အခန်း (၆၈၉)
Vol. 50 Ch. 689
ယခုအချိန်တွင် ကျောက်စိမ်းပေလွှာ၏ အချက်အလက်များအရ အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် ထိုအကြီးအကဲကို အသေသတ်ရန် ဆုံးဖြတ်ထားပုံပေါ်သည်။
ဓားစံအိမ်၏ အမွေအနှစ်အတွက်ဖြစ်စေ အင်မော်တယ်ဝိညာဉ်ကမ္ဘာတွင် သူလျှိုလုပ်ခဲ့သော အကျိုးဆောင်မှုအတွက်ဖြစ်စေ မော့ရှန့်ဟွားသည် မသေသင့်ပေ။
ဟန်မူယဲ့က ကျောက်စိမ်းပေလွှာကို ကိုင်ထားပြီး စဉ်းစားနေသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားရန် မလွယ်ကူပေ။
သူကိုယ်တိုင်ကပင် အောင်မြင်လိမ့်မည်ဟု သေချာပေါက် မပြောရဲပေ။
တာအိုပြိုင်ပွဲ၏နောက်ကွယ်တွင် နတ်ဘုရားဘုရင်တစ်ပါး ရှိနေသည်ဟု မသိခဲ့လျှင် သူက ယုံကြည်ချက်ရှိလိမ့်မည်။
သို့သော် သူက ထိုအကြောင်းကို သိထားသောကြောင့် ပိုသတိထားနေသည်။
“အကြီးအကဲကုန်းစွန်းရှုနဲ့ ချင်စုယန်ကို ပြင်ပဘုံမှာ စောင့်နေဖို့ ပြောလိုက်ပါ”
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပလာပြီး တီးတိုးပြောသည်။
သူတို့နှစ်ယောက်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် အကောင်းဆုံး ဓားသမားနှစ်ယောက် ဖြစ်ကြသည်။
သူက မော့ရှန်ဟွားကို ကယ်တင်ချင်လျှင် ထိုနှစ်ယောက်ကိုပါ ခေါ်သွားရမည်။
ရှုဝေက ခေါင်းညိတ်လိုက်ပြီး အမတ်ချုပ်ကြီး၏အိမ်တော်မှ ထွက်ခွာလာသည်။ သူက အမိန့်စာရေးပြီး ပြင်ပဘုံသို့ ပို့လိုက်သည်။
ဟန်မူယဲ့က ခန်းဆောင်ထဲတွင် ထိုင်နေပြီး ဖြည်းဖြည်းချင်း မျက်လုံးမှိတ်သည်။ သူ့ခန္ဓာကိုယ်သည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေသည်။
ယခုအချိန်တွင် သူက ဝိညာဉ်ဖွဲ့စည်းခြင်း တတိယအဆင့်တွင် ရှိနေသည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်း နဝမအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်သည်။
တာအိုပြိုင်ပွဲတွင် ထိုစွမ်းအားသည် အထွတ်အထိပ်ပင် ဖြစ်သည်။ သူတော်စင်တစ်ဝက်အဆင့်နှင့် သူတော်စင်များကလည်း ထိုအဆင့် စွမ်းအားကိုသာ ထုတ်သုံးနိုင်ကြသည်။
ထို့အပြင် သူ၏ တိုက်ခိုက်နိုင်စွမ်းသည် ကောင်းမွန်သည်။ သူက ဓားနည်းစနစ်အမျိုးမျိုးနှင့် ရတနာအမျိုးမျိုးကို ပိုင်ဆိုင်ထားပြီး သူတော်စင်တစ်ပါးကိုပင် အနိုင်ယူနိုင်သည်။
သို့သော် ထိုစွမ်းအားသည် တာအိုပြိုင်ပွဲတစ်ခုလုံးကို လွှမ်းမိုးရန်အတွက် မဖြစ်နိုင်ပေ။
ယခင်တစ်ခေါက်က သူသည် ကျွမ်းကျင်သူများကို စုစည်းပြီး အင်မော်တယ်ရတနာဖြစ်သော လှံရှည်၏စွမ်းအားဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။
တာအိုပြိုင်ပွဲတွင် လူတစ်ယောက်၏စွမ်းအားသည် အကန့်အသတ်ရှိသည်။ အဆုံးတွင် စုပေါင်းစွမ်းအားကိုသာ မှီခိုရသည်။
ဟန်မူယဲ့က ဝိညာဉ်ရတနာဖြစ်သော ဓားအိမ်၊ ကောင်းကင်စက်ဝန်း ဓားဝင်္ကပါကို တည်ဆောက်နိုင်သော ဓားအမြုတေနှင့် မှော်ရတနာဓားများကိုလည်း ပိုင်ဆိုင်ထားသည်။
ထိုပစ္စည်းများသည် သူ၏ တိုက်ခိုက်နိုင်စွမ်းကို တိုးတက်လာစေသည်။
တာအိုဓားနှင့် မြက်ရိတ်တံက ကိုယ်ပွားနှင့်အတူ ရှိနေကြသည်။
အင်မော်တယ်ရတနာသပိတ်သည် ရှေ့တန်းတွင် ခုခံနေသည်။
သို့သော် နန်းတော်တွင် နေရာချထားသော အင်မော်တယ်ရတနာလှံရှည်ကို ယူသွားနိုင်သည်။
ထိုလှံရှည်ကို ထိန်းချုပ်ရန်အတွက် အားထုတ်ရလိမ့်မည်။ သူက လူတချို့ကို ထပ်ခေါ်သွားရန် လိုအပ်သည်။
သူက ချီစွမ်းအင်အလင်းကို ထုတ်ဖော်လိုက်သည်။ ရွှေအလင်းများသည် သူ့လက်ချောင်းထိပ်တွင် ပေါ်လာကြသည်။
ချက်ချင်းဆိုသလိုပင် ခရမ်းရောင်အလင်းတန်းတချို့သည် နန်းမြို့တော်မှ ထွက်ခွာသွားကြသည်။
ထို့နောက် သူက တံခါးပိတ်ကျင့်ကြံလိုက်သည်။
ဤတစ်ကြိမ်တွင် သူက ကျင့်ကြံခြင်းအပြင် ရတနာအမျိုးမျိုးနှင့် ရင်းနှီးအောင် လေ့ကျင့်ခဲ့သည်။
ထိုရတနာများသည် သူ၏ ကျင့်ကြံခြင်းနည်းစနစ်များနှင့် လိုက်ဖက်ကြသည်။
အဓိကခန္ဓာကိုယ်က တံခါးပိတ်ကျင့်ကြံနေသောအချိန်တွင် နတ်ဘုရားသားရဲကိုယ်ပွားက စိမ်းလန်းခြင်းနယ်မြေမှ ထွက်လာပြီး အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ဦးတည်လိုက်သည်။
သူက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ အကြီးအကဲတစ်ယောက်ကို ရှာဖွေရန်လိုအပ်သည်။
ဓားဘုရင်ယွမ်ထျန်း ....
ထိုဆရာတူအစ်ကိုသည် တိုက်ခိုက်နိုင်စွမ်းကောင်းပြီး အင်အားစုတစ်ခုကိုလည်း ထိန်းချုပ်ထားသည်။
သူက အရေးကြီးသောအချိန်တွင် ဝင်ပါလာလျှင် တာအိုပြိုင်ပွဲတွင် အနိုင်ရရန် ပိုမိုနီးစပ်လာလိမ့်မည်။
ထို့အပြင် အစစ်အမှန်ကျွမ်းကျင်သူများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ အထက်ဘုံသုံးပါးတွင် စုစည်းနေကြသည်။ သို့သော် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူအများအပြားသည် အလယ်ဘုံသုံးပါးနှင့် အောက်ဘုံသုံးပါးတွင်လည်း ရှိနေကြသည်။
ဟန်မူယဲ့က နတ်ဘုရားခုံရုံး၏ ရတနာတိုက်ကို သိမ်းယူထားသည်။ သူ့တွင်ရှိနေသော ရတနာများသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်သည်။
သူက တာအိုပြိုင်ပွဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများကို အသုံးပြုနိုင်လျှင် အနိုင်ရလိမ့်မည်။
နတ်ဘုရားသားရဲကိုယ်ပွားသည် ကူယွဲ့နင်၏အမည်ဖြင့် စိမ်လန်းခြင်းနယ်မြေမှ ဓားကျင့်ကြံသူတချို့ကို ဦးဆောင်၍ အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ထွက်လာခဲ့သည်။ သူတို့သည် အာကာသထဲတွင် အချိန်အတော်ကြာအောင် ခရီးသွားခဲ့ရသည်။
အာကာသသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ ထူးဆန်းသောသားရဲများက သူတို့ကို မကြာခဏ တိုက်ခိုက်ကြလိမ့်မည်။ လျှောက်သွားနေကြသော ကျွမ်းကျင်သူများကလည်း သူတို့ကို တိုက်ခိုက်လာနိုင်သည်။
တစ်လအကြာတွင် ကိုယ်ပွားက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးသို့ ရောက်လာခဲ့သည်။
ထိုအချိန်တွင် နန်းမြို့တော်၌ ရှိနေသော ဟန်မူယဲ့က ဝိညာဉ်စွမ်းအားကို ပြန်လည်ဆွဲယူ၍ သီးသန့်ကျင့်ကြံရာမှ ထွက်လာခဲ့သည်။
“ဂိုဏ်းချုပ်ထို့ပါ၊ ခေါင်းဆောင်တောက်ရင်”
“ဆရာမော့ယွမ်”
ဟန်မူယဲ့က သူတို့ကို ကြည့်လိုက်ပြီး ပြုံးသည်။
“ယန်ယင်လည်း ရောက်နေတာပဲ”
အနက်ရောင်ဝတ်စုံနှင့် ယန်ယင်က လေးနက်စွာခေါင်းညိတ်ပြသည်။
အရပ်ရှည်ပြီး သန်မာသော တင်းချွန်ကန်းသည် ယန်ယင်၏ဘေးတွင် ရှိနေသည်။ ထို့အပြင် အဖြူရောင်ဝတ်စုံနှင့် ကျိုးယွင်လုံလည်း ရောက်လာသည်။
ကျိုးယွင်လုံက ဟန်မူယဲ့၏ တိမ်တိုက်နဂါးဓားမှ အသွင်ပြောင်းလာခဲ့သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက မထူးချွန်သော်လည်း မှော်ရတနာဖြစ်သောကြောင့် အရေးကြီးသောအချိန်တွင် အသုံးဝင်လာနိုင်သည်။
တင်းချွန်ကန်းက ဝိညာဉ်ကိုယ်ခွဲအဆင့်တွင် ရှိနေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ဓားချီများကို ခံစားကြည့်နိုင်သည်။
တာအိုပြိုင်ပွဲစတင်ချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားက ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့် ကျင့်ကြံရန် ပိုမိုလွယ်ကူလာသည်။
ထို့အပြင် ပျက်စီးခြင်းတောရိုင်းနှင့် ရတနာအမျိုးမျိုးကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သဘာဝစွမ်းအင်က ပိုမိုကြွယ်ဝလာပြီး အဆင့်နိမ့်ကျင့်ကြံသူနှင့် ကောင်းကင်အဆင့် ကျင့်ကြံသူများက အဆင့်တက်ရန် လွယ်ကူလာကြသည်။
ခေါင်းဆောင်တောက်ရင်က ဝိညာဉ်သူငယ် သတ္တမအဆင့်တွင် ရှိနေသည်။
ထို့ပါ့ချန်ကတော့ ဝိညာဉ်သူငယ် နဝမအဆင့်တွင် ရှိသည်။
“ကောင်းတာတစ်ခုခု ဖြစ်လာတဲ့အချိန်မှာ ငါ့တို့ကိုတွေးပေးတာ ရှားပါးလိုက်တာ”
ခေါင်းဆောင်တောက်ရင်က တီးတိုးရေရွတ်သည်။
အလယ်ပိုင်းကုန်းမြေ၏ ကျွမ်းကျင်သူများသည် အမတ်ချုပ်ကြီးဟန်နှင့်အတူ ပြင်ပဘုံသို့ နှစ်ခေါက်ထွက်သွားပြီး အဆုံးမရှိသော ကြွယ်ဝမှုများကို ရရှိခဲ့သည်ဟု ခေါင်းဆောင်တောက်ရင်က သတင်းကြားခဲ့သည်။
ထိုရတနာများကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သဘာဝစွမ်းအင်ကပင် တိုးတက်လာခဲ့သည်။
သို့သော် အမတ်ချုပ်ကြီးဟန်၏ မွေးရပ်မြေဖြစ်သော အနောက်ဘက်နယ်စပ်ကုန်းမြေက အကျိုးအမြတ်များကို မရခဲ့ပေ။
ထို့ကြောင့် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များက စိတ်ရှုပ်နေကြသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းခါသည်။ သူက တခြားကျင့်ကြံသူများကို ကြည့်သည်။
အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူသုံးယောက်သည် သူတော်စင်တစ်ဝက်အဆင့်သို့ ရောက်နေသော မဟာကျင့်ကြံသူကြီးများပင် ဖြစ်ကြသည်။
အရှေ့ပင်လယ် ထန်တောင်ကုန်းဓားဂိုဏ်း၏ မဟာအကြီးအကဲ ကျန်းယန်ကျီ ....
အရှေ့ပင်လယ် တိမ်တိုက်ပင်လယ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရှုရှန်း ....
အရှေ့ပင်လယ် တုံမင်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ရွှမ်ကျင်း ....
အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူများအပြင် အလယ်ပိုင်းကုန်းမြေမှ တာအိုအင်အားစု၏ သူတော်စင်တစ်ဝက်အဆင့် ဓားကျင့်ကြံသူနှစ်ယောက်လည်း ရှိနေကြသည်။
အဆုံးမဲ့ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ကျောက်မင်ရှု ....
ချီချန်ဓားဂိုဏ်း၏ မဟာအကြီးအကဲ ချွမ်ချန်ယွမ် ....
ထိုမဟာအကြီးအကဲက အရှေ့တောင်ဒေသတစ်ခုလုံးကို ဓားတစ်လက်ဖြင့် ဖိနှိပ်နိုင်သည်ဟု ကျော်ကြားသည်။ သူက ကုန်းစွန်းရှုနှင့် တိုက်ပွဲတွင် သရေကျခဲ့သည်။
သူတို့နှစ်ယောက်က ဟန်မူယဲ့နှင့်အတူ ပြင်ပဘုံသို့ လိုက်လာပြီး မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်ခဲ့ကြသည်။
ဟန်မူယဲ့ကို ပြန်မြင်လိုက်ရသောအခါတွင် သူတို့နှစ်ယောက်က ပြုံးလိုက်ကြသည်။
“အားလုံးပဲ ဒီခရီးက အရင်နှစ်ခုနဲ့ ကွာခြားလိမ့်မယ်။ အကျိုးအမြတ်မရှိဘဲ အန္တရာယ်တွေနဲ့ ပြည့်နေနိုင်တယ်”
ဟန်မူယဲ့က ရှေ့တွင်ရှိနေသော လူများကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
သူ့စကားကို ကြားလိုက်ရသောအခါတွင် ချွမ်ချန်ယွမ်က ရယ်လိုက်ပြီး ပြောသည်။
“အမတ်ချုပ်ကြီးဟန်၊ စိတ်မပူပါနဲ့။ ဂိုဏ်းကို အကုန်မှာထားခဲ့ပါတယ်။ ဒီတစ်ခေါက် ပြန်မလာနိုင်ရင်လည်း ကိစ္စမရှိပါဘူး”
သူက မညာခဲ့ပေ။
သူက ဟန်မူယဲ့၏အမိန့်စာကို ရလိုက်သောအခါတွင် တခြားဂိုဏ်းမှ ကျွမ်းကျင်သူများကို တိတ်ဆိတ်စွာ မေးကြည့်ခဲ့သည်။ သူနှင့် အဆင့်တူသော မဟာကျင့်ကြံသူ ကျောက်မင်ရှုကသာ အမိန့်စာကို လက်ခံရရှိခဲ့သည်။
ဤတာဝန်သည် အလွန်အန္တရာယ်များလိမ့်မည်။ ထို့ကြောင့် အမတ်ချုပ်ကြီးဟန်က သူနှင့် ကျောက်မင်ရှုကိုသာ ဖိတ်ခေါ်ခဲ့သည်။
သို့သော် သူနှင့် ကျောက်မင်ရှုက တုံ့ဆိုင်းမနေပေ။ သူတို့က ပျော်ရွှင်စွာ ရောက်လာကြသည်။
ဂုဏ်ယူစရာပင် ဖြစ်သည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများသည် လောကတွင် ရှိနေကြသည်။ သို့သော် အလယ်ပိုင်းကုန်းမြေတွင် အမတ်ချုပ်ကြီးဟန်၏ ဖိတ်ခေါ်မှုကို လက်ခံရန် သူတို့နှစ်ယောက်သာ အဆင့်မီသည်။
ထိုသတင်းက လျှို့ဝှက်ချက်ဖြစ်သော်လည်း ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ၏ကြားတွင် ပျံ့နှံ့သွားသေးသည်။
ထိုကျင့်ကြံသူကြီးများက အလွန်မနာလိုဖြစ်နေကြသည်။
သူတို့က ပြင်ပဘုံသို့ နှစ်ခေါက်ထွက်လိုက်ပြီး လုပ်စရာမရှိတော့ပေ။
အဆုံးမရှိသော ကြွယ်ဝမှုများကြောင့် ဂိုဏ်းသည် ဘက်ပေါင်းစုံတွင် အဆင်ပြေနေသည်။
သူတို့က ကျင့်ကြံရန်အတွက် တွန်းအားမရှိတော့ပေ။
ပြင်ပဘုံ၏ ခရီးနှစ်ခုသည် သူတို့၏ နှလုံးသားများကို အရိုင်းဆန်သွားစေသည်။
ဟန်မူယဲ့က တခြားလူများကို လှည့်ကြည့်သည်။
သူတို့ကလည်း ခေါင်းညိတ်ပြလိုက်ကြသည်။
သူတို့အားလုံးက ထွက်မလာခင်မှာ အရေးကိစ္စများအားလုံးကို စီစဉ်ခဲ့ကြသည်။
ဟန်မူယဲ့က အမတ်ချုပ်ကြီးအိမ်တော်တွင် ဧည့်ခံပွဲကျင်းပပေးခဲ့သည်။ လူတိုင်းက ဓားကျင့်ကြံခြင်းအကြောင်းကို ဆွေးနွေးပြီး စောစီးစွာ အနားယူလိုက်ကြသည်။
နောက်တစ်နေ့တွင် သူတို့အားလုံးက ဟန်မူယဲ့နှင့်အတူ ကပ်ဘေးစင်မြင့်သို့ သွားလိုက်ကြသည်။
ဟန်မူယဲ့၊ ထို့ပါ့ချန်နှင့် တခြားလူများ ရောက်လာသောအခါတွင် လင်းရှန်က ဦးညွတ်လိုက်သည်။
ယခုအချိန်တွင် လင်းရှန်က ဓားအလင်းများကို သိမ်းဆည်းထားသည်။ သူက ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ရောက်နေပြီး လျှပ်စီးကြောင်းတချို့ကို ထုတ်လွှတ်နေသည်။
ထို့ပါ့ချန်က အားငယ်သွားသည်။
မျိုးဆက်သစ်တပည့်များထဲတွင် သူ့ကို ကျော်ဖြတ်သွားသောလူ နောက်တစ်ယောက် ထပ်တိုးလာသည်။
တင်းချွန်ကန်းနှင့် ဟန်မူယဲ့တို့ကို သူက လက်ခံနိုင်သေးသည်။ သို့သော် ယခုအချိန်တွင် တုံးအသော လင်းရှန်ကပင် သူ့ထက် ကျင့်ကြံဆင့်မြင့်နေသည်။
“လေ့ကျင့်ရေးမှူးလင်းက တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာပြီဆိုတော့ အတူတူသွားကြတာပေါ့”
“ဓားစံအိမ်ရဲ့ အကြီးအကဲတစ်ယောက်ကို သွားကယ်ကြမယ်”
ဟန်မူယဲ့က ညင်သာစွာပြောသည်။ ထို့နောက် လူတိုင်းကို ကပ်ဘေးစင်မြင့်ဆီသို့ ခေါ်ဆောင်သွားသည်။
ကပ်ဘေးစင်မြင့်တွင် ဟွမ်ကျစ်ဟူက အံ့ဖွယ်နေမင်းကိုယ်ရံတော်များကို ဦးဆောင်၍ စောင့်ကြပ်နေသည်။
“ဓားဝင်္ကပါကျင့်ကြံခြင်းကို လျစ်လျူရှုထားလို့မရဘူး”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အရှိန်အဟုန်က ဒီအတိုင်းဆက်ရှိနေရမယ်”
“မိန်းကလေးတစ်ယောက်လိုနေ”
ဟန်မူယဲ့က သတိပေးစကားပြောလိုက်ပြီး လက်မြှောက်၍ ဝှေ့ယမ်းသည်။ ကောင်းကင်က အက်ကွဲသွားပြီး လှေကားတစ်ခု ကျဆင်းလာသည်။
သူက တိုက်ရိုက်ပျံတက်သွားသည်။
ထို့ပါ့ချန်နှင့် တခြားလူများကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှ ပျံသန်းလာကြသည်။
တခြားလူများက ကပ်ဘေးစင်မြင့်ကို စစ်ဆေးကြည့်ရန် ခက်ခဲသည်။ ထို့ကြောင့် ဟန်မူယဲ့က သူတို့အားလုံးကို ကပ်ဘေးစင်မြင့်သို့ ခေါ်ဆောင်လာခဲ့သည်။
ဤတစ်ကြိမ်တွင် သူတို့က လူသွားကယ်မည်ဖြစ်သည်။ စစ်တပ်ကိုဦးဆောင်၍ ခမ်းနားစွာထွက်သွားမည် မဟုတ်ပေ။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူလျှိုများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ရှိနေကြသည်။
ဟန်မူယဲ့က အာကာသထဲသို့ ရောက်လာသောအခါတွင် သင်္ဘောပျံတစ်စင်းကို ထုတ်ယူသည်။
သူတို့အားလုံးက သင်္ဘောပျံပေါ်သို့ တက်လိုက်ကြသည်။ လင်းရှန်က မသိစိတ်အလျောက် သင်္ဘောပျံကို ထိန်းချုပ်ပေးရန်အတွက် ရှေ့တက်သွားသည်။