တကယ်လို့ မင်းက သောက်ရမ်း အံ့ဩဖို့ ကောင်းနေရင် ငါတို့ကို ဖိုက်တာဂျက် လိုက်ပြ
Vol. 45 Ch. 674
ချီရှန်းကျောက်၏ ခန့်မှန်းချက်များက ကျိုးကြောင်းဆီလျော်သည်။
သို့သော်လည်း လင်းရီစိတ်ထဲတွင်တော့ ဖြစ်နိုင်ချေ ရာခိုင်နှုန်းမှာ အင်မတန် နည်းပါးလိမ့်မည်လို့ ခံစားနေရ၏။
အရင်တစ်ခေါက် ငွေကြေး စစ်ပွဲပြီးသည့် နောက်တွင် ကျောက်မိုဘက်မှ သူကိုယ်တိုင် အလံဖြူပြလာပြီး အချိန်တစ်ခု ကြာသည်အထိတော့ သူ့ကို လာနောက်ရဲလိမ့်မည် မဟုတ်ချေ။
မည်သို့ပင်ဆိုစေ ကျောက်မိသားစုမှာ အင်အားကြီး မိသားစုကြီးတစ်ခု ဖြစ်ပြီး ချင်းမိသားစုထက်ပင် အနည်းငယ် သာလွန်လေသည်။
ရန်ကျင်းရှိ ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူတစ်ယောက် အနေဖြင့် ကျောက်မိုတွင်လည်း သူ့ ကိုယ်ပိုင်ခံယူချက်များနှင့် စည်းမျဉ်းစည်းကမ်းများ ရှိ၏။
အကယ်၍ လက်စားချေခဲ့မည် ဆိုလျှင်တောင် ထိုသို့ ခိုးကြောင်ခိုးဝှက်နိုင်သည့် နည်းလမ်းဖြင့် ပုဆိုးခြုံထဲမှ လက်သီးပုန်းပြနေမည့် လူစားမျိုး မဟုတ်ချေ။
ဒုတိယအနေဖြင့် ရှန်းရှုရီကလည်း သူ မိုဘိုင်းဖုန်း စစ်စတမ်အသစ် ဖန်တီးနေကြောင်းကို သိထား၏။
ယင်းက နယ်ပယ်ရှိ အတားအဆီးကို ချိုးဖောက်ရန် ကောင်းမွန်သည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ပြည်နယ်အဆင့် ထောက်ပံ့ပေးမှုများလည်း ရှိထားသေးသည်။
ထို့ကြောင့် ကျောက်မို ရူးနှမ်းသွားခဲ့လျှင်တောင် သူ၏ ကုမ္ပဏီကို ထိပါးဝံ့မည် မဟုတ်ချေ။
၎င်းကြောင့် ကျောက်မိုကို သံသယတရားခံ စာရင်းမှ ဖယ်ရှားပစ်၍ ရချေပြီ။
“ ကျောက်မိုကတော့ မဖြစ်နိုင်ဘူး… တစ်ခြား အုပ်စုကပဲ ဖြစ်မယ်….”
စက္ကန့်အနည်းငယ်ကြာအောင် ဆက်လက်တွေးတောပြီးနောက် လင်းရီမှ “ မင်း တခြား ထုတ်လုပ်တဲ့စက်ရုံတွေကို ဆက်သွယ်ကြည့်ပြီးတော့ အခြေအနေ ဘယ်လိုရှိလဲ တစ်ချက် စောင့်ကြည့်လိုက်…. တကယ်လို့ ပြဿနာရှိလာရင် ငါ့ဆီ သတင်းပို့…”
“ ဟုတ်ကဲ့… နားလည်ပါပြီဘော့စ်….”
လင်းရီ ဖုန်းချပြီးနောက် ကျီချင်းရန် ယခုလို မေးမြန်းလာခဲ့၏။
“ ဒါ ဘယ်သူ့လက်ချက်လို့ နင် ထင်လဲ…”
“ ခန့်မှန်းဖို့ မလွယ်ဘူး…” လင်းရီ ခေါင်းခါရမ်းလိုက်ပြီး “ ဘာလို့လဲဆိုတော့ ဒါက လီတိုဂရပ်ဖီစက်လေ… လုံရှင်းက ခု တရားဝင်ကုမ္ပဏီလို့ သတ်မှတ်လို့ရနေပြီ… တော်ရုံ ဘယ်သူမှ ပြဿနာလာရှာရဲမှာ မဟုတ်ဘူး…”
“ ဒါဆို တခြား ပြင်ပ ကုမ္ပဏီတွေကော ဖြစ်နိုင်လောက်လား….”
“ အဲ့လိုလည်း မဖြစ်နိုင်ဘူး…” လင်းရီပြောလိုက်ပြီး “ လင်းယွမ်အုပ်စုရဲ့ မိုဘိုင်းဖုန်း စီးပွားရေးက ဖွံ့ဖြိုးဆဲ အခြေအနေမှာပဲ ရှိသေးတာ…. တခြား မိုဘိုင်းဖုန်း ဒိတ်ဒိတ်ကျဲကြီးတွေက အလေးထားဦးမှာတောင် မဟုတ်သေးဘူး….”
“ အဲ့ဒါဆို... ဖြစ်နိုင်တာ သူတို့က မိုဘိုင်းဖုန်း စီးပွားရေးကို ပစ်မှတ်ထားနေတာ မဟုတ်ပဲ ချစ်ပ်တွေဆိုရင်ကော…” ကျီချင်းရန် မေးလိုက်ပြီး “ လုံရှင်းရဲ့ ချစ်ပ် နည်းပညာ 2.0 က ကမ္ဘာကြီးရှေ့ ချပြထားပြီးပြီလေ…”
“ ဟမ်…”
ကျီချင်းရန်၏ စကားလုံးများက လင်းရီကို အတွေးတစ်ခု ပေါက်သွားစေသည်။
“ အဲ့တာတော့ ဖြစ်နိုင်တယ်…”
“ ချစ်ပ် 2.0 နည်းပညာက intel အပေါ် ဧရာမ အကျိုးသက်ရောက်မှုတွေ ရှိမှာပဲလေ… ငါ့အထင်တော့ သူတို့ ဒီကိစ္စမှာ ဝင်ပါနေလောက်တယ်…” ကျီချင်းရန် ပြောဆိုလိုက်၏။
“ ဒါပေမယ့် ငါကတော့ ဖြစ်နိုင်မယ် မထင်ဘူး… သူတို့က U.S ကုမ္ပဏီတွေလေ… လုံရှင်းရဲ့ အလားအလာက သူတို့ကို ခြိမ်းခြောက်နေတယ်ဆိုရင်တောင် ဒီလောက် မြန်မြန်ကြီး လှုပ်ရှားလာမှာတော့ မဟုတ်ဘူး..”
ကျီချင်းရန် လင်းရီအတွက် အသားတစ်ဖက် ကင်ပေးရင်း ဖြည်းညင်းစွာဖြင့် “ သူတို့လက်နဲ့ မလှုပ်ရှားဘူးဆိုရင်တောင် နောက်ကွယ်က စေခိုင်းသူတွေ ဖြစ်နေနိုင်တာပဲ မဟုတ်ဘူးလား …”
“ အဲ့လိုသာဆိုရင်တော့ ဒီကိစ္စက ပိုပြီး ရှင်းလင်းသွားပြီ..” လင်းရီ ပြောလိုက်ပြီး “ ဒီကိစ္စရဲ့ လက်သည် တရားခံက ထိုင်ဝမ်း အီလက်ထရောနစ် ကုမ္ပဏီပဲ….”
“ ထိုင်၀မ်း အီလက်ထရောနစ် ကုမ္ပဏီ…”
“ အင်း....ကမ္ဘာ့အများဆုံး OEM ချစ်ပ်ထုတ်လုပ်တဲ့ စက်ရုံ....” လင်းရီ ပြေလိုက်ပြီး “ သူတို့ရဲ့ သူဌေးက ကျန်းကျုံးမော့… အရင်တုန်းက SMIC ချေမှုန်းခဲ့တဲ့သူ… ZTE တစ်နှစ်အတွင်း ဒေဝါလီခံလိုက်ရတာလည်း သူ့လက်ချက်ကြောင့်ပဲ…”
“ အဲ့လူက ရိုးတော့ မရိုးရှင်းဘူး…”
“ အမှန်ပဲ…. အဲ့လူက ဉာဏ်နီဉာဏ်နက် များပြီးတော့ ကျောက်မိုထက် အများကြီး သာတယ်..” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ဒီလိုမျိုး လက်သီးပုန်းထိုးနေတာကတော့ သူတို့အတွက်လည်း အဓိပ္ပာယ် မရှိဘူး… ကျောက်မိုလောက်တောင် ဇမရှိတဲ့ကောင်လို့ ပြောလို့ရတယ်… အဲ့တစ်နေရာတော့ ဒီကောင်တွေ ရှုံးတယ်…”
သူ့တွင် အဖြေရှိနေပြီး ဖြစ်သော်လည်း လင်းရီ တန်ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသေးချေ။
ယခုက ခန့်မှန်းဆဲ အခြေအနေ၌သာ ရှိနေပြီး သူ၏ ထင်မြင်ချက်များကို အတည်ပြုရန် နည်းလမ်းရှာရပေမည်။ အကယ်၍ လူမှား တိုက်ခိုက်မိပါက ကိုးရို့ကားယားနိုင်လွန်းလှ၏။
ညစာစားပြီးနောက် နှစ်ယောက်သား ဘေလ်ရှင်းကာ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်ကြသည်။
“ ဟမ်.. ရီ… နင့်ရဲ့ ကားကော….”
ရိဖုန်း ခန်းမထဲမှ ထွက်လာပြီးနောက် ကျီချင်းရန် လှည့်ပတ်ရှာကြည့်ပါသော်လည်း လင်းရီကား၏ အရိပ်အယောင်ကို ပင် မမြင်တွေ့ရချေ။
Bepp Beep Beep ..!
လင်းရီ ကားသော့ကို နှိပ်လိုက်တော့ La Voiture Noire ၏ ကားတံခါးများ ပွင့်ဟလာလေသည်။ ကျီချင်းရန်မှာ ထိုဘေးနားတွင် ရပ်နေရင်း အတန်ကြာအောင် ကြက်သေသေသွားခဲ့၏။
"ဒါ နင့်ရဲ့ ကားအသစ်လား..."
"အင်း .. စောက်ရမ်း လန်းတယ်မလား... ဒါက တစ်ကမ္ဘာလုံးမှာ နှစ်စီးမရှိတဲ့ ကားအမျိုးအစား Bugatti La Voiture Noire လေ..."လင်းရီ စိတ်လှုပ်ရှားစွာဖြင့် ပြောပြလိုက်၏။
"အင်း... တော်တော်လေး ကောင်းပါတယ်...."
"ဒါပဲလား... ပြီးတော့ကော ...."
"အာ.... အရမ်းလည်း လန်းတယ်...."
"အဲ့ဒါလေးပဲပေါ့.... တခြား မှတ်ချက်တွေ မရှိတော့ဘူးလား...."
"အင်း တစ်ခုရှိတာက နည်းနည်းလေး မည်းနေတာပဲ...."
ကျီချင်းရန်မှာ ကားများကို သိပ်စိတ်မ၀င်စားချေ။ မဟုတ်ပါက တစ်မီလီမယ်မျှသာ တန်ကြေးရှိသည့် မာစီးတီးကို မောင်းနေလိမ့်မည် မဟုတ်ချေ။
သို့တိုင်အောင် သူမ၏ EQကတော့ ကောင်းနေဆဲ ဖြစ်၏။
"သွားစီးကြမယ်လေ.. ငါလည်း မစ္စတာလင်းရဲ့ ကားအသစ်ကြီးထဲမှာ လိုက်စီးကြည့်ချင်ပါတယ်နော်...."
နှစ်ယောက်သား ကားထဲ၀င်သွားသည်ကို မြင်တော့ ဖြတ်သွားဖြတ်လာများမှာ သားရည်ကျလုနီးနီး ငမ်းရင်း အင်မတန် မနာလို ဖြစ်နေကြတော့၏။
စူပါကားနဲ့ မိန်းမလှလေး...
ဒီကောင်က ကံကောင်းလွန်းပါတယ်ကွာ...
လင်းရီ ကျီချင်းရန်နှင့်အတူ ဟိုင်းဝေးလမ်းပေါ်တွင် ပတ်မောင်းလိုက်ပြီး ကျိုကျုံးဗီလာသိူ့ ပြန်လာခဲ့လိုက်၏။
သူမ အိမ်သို့ ပြန်ရောက်သည်နှင့် ရေချိုးခန်းထဲသို့ ၀င်ကာ ရေမိုးချိုးလေသည်။
လင်းရီလည်း စာကြည့်ခန်းထဲသို့ ၀င်သွားပြီး အလုပ်စရန် ဟန်ပြင်လေသည်။ သို့သော်လည်း သူ ဆိုဖာပေါ်သို့ ထိုင်ချပြီးပြီးချင်း ကျန်းရှောင်ယွီထံမှ မက်ဆေ့ခ်ျ ရောက်လာခဲ့၏။
"အစ်ကိုရီ.. ရှင့်ရဲ့ QQ နံပါတ်က ဘယ်လောက်လဲ... ကျွန်မ အစ်ကိုရီအတွက် ဖန်ဂရု ဖွဲ့ထားပေးတယ်... join ထားတဲ့ လူတွေက ရှစ်ရာကျော်တောင်မှ ... မြန်မြန်လာခဲ့တော့.."
"အိုကေ...."
လင်းရီ သူ့ဖုန်းထဲရှိ ပင့်ကူအိမ်တက်နေသည့် QQကို ဖွင့်လိုက်၏။ အကြိမ်ရေ အနည်းငယ်ခန့် ကြိုးစားကြည်ပါသော်လည်း သူ၏ အကောင့်နှင့် လျှို့ဝှက် နံပါတ်မှာ မကိုက်ညီ ဖြစ်နေလေသည်။ ထို့ကြောင့် အခြား အကောင့်အသစ် တစ်ခု ဖွင့်လိုက်ပြီး ကျန်းရှောင်ယွီ ပြောသည့်အတိုင်း ဖန်ဂရုထဲသို့ ၀င်ရောက်လိုက်၏။
လင်းရီ ၀င်ရောက်လာသည်ကို မြင်တော့ ဂရုမှာ အသက်၀င်လာလေသည်။
"အစ်ကိုကြီး .. နောက်တစ်ခေါက် ဘယ်ချိန်လည်း စထွင်းမှာ... ငါတို့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာတွေ ကြည့်ချင်နေပြီ...."
"ဟုတ်တယ် ဟုတ်တယ်.. မျက်နှာဖုံး အစ်ကိုကြီး.. ငါတို့ Live stream ကြည့်ချင်နေပြီ...."
"အဲ့တာဆို ငါ ခဏတဖြုတ်လောက် Live လွင့်လိုက်မယ်လေ.. ဘာပဲဆိုဆို ခုလည်း အားနေတာပဲ...."
သူ၏ အတွေ့အကြုံများအရ စနစ်မစ်ရှင်မှာ အလုပ်လုပ်နေစဉ် အတွင်း ပေါ်လေ့ပေါ်ထ ရှိ၏။ ထို့ကြောင့် သူ အဆင်ပြေသည့် အချိန်တိုင်း တိုက်ရိုက် ထုတ်လွင့်ရပေမည်။
လင်းရီ လက်တော့ကို ဖွင့်လိုက်ပြီး သူ၏ Dou YU အကောင့်ထဲသို့ ၀င်ရောက်လိုက်သည်။
စထွင်း မစတင်မီ လင်းရီ နဂိုအတိုင်း ပြန်လည် ၀တ်စားထားလိုက်၏။ သို့သော် ဦးထုပ်တော့ မဆောင်းထားပေ။ Mask နှင့် မျက်မှန်တပ်ထားကာ မျက်နှာ မည်သည့်သဏ္ဍာန် ရှိလဲဆိုတာကို မြင်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
ယခုတော့ ပရိတ်သတ်များက လင်းရီ၏ မျက်နှာ မည်သို့ မည်ပုံ ရှိသည်ကို စိတ်မ၀င်စားတော့ချေ။
သူက ကျိုးဟိုင်ရှိ နံပါတ်၀မ်း ဗီလာထံ ခေါ်သွားပေးပြီး ကမ္ဘာ့ အကန့်အသတ်နှင့် ထုတ်ထားသည့် La Voiture Noire ကို ပြသပေးခဲ့လေသည်။ ယင်းက မျက်နှာဖုံး အစ်ကိုကြီး၏ အံ့အားသင့်ဖွယ် အဆင့်အတန်းကို မှန်းဆဖို့ရာ လုံလောက်နေပြီး ဖြစ်၏။
ထို့ကြောင့် သူ့မျက်နှာ အုပ်ထားခြင်း မအုပ်ထားခြင်းက အရေးမကြီးတော့ပေ။
လင်းရီ Live stream စတင်သည်နှင့် များပြားလှသည့် ကြည်ရှုသူတို့မှာ ချိုချဉ်နံ့ရသည့် ပုရွက်ဆိတ်များကဲ့သို့ ဝိုင်းအုံလာကြလေသည်။
အချို့မှာ နေ့ခင်းတုန်းက လင်းရီ၏ တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်ဖူးသူများ ဖြစ်ကြပြီး ကျန်သူများကတော့ သူ၏ နာမည် ဂုဏ်သတင်းကြောင့်ပင်။
ယခုလို သောက်ရမ်းချမ်းသာသည့် သူဌေးက စထွင်းနေမှတော့ သူတို့လာကြည့်မှာ သဘာဝပဲလေ…
မိနစ်အနည်းငယ် ကြာပြီးနောက် လင်းရီ Live stream ကို စတင်လေသည်။ ကြည့်ရှုသူ အရေအတွက်မှာတော့ တစ်သိန်းကျော်နေပြီးဖြစ်၏။
စထွင်မာ အသစ်တစ်ယောက်အနေနှင့် ယင်းပမာဏက အတော်လေး အထင်ကြီးလောက်စရာပင်။
ထိုအခိုက်အတန့်တွင် ကျန်းရှောင်ယွီမှ လင်းရီကို ပံ့ပိုးသည့် အနေဖြင့် စူပါဒုံးပျံနှစ်စင်း ပို့ပေးလိုက်၏။
ယင်းက သူ၏ ရေပန်းစားမှုအမှတ်များကို တိုးတက်သွားစေသည်။
“ အစ်ကိုကြီး … မင်းဘာလို့ မျက်နှာဖုံးကြီး အုပ်ထားတာ… ငါတို့ မင်းမျက်နှာကို မြင်ချင်တယ်လေ…”
“ ချောင်ပိလော် ဒုတိယတော့ မဟုတ်ဘူးမလား…”
“ ငါက စထွင်မာ စစ်စစ်… မျက်နှာကို ဗန်းပြပြီး စီးပွားရှာနေတဲ့ကောင်မဟုတ်ဘူး…” လင်းရီ ပြောလိုက်သည်။
“ ဟားဟား ကြိုက်ပြီ…”
“ မျက်နှာဖုံးအစ်ကိုကြီး… မင်း နောက်တစ်ခေါက်ကျရင် ဘာလဲ စထွင်းမှာ… ငါတို့ကို အရိပ်အမြွက်လေး နည်းနည်းလေး ပြောပြပေးလို့ မရဘူးလား…”
“ ငါ့ စထွင်း content က ပုံသေ မသတ်မှတ်ရသေးဘူးဆိုတော့ မင်းတို့ ဘာကြည့်ချင်လဲ ဆွေးနွေးကြလေ…. တရားလွန် မဖြစ်သရွေ့ စိတ်ကျေနပ်စေရမယ်…”
“ အစ်ကိုကြီး… မင်း နည်းနည်းလောက်လေး နိမ့်ချပြီး နေပေးလို့ မရဘူးလား…. ဒီလို ဆက်လုပ်နေရင် မျက်နှာဖြတ်ရိုက်ခံရတဲ့ ကောင်က ငါတို့ပဲ ဖြစ်သွားမှာ….”
“ တကယ်လို့ မင်းက ကောင်းကင်ကြယ်ကို ဆွတ်စေချင်တယ်ဆိုရင်တော့ နည်းနည်းလေး အခက်တွေ့နိုင်တယ်… ဒါပေမယ့် တခြား ဟာတွေဆိုရင်တော့ ဖြစ်အောင် ဖန်တီးပေးနိုင်တယ်…”
“ ငါတော့ နောက်ဆုံးပေါ် Gulfstream G650 ဂျက်ကို မြင်ချင်တယ်…. အဲ့တာလေး ပြပေးပါလား အစ်ကိုကြီး…”
“ Gulfstream G650…..” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ ကောင်တွေက အတော်လေး ရွေးတတ်ကြပါလားကွ… အဲ့လေယာဉ်က ဈေးမပေါဘူး…”
“ လေယာဉ်ကြည့်ပြီး ဘာလဲလုပ်မှာ…..“ တစ်စုံတစ်ယောက်မှ ပြောလိုက်ပြီး “ ကြည့်မယ့်ကြည့် ဖိုက်တာဂျက်ပဲ ကြည့်မှာပေါ့ကွ.… မျက်နှာဖုံး အစ်ကိုကြီးက အံ့ဩဖို့ ကောင်းတယ်ဆိုရင် ငါတို့ကို ဂျက်ဖိုက်တာ လိုက်ပြ…”