ဟော်ယွမ်ယွမ်ရဲ့ အိုင်ဒီ
Vol. 45 Ch. 675
“ အပေါ်ကကောင်… လဂိုးပဲ.. မင်းထင်နေတာ ဖိုက်တာဂျက်တွေက မြင်ဖို့ လွယ်တယ်များ မှတ်နေလားကွ…. နည်းနည်းလေး ဖြစ်နိုင်တာလေးတွေ တောင်းဆိုကြစမ်းပါ….”
“ မျက်နှာဖုံး အစ်ကိုကြီး ကိုယ်တိုင် ပြောတာလေ… ငါကလည်း သူ့ကို ကောင်းကင်က ကြယ်တွေ ဆွတ်ခိုင်းနေတာမဟုတ်… ဆိုတော့ ဒီလိုတောင်းဆိုတာက မလွန်ဘူး မဟုတ်လား..”
“ ရတယ်..” လင်းရီ ပြောလိုက်ပြီး “ အဆင့်အမြင့်ဆုံး မော်ဒယ်ကျ ထိပ်တန်းလျှို့ဝှက်ချက်ဆိုတော့ သာမန်မော်ဒယ်လ်လောက်ဆို အဆင်ပြေတယ်မလား…”
“ လခွမ်း… အစ်ကိုကြီး ….. မင်း အဲ့တာကို သဘောတူလိုက်တယ်လား…”
“ အဆင့်အမြင့်ဆုံးကို မပြောနဲ့ဦး… သာမန်အဆန်ဆုံး တစ်ခုကို လိုက်ပြပေးရင်တောင် ဒူးထောက်ပြီး ဖေဖေလို့ ခေါ်ပေးလိုက်မယ်…”
“ အဲ့တာဆို ဒူးထောက်ဖို့ အသင့်ပြင်ထားလိုက်တော့…”
ထိုအခိုက်အတန့်တွင် ကျန်းရှောင်ယွီ ဖုန်းဆက်လာခဲ့၏။
“ အစ်ကိုရီ… ရှင်နောက်နေတာတော့ မဟုတ်ပါဘူးနော်… တကယ်ကြီး သူတို့ကို ဖိုက်တာဂျက် လိုက်ပြတော့မလို့လား…”
“ ဖိုက်တာဂျက်လေးတည်းမဟုတ်ဘူးလား… ပြီးတော့ သာမန် မော်ဒယ်လ်လေ…. အဆင့်အမြင့်ဆုံးတောင် မဟုတ်သေးဘူး… ပြဿနာရှိလို့လား…”
“ ဒါပေမယ့် အဲ့တာက ပိုက်ဆံ ရှိရုံနဲ့ ကြည့်လို့ရတဲ့ဟာမှ မဟုတ်တာ…”
“ ငါက ပိုက်ဆံပဲ ရှိတယ်လို့ မင်းကို ဘယ်သူပြောလဲ…
ကျန်းရှောင်ယွီ “…….”
အမေးဇင်း…
လင်းရီ၏ စကားလုံးများက တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လေထုကို မီးရှို့လိုက်သည့် နှယ်ပင်။
“ သူ့မှာ ပိုက်ဆံ ဘယ်လောက်ချမ်းသာလဲဆိုတာ ငါမသိပေမယ့် အဲ့လိုကြီး ပြောလိုက်တာကတော့ အရမ်းကြီး မောက်မာလွန်းသလားလို့လေ….”
“ ငါတော့ ရေးမှတ်ထားပြီ…”
“ ပလတ်ဖောင်း တစ်ခုလုံးမှာ မျက်နှာဖုံး အစ်ကိုကြီးထက် ဘယ်ကောင် မော်ကြွားရဲလဲ…”
တိုက်ရိုက်ထုတ်လွင့်ခန်းမှာ ကိုးကွယ်သည့် အသွင်သို့ ကူးပြောင်းနေချိန်တွင် ကျီချင်းရန် အသီးများ လှီးဖြတ်ထားသည့် ပန်းကန်နှင့်အတူ လင်းရီထံ လမ်းလျှောက်လာလေသည်။
လင်းရီ မျက်နှာဖုံးနှင့် နေကာမျက်မှန် ဝတ်ဆင်ထားသည်ကို မြင်တော့ သူမ အသီးပန်းကန်ကို ဘေး၌ တိတ်တဆိတ်ချကာ ဆိုဖာပေါ်တွင် ထိုင်လိုက်၏။
သူမ လင်းရီ၏ Live stream ကို ကြည့်ရှုရန် ဟန်ပြင်လိုက်လေသည်။
“ အစ်ကိုရီ.. ခု Dou Yu မှာ စူပါစတား ရွေးချယ်ပွဲရှိတယ်… ဦးဆောင်မှု ပြဇယားကို ကြည့်လိုက်တော့ အစ်ကိုရီက ဒုတိယနေရာတောင် ရောက်နှင့်နေပြီ… မနက်ဖြန်က နောက်ဆုံးနေ့ပဲ…. ထိပ်ဆုံးရောက်အောင် ကြိုးစားကြည့်ချင်လား…”
“ ဟုတ်လား…. ငါတစ်ချက် သွားကြည့်ကြည့်လိုက်ဦးမယ်…”
လင်းရီ ဖုန်းနှင့် Dou Yu အက်ပ်ကို ဖွင့်လိုက်တော့ ကျန်းရှောင်ယွီ ပြောသည့် ဦးဆောင်မှုပြဇယားကို မြင်တွေ့လိုက်ရလေသည်။
ပထမနေရာ၌ ရပ်တည်နေသူက တောဓားပြဗိုလ် အိုင်ဒီနှင့် DNF (Dungeon & Fighter) ဂိမ်းစထွင်းသူက ရေပန်းစားမှု 12 မီလီယမ်ဖြင့် ပထမနေရာကို ယူထားလေသည်။
လင်းရီကတော့ 11 မီလီယမ်ဖြင့် ဒုတိယနေရာ၌ ရှိ၏။
တတိယ နေရာကတော့ ငါးမီလီယမ်မျှသာ ရှိကာ ထိပ်ဆုံး နှစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်ရန် မစွမ်းသာချေ။
လင်းရီ ခဏတဖြုတ် စူးစမ်းကြည့်လိုက်၏။ ရေပန်းစားခြင်း ဦးဆောင်မှု ပြဇယားမှာ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ရေပန်းစားမှုနှင့် မတူညီချေ။ တွက်ချက်သည့် နည်းလမ်းမှာ ကွာခြား၏။
တစ်မီလီယမ် အမှတ်မှာ များပြားသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်တော့ ၎င်းတို့ ကြားရှိ ကွာဟမှုမှာ မတိမ်းမယိမ်းလေးပင်။
အကယ်၍ လင်းရီသာ အားကုန်စိုက်ထုတ်မည်ဆိုပါက သူ့အပေါ်ရောက်နေသည့် သူကို ကျော်တက်သွားနိုင်လေသည်။
“ ဒါဆိုလည်း ကြိုးစားကြည့်တာပေါ့… ဂုဏ်ဒြပ်ကို မယူပဲ ထားလိုက်ရင် ဖြုန်းတီးရာ ကျလွန်းတယ်..”
စနစ်၏ အလုပ်လုပ်ပုံအရ မစ်ရှင်များမှာ လျှပ်တစ်ပြက် ပေါ်လာသောကြောင့် သူ ပထမနေရာရသည်နှင့် အခြား မစ်ရှင်တစ်ခု ပေါ်လာနိုင်လေသည်။
ထို့ကြောင့် လင်းရီ အလုပ်အတွေ့အကြုံမှတ်များ စုဆောင်းနိုင်မည့် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်မခံနိုင်ပေ။
“ ကောင်းပြီလေ… ညီမ ကူညီပြီးတော့ လက်ဆောင်တွေ ပို့ပေးမယ်..”
ကျန်းရှောင်ယွီ ဖုန်းချပြီးနောက် လင်းရီကို နောက်ထပ် စူပါ ဒုံးပျံ သုံးစင်း ထပ်ပို့လိုက်လေသည်။
ထိုအခိုက်အတန့်တွင်ပဲ အခြား စူပါ ဒုံးပျံဆယ်စင်းက လင်းရီအခန်းထဲ၌ စုဝေးပျံသန်းလာခဲ့၏။
“ ဖက်ခ်.. ဒါ ဘယ်သူဌေးမ လဲ…မျက်နှာဖုံးအုပ်ထားတာတောင်မှ ငါ့ရဲ့ ဆွဲဆောင်မှုတွေက လျှံထွက်နေတုန်းပဲလား…. တစ်ချီတည်းနဲ့ ဒုံးပျံဆယ်စင်းတောင် ပေးအောင် လုပ်နိုင်လိုက်တယ်ပေါ့…” လင်းရီ အံ့အားသင့်နေသည့် လေသံဖြင့် ပြောလိုက်၏။
ပလတ်ဖောင်းရှိ ထိပ်တန်းစထွင်မာများမှလွဲ၍ အခြား အလတ်အလတ်နှင့် အောက်ခြေက စထွင်မာ အများစုမှာ ယခုလို မြင်ကွင်းမျိုးကို မမြင်ဖူးကြချေ။
ထိုထဲတွင် ကျန်းရှောင်ယွီကတော့ လတ်တလောတွင် ကြုံဖူးထားသောကြောင့် ဖယ်ထား၍ရ၏။
သို့သော်လည်း ရုတ်ချည်း စူပါဒုံးပျံ ဆယ်စင်း ချီးမြင့်ခံလိုက်ရသည်က လင်းရီကို ကျေနပ်အားရစေသည့် ခံစားချက်မျိုး ဖြစ်ပေါ်လာစေသည်။
“ မာန်တက်မနေနဲ့… နင့်ကို လက်ဆောင်ပေးလိုက်တာ ငါ့ဟဲ့ ငါ…” ကျီချင်းရန် တီးတိုးပြောလိုက်ပြီး “ ဒီသူဌေးမကြီးက နင့်ကို ပထမ ရအောင် လုပ်ပေးမယ်….”
‘ အာ….’
လင်းရီ ကျီချင်းရန်၏ နာမည်ကို ကြည့်လိုက်တော့ ‘ မုန်လာဥဖြူလေး ‘
အနည်းငယ် ချစ်စရာတော့ ကောင်း၏။
သို့သော် ထိုအခိုက်အတန့်တွင် အခြား ဒုံးပျံ ကိုးခုက အခန်းထဲတွင် ပျံဝဲလာသည်။
၎င်းက ကျန်းရှောင်ယွီကို ကျော်လွန်ပြီး ဒုတိယနေရာ ရသွားခဲ့၏။
“ မာန်တက်နေတာ မဟုတ်ဘူးကွ… ကြည့်လိုက်… ခုလေးတင် တစ်ခြား မိန်းကလေးတစ်ယောက်က ငါ့ကို ဒုံးပျံကိုးခုတောင် ပို့လာခဲ့ပြီ… ဆွဲဆောင်မှုဆိုတာ မျက်နှာဖုံးတပ်ထားရုံနဲ့ ဖုံးကွယ်ထားလို့ မရဘူးပဲ….” လင်းရီ မိုက်ခရိုဖုန်းကို ကာရင်း ပြောလိုက်သည်။
ကျီချင်းရန် ခိုးခိုးခစ်ခစ် ရယ်မောလိုက်ရင်း “ အဲ့တာက ယွမ်ယွမ်…”
‘ဟမ်…..’
လင်းရီ ဟော်ယွမ်ယွမ်၏ အိုင်ဒီကို ကြည့်လိုက်၏။
‘ အဆင်တွေအကုန် ငါ့လင်…’
ထိုကြောင်တောင်တောင် နာမည်ကို မြင်တော့ လင်းရီ ဟော်ယွမ်ယွမ်ဆိုတာကို နှစ်ခါပြန်မငြင်းပဲ သဘောတူလိုက်လေသည်။
“ ယွမ်ယွမ်လို ပိုက်ဆံ ကပ်စေးကုတ်က ယွမ် 18,000 အကုန်ကျခံပြီး ငါ့ကို လက်ဆောင် ပေးလိုက်တယ်ပေါ့လေ….” လင်းရီ မေးစေ့ကုတ်လိုက်ပြီး “ မင်းရဲ့ ဂျူနီယာ ညီမလေးက စိတ်ဝင်စားဖို့တော့ ကောင်းသား….”
“ သူပြောတာ နင့်ကို လက်ဆောင်ပေးလိုက်တာက ကုမ္ပဏီ ရန်ပုံငွေနဲ့တဲ့… သူမ ကိုယ်ပိုင်ပိုက်ဆံ မဟုတ်ဘူးတဲ့….”
လင်းရီ "........"
“ ဟော်ယွမ်ယွမ်… မင်းအဖွားပဲ…”
လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ၌ စူပါဒုံးပျံများ ပျံဝဲနေသည်ကို မြင်တော့ လူတို့ ရောက်လာကြ၏။
သူတို့ အနှီ မျက်နှာဖုံးနှင့် လူက ဘယ်သူလဲဆိုတာ သိချင်နေကြလေသည်။
ခုမှ စထွင်းတာကို သူက ဘာလို့ ဒီလောက်တောင် ရေပန်းစားနေတာ…
“ လူတိုင်းပဲ… ကြိုးစားထားကြ… မျက်နှာဖုံး အစ်ကိုကြီးရဲ့ အဆင့်က အခုဆို စထွင်မာအသစ်တွေရဲ့ ထိပ်ဆုံးကို ရောက်နေပြီ… ဒီနေရာကို ထိန်းသိမ်းထားမှဖြစ်မှာ.. မနက်ဖြန်ဆို ဒီပွဲက ပြီးသွားပြီ… အစ်ကိုကြီးကို လူသစ်ဘုရင်ဖြစ်အောင် ကူညီပေးလိုက်ကြစို့…”
“ အို ကေ… လက်ဆောင်တွေ ပေးဖို့ အချိန်ကျပြီ…”
တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ကွန်းမန့်များကို လိုက်ဖတ်ရင်း ကျီချင်းရန် Live stream လုပ်သည်က စိတ်ဝင်စားဖို့ကောင်းသည်ဟု ခံစားနေရ၏။
ယွမ်ယွမ် ပြောပြောနေတဲ့ 2D ယဉ်ကျေးမှု(comic,game) ဆိုတာလား…
……….
ရန်ကျင်းရှိ တတိယကွင်းလမ်းတွင် တန်းမြင့် အဆောက်အအုံတစ်ခု ရှိပြီး ရာနှင့်ချီသော ကုမ္ပဏီများမှာ အဆိုပါ အဆောက်အဦးတွင် စုစည်းနေကြလေသည်။
ထို့ပြင် မြောက်များစွာသော ဘီလီယမ်နာများလည်း ထိုတံခါးဝမှ ထွက်ပေါ်ခဲ့ကြ၏။
အဆိုပါ အဆောက်အဦး၏ ရှစ်လွှာမြောက်တွင်တော့ အခြားသော ကုမ္ပဏီ ရုံးခန်းများအားလုံးမှာ လူသူ ကင်းမဲ့နေပြီး ပိန်းပိန်းမှောင်နေလေသည်။
ထောင့်တစ်နေရာရှိ တစ်ခုတည်းသော ရုံးခန်းကသာလျှင် မီးလင်းထိန်နေပြီး တစ်လွှာလုံးတွင် အတောက်ပဆုံး အလင်းရောင် ဖြစ်လာခဲ့၏။
အဆိုပါ ကုမ္ပဏီ နာမည်ကတော့ ဝေ့အန်း အင်တာနက် စတူဒီယိုပင်။
၎င်းတို့၏ အဓိက စီးပွားရေးမှာ စထွင်မာများကို လေ့ကျင့် သင်ကြားပေးပြီး ထိုစထွင်မာများမှ တစ်ဆင့် ဝင်ငွေရှာဖွေကြ၏။
လမ်းစဉ်တူသည့် ကုမ္ပဏီများကြားတွင်တော့ ဝေ့အန်းစတူဒီယိုမှာ ထိပ်သီးဦးဆောင်သူတစ်ယောက်ပင်။
အကယ်၍ ဟွာရှ Live stream ပလတ်ဖောင်းများရှိ စထွင်မာများအားလုံးမှာ အဆိုပါ စတူဒီယိုလက်အောက်၌ တည်ရှိသည်ဟု ညွှန်းဆိုလျှင်တောင် ချဲ့ကားရာ မကျပေ။
စထွင်မာများအပြင် ကုမ္ပဏီက ကုန်ပစ္စည်းများ ကြော်ငြာပေးခြင်းမှလည်း ဝင်ငွေရရှိလေသည်။ ထို့ကြောင့် ၎င်းတို့၏ တစ်နှစ်ဝင်ငွေမှာ ပျှမ်းမျှ တစ်ရာ မီလီယမ်အထိရှိ၏။
အတွင်းပိုင်း အပြင်အဆင်မှာတော့ အတော်လေးကို စတိုင်ကျပြီး သာမန်ရိုးကျ ကုမ္ပဏီများနှင့် ကွဲထွက်နေလေသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် အဆင့်မြင့် အင်တာနက် ကဖေးသို့ ရောက်နေသည့် ခံစားချက်မျိုး ရရှိ၏။
ထိုအခိုက်အတန့်တွင်တော့ လူဆယ်ဦးခန့်မှာ ဆိုဖာတစ်ဝိုက်တွင် ထိုင်နေကြပြီး အားလုံးက လူငယ် အမျိုးသား အမျိုးသမီးများ ဖြစ်ကြကာ ခေတ်ရေစီးကြောင်းနှင့် အညီ ဖက်ရှင်ကျနစွာ ဝတ်စားထားကြ၏။ ထပ်ပေါင်းအနေနှင့် ကွန်ပျူတာ အလုံးနှစ်ဆယ်ကလည်း ရုံးခန်းထဲတွင် ရှိနေလေသည်။
သို့သော်လည်း စက်တစ်လုံးတည်းကသာလျှင် အလုပ်လုပ်နေပြီး ထိုသူကတော့ DNF ဂိမ်း စထွင်းနေ၏။
နာမည်မှာ မုန့်ကျင်းရန်ဖြစ်ပြီး သူ၏ ဂိမ်းအိုင်ဒီမှာတော့ တောဓားပြဗိုလ်ပင်။ Dou yu ပလတ်ဖောင်းတွင် စထွင်မာ အသစ်လေး ဖြစ်သော်လည်း ယခင်ကတော့ DNF ကြေးပွဲများ၏ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက်ဖြစ်၏။
ဝေ့အန်းကုမ္ပဏီမှ မျှော်လင့်ချက်ကြီးစွာ ထားထားသည့် အလားအလာကောင်းသူ တစ်ယောက်ဆိုလျှင်လည်း မမှားချေ။
“ လက်ရှိ ထရန်းနဲ့ဆိုရင် လူသစ်ဘုရင် ခေါင်းစဉ်က မုန့်ကြီးအပိုင်ပဲ…”
ပြောလိုက်သူကတော့ မာဝေ့အန်းအမည်ရသည့် စတူဒီယို၏ တာဝန်ရှိသူပင်။
ထိုသူက သုံးဆယ်အစောပိုင်း ကာလ၌သာ ရှိသေးပြီး မိသားစုမှာတော့ သစ်လုပ်ငန်းလုပ်ကိုင်သည့် မျိုးရိုးဖြစ်၏။ သို့သော် သူကတော့ စွန့်စားပြီး လမ်းကြောင်းအသစ်ကို ဖောက်ကာ ယခုစတူဒီယိုက သူ၏ မှတ်ကျောက်တိုင် တစ်ခုပင်။
မာဝေ့အန် ဘေးတွင် အဖြူရောင် ဂါဝန်နှင့် အမျိုးသမီးတစ်ဦး ထိုင်နေပြီး သူမကတော့ လင်းရီ ယမန်နေ့ညကမှ ပညာပြထားသည့် ဟန်ရွှမ်းပင်။
“ သပပဲ.. ကိုကြီးမာ ခု လောင်မုန့်က ဒုတိယနေရာ ရောက်နေပြီ.. တစ်ယောက်ယောက်က သူ့ကို တွန်းချလိုက်ပြီ…”