← Chapters

မင်းတို့က ဘာလို့ ကျီချင်းရန်နဲ့မှ လာပြိုင်နေကြတာလဲ

Vol. 45 Ch. 676

မင်းတို့က ဘာလို့ ကျီချင်းရန်နဲ့မှ လာပြိုင်နေကြတာလဲ

Vol. 45 Ch. 676

ပြောလိုက်သူကတော့ လျိုစီးယွမ်ပင်။ သူမက baggy canvas ဘောင်းဘီကို ဝတ်ဆင်ထားပြီး ကိုင်းအနက်ရောင် မျက်မှန်အားတပ်ဆင်ထားကာ အလှမ်းသိပ်မဝေးသောနေရာရှိ ဆိုဖာပေါ်တွင် ထိုင်နေလေသည်။

သူမ လက်ထဲတွင်တော့ iPad ကိုင်ထားပြီး ၎င်းအား မျက်တောင် မခတ်တမ်း စိုက်ကြည့်နေ၏။

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာ… မုန့်ကြီးက ဒုတိယနေရာကို လေးမီလီယမ်အသာစီးနဲ့ ကျောထားတာကို…. အဲ့တာကို တစ်ယောက်ယောက်က သူ့ကို ဖိနှိပ်သွားသေးတာလားဟ…” မာဝေ့အန်း အံ့အားတကြီးဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

“ ကျွန်မလည်း အဲ့တာကို ပဟေဠိ ဖြစ်နေတာ…” လျိုစီယွမ် ပြောလိုက်ပြီး “ လောင်မုန့်ကို ဖယ်ချပစ်လိုက်တဲ့သူက မျက်နှာဖုံးအစ်ကိုကြီးဆိုပဲ… ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ကြည့်လိုက်ဦးမယ်….”

ထိုသို့ ပြောပြီးနောက် လျိုစီယွမ် သူမလက်ကို iPad ပေါ်တွင် ကစားလိုက်ပြီး “ သောက်ကျိုးနည်းကြီး မဖြစ်နိုင်လိုက်တာ… ဒီကောင့်ကို အဆင့်တိုးပေးလိုက်တဲ့ ထိပ်တန်း လက်ဆောင်ပေးသူ သုံးယောက်လုံးက အမျိုးသမီးတွေကြီးပဲ… စုစုပေါင်း စူပါ ဒုံးပျံ 24 စင်း ပေးထားပြီးပြီဆိုတော့ ယွမ် ငါးသောင်းကျော်ပေါ့…”

“ ဒီကောင်က ရည်မှန်းချက်တော့ ကြီးသားကွ…” မာဝေ့အန်း ပြောလိုက်ပြီး “ ကြည့်ရသလောက်တော့ လူသစ်ဘုရင်ဘွဲ့ကို ရဖို့ ကြိုးစားနေတယ်နဲ့တူတယ်…”

“ ကျွန်မ သူ့ကို သိတယ်… သူ ဒီနေ့ တိုက်ရိုက်ထုတ်လွင့်တော့ တော်တော်လေးကို ဂယက်ထသွားခဲ့တာ…” ဟန်ရွှမ်း ပြောလိုက်ပြီး “ ကြားတာတော့ သူက ကျိုကျုံးဗီလာဆီ ခေါ်သွားပြီး ကြည့်ရှုသူတွေကို အကန့်အသတ်နဲ့ ထုတ်ထားတဲ့ Bugatti La Voiture Noire ကိုတောင် ပြလိုက်သေးတယ်ဆိုပဲ….”

“ La Voiture Noire ….” မာဝေ့အန်းနှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြ၏။

“ အဲ့ဒီ 126 မီလီယမ် တန်ကြေးရှိတဲ့ အကန့်အသတ်နဲ့ထုတ်ထားတဲ့ Bugatti La Voiture Noire လား….”

“ အင်း… အဲ့ကားထင်တယ်..” ဟန်ရွှမ်းပြောလိုက်၏။

“ ဒီကောင်က ကြိုပြီး ပြင်ဆင်ထားတဲ့ပုံပဲ..” မာဝေ့အန်း ပြောလိုက်၏။

“ ပြင်ဆင်ထားတာ သေချာတာပေါ့… မဟုတ်ရင် အဲ့လောက်ထိ အရည်အသွေးမြင့်တဲ့ live stream လုပ်နိုင်မှာလား…”

“ ဒါဆို ကျွန်မတို့ အခု ဘယ်လိုလုပ်ကြမှာ… တကယ်လို့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မစဉ်းစားဘူးဆိုရင် လောင်မုန့်ရဲ့ လူသစ်ဘုရင် ဘွဲ့က သူများလက်ထဲ ရောက်သွားတော့မှာနော်…” လျိုစီးယွမ်မှ ပြောလိုက်သည်။

“ လွယ်ပါတယ်… ပိုက်ဆံ သုံးလိုက်ရုံပေါ့…” မာဝေ့အန်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ တစ်ဖက်သူတောင် ယွမ်ငါးသောင်း သုံးထားတယ် မဟုတ်ဘူးလား…”

“ အင်း အဲ့လောက် ပမာဏ ဟုတ်တယ်…”

“ အဲ့လိုဆို ငါ တခြား အကောင့်တွေကနေ မုန့်ကြီးကို ဒုံးပျံတွေပို့ပြီး အဆင့်သတ်မှတ်ချက်ကို ပြန်ပြီး ပြောင်းပြန်လှန်ကြတာပေါ့… ..”

“ ဘော့စ်… အဲ့လောက်ထိ လုပ်စရာ မလိုပါဘူး.. ဒုံးပျံဆယ်ခုဆို လုံလောက်ပြီ… ကျုပ် ခနနေကျ လက်နက်တွေကို +18 မြင့်လိုက်တဲ့အချိန်ကျရင် ကြည့်ရှုသူအများကြီးကို ဆွဲဆောင်လိုက်နိုင်တယ်… အဲ့ခါကျ ရေပန်းစားမှုအမှတ်တွေက အလိုအလျောက် တိုးလာတော့မှာလေ…” မုန့်ကျင်းရန် ပြောလိုက်လေသည်။

“ ကောင်းပြီလေ… ငါမင်းကို အရင်ဆုံး ကူတိုးပေးမယ်… တကယ်လို့ လိုအပ်ရင် အဲ့အတိုင်း ဆက်သွားကြတာပေါ့..”

မုန့်ကျင်းရန် စီးကရက် မီးညှိရင်း အပြုံးတစ်ခုက မျက်နှာထက်တွင် ပေါ်ပေါက်လာကာ “ အဲ့မျက်နှာဖုံးနဲ့ ကောင်က သူ့ကိုယ်သူ ပိုတွက်ထားတာပဲ… တကယ်ကြီး ကျုပ်နဲ့ လူသစ်ဘုရင်ဘွဲ့ကို ယှဉ်ပြိုင်ချင်နေတယ်ပေါ့… ကျုပ် မုန့်ကျင်းရန်က ဘယ်သူလဲဆိုတာ မသိသေးဘူးထင်တယ်…”

“ မုန့်ကြီးပြောတာ အဓိပ္ပာယ်ရှိတယ်.. ငါတို့ သိပ်ပြီး စိုးရိမ်နေစရာ မလိုပါဘူး…. သူတို့လို outdoor streamer တွေက ဖင်ငြိမ်တာ မဟုတ်ဘူး… မုန့်ကြီးလို နေ့တိုင်း ပုံမှန် စထွင်းနေတဲ့သူကို ဘယ်လိုလုပ်ပြီး ရိုက်ချနေမှာ…. “

“ ငါ စိုးရိမ်နေတာ အဲ့တာကြောင့် မဟုတ်ဘူးကွ… မနက်ဖြန်ဆိုရင် လူသစ်ဘုရင်ပွဲက ပြီးပြီ…. “ မာဝေ့အန်း ပြောလိုက်ပြီး “ ပွဲက ကြီးကြီးမားမား မဟုတ်ဘူးဆိုရင်တောင် ပလတ်ဖောင်းက နောက်ပိုင်း အခြေအနေတွေအတွက် ထိုက်ထိုက်တန်တန် ဆုချီးမြင့်မှာ…. လက်လွတ်ခံလိုက်လို့ မဖြစ်ဘူး…”

“ ပြီးတော့ ငါ တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီးသွားပြီ… တကယ်လို့ လူသစ်ဘုရင်ဘွဲ့ကို ရမယ်ဆိုရင် သူတို့ဘက်က မုန့်ကြီးကို DNF ထိပ်တန်းစထွင်မာတစ်ယောက်ဖြစ်အောင် အရင်းအမြစ်တွေ ထောက်ပံ့ပေးမှာ… ဒါကြောင့်မို့ ဘာမှ လွဲချော်သွားလို့မဖြစ်ဘူး… အသေးစိတ်ကအစ ဂရုစိုက်နေရမယ်….”

“ ကျွန်မ သူ့ live stream ထဲ သွားကြည့်ပြီးတော့ သူ ထိပ်ဆုံးနေရာကို ဘယ်လိုတွေ ချဉ်းကပ်နေလဲဆိုတာ သွားကြည့်ကြည့်လိုက်မယ်…”

“ အင်း လုပ်လိုက်တော့…”

…………………….

ကျိုကျုံးဗီလာထဲတွင်တော့ လင်းရီမှာ သူ၏ ကြည့်ရှုသူများနှင့် ဆက်လက် စကားပြောနေပြီး လေထုမှာ အတော်လေး သက်တောင့်သက်သာ ဖြစ်နေလေသည်။

ထိုအခိုက်အတန့်တွင်ပဲ ကျန်းရှောင်ယွီ ဝီချက်မှ စာပို့လာခဲ့၏။

“ အစ်ကိုရီ.. DNF စထွင်မာက အစ်ကိုနဲ့ ပြိုင်နေသလိုပဲနော်… ခု ထိပ်ဆုံးကို ပြန်ရောက်သွားပြီ.….”

“ ဟမ်....ဘာလား… ပွဲသေးသေးလေးကို အဲ့လောက်ထိ အသည်းအသန် လုပ်နေဖို့ လိုလို့လား….”

“ ကျွန်မ အထင်တော့ သူ့နောက်မှာ အဖွဲ့အစည်းတစ်ခုခု ရှိပြီး ပထမ နေရာက သူတို့ အဖွဲ့အစည်းရဲ့ ရှေ့ဆက် အစီအစဉ်တွေအတွက် အရေးပါတယ်နဲ့တူတယ်… ဒါကြောင့်မို့ အဲ့လောက်ထိ အသည်းအသန် ဖြစ်နေတာ…. အစ်ကိုရီ… ရှင် အရှုံးပေးလိုက်လို့ မရဘူးနော်….”

“ အေးဆေးပေါ့… ပွဲက မနက်ဖြန်မှ ပြီးမှာမလား..”လင်းရီ ဖြောင်းဖြလိုက်၏။

“ မရဘူး...အေးဆေး နေလို့မရဘူး.. ဒီလို ကိစ္စမျိုးတွေက အချိန်နဲ့ အမျှ ပြောင်းလဲနေတာ… တကယ်လို့ ဂရုမစိုက်လုပ်မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ ပြုတ်ကျသွားလိမ့်မယ်…” ကျန်းရှောင်ယွီ စိုးရိမ်ကြီးစွာ ပြောရင်း “ ကျွန်မ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ သွားဆော်ဩလိုက်ဦးမယ်…. အမှတ်တစ်ချို့ ရလိုရငြားပေါ့…”

သို့နှင့် ကျန်းရှောင်ယွီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲသို့ ပြန်သွားခဲ့ပြီး “ အားလုံးပဲ.. ငါတို့ရဲ့ ပထမနေရာက အလုခံလိုက်ရပြီ… ခုချိန်ခါက လူတိုင်းရဲ့ စည်းလုံးညီညွှတ်မှုကို ပြသရမယ့် အချိန်ပဲ… ငါတို့ ပထမ ရနေသရွေ့ မျက်နှာဖုံးအစ်ကိုကြီးက ဖိုက်တာဂျက် လိုက်ပြမယ်တဲ့…”

ထိုအခါ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ စိတ်အားထက်သန်မှုများမှာ တစ်ဖန်တောက်လောင်လာပြန်သည်။ လူတိုင်း ကွန်းမန့်များရေးသူက ရေး၊ လက်ဆောင်ပို့သူများ ပို့ရင်းဖြင့် တက်ကြွနေကြတော့၏။

သို့သော်လည်း ထိုလူများထံမှ ရရှိသည့် လက်ဆောင်မှာလည်း အကန့်အသတ်နှင့်ဖြစ်ကာ အခြေအနေကို များစွာ မပြောင်းလဲသွားစေနိုင်ပေ။

“ ဘာလဲဖြစ်နေတာ…. သူတို့က ပထမနေရာရဖို့ ငါတို့နဲ့ လာပြိုင်နေတာလား…” ကျီချင်းရန် မေးပြီးနောက် ပါးဖောင်းလျက် “ အဲ့လိုသာဆိုရင်တော့ သူတို့ကို အခွင့်အရေး ပေးလိုက်လို့ မဖြစ်ဘူး….”

လင်းရီ ဘာတစ်ခွန်းမှ မပြောရသေးခင် ကျီချင်းရန်မှာ နောက်ထပ် ဒုံးပျံဆယ်စင်း ပို့လိုက်၏။

သို့သော်လည်း မကြာမီ လင်းရီမှာ ဒုတိယနေရာ၌သာ ရှိနေဆဲဖြစ်ပြီး ပထမနေရာကို မကျော်လွန်နိုင်သေးကြောင်း သတိမူမိသွား၏။

“ ဟမ်… “ ကျီချင်းရန် သူမဖုန်း စခရင်ကို ဘယ်ရွေ့ညာရွေ့လုပ်ရင်း “ ငါ ပို့လိုက်တာ အရမ်းနည်းသွားတာလား…”

ထို့နောက် သူမ ဒုံးပျံအစင်း နှစ်ဆယ်ကို ဖြေးညင်းစွာ ပို့ပေးလိုက်သည်။

သူ့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲ၌ ဒုံးပျံ မပြတ် ပျံသန်းနေသည်ကိုမြင်တော့ လင်းရီ DNF စထွင်မာအတွက် များစွာ စိတ်မကောင်း ဖြစ်သွားခဲ့၏။

‘ မင်းလို ပါမွှားစထွင်မာလေးက ဘာလို့ ပိုင်ဆိုင်မှု ယွမ် ၃ ဘီလီယမ်ကျော်တဲ့ သူဌေးမကြီးနဲ့ ယှဉ်ပြိုင်ချင်နေရတာတုန်း…’

“ သောက်ကျိုးနည်း… ဘောစိမကြီးဟ… ပထမနေရာက မိန်းကလေးက ဒုံးပျံအစင်းလေးဆယ်တောင် ပို့ပြီးသွားပြီ….”

“ အဲ့ကောင်ကို ပံ့ပိုးပေးနေတာ သူမ တစ်ယောက်တည်း မဟုတ်ဘူး… ဒုတိယ နေရာက တစ်ယောက်လည်း ဒုံးပျံ ကိုးစင်းတောင် ပို့ပေးထားတာ မဟုတ်ဘူးလား…”

“ အေး .. ငါလည်း အဲ့တာကို ဆွံ့အနေတာ… ဘာလို့ ဒီရဲ့ သူဌေးမတွေက မျက်နှာ မမြင်ရတဲ့သူကို ဒုံးပျံတွေ ချီးမြင့်နေတာ… တကယ်လို့ ငါလည်း Live stream မှာ မျက်နှာအုပ်ထားရင် ဒီလိုမျိုး ရလောက်လား…”

“ မင်း တော်တော်ရယ်ရတဲ့ကောင်… အဆင်ပြေရင် ဒီနှစ် နှစ်သစ်ကူးပွဲတော်ညမှာ ပြက်လုံးထုတ်ပါလားဟျောင့်… ငါတို့ အစ်ကိုကြီးက မျက်နှာဖုံးတပ်ထားတယ်ဆိုရင်တောင် သူ့ ပခုံးတွေ အရပ်အမောင်း မျက်လုံးတွေက စကားပြောတယ်ကွ…”

“ သူ့ရဲ့ အရပ်အမောင်းနဲ့ သွင်ပြင်တွေက ဘာမှ အရေးမပါဘူး… သူလည်း ဒုတိယ ချောင်ပိလော်ထင်တယ်… မဟုတ်ရင် မျက်နှာအုပ်ထားမှာ မဟုတ်ဘူး..”

ထိုသို့ ကွန်းမန့်ရေးသားလိုက်သူကတော့ မာဝေ့အန်းဘက်မှ လျိုစီးယွမ်ပင်။ သူမ စကားပြောခန်းတွင် ဝင်မွှေရန် အကြံဖြင့် လောင်စာထည့်ကြည့်လိုက်၏။

လင်းရီ၏ ရေပန်းစားမှုများမှာ အပေါ်ရှိ သူဌေးမကြီးများကြောင့်ဆိုသာ သူမ နားလည်လေသည်။

အကယ်၍ သူမသာ ထိုသူများကို လှည်းချနိုင်ပါက လင်းရီလည်း လောင်မုန့်နှင့် လူသစ်ဘုရင်ဘွဲ့ကို တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ချေ။

“ မျက်နှာဖုံး အစ်ကိုကြီးက ကြည့်ကောင်းတယ် မကြည့်ကောင်းတယ်က အရေးမကြီးဘူး… အရေးကြီးတာ အစွမ်းအစရှိဖို့ပဲ…” လင်းရီ၏ အမာခံ ပရိသတ်တစ်ဦးမှ ပြောလိုက်၏။

“ ငါတော့ မျက်နှာဖုံးအစ်ကိုကြီးက အနန္တ တန်ခိုးရှင်လို့တောင် ခံစားနေရတယ်… သူက စောက်ရမ်း အံ့အားသင့်ဖို့ ကောင်းတာ…”

“ ဒါက မျက်နှာဖုံး အစ်ကိုကြီးရဲ့ ဖန်တွေ စုဝေးတဲ့နေရာ… မင်း မကျေနပ်ရင် ထွက်သွားလိုက်….”

ထို‌စဉ် ကျန်းရှောင်ယွီမှ သူမ၏ စီမံသူ အာဏာကို အသုံးချကာ လျိုစီးယွမ်ကို ကန်ထုတ်လိုက်လေသည်။

တစ်ချိန်တည်းတွင် လင်းရီ ပထမနေရာသို့ ပြန်ရောက်လာသည်ကို မြင်တော့ မာဝေ့အန်း၏ အမူအရာမှာ နက်မှောင်သွားခဲ့တော့၏။

“ သူတို့က အဲ့လောက်တောင် သန်မာတယ်လား…”

“ ဦးနှောက်မရှိတဲ့ ဘောစိမတွေက သူ့ကို လက်ဆောင်တွေ ဆက်တိုက်ပို့ပေးနေတာလေ… ပထမ‌ နေရာက တစ်ယောက်ဆို ဒုံးပျံ အစင်း 40 တောင် ပို့ပြီးသွားပြီ….”

“ ငါ -ိုးပဲကွာ…” မာဝေ့အန်း ကျိန်ဆဲလိုက်ပြီး “ မုန့်ကြီး .. ကြည့်ရှုသူတွေကို ဇဝေဇဝါဖြစ်အောင် လုပ်မနေနဲ့တော့… မင်းရဲ့ လက်နက်တွေကို +18 တင်ပြီး လူအုပ်ကြီးကို ဆွဲဆောင်လိုက်… ပြီးတာနဲ့ ငါမင်းကို ဒုံးပျံတွေပို့ပေးမယ်… ငါတို့ ဒီနေ့ အဲ့ကောင်ကို အနိုင်ပိုင်းပစ်ရမယ်… နားလည်လား...”

“ နားလည်ပါပြီ…”

မုန့်ကျင်းရန် သူထိုင်သည့် အနေအထားကို ပြောင်းလဲလိုက်ပြီး တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူများအား ပြောလိုက်၏။

“ ညီကိုတို့… လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ အကုန်လုံးကတော့ စုံလင်နေပြီ… အောင်မြင်မလား ကျရှုံးမလားဆိုတာက ဒီအခိုက်အတန့်လေးမှာပဲ.. ငါ ဒီနေ့ ငါ့ရဲ့ဂီယာတွေကို +18 မြင့်တော့မယ်..ပြီးရင် ဆာဗာရဲ့ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာရမယ်….”

မု့န်ကျင်းရန်၏ အားမာန်အပြည့် ကြုံးဝါးသံနှင့်အတူ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ ရေပန်းစားမှုများမှာလည်း ဆက်တိုက် တိုးမြင့်လာလေသည်။

ဦးဆောင်မှုပြ ဇယားရှိ လင်းရီနှင့် ကွာဟမှုမှာလည်း အချိန်နှင့်အမျှ ကျဉ်းမြောင်းလာခဲ့တော့၏။

“ ဖက်ခ်… အောင်မြင်သွားပြီ….”

အိုင်တမ် တိုးမြင့်သည့် ဖြစ်စဉ်မှာ အောင်မြင်သွားသည်ကို မြင်တော့ မုန့်ကျင်းရန်၏ တိုက်ရိုက်ထုတ်လွင့်ခန်း တစ်ခုလုံး ဆူညံသွားခဲ့လေသည်။

ကြည့်ရှုသူ အမြောက်အများ ရောက်လာခဲ့ကြပြီး လင်းရီ တိုက်ရိုက်ထုတ်လွင့်ခန်းထဲရှိ လူတစ်ချို့ပင် ရောက်လာခဲ့ကြ၏။

ယခုလို မြင်ကွင်းမျိုးမှာ မြင်ရခဲလှကာ နောက်တစ်ကြိမ် ပြန်မြင်ရရန် မသေချာတော့ချေ။

ထိုအကြောင်းပြချက်ကြောင့်ပဲ မာဝေ့အန်းမှ လင်းရီကို ကျော်လွန်ပြီး ပထမနေရာရောက်ရန် ဒုံးပျံငါးခုတည်း လိုအပ်ခြင်းပင်။

လင်းရီဘက်ခြမ်းတွင်တော့ ကျီချင်းရန်မှာ တီးတိုးရေရွတ်လိုက်၏။

“ ဒီရဲ့ တောဓားပြဗိုလ် ဆိုတဲ့သူက အရမ်း စိတ်ရှုပ်ဖို့ ကောင်းတာပဲ… ငါတို့ရဲ့ ပထမနေရာကို ထပ်ယူသွားပြန်ပြီ….”

“ စိတ်အေးအေးထားစမ်းပါ… ဘာဒေါသထွက်စရာလိုလို့…” လင်းရီ ပြုံးပြီး သူမကို နှစ်သိမ့်လိုက်သည်။

“ပလတ်ဖောင်းထဲမှာ ဈေးအကြီးဆုံးလက်ဆောင်က စူပါဒုံးပျံပဲ ရှိတာလား… တခြား ဈေးပိုကြီးတာကော မရှိတော့ဘူးလား…”

“ ဈေးပိုကြီးတာလား…”

“ အွန်း… တစ်ခုကို ယွမ် တစ်သိန်းလောက် ပေးရတဲ့ဟာဆို ပိုအဆင်ပြေတယ်… အဲ့လိုဆို အများကြီး ပို့စရာလည်း မလိုတော့ဘူးလေ… အလုပ်ရှုပ် သက်သာတာပေါ့…”

“အာ.... မရှိဘူး….”

“ အဲ့ဒါဆိုလည်း ခုအတိုင်းပဲ လုပ်ရတာပေါ့… ဘာပဲဆိုဆို ငါလည်း အားနေတာပဲလေ….”

လင်းရီ သက်ပြင်းချလိုက်ပြီး DNF စထွင်မာအတွက် စိတ်မကောင်းသလို ခံစားလိုက်ရသည်။

‘ဟင်း.… ဘာလို့ ဒီကောင်တွေက အကြောင်းမဲ့ ကျီချင်းရန်နဲ့ လာပြီး ယှဉ်ပြိုင်နေကြတာတုန်းကွာ….”

“ အသက်ရှင်ရတာ မကောင်းလို့လား…”

All Chapters