Voiture Noire မှာ မဟူရာ သားရဲကြီးကဲ့သို့ လူတိုင်း၏ ရှေ့၊ ကြည့်ရှုသူများ၏ ရှေ့တွင် ဖြည်းညင်းစွာ ပေါ်လာလေသည်။