← Chapters

အခန်း (၆၉၀)

Vol. 50 Ch. 690

အခန်း (၆၉၀)

Vol. 50 Ch. 690

သူ၏ကျင့်ကြံဆင့်က အနိမ့်ဆုံးမဟုတ်သော်လည်း ဝါအငယ်ဆုံး ဖြစ်နေသည်။ သူက သင်္ဘောကို မထိန်းချုပ်ဘဲ ခေါင်းဆောင်တောက်ရင်နှင့် ဂိုဏ်းချုပ်ထို့ပါ့ချန်တို့အား ထိန်းချုပ်ခိုင်းရန် မဖြစ်နိုင်ပေ။

“မင်းက အခွင့်အရေးတွေ အများကြီးရခဲ့ပုံပဲ။ မင်းရဲ့ သွေးနဲ့ ချီစွမ်းအားက တကယ်သိပ်သည်းနေတယ်။ မင်းရဲ့ကျင့်ကြံဆင့်ကလည်း အားကောင်းတယ်”

တင်းချွန်ကန်းက အပြုံးတစ်ခုနှင့်အတူ လျှောက်လာပြီး သင်္ဘောပျံထဲသို့ ချီစွမ်းအင်များကို ထည့်သွင်းပေးလိုက်သည်။

သူတို့က အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နောက်ဆုံးအကြိမ် စကားပြောခဲ့ကြသည်။

ထိုအချိန်တွင် တင်းချွန်ကန်းက မြောက်ပိုင်းကုန်းမြေတွင် ကျင့်ကြံရန်အတွက် လင်းရှန်ကို ဖိတ်ခေါ်ခဲ့သည်။ လင်းရှန်က မြောက်ပိုင်းကုန်းမြေသို့ မသွားဘဲ ဓားစံအိမ်တွင် နေခဲ့သည်။

လင်းရှန်က ပြုံးလိုက်ပြီး အတွေ့အကြုံများကို ဝေမျှပေးနေသည်။ သူက အလယ်ပိုင်းကုန်းမြေနှင့် ပြင်ပဘုံတွင် တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။

တိုက်ပွဲများကသာ လူတစ်ယောက်ကို အစစ်အမှန် လေ့ကျင့်ပေးနိုင်သည်။ လင်းရှန်က မရေမတွက်နိုင်သော တိုက်ပွဲများကို ဆင်နွှဲပြီး ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

ထို့အပြင် ဟန်မူယဲ့ပေးခဲ့သော ခွေဦးချိုကြောင့် သူက အချိန်တိုအတွင်း၌ အောင်မြင်မှုများကို ရခဲ့သည်။

သင်္ဘောပျံက‌ အာကာသကို ဖြတ်သန်းပြီး ရှေ့ဆက်ပျံသန်းသွားသည်။ ဟန်မူယဲ့က အခန်းတွင်း၌ ရှိနေပြီး မကြာခဏဆိုသလို ဦးတည်ချက်ပြောင်းပေးနေသည်။

သင်္ဘောပျံက သုံးရက်အကြာတွင် ရပ်တန့်သွားခဲ့သည်။

များပြားသောလူများသည် သင်္ဘော၏ရှေ့တွင် ရပ်နေကြသည်။

အဖြူရောင်ဝတ်စုံနှင့် ကုန်းစွန်းရှုက တည်ငြိမ်စွာရှိနေသည်။ အစိမ်းရောင် ကျောင်းတော်သားဝတ်စုံနှင့် ချင်စုယန်သည် သူ့ဘေးတွင် ရှိနေသည်။

အနက်ရောင်ဝတ်စုံနှင့် လီသုံး၊ ကျန်းဟန်နှင့် တခြားလူများသည် သူတို့နှစ်ယောက်၏နောက်တွင် ရှိနေကြသည်။ သူတို့၏မျက်နှာထားများက လေးနက်နေပြီး သတ်ဖြတ်လိုစိတ်များကို ထုတ်ဖော်ထားကြသည်။

လီသုံးကို မြင်လိုက်ရသောအခါတွင် တင်းချွန်ကန်းက တွန့်သွားသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး အခန်းထဲမှ ထွက်လာသည်။

“အမတ်ချုပ်ကြီးဟန်”

လူတိုင်းက ဦးညွတ်လိုက်ကြသည်။

ချင်စုယန်သည် ကွန်ဖြူးရှပ်တာအိုနှင့် အာခီမီတာအိုတွင် သူတော်စင်တစ်ဝက်အဆင့် ဖြစ်သည်။

သူ၏ဓားတာအိုက သူတော်စင်တစ်ဝက်အဆင့်နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။

ကုန်းစွန်းရှုက သူတော်စင်တစ်ဝက်အဆင့် ဓားကျင့်ကြံသူ ဖြစ်သည်။ သူက ဓားလမ်းစဉ်၏ အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။ သူ့မှာ အခွင့်အရေးတစ်ခု ရှိလာလျှင် ဓားသူတော်စင်အဖြစ် ချက်ချင်းအဆင့်တက်သွားလိမ့်မည်။

သူတို့နှစ်ယောက်သည် တာအိုပြိုင်ပွဲနယ်မြေတွင် ပြိုင်ဘက်ကင်းသည်။

သူတို့နှစ်ယောက်ကို လိုအပ်သော တာဝန်သည် မည်သည့်တာဝန်မျိုး ဖြစ်သနည်း။

လီသုံး၏နောက်တွင် လက်တစ်ဖက်သာရှိသော ကျောက်ယိုကျစ်သည် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။ သူ့ကို အာရုံစိုက်မထားလျှင် သတိထားမိမည်မဟုတ်ပေ။

ကျောက်ယိုကျစ်က ချီစွမ်းအင်များအားလုံးကို သိမ်းဆည်းထားသည်။ သူ့ကိုယ်ပေါ်တွင် ဓားဆန္ဒများကို မမြင်နိုင်ပေ။

သို့သော် သူ့ကို သေချာကြည့်လိုက်လျှင် နှလုံးသားတစ်ခုလုံး အေးစက်သွားလိမ့်မည်။

သူတို့က အာကာသထဲတွင် အချိန်ဖြုန်းမနေဘဲ သင်္ဘောပျံပေါ်သို့ တက်လိုက်ကြသည်။

ကျန်းဟန်တို့က သင်္ဘောကုန်းပတ်ပေါ်တွင် လင်းရှန်ကို အဖော်ပြုပေးနေကြသည်။ သူတို့က ကိုယ်ပိုင်အတွေ့အကြုံများကို ပြန်ပြောပြနေကြသည်။

အခန်းထဲတွင် ဟန်မူယဲ့၊ ချင်စုယန်နှင့် တခြားလူများက မျက်နှာချင်းဆိုင်လျက် ထိုင်နေကြသည်။

“အာခီမီကံကြမ္မာစံအိမ်ကို ဖွင့်လိုက်တဲ့အချိန်မှာ အမတ်ချုပ်ကြီးဝမ်က မင်းကို ရာထူးလွှဲပေးမယ်လို့ ငါထင်နေခဲ့တယ်”

ချင်စုယန်က အပြုံးတစ်ခုနှင့်အတူ ညင်သာစွာပြောသည်။

ကုန်းစွန်းရှုက ခပ်ဟဟရယ်သည်။

နှလုံးသားကို သန့်စင်ရန်အတွက် လူသားလောကတွင် နေထိုင်သော လူများဆီသို့ အမတ်ချုပ်ကြီးဝမ်က အလကားသက်သက် ရောက်လာမည်မဟုတ်ပေ။

သူက ဟန်မူယဲ့ကို တန်ဖိုးမထားလျှင် ဆိုင်ဖွင့်ပွဲနေ့တွင် လူမြင်ခံမည်မဟုတ်ပေ။

အမတ်ချုပ်ကြီးဝမ်က ဟန်မူယဲ့ကို စမ်းသပ်ချင်သောကြောင့် တမင်သက်သက် လူမြင်အောင် လုပ်ပြခဲ့သည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ခေါင်းညိတ်သည်။

သူနှင့်ဝမ်မော့ရှန်က ဂိုဏ်းတူသော်လည်း ခံစားချက်များ သိပ်မရှိကြပေ။

ဝမ်မော့ရှန်က သူ၏စွမ်းရည်ကို တန်ဖိုးထားသောကြောင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လွှဲပေးခဲ့သည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လက်လွှဲယူလိုက်သောအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခွန်အား၊ အခြေခံအုတ်မြစ်နှင့် မဟာမိတ် စသည်တို့တွင် စိတ်ကူးမယဉ်နိုင်သော တိုးတက်မှုများကို ကြုံတွေ့ခဲ့ရသည်။

ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့က ဝှက်ဖဲများကို သိမ်းဆည်းထားကြလိမ့်မည်။ သို့သော် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လက်ရှိအခြေအနေသည် သူတို့၏ စိတ်ကူးများထက် ကျော်လွန်နေသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို လွှမ်းမိုးထားပြီး ပြင်ပဘုံတွင် နှစ်ကြိမ်တိတိ ကြွယ်ဝမှုများကို လုယက်ခဲ့သည်။

သူက နတ်ဘုရားဘုရင်များနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့သည်။

မည်သူက ထိုစွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသနည်း။

“အမတ်ချုပ်ကြီးဟန်ရဲ့ စာထဲမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုရောင်းရင်းတစ်ယောက်ကို ကယ်တင်ချင်တယ်လို့ ပြောထားတယ်။ အခု အခြေအနေက ဘယ်လိုလဲမသိဘူး”

ကုန်းစွန်းရှုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

သူနှင့် ချင်စုယန်က ပြင်ပဘုံတွင် စောင့်ဆိုင်းနေခဲ့သော်လည်း အခြေအနေအတိအကျကို မသိရပေ။

“လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်မှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ အံ့ဖွယ်ကိုးပါးတောင်က အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ခိုးဝင်ဖို့အတွက် တာဝန်ယူခဲ့တယ်။ ကျင့်ကြံသူ မော့ရှန်ဟွားက အဲဒီတာဝန်ကို ဆောင်ရွက်ခဲ့တယ်”

“အခု သူက ကမ္ဘာတစ်ခုကို ထိန်းချုပ်ထားတယ်။ ဒါပေမဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ တိုက်ခိုက်မှုကို ခံနေရတယ်”

ဟန်မူယဲ့က ရှင်းပြလိုက်သည်။

ကမ္ဘာတစ်ခုကို ထိန်းချုပ်ထားသော မဟာကျင့်ကြံသူသည် တာအိုပြိုင်ပွဲတွင် အင်အားစုကြီးတစ်ခုပင် ဖြစ်သည်။ ထိုကျင့်ကြံသူကို ကယ်တင်သင့်သည်။

ထို့အပြင် ဟန်မူယဲ့၏စကားအရ ထိုကျင့်ကြံသူသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက် ဖြစ်သည်။

ဤတာဝန်အတွက် လိုက်ပါလာသော ကျင့်ကြံသူအများစုသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ ဖြစ်နေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

အစည်းအဝေး ပြီးဆုံးသွားသောအခါတွင် လူတိုင်းက အနားယူလိုက်ကြသည်။

ဟန်မူယဲ့က ကုန်းပတ်ပေါ်သို့ ထွက်လာသောအခါ ဘေးတွင် မတ်တပ်ရပ်နေသော လီသုံးကို မြင်လိုက်ရသည်။

“အစ်မသုံးက ဂိုဏ်းတူအစ်ကိုကြီး တင်းချွန်ကန်းကို သွားမတွေ့တော့ဘူးလား”

ဟန်မူယဲ့က လီသုံးကို မြင်လိုက်ရသောအခါတွင် အပြုံးတစ်ခုနှင့်အတူ မေးသည်။

လီသုံးက ခေါင်းခါသည်။

“အခု ငါက ဒီအဆင့်အထိ ကျင့်ကြံလာခဲ့ပြီးပြီ။ တချို့အရာတွေကို ဂရုမစိုက်တော့ဘူး”

“ကောင်းကင်အဆင့်ရဲ့ အထက်မှာ မြင်ကွင်းတွေက အရမ်းကို လှပလွန်းတယ်။ ငါက ထပ်မြင်ချင်သေးတယ်”

သူမက ထိုသို့ပြောလိုက်ပြီး အခန်းထဲသို့ ပြန်ဝင်သွားသည်။

ရှေ့တွင် သင်္ဘောပျံကို မောင်းနှင်နေသော တင်းချွန်ကန်းက တစ်ကိုယ်လုံး တုန်ခါသွားသည်။ သူ့မျက်နှာထားက ခါးသီးနေသည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်း ရှေ့ဆက်လျှောက်သွားသည်။ လင်းရှန်၊ တင်းချွန်ကန်း၊ ကျန်းဟန်နှင့် ကျောက်ယိုကျစ်တို့က သူ့ကို လှည့်ကြည့်လိုက်ကြသည်။

“အစ်ကိုတင်း၊ ဒါက ငါတတ်နိုင်တာ အကုန်ပဲ”

ဟန်မူယဲ့က ပြောသည်။

တင်းချွန်ကန်းက အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်သည်။

“ငါက အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားတဲ့အချိန်မှာ တချို့အရာတွေကို ပြန်မရနိုင်တော့ဘူးဆိုတာ သိခဲ့ပါတယ်”

သူက သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဒါလည်း ကောင်းပါတယ်။ ကျင့်ကြံခြင်းလမ်းစဉ်က ရှည်လျားလွန်းတယ်။ အစ်မသုံးရဲ့ပါရမီက ငါ့ထက်ပိုကောင်းတယ်။ သူမက သေချာပေါက် အသက်ရှည်လိမ့်မယ်”

ယနေ့ရှိနေသော အံ့ဖွယ်ကိုးပါးတောင်၏ တပည့်များထဲတွင် ယခင်မျိုးဆက်၏ ပါရမီရှင်များနှင့် အပြင်စည်းဂိုဏ်းတွင် ရုန်းကန်းခဲ့ရသော တပည့်များ ရှိနေကြသည်။

ယခုအချိန်တွင် သူတို့အားလုံးက ပြင်ပဘုံ၌ ပြန်လည်စုံစည်းခဲ့ပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။

အံ့ဖွယ်ကိုးပါးတောင်၏ အကြောင်းကို ပြန်တွေးမိသောအခါတွင် သူတို့အားလုံး၏ ခံစားချက်များက ပြင်းထန်လာကြသည်။

ဂိုဏ်းတူအစ်ကိုဟန်သည် အမတ်ချုပ်ကြီးဟန် ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထားမည်နည်း။

သူတို့သည် ကောင်းကင်အဆင့် ကျွမ်းကျင်သူများ ဖြစ်နေကြသည်။

ယခင်က ကောင်းကင်အဆင့်ကျင့်ကြံသူများသည် အံ့ဖွယ်ကိုးပါးတောင်တွင် မရှိခဲ့ကြပေ။

ကောင်းကင်အဆင့်ကို ခုခံရန်အတွက် ဓားစံအိမ်၏ ဓားများကို အသုံးပြုခဲ့ရသည်။

“ဂိုဏ်းတူညီလေးကျောက်က လက်မောင်းကို ပြန်မပြင်တော့ဘူးလား”

ဟန်မူယဲ့က လက်တစ်ဖက်သာရှိသော ကျောက်ယိုကျစ်ကို ကြည့်လိုက်သည်။

‌ကျောက်ယိုကျစ်က အငွေ့အသက်များကို ထိန်းသိမ်းထားသော်လည်း ကောင်းကင်အဆင့်သို့ ရောက်နေသည်။ ဟန်မူယဲ့က အာရုံခံမိသည်။

ဝိညာဉ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်နိုင်သည်။

ကျောက်ယိုကျစ်က ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ကျင့်ကြံခြင်းလမ်းစဉ်က လူတစ်ယောက်ရဲ့ နှလုံးသားအပေါ်မှာ မူတည်ပါတယ်။ ခန္ဓာကိုယ်နဲ့ မဆိုင်ပါဘူး”

သူက ခေါင်းမော့လိုက်ပြီး ရှေ့သို့ကြည့်သည်။ ခမ်းနားသောအလင်းရောင်များသည် သူ့မျက်လုံးထဲတွင် ရှိနေကြသည်။

“ဘယ်ဘက်လက်မှာရှိတဲ့ ဓားက ကျွန်တော်နဲ့ ပိုပြီး သင့်တော်တယ်လို့ ထင်မိတယ်”

“တကယ်လို့ တစ်နေ့မှာ ညာဘက်လက်နဲ့ ဓားကိုင်ရမယ်ဆိုရင် ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်လိုက်မယ်”

ဘယ်ဘက်လက်တွင် ဓားကိုင်ထားသော ကျောက်ယိုကျစ်က ထူးဆန်းသော သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားသည်။

သူတို့ထဲတွင် ကျောက်ယိုကျစ်၏ တိုက်ခိုက်နိုင်စွမ်းက လီသုံးအောက် တစ်ဆင့်သာနိမ့်သည်။

တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။

ကျောက်ယိုကျစ်က ကျင့်ကြံခြင်းသည် နှလုံးသားနှင့် သက်ဆိုင်ပြီး ခန္ဓာကိုယ်နှင့် မသက်ဆိုင်ဟု ပြောလိုက်သောအခါတွင် ဟန်မူယဲ့က ပြုံးသည်။

ကျင့်ကြံခြင်းသည် နှလုံးသားကို ကျင့်ကြံရသည်။ နှလုံးသားကို နားလည်မှသာ လူတစ်ယောက်က အတားအဆီးမရှိဘဲ ကျင့်ကြံနိုင်မည်။

“ကျင့်ကြံခြင်းက နှလုံးသားရဲ့ လမ်းစဉ်တစ်ခုပဲ”

ဟန်မူယဲ့က အခန်းတွင်းသို့ ပြန်လာသောအခါတွင် မော့ယွမ်၊ ခေါင်းဆောင်တောက်ရင်၊ ထို့ပါ့ချန်နှင့် တခြားလူများသည် တည်ငြိမ်သောမျက်နှာထားဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေကြသည်။

မော့ယွမ်၏အရှိန်အဝါက လေးလံနေသည်။ သူက ဝိညာဉ်သူငယ် ပဥ္စမအဆင့်တွင် ရှိနေသည်။

သူက ခေါင်းဆောင်တောက်ရင်ထက် အဆင့်နိမ့်သော်လည်း သူ့ခန္ဓာကိုယ်ပေါ်တွင်ရှိသော ဓားတာအိုအရှိန်အဝါကြောင့် ခေါင်းဆောင်တောက်ရင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်ဟု ထင်ရသည်။

တစ်ဖက်တွင် ထို့ပါ့ချန်၏ ဓားတာအိုအငွေ့အသက်က အားနည်းနေသည်။ သို့သော် သူ၏ သွေးချီစွမ်းအားက သန်မာနေပြီး ရှေးခေတ်နတ်ဘုရားသားရဲ ကျားဖြူ၏ အရှိန်အဝါကို ခံစားကြည့်နိုင်သည်။

သူက ဟန်မူယဲ့ချန်ထားခဲ့သော သွေးမျိုးဆက်သန့်စင်ဆေးလုံးကို သောက်သုံးလိုက်ပုံရသည်။

ဟန်မူယဲ့က အလယ်ပိုင်းကုန်းမြေသို့ ထွက်လာသောအခါတွင် ထို့ပါ့ချန်ကို ဆေးလုံးတချို့ ပေးခဲ့သည်။

ထိုဆေးလုံးများထဲတွင် သွေးမျိုးဆက်ကို သန့်စင်စေသော ‌ဆေးလုံးများလည်း ပါဝင်နေကြသည်။

သင်္ဘောပျံက ဆက်လက်ရွေ့လျားပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခံစစ်လိုင်းကို ကျော်ဖြတ်လာခဲ့သည်။

ထိုသင်္ဘောပျံပေါ်တွင် ရှိနေကြသော ကျွမ်းကျင်သူများ အားလုံးသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားတာအိုကို ကိုယ်စားပြုသည်။

သင်္ဘောပျံသည် ခံစစ်လိုင်းကို ကျော်ဖြတ်လာသောအခါတွင် ပိုမိုလျှို့ဝှက်လာခဲ့သည်။

အခန်းထဲတွင် ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချီစွမ်းအင်အလင်းတချို့ကို ထုတ်ဖော်သည်။

မိုင်သောင်းချီအကွာတွင် ရှိနေသော အင်မော်တယ်ရတနာ သပိတ်သည် ရုတ်တရက် တုန်ခါသွားခဲ့သည်။

သပိတ်၏အောက်တွင် နေရာယူထားသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်က ချက်ချင်း လှုပ်ရှားလိုက်သည်။

နှစ်နာရီအတွင်း၌ လုယန်က စစ်သည်သုံးသန်းကို ဦးဆောင်ပြီး သပိတ်နှင့်အတူ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကို တိုက်ခိုက်ခဲ့သည်။

“ဘုန်း”

ရွှေရောင်ဗုဒ္ဓအလင်းသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကို ဖိနှိပ်ထားခဲ့သည်။

ရွှေရောင်စစ်တပ်ဝင်္ကပါများသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

လွန်ခဲ့သောနှစ်များတွင် သပိတ်က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်များကို ဝါးမြိုပြီး သန့်စင်ထားခဲ့သည်။

ထိုစစ်သည်များက ရွှေအလင်းရောင်ဖြင့် တောက်ပနေကြသည်။ သူတို့က ဆေဘာဓား၊ လှံရှည်နှင့် ဓားရှည်များကို ကိုင်ဆောင်ထားပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြေးထွက်သွားကြသည်။

သူတို့က ကြောက်ရွံ့စိတ်မရှိဘဲ အမိန့်ကိုသာ နာခံကြသည်။

သူတို့သည် နာကျင်မှုကို မခံစားနိုင်သော ရုပ်သေးစစ်တပ် ဖြစ်သည်။

ထို့အပြင် ရွှေရောင်စစ်သည်များက တိုက်ခိုက်လာသောအချိန်တွင် ဗုဒ္ဓအလင်းသည် ပိုမိုကျယ်ပြန့်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် သိန်းချီသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်သည်များက ဝါးမြိုခံလိုက်ရသည်။

ဤတိုက်ပွဲတွင် သပိတ်က အင်မော်တယ်ရတနာတစ်ပါး၏ ခွန်အားကို ထုတ်ပြခဲ့သည်။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည် ထိုရတနာကို မခုခံနိုင်ပေ။

ကျွမ်းကျင်သူများက စုစည်းလာကြပြီး ဝါးမြိုခြင်းစွမ်းအားနှင့် ဗုဒ္ဓအလင်းကို ပူးပေါင်း၍ ခုခံလိုက်ရသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်သည် မိုင်တစ်သန်းအထိ ရှေ့တိုးသွားနိုင်ခဲ့သည်။

အင်မော်တယ်ရတနာဖြစ်သော သပိတ်သည် စစ်သည်တစ်သန်းကို ဝါးမြိုခဲ့သည်။

နာကျင်မှုကို မခံစားနိုင်သော ရုပ်သေးစစ်သည်များသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ခံစစ်ကို ထိုးဖောက်ခဲ့သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ပထမဆုံးအကြိမ်အဖြစ် စတင်၍ တိုက်ခိုက်လိုက်သည်။

All Chapters