← Chapters

ကုမ္ပဏီ၏ မျက်နှာ အစစ်အမှန်

Vol. 45 Ch. 679

ကုမ္ပဏီ၏ မျက်နှာ အစစ်အမှန်

Vol. 45 Ch. 679

“ မင်းဘာပြောလိုက်တယ်.. သူတို့က ဂိမ်းပြိုင်ဆော့ကြတော့မယ်…”

အတွင်းရေးမှူး၏ စကားလုံးများက လီလင်းကို တုန်လှုပ်သွားစေသည်။ သူမ အနည်းငယ် ရယ်စရာ ကောင်းသည်ဟုတောင် ခံစားနေရ၏။

Outdoor စထွင်မာက DNF ပရော်ဖက်ရှင်နယ် ကစားသမားနဲ့ ဂိမ်းပြိုင်ဆော့မယ်…

ပြီးတော့ ရှုံးတဲ့သူက ပလတ်ဖောင်းကနေတောင် ထွက်သွားပေးရဦးမယ် ဟုတ်လား…

‘ အဲ့ကောင် ဘာတွေများ စဉ်းစားနေတာ…’

“ဟုတ်ကဲ့... ခုလေးတင် သူတို့ တိုက်ရိုက်ထုတ်လွင့်ခန်းထဲမှာ အဲ့လိုမျိုး ပြောခဲ့ကြတာပဲ…. ရှုံးတဲ့သူက ပလတ်ဖောင်းကနေ ထွက်သွားရမယ်…”

လီလင်း တစ်ယောက်တည်းကသာ ရယ်စရာ ကောင်းသည်ဟု ထင်နေခြင်းမဟုတ်။ ချိန်ကျောင်းရန်နှင့် ကော်ရှစ်ပေါ်လည်း ထို့နည်းတူ ခံစားနေရလေသည်။

သူတို့နှစ်ယောက် အဆိုပါ သဘောတူညီချက်ကို မည်သို့မျှ နားမလည်နိုင်ဖြစ်နေကြ၏။ ယင်းက သုံးနှစ်သားလေးမှ မိုက်ခ်တိုင်ဆန်ကို ဘောက်စင်ထိုးရန် စိန်ခေါ်သည်နှင့် အလားသဏ္ဍာန် တူနေသည်။

“ အကြံကောင်းပဲ…” ကော်ရှစ်ပေါ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ငါတို့ပလတ်ဖောင်းမှာ အနိုင်အရှုံးကို ဒီလိုပုံစံနဲ့ ဆုံးဖြတ်တာကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ….”

ယခုတော့ ကော်ရှစ်ပေါ်၏ စိုးရိမ်နေသည့် စိတ်တို့မှာ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပပျောက်သွားတော့၏။

နှစ်ခါ စဉ်းစားနေရန် မလိုအပ်ချေ။ ထို မျက်နှာဖုံးနှင့်ကောင် ရှုံးမှာ သေချာလေသည်။

“ အဲ့ဒါဆို ဘာမှ ငြင်းခုန်နေဖို့ မလိုတော့ဘူး.. သူတို့နည်းလမ်းနဲ့ သူတို့ ဖြေရှင်းကြလိမ့်မယ်…” ချိန်ကျောင်းရန် ပြောလိုက်ပြီး “ လူသစ်ဘုရင်ဘွဲ့က ပြိုင်ပွဲနောက်ဆုံး ရလဒ်ပေါ် မူတည်ပြီး ဆုံးဖြတ်ကြမယ်…”

“ ဘော့စ်.. ဒီကိစ္စမှာ တစ်ခုခုမှားနေတာ သေချာတယ်… ဒီလိုပုံစံနဲ့ အနိုင်ရတဲ့သူကို ဆုံးဖြတ်မယ် ဆိုတာက နည်းနည်းလေး ကတိုက်ကရိုက် မဖြစ်လွန်းဘူးလား….” လီလင်း အနည်းငယ် စိုးရိမ်နေသည့် လေသံဖြင့်ပြောလိုက်၏။

“ မင်းပြောနေတာက အဓိပ္ပာယ်တော့ ရှိပါရဲ့… ဒါပေမယ့် ငါလည်း ဘာတတ်နိုင်မှာ… အဲ့ဆုံးဖြတ်ချက်က သူတို့ဘာသူတို့ ချလိုက်တာလေ…. “ ချိန်ကျောင်းရန် ပြောလိုက်ပြီး “ ပြီးတော့ ဒီ ဆုံးဖြတ်ချက်က ဘာကို ဖော်ပြနေလဲဆိုရင် အဲ့ဒီ မျက်နှာဖုံး အစ်ကိုကြီးလို့ ခေါ်တဲ့လူရဲ့ ဦးနှောက်က မူမမှန်ဘူး ဆိုတာပဲ… သူ့လို outdoor စထွင်မာက သွေးနားထင်ရောက်ပြီး ပရိုကစားသမားနဲ့ စိန်ခေါ်နေတယ်ဆိုတော့… အနာဂတ်ကျ သူ့ကို ပံ့ပိုးပေးထားရင်တောင် တစ်ခုမဟုတ်တစ်ခုတော့ ပြဿနာ တက်လာနိုင်တယ်…. ဒီတိုင်းလေးပဲ လွှတ်ထားလိုက်…”

“ ဒါပေမယ့်…………”

“ ဘာ ဒါပေမယ့်မှ မရှိဘူး..” ချိန်ကျောင်းရန် သူ၏ ကုတ်ကို လက်မောင်းတွင် ချိတ်ရင်း မတ်တပ်ရပ်လိုက်ပြီး “ ဒါပဲ … နောက်လည်းကျနေပြီ… အိမ်ပြန်ကြတော့….”

ချိန်ကျောင်းရန် ထွက်သွားခဲ့ပြီး ကော်ရှစ်ပေါ်လည်း သူ့နောက်မှ တက်တက်ကြွကြွနှင့် လိုက်ပါသွားခဲ့၏။

လီလင်း သူမခေါင်းကို ကူကယ်ရာမဲ့စွာ ခါရမ်းရင်း ကျိန်ဆဲလိုက်သည်။

“ ဒီရဲ့ မျက်နှာဖုံး အစ်ကိုကြီးက ဦးနှောက်မရှိတာလား ဘာလား…. တကယ်တည်း…”

ကုမ္ပဏီမှ ထွက်ခွာလာပြီးနောက် ချိန်ကျောင်းရန်နှင့် ကော်ရှစ်ပြောင်တို့ ကားကိုယ်စီထဲသို့ ဝင်လိုက်ကြ၏။

မည်သူမျှ ရှိမနေကြောင်း သေချာတော့ ကော်ရှစ်ပေါ် မာဝေ့အန်းထံ ဖုန်းခေါ်လိုက်သည်။

“ ရှောင်မာ… ကိစ္စကတော့ အိုကေသွားပြီ… နောင်ကျ အရင်းအမြစ်တွေအကုန်လုံး မင်းလက်ထဲမှာပဲ…. ကြိုးစားထားကွာ….”

“ ကျေးဇူးပါ ဒါရိုက်တာကော်… ကျုပ် နောက်နေ့တွေကျရင် ခင်များဆီကို အလည်လာရင်းနဲ့ အသေးစိတ် ဆွေးနွေးကြတာပေါ့… ဒါရိုက်တာကော် အတွက်လည်း မနစ်နာစေရပါဘူးဗျာ…”

“ ဒါပေါ့ ဒါပေါ့… လူချင်းတွေ့ပြီး သေချာလေး စကားပြောကြတာပေါ့….”

ကော်ရှစ်ပေါ်နှင့် မာဝေ့အန်း၏ မျက်လုံးထဲတွင်တော့ ယခုကိစ္စမှာ ကျောက်ဆူးချလိုက်သကဲ့သို့ အဆုံးသတ်သွားချေပြီ။

မုန့်ကျင်းရန်၏ အင်အားနှင့်ဆိုပါက အကယ်၍ သူ လက်ဗလာနှင့် ယှဉ်လျှင်တောင် မျက်နှာဖုံးအစ်ကိုကြီးအား အမှောက်သိပ်နိုင်လေသည်။ ထို့ကြောင့် နှစ်ယောက်မှာ နောက်ဆက်တွဲ ကိစ္စများကိုသာ အာရုံစိုက်ကြတော့၏။

……………………

နောက်တစ်နေ့ နံနက် လင်းရီ အိပ်ရာနိုးတော့ ကျီချင်းရန်မှာ ဘေးတွင် မရှိတော့။ သူ့အတွက် မနက်စာ ပြင်ပေးနေလေပြီ။

သို့နှင့် သူ မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ ဆင်းကာ အသင့်ပြင်ထားသည့် မနက်စာအား သုံးဆောင်လိုက်၏။

“နင်ဒီနေ့ကော Live လွင့်ဦးမှာလား..” ကျီချင်းရန် စားသောက်နေရင်း မေးလိုက်သည်။

“ ညကျမှပဲ… နေ့ခင်းတော့ မလွင့်ဖြစ်တော့ဘူး…. ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရဦးမှာ…”

“ အွန်း … ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ရှုံးလို့ မရဘူးနော်…” ကျီချင်းရန် ဆက်လက်၍ “ ယွမ်ယွမ်နဲ့ ငါနဲ့ ညကျရင် နင့်ကို ဆုချမယ် သိလား…..”

“ မလုပ်ပါနဲ့… ကျေးဇူးပြုပြီး....” လင်းရီ ပြောလိုက်ပြီး “အဲ့ဟာမလေးက သူ့ပိုက်ဆံသူ သုံးနေတာ မဟုတ်ဘူး… တော်နေကြာ ကုမ္ပဏီ အကောင့်ထဲက ပိုက်ဆံတွေ အကုန် ပြောင်သွားနေပါဦးမယ်… “

ကျီချင်းရန် ပြုံးလိုက်၏။ ဟော်ယွမ်ယွမ်၏ အမူအကျင့်နှင့် ဆိုပါက သူမ ထိုသို့ မလုပ်ဟု အာမ မခံနိုင်ပေ။

“ ကဲ ...စားလို့လည်း ၀ပြီ..… “ ကျီချင်းရန် သူမ၏ တူနှင့် ပန်းကန်ကို ချလိုက်ပြီး “ အလုပ်သွားတော့မယ်.. ဒီသူဌေးမကြီးက ညကျရင် အရသာရှိသာတွေ ဝယ်လာမှာမို့လို့ အိမ်မှာ လိမ်လိမ်မာမာနေခဲ့… ကြားလား…”

ပန်းကန်များ ဆေးကြောပြီးနောက် ကျီချင်းရန် မောင်းထွက်သွားခဲ့တော့၏။

လင်းရီ အထဲသို့ ပြန်ဝင်လာပြီး အပေါ်ထပ်သို့ တက်ကာ ဖုန်းထုတ်၍ ရှန်းရှူးရီထံ ဖုန်းခေါ်လိုက်လေသည်။

“ ဟဲလို အန်တီရှန်း..”

“ ရီလေး… ဘာလဲ … နင် မကိုင်တွယ်နိုင်တဲ့ ကိစ္စတွေ ပေါ်လာလို့လား…” ရှန်းရှူးရီ အပြုံးလေးဖြင့် ပြောလိုက်၏။

“အာဟား… အန်တီကတော့ နောက်ပြီ…” လင်းရီ ရယ်မောလိုက်ပြီး “ ကျွန်တော်က ဆောင်းတွင်းရောက်လာပြီဆိုတော့ ရန်ကျင်းမှာ အေးတယ်…. အနွေးထည်တွေ ထူထူထဲထဲ ဝတ်.. အအေးမမိစေနဲ့လို့ မှာချင်လို့ပါ….”

“ အန်တီလည်း ဆောင်းတွင်းအဝတ်တွေ ဝတ်နေပါပြီ ရီလေးရဲ့....” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဒါပဲလား… တခြား ဘာမှ မရှိတော့ဘူးဆိုရင် အန်တီ ဖုန်းချလိုက်တော့မယ်… ခနနေကျ အစည်းအဝေး တက်ရဦးမှာ….”

“ မလောနဲ့ဦးလေ..” လင်းရီ ပြောလိုက်ပြီး “ မိသားစုအရေးထက် အစည်းအဝေးက ဘယ်လိုလုပ်ပြီး အရေးကြီးနိုင်မှာလဲ... ဟုတ်တယ်မလား…”

“ ကောင်စုတ်လေးကတော့… မလိုအပ်ရင် ငါ့ဆီ ဖုန်းမဆက်လာပဲနဲ့များ…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ပြော … ဘာလိုချင်လို့လဲ….”

လင်းရီ ကိုးရို့ကားယား ရယ်မောလိုက်ပြီး “ ကျွန်တော် အန်တီရှန်းကို ထိုင်ဝမ်း အီလက်ထရောနစ် ကုမ္ပဏီအကြောင်း မေးချင်လို့…”

“ အမ်… နင် တစ်ခုခု ကြားထားလို့လား…”

ရှန်းရှူးရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။ လင်းရီ၏ ထက်ရှသည့် အမြင်က သူမကို ထိတ်လန့်သွားစေသည်။

“ အန်တီရှန်းလည်း သိထားပြီပေါ့…”

“ သိထားတာ မဟုတ်ဘူး….ကြိုသိနေတာ….” ရှန်းရှူးရီ ပြောလိုက်ပြီး “ တလောတုန်းက နင်နဲ့ ကျောက်မိုနဲ့ ငွေကြေးစစ်ပွဲ ပြီးတော့ တစ်စုံတစ်ယောက်က အမည်ဝှက်နဲ့ ငွေကြေးဝက်ဆိုဒ်တစ်ခုမှာ ဆောင်းပါးတစ်ပုဒ်တက်လာသေးတယ်မလား…. “

“ အင်း.. ကျွန်တော်လည်း အဲ့ဒီ ဆောင်းပါးကို ဖတ်လိုက်ရတယ်.. ဒါပေမယ့် ချက်ချင်းပဲ ဖြတ်ချခံလိုက်ရတယ် မဟုတ်ဘူးလား…. ဘာမှ မဖြစ်သွားဘူးလေ…”

“ အဲ့တာ အန်တီ ဖျက်ချခိုင်းလိုက်တာ….” ရှန်းရှူးရီ ပြောလိုက်ပြီး “ ပြီး‌တော့ အဲ့ဒီ တင်တဲ့သူရဲ့ အိုင်ပီလိပ်စာကို စုံစမ်းကြည့်တော့ ထိုင်ဝမ်းက ဖြစ်နေတယ်… ဒါကြောင့်မို့ အဲ့ကိစ္စက ထိုင်ဝမ်း အီလက်ထရောနစ်နဲ့ ဆက်စပ်နေလိမ့်မယ် ဆိုပြီးတော့ ကောက်ချက်ချလိုက်တာ…”

လင်းရီ အခုတော့ နားလည်သွားခဲ့၏။

ထိုဆောင်းပါး ချက်ချင်း လက်ငင်းကြီး ဖျက်ချခံလိုက်ရတာ မဆန်းတော့ချေ။ ယင်းက ရှန်းရှူးရီ၏ လက်ချက် ဖြစ်လေသည်။

“ အန်တီရှန်းက စကားမတည်ဘူးပဲ…” လင်းရီ ပြောလိုက်ပြီး “ ကျွန်တော့်ရဲ့ ရပ်တည်ချက်ကို မဖော်ပြလို့ ဝင်စွက်ဖက်လိုက်တာလား…”

“ ဒီ ညစ်ပတ်တဲ့ ကောင်စုတ်လေးနဲ့တော့….. အဲ့တာ နင်နဲ့ ဘာဆိုင်လို့…” ရှန်းရှူးရီ ပြောလိုက်ပြီး “ ဘာလို့လဲဆို‌တော့ အဲ့ဒီအချိန်တုန်းက သတင်းအချက်အလက်တွေလည်း အရမ်းနည်းပြီး ထိုင်ဝမ်းအီလက်ထရောနစ်ဆိုတာ မသေချာသေးဘူး… ပြီးတော့ နင့်ရဲ့ စွမ်းရည်ကလည်း သူတို့ ကုမ္ပဏီနဲ့ ပြိုင်ဘက် မဟုတ်သေးဘူးလေ… ဒါကြောင့် အန်တီက နင့်ကို ကူညီပေးလိုက်တာ… ဒါနဲ့ နေစမ်းပါဦး… နင် အဲ့တာကို ဘယ်ကနေ ဘယ်လို ရှာတွေ့သွားခဲ့တာ….”

“ ကျွန်တော် မိုဘိုင်းဖုန်းတွေ စထုတ်တော့မလိုကို တစ်စုံတစ်ယောက်က တိတ်တဆိတ် နှောင့်ယှက်နေလို့…သေချာစဉ်းစားကြည့်လိုက်တော့ အဲ့ဒီ ထိုင်ဝမ်းကုမ္ပဏီပဲဖြစ်မယ်ဆိုပြီး ကောက်ချက်ချလိုက်တာ….” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ကျွန်တော် အန်တီရှန်းကို ဖုန်းဆက်လိုက်တာ….”

“ အင်း.... အဲ့ ကုမ္ပဏီက ထိုင်ဝမ်းမှာ ရုံးစိုက်တယ်ဆိုတော့ အခြေအနေက တော်တော်လေး ထူးခြားတယ်… အန်တီတို့လည်း အဲ့ဘက်ကျ သိပ်ပြီး မထိန်းချုပ်နိုင်ဘူး..” ရှန်းရှူးရီ ပြောလိုက်ပြီး “ အန်တီ အဲ့ ဆောင်းပါးကို ရှာတွေ့တွေ့ချင်းပဲ CITIC နာမည်နဲ့ တခြား ပို့စ်တစ်ခု တင်လိုက်တာတောင် နင့်ကို နှောင့်ယှက်လာခဲ့သေးတယ်ဆိုတော့ ငါ့ကို လျှော့တွက်နေကြပုံပဲ….”

“ ဟမ်...သူက ယောက္ခမကြီးကို မျက်နှာသာ ပေးဖို့ မလိုတဲ့အထိကို အံ့ဩဖို့ကောင်းနေတယ်ပေါ့….”

ရှန်းရှူးရီ ပြုံးလိုက်ပြီး “ ဘယ်တတ်နိုင်မှာ… အဲ့ ကုမ္ပဏီက ထိုင်ဝမ်းမှာ ရုံးစိုက်ထားတဲ့ ထိုင်ဝမ်း အီလက်ထရောနစ် ကုမ္ပဏီလေ…. ဆိုတော့ အခြေအနေတွေက နင်ထင်ထားတာထက်ကို ပိုပြီးတော့မှ ရှုပ်ထွေးတယ်… “

“ တကယ်တမ်းကျ ထိုင်ဝမ်း အီလက်ထရောနစ် ကုမ္ပဏီက ထိုင်ဝမ်းမှာ ရုံးစိုက်တယ်ဆိုရင်တောင် ပေါင်းစည်းထားတဲ့ သဘောသဘာဝအရဆိုရင် လုံးဝကို အမေရိကန် ကုမ္ပဏီစစ်စစ်…. “ ရှန်းရှူးရီ ပြောလိုက်ပြီး “ သူတို့ရဲ့ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ သုတေသနပြုရေးက IBM ဒီဇိုင်းဆွဲပေးထားတာ… HR စနစ်ကျတော့လည်း ဟေးစ် အုပ်စုက ဖန်တီးပေးထားတာ…. အဖွဲ့အစည်း တည်ဆောက်ပုံတွေကျတော့လည်း Mercer က တည်ဆောက်ထားပေးပြီးတော့ ဘဏ္ဍာရေးဆိုင်ရာကျ ကြီးလေးကြီးထဲက တစ်ခုဖြစ်တဲ့ PWHC …. မားကတ်တင်းကျတော့ Accenture …. ပြီးတော့ ကုမ္ပဏီ ရှယ်ယာအများဆုံး ကိုင်ဆောင်ထားတဲ့သူတွေကလည်း နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေချည်းပဲ… ဒါကြောင့်မို့ နင် သူတို့ကို ကိုင်တွယ်ချင်တယ်ဆိုရင် နိုင်ငံခြား ကုမ္ပဏီလို့ သဘောထားပြီး ကိုင်တွယ်လို့ ရတယ်….”

“ ဒီတစ်ခေါက် သူတို့ တိုက်ခိုက်လာတာက မိုဘိုင်းဖုန်း စီးပွားရေးကြောင့်တော့ မဟုတ်လောက်ဘူး… သေချာပေါက် ချစ်ပ်နည်းပညာ 2.0 ကြောင့်ပဲ ….”

“ အန်တီ အဲ့ကိစ္စကိုလည်း အန်တီ့ရဲ့ အတိုင်ပင်ခံတွေနဲ့ ဆွေးနွေးပြီးသွားပြီ…ဒီတစ်ကြိမ် နင် ချပြလိုက်တဲ့ကတ်က စွမ်းအားကြီးလွန်းတော့ Intel တောင်မှ အေးဆေးမနေနိုင်တော့ဘူး…”

All Chapters