← Chapters

ဒီည နင့်စိတ်တိုင်းကျပဲ

Vol. 45 Ch. 672

ဒီည နင့်စိတ်တိုင်းကျပဲ

Vol. 45 Ch. 672

“ အာ…”

“ အခု ရှင်ပြောမှပဲ ရှင်းသွားတော့တယ်… တခြားသူတွေ ဒီလို မလုပ်ဘူးဆိုတာက ရှင့်လောက် မချမ်းသာလို့ပေါ့နော်…”

“ အင်း အဲ့သဘောပဲ…”

ကျန်းရှောင်ယွီ ရယ်မောလိုက်ပြီး “ အစ်ကိုရီ… ဒါက ရှင့်အိမ်ဆိုမှတော့ ကျွန်မ မနှောင့်ယှက်တော့ဘူး… အရင်ပြန်နှင့်တော့မယ်…. တကယ်လို့ တစ်ခုခု လိုအပ်ရင် ဝီချက်မှာ စာပို့ထားလိုက်…”

“ ရလား... ငါလိုက်ပို့ပေးမယ်လေ…. "

“ ရပြီ ရပြီ…” ကျန်းရှောင်ယွီ ပြောလိုက်ပြီး “ ဒီနေ့ ကျွန်မ သူငယ်ချင်းက အရမ်း လိုက်ချင်နေတာ ...သူ့ မခေါ်လို့ဆိုပြီး စိတ်ကောက်နေတာ…. အဲ့တာ သူ့ကို ပြန်ချော့ပေးဖို့ ဟော့ပေါ့ လိုက်ကျွေးမလို့…”

“ ကောင်းပြီလေ…”

တစ်ခဏခန့် စကားပြောပြီးနောက် လင်းရီ ဗီလာ နံပါတ်တစ်ထံသို့ ပြန်လာခဲ့လိုက်၏။

အချိန်ကို ကြည့်လိုက်တော့ လေးနာရီ ထိုးတော့မည်ဖြစ်ပြီး ဖုန်းစခရင်တွင် လျန်ရူရွှယ်ထံမှ စာများ ပို့ထားကြောင်း ပေါ်နေလေသည်။

သို့နှင့် လင်းရီ ဝီချက်ဖွင့်ပြီး လျန်ရူရွှယ်ထံ ဗွီဒီယိုကော ခေါ်လိုက်၏။

“ ဝေ့ အလှလေးလျန်…. ဘာကိစ္စလဲ…”

အလုပ်ချိန် ဖြစ်သောကြောင့် လျန်ရူရွှယ်မှာ မီးခိုးရောင် ယူနီဖောင်းအား ဝတ်ဆင်ထားသည်။

သူမ၏ ဆံပင်မှာ စည်းနှောင်ထားပြီး မိတ်ကပ်ကိုလည်း ရင့်ကျက်သည့် သွင်ပြင် ခြယ်သထား၏။

“ နင်ခု အိမ်မှာလား…”

နောက်ခံရှုခင်းများကို မြင်ပြီးနောက် လျန်ရူရွှယ် မေးလိုက်၏။

“ အင်း… ငါ အခု အိမ်မှာ…”

“ နင့်ဆိုင်ကကော ဘာလဲဖြစ်လို့… ပိတ်လိုက်တော့တာလား…”

“ အင်း… ခု ပိတ်ထားလိုက်ပြီ…”

လျန်ရူရွှယ် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့၏။ လင်းရီ အဘယ်ကြောင့် ပိတ်လိုက်တယ်ဆိုတာကိုလည်း သူမ နားလည်လေသည်။

ထိုသို့ စိတ်ဝမ်းနည်းဖွယ်ရာ ကိစ္စများ ဖြစ်ပျက်သွားပြီးနောက်တွင် သူမဆိုလည်း ဆက်လက်လုပ်ကိုင်ချင်စိတ် ရှိလိမ့်မည် မဟုတ်ချေ။

“ ဒါဆို နင်ခု ဘာတွေ လုပ်နေတာ… လင်းယွမ် အုပ်စုကို ပြန်စီမံတော့မှာလား…”

“ မလုပ်ပါဘူး... အဲ့ ကုမ္ပဏီကိစ္စတွေကို ယွမ်ယွမ်တို့နဲ့ လွှဲထားလို့ရတယ်.…စနစ်က ငါမပါလည်း သူ့အလိုလို လည်ပတ်နေပြီးသား....”

လျန်ရူရွှယ် ပြုံးလိုက်ပြီး “ ဒါဆို နင်ခုတလော ဘာတွေလဲ လုပ်နေတာ… “

“ Live stream လုပ်နေတာလေ... စထွင်မာပေါ့ …”

“ အမ်.. စထွင်မာ…” လျန်ရူရွှယ် ကြောင်အမ်းသွားခဲ့ပြီး “ နင် အရမ်း အားယားနေတာလား… လုံရှင်းမှာ ဒီလောက်ထိ လုပ်စရာတွေက ပေါသောနေတာကို နင်က တိုက်ရိုက်ထုတ်လွင့်နိုင်သေးတယ်ပေါ့လေ… နင့်ကိုတော့ တကယ်လေးစားသွားပြီသိလား….”

“ မင်း ငါ့ရဲ့ ရည်ရွယ်ချက်တွေကို နားမလည်လို့ပါကွာ…”

“ နင်က မပြောပြမှတော့ ငါက ဘယ်လိုလုပ်ပြီး နားလည်ပေးလို့ရမှာ…”

“ မင်းသာ နားလည်ပေးနိုင်တယ်ဆိုရင် ပြောနေစရာတောင် မလိုဘူး…”

“ နင်ငါ့ကို အဲ့လို ပြောလိုက်တာနဲ့ပဲ ငါက နင့်ကို နားလည်သွားလိမ့်မယ်လို့ ထင်နေတာလား…”

“ ပြောပြီးမှတော့ ဘာလုပ်တော့မှာ… အမှန်ဆို မပြောလဲ နားလည်နေရမှာလေ…”

“ ငါက နင့်ရည်ရွယ်ချက်တွေကို မပြောပဲ သိနေရအောင် ဗေဒင်စရာလည်း မဟုတ် .... နင်ဘာကို ဆိုလိုချင်နေတာ.... ”

“ ဘာကိုမှ မဆိုလိုဘူး‌လေ....”

“လင်းရီ … နင်ယုံလားတော့မသိဘူး.. ငါအမိန့် တစ်ချက် ပေးလိုက်တာနဲ့ ဟွာချင်းရေကန်ကို အပြီး ပိတ်ခိုင်းလိုက်လို့ ရတယ်နော်…”

“ အိုက်ယား… အလှလေးလျန်ကလည်း စိတ်ကြီးပဲ… နည်းနည်းပါးပါး လျှော့စမ်းပါဦး…မဟုတ်ရင် အစောကြီး သွေးဆုံးသားဆုံး ဖြစ်နေဦးမယ်….”

လင်းရီ ရယ်မောလိုက်ပြီး “ ပြောပါဦး… ဘာကိစ္စလဲ…”

“ ဟိုလို ထွေထူး မဟုတ်ပါဘူး.. ဘရန်ဒွန်ရဲ့ ကိစ္စက ဆုံးဖြတ်ပြီးသွားပြီ… ဟွာရှမှာပဲ စီရင်ချက်ချလိုက်တာ… ခုဆို သက်ဆိုင်ရာ ဌာနတွေကို သတင်းပို့ပြီးလို့ သေဒဏ်ချမှတ်ရုံပဲ ကျန်တယ်…”

“ အင်း….” လင်းရီ တိတ်ဆိတ်သွားခဲ့ပြီး “ အခက်အခဲတွေကော ကြုံသေးလား….”

“ အမှန်အတိုင်း ဝန်ခံရရင် ငါဘာမှတောင် သိပ်မလုပ်လိုက်ရဘူး… ကျောက်ဝန်ကပဲ ကူညီသွားပေးတာ…”

“ ကျောက်ဝန် “

( Pfizer ရဲ့ ကိုယ်စားလှယ်လေ…)

လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး “ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စင်တာ ပရောဂျက်က လုပ်နေတာ တစ်လလောက် ရှိနေပြီဆိုတော့ သိပ်မကြာခင် တရားဝင် စတင်လည်ပတ်လို့ရပြီ…”

“ အဲ့လောက် မြန်တယ်လား…”

“ အဆင်သင့် လုပ်ပြီးသား နေရာလည်း ရှိတယ်… လိုတာက အပြင်နံရံတွေကို ပြန်ပြုပြင်ပြီး အတွင်းပိုင်းနေရာတစ်ချို့ မွမ်းမံပြင်ဆင်ရုံလောက် လိုအပ်တော့တာ…” လျန်ရူရွှယ် ပြောလိုက်ပြီး “ ငါ ဖြစ်ချင်တာက အစိုးရဆီကနေ ပိုပြီးကြီးမားတဲ့ ပရောဂျက်တွေ မစတင်ခင် ဒီရဲ့ ပရောဂျက်ကို ပြီးအောင် လုပ်ချင်နေတာ.. ဒါကြောင့်မို့ ဒီရက်ပိုင်း ကျောက်ဝန်နဲ့ ခဏခဏ ဆက်သွယ်ဖြစ်တယ်လေ… သူလည်း မတော်တဆ နင့်အကြောင်းကြားမိတော့ တိတ်တိတ်လေး ကူညီပေးလိုက်တာ…”

“ ကျောက်ဝန်က တော်တော်လေး မဆိုးဘူးပဲ… အကုန်လုံးကို အပြစ်အနာအဆာ မရှိအောင် လုပ်သွားပေးခဲ့တာ….”

“ အွန်း… သူမက တကယ့်ကို အထင်ကြီးဖို့ ကောင်းတယ်… နင့်ရဲ့ လင်းယွမ်အုပ်စုမှာ ဆိုရင်တောင် သူမလိုလူမျိုး ရှာတွေ့မှာ မဟုတ်ဘူး….”

“ မှားတယ်… ငါတို့ ချီကြီးလည်း အထင်ကြီးဖို့ ကောင်းပါတယ်ဟ…” လင်းရီ ပြောလိုက်ပြီး “ ကျောက်ဝန်သာ သူနဲ့ ထိပ်တိုက်တွေ့ရင် အသာစီးနေနိုင်မှာ မဟုတ်ဘူး…”

“ ဟုတ်သားပဲ… သူလည်း ရှိသေးတယ်နော… အဲ့သူက နည်းနည်းလေး အူကြောင်ကြား ရုပ်နဲ့ဆိုပေမယ့် တော်တော်လေးတော့ ပါးနပ်တယ်… မဆိုးပါဘူး…” လျန်ရူရွှယ် သူမ ဆံပင်ကို သပ်လိုက်ပြီး “ ငါနင့်ကို မေးချင်နေတာ .. သုတေသနနဲ့ ဖွံ့ဖြိုးရေး စင်တာက ပြင်ဆင်တာ ပြီးတော့မှာဆိုတော့ မကြာခင် ဖွင့်လှစ်တော့မှာ…. အဲ့ခါကျ အန်ကယ်ချိန်လည်း ရှိနေမှာလေ…. နင်ကော… လာဦးမှာလား….”

“ ငါလာဖို့ကော လိုလား..”

“ လိုတော့ မလိုပါဘူး… ဒီတိုင်း လောကဝတ်အရပေါ့…” လျန်ရူရွှယ် ပြောလိုက်ပြီး “ တကယ်လို့ နင်လာမယ်ဆိုရင်တော့ နင့်ရဲ ပုံရိပ်တွေ ကောင်းလာမယ်လေ….”

“ ငါ့ပုံရိပ်က ကောင်းနေပြီးသားပဲ… အဲ့လိုဆို လာစရာ မလိုတော့ဘူး…”

“ ဟမ့်....တကယ်လို့ ဟွာချင်းရေကန် ဖွင့်ပွဲသာဆို နင် ရှေ့ဆုံးကနေ သွားမှာမလား….”

“ ဟ... အဲ့တာကျတော့ အခြေအနေတွေက မတူညီဘူးလေ… ငါက အဲ့ဒီနေရာ၌ ဂုဏ်သရေရှိ အဖွဲ့ဝင်တစ်ယောက်ပဲကို… သေချာပေါက် သွားပြီး ဂုဏ်ပြုပေးရမှာပေါ့….”

“ နင့်ကိုတော့ ငါတကယ် မနိုင်တော့ဘူး သိလား…” လျန်ရူရွှယ် သူမ ဆံစများကို နားနောက်သို့ ပင့်သပ်လိုက်ပြီး “ ကောင်းပြီလေ… ငါလည်း အလုပ်ဆင်းရတော့မယ်… နင်နဲ့ ပြောပြီး အကုသိုလ်ပွားမနေတော့ဘူး.. ဒါပဲ…”

ပြောပြီးနောက် ဖုန်းချသွားခဲ့၏။

လင်းရီလည်း ပျင်းရိစွာ အညောင်းဆန့်ရင်း နာရီကို တစ်ချက်ကြည့်လိုက်တော့ လေးနာရီခွဲနေပြီး ကျီချင်းရန်ကို သွားကြိုရန် အချိန်ကောင်းပင်။

La Voiture Norie ကားသော့ကို လက်ထဲတွင် ကိုင်ထားရင်း လင်းရီ ဒရိုင်ဘာထိုင်ခုံသို့ ဝင်ထိုင်လိုက်၏။အတွင်းပိုင်း အပြင်အဆင်မှာ အခြား Bugatti များနှင့် ကွဲပြားနေသော်လည်း အချို့မူရင်း ဒီဇိုင်း၏ အငွေ့အသက်များကိုတော့ ထိန်းသိမ်းထားသေး၏။ အကယ်၍ တစ်စုံတစ်ယောက်မှ သေချာအာရုံစိုက် မကြည့်ဘူးဆိုပါက သတိပြုမိနိုင်ရန် ခဲယဉ်းလွန်းလှသည်။

လီဗာပေါ်သို့ နင်းလိုက်ရင်း မဟူရာ သားရဲကြီးကဲ့သို့ La Voiture Noire မှာ ကျယ်လောင်စွာ ဟိန်းသံပြုလိုက်ပြီး ကျိုကျုံးဗီလာ ကိုးခုတိုင် ကျော်ဖြတ်သွားကာ အပြင်ထိ ဟိန်းထွက်သွားလေသည်။

အမျိုးသား အများစု၏ နားစည်ဝတွင်တော့ ယင်းက ပျားရည်စီးဆင်းသွားသည့်နှယ် နားဝင်ပီယံရှိလှသည်။

ထို့နောက် လင်းရီ ကားကို ချောင်ရန်အုပ်စုသို့ မောင်းထွက်လာခဲ့လိုက်၏။ သို့သော်လည်း ကျီချင်းရန်ကို ကြိုတင် အသိပေးထားခြင်းတော့ မရှိ။ သူ နောက်ဆုံး အလုပ်ပြီးကတည်းက သူမကို သွားကြိုရင်း စပရိုက် မတိုက်ရသည်မှာ ကြာပြီဖြစ်သောကြောင့် ယနေ့တွင် ပြုလုပ်ဖို့ရာ ဆုံးဖြတ်လိုက်လေသည်။

ထို့ပြင် လင်းရီ သူ တိုက်ရိုက်ထုတ်လွင့်ရာ၌ အသုံးပြုသည့် မျက်မှန်နှင့် ဦးထုပ်ကိုလည်း ဆောင်းထားပြီး ဆန်းကြယ်သည့် အသွင်ကို ဆောင်ထားကာ ပို၍ပင် စိတ်ဝင်စားဖို့ ကောင်းသွားစေတော့၏။

လင်းရီ ချောင်ရန် အုပ်စု၏ ကားပါဝင်ကို ရောက်တော့ ကျီချင်းရန် ဓာတ်လှေကားထဲမှ အိတ်ကို လွယ်လျက် အနက်ရောင် ဒေါက်မြင့်ဖိနပ်နှင့် အေးစက်ပြီး စတိုင်အပြည့်ဖြင့် လမ်းလျှောက်လာခဲ့သည်ကို မြင်တွေ့လိုက်ရသည်။

သို့သော်လည်း သူမအတွေးနှင့် သူမ လမ်းလျှောက်နေကာ ကားပါကင်၌ ရပ်ထားသည့် ကားအနက်ရောင်လေးကိုတော့ သတိမမူမိချေ။

ကားနား ရောက်တော့ သူမ အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်၏။

ထိုခဏတွင် လင်းရီ ဖုန်းသံ မြည်လာခဲ့လေသည်။

“ နင်ခု ဘယ်လဲ ရောက်နေတာ…”

“ အိမ်မှာလေ…”

“ ငါ ခု အလုပ်ဆင်းပြီ… နင်စားချင်တာ ရှိလား… တလောတုန်းက ဟင်းချက်နည်း အသစ်တွေ လေ့လာထားတော့ နင့်ကို မြည်းစမ်းကြည့်ရအောင် လက်စွမ်းပြရင် ကောင်းမလားလို့ ….”

“ ဒီနေ့တော့ မချက်နဲ့တော့… မင်းလည်း အလုပ်မှာ ပင်ပန်းထားတယ်ဆိုတော့ အပြင်မှာပဲ စားကြမယ်….”

“ အွန်း.. ကောင်းသားပဲ…. ငါလည်း အပြင်မှာ စားချင်တယ်…”

“ အဲ့တာဆို မင်းစားချင်တဲ့ ဆိုင်မှာ စောင့်နေလိုက်…. ငါလာခဲ့မယ်…”

“ အမ်.....အဲ့လိုပြောနေတယ်ဆိုတော့ ငါဘယ်ဆိုင်မှာ စားမလဲဆိုတာ နင်သိလို့လား…” ကျီချင်းရန် ပြုံးလျက် ပြောလိုက်၏။

“ သိတာပေါ့… ငါတို့ နှစ်ယောက်က အချိန်အကြာကြီး အတူနေတာကြာတော့ စိတ်ချင်းဆက်သွယ်နေကြပြီလေ… မင်း ဘယ်ပဲသွားသွား… ငါအာရုံခံနိုင်တယ်… ငါတို့ နှစ်ယောက်ကြားမှာရှိတဲ့ ရေဒီယိုနဲ့ သံလိုက်စက်ကွင်းတွေနောက် လိုက်ပြီးတော့ ရှာတွေ့နိုင်တယ်…. မယုံဘူးလား…”

ကျီချင်းရန် ပါးစပ်လေးအုပ်လျက် တသိမ့်သိမ့်တုန်အောင် ရယ်မောလိုက်ပြီး “ နင်ကတော့ ပေါက်တတ်ကရတွေ လျှောက်ပြောနေပြန်ပြီ… ငါကျတော့ ဘာလို့ နင်ပြောတဲ့ စက်ကွင်းတွေကို အာရုံခံလို့မရတာ…”

“ သဘောက ငါ့လောက် စိတ်ဆန္ဒ မပြင်းပြလို့လေ… အဲ့တာကြောင့် ငါ့ကို အာရုံမခံနိုင်တာ…”

“ လျှောက်ပြော…” ကျီချင်းရန် တုံ့ပြန်လိုက်ပြီး “ ဒီလိုဆို ငါဆိုင်ရောက်လို့ နင် ဆယ်မိနစ်အတွင်း ငါ့ဆီ အရောက်မလာနိုင်ဘူးဆိုရင် နင်ရှုံးတယ်လို့ သတ်မှတ်လိုက်မယ်…. နောက်ကျရင် လူကြီးလူကောင်းလိုနေ… ငါ့ကို လိုက်လျှောက်မစနဲ့….”

“ တကယ်လို့ ငါရှာတွေ့ခဲ့မယ်ဆိုရင်...…”

“ ဒီည နင့်စိတ်တိုင်းကျပဲ…”

All Chapters