အခန်း (၆၉၁)
Vol. 50 Ch. 691
ထိုတိုက်ပွဲသည် ရှေ့တန်းတွင်ရှိနေသော စစ်သည်များအားလုံး၏ စိတ်နှလုံးကို တက်ကြွစေခဲ့သည်။
သူတို့အားလုံးက တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြသည်။
ကောင်းကင်အံ့ဖွယ်စစ်တပ်သည် အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရသောကြောင့် ပြန်လည်တိုက်ခိုက်ရန် မေ့လျော့သွားခဲ့သည်။
ထိုသို့ ဆက်သွားနေလျှင် တာအိုပြိုင်ပွဲအတွက် မျှော်လင့်ချက် ရှိမည်မဟုတ်ပေ။
ရှေ့တန်းသည် တုန်ခါသွားခဲ့သည်။ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်က ရွေးချယ်စရာမရှိဘဲ စုစည်းလိုက်ရပြီး ဟာကွက်ကို ဖြည့်ဆည်းခဲ့သည်။
“ကောင်းပြီ။ ငါတို့ ဆက်သွားလို့ရပြီ”
ဟန်မူယဲ့က ရှေ့တွင်ရှိနေသော နေရာရွေ့သွားသည့်စစ်တပ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရှေ့တန်းတိုက်ခိုက်မှုသည် သူတို့ဖြတ်သွားနိုင်ရန်အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရန်သာ ဖြစ်သည်။
ချင်စုယန်တို့က ဟန်မူယဲ့၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ကြပေ။
‘လူသွားကယ်ဖို့လား ဒါမှမဟုတ် ရှေ့တန်းမှာ တိုက်ခိုက်ဖို့လား’
ယခုအချိန်တွင် ရှေ့တန်းစစ်တပ်၏ အနိုင်ရမှုသည် လူကယ်ခြင်းထက် ပိုမိုအသုံးဝင်ပုံပေါ်သည်။
“ဝီ”
သင်္ဘောပျံက ချီစွမ်းအင်အလင်းကို ထုတ်လွှတ်၍ အမြန်နှုန်းကို အဆုံးစွန်အထိ မြှင့်တင်လိုက်သည်။
ချင်စုယန်က လက်မြှောက်သည်။ သမာဓိစွမ်းအားများသည် တိမ်တိုက်အတားအဆီးအဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်ကို ဖုံးကွယ်လိုက်သည်။
တိမ်တိုက်များ ပျောက်ကွယ်သွားသောအချိန်တွင် သင်္ဘောပျံသည် မရှိတော့ပေ။
အာကာသထဲတွင် စခန်းချထားသော အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည် အစမှအဆုံးအထိ သင်္ဘောပျံကို အာရုံမခံနိုင်ခဲ့ပေ။
သင်္ဘောပျံ၏ ပုန်းကွယ်ခြင်းနည်းစနစ်သည် စစ်တပ်နှင့် ရင်ဆိုင်ရလျှင် အသုံးဝင်မည်မဟုတ်ပေ။
ထို့ကြောင့် နှစ်ဖက်လုံးက ထိုနည်းဗျူဟာမျိုးကို အသုံးပြု၍ ခိုးမဝင်ခဲ့ကြပေ။
တာအိုပြိုင်ပွဲသည် နှစ်ဖက်လုံးကို မျှတစွာ ဖိနှိပ်ထားသည်။ ထိပ်တန်းအဆင့် လူအနည်းငယ်ကို လုပ်ကြံသတ်ဖြတ်လိုက်လျှင်လည်း အခြေအနေသည် ပြောင်းလဲသွားမည်မဟုတ်ပေ။
ထို့အပြင် အင်အားစုနှစ်ခုလုံး၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများသည် အလွန်သန်မာကြသည်။
သင်္ဘောပျံက ဟန်မူယဲ့၏ လမ်းညွှန်ချက်အတိုင်း ဆက်လက်ပျံသန်းနေသည်။
သူတို့က မိုင်ပေါင်းဆယ်သန်းခန့်အထိ ရောက်လာသောအခါတွင် ဖြည်းဖြည်းချင်း ပျံသန်းရန်သာ တတ်နိုင်တော့သည်။
သူတော်စင်တစ်ဝက်အဆင့်များကပင် မော့ရှန်ဟွား၏တည်နေရာကို ရှာဖွေနိုင်ကြမည်မဟုတ်ပေ။
အာကာသထဲတွင် နတ်အာရုံများသည် ထင်သလောက် အသုံးမဝင်ပေ။
အကယ်၍ နတ်အာရုံကို ဖြန့်ထုတ်လိုက်လျှင် လူမရှာနိုင်ဘဲ ကိုယ်ပိုင်တည်နေရာကို ပေါက်ကြားသွားစေလိမ့်မည်။
“မိုင်သုံးသိန်းအကွာမှာ ဝိညာဉ်ကိုယ်ခွဲအဆင့် ကျင့်ကြံသူတွေက နတ်အာရုံနဲ့ စစ်ဆေးနေတယ်”
ချင်စုယန်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး တီးတိုးပြောသည်။
ယခုအချိန်တွင် ကျွမ်းကျင်သူများအားလုံးသည် ကုန်းပတ်ပေါ်တွင် ရှိနေပြီး ရှေ့သို့ လှမ်းကြည့်နေကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး လက်မြှောက်၍ အချက်ပြသည်။ လင်းရှန်တို့က သင်္ဘောပျံကို ဥက္ကာခဲများ ရှိနေသောနေရာသို့ ပြောင်းရွေ့လိုက်သည်။
သူတို့က ဥက္ကာခဲများကို မှီခို၍ ယာယီအားဖြင့် ပုန်းခိုနိုင်သည်။
သင်္ဘောပျံသည် ဥက္ကာခဲတစ်စင်းပေါ်တွင် ရပ်နားလိုက်သည်။ လူတိုင်းက အငွေ့အသက်များကို ထိန်းချုပ်ထားကြသည်။
“ကျောက်ယိုကျစ်၊ ဓားကျင့်ကြံသူတစ်ယောက်ကို သတ်ပြီး ဓားကို ပြန်ယူလာခဲ့ပါ”
ဟန်မူယဲ့သည် ကုန်းပတ်ပေါ်တွင် ရပ်နေပြီး တည်ငြိမ်စွာပြောလိုက်သည်။
သူတို့က ရှေ့တန်းတွင် ရောက်နေသောကြောင့် ဟန်မူယဲ့၏အမိန့်ကို နာခံရမည်။
ကျောက်ယိုကျစ်က ခေါင်းညိတ်လိုက်ပြီး ဦးညွတ်၍ ပျောက်ကွယ်သွားခဲ့သည်။
ကျင့်ကြံသူအချို့၏ မျက်နှာထားများက ပြောင်းလဲသွားခဲ့သည်။
ကျောက်ယိုကျစ်၏ လှုပ်ရှားမှုသည် ကျင့်ကြံခြင်းနည်စနစ်တစ်ခု မဟုတ်တော့ပေ။ သူ့ခွန်အားက အရိုးများထဲအထိ စိမ့်ဝင်နေသည်။ ထိုအရာသည် ဖုံးကွယ်ခြင်းနည်းစနစ်ကို သွေးမျိုးဆက်မှတစ်ဆင့် အမွေဆက်ခံထားသော မိစ္ဆာများနှင့် ဆင်တူသည်္။
သိပ်မကြာခင်မှာ ကျောက်ယိုကျစ်က ဓားအိမ်နှင့်ဓားတစ်လက်ကို ယူ၍ ပြန်လာခဲ့သည်။
“မဆိုးဘူး”
ကျောက်မင်ရှုက ကျောက်ယိုကျစ်ကို ကြည့်လိုက်ပြီး ညင်သာစွာခေါင်းညိတ်သည်။
ကျောက်ယိုကျစ်က ကျောက်မင်ရှုကို မြင်ပုံမရပေ။ သူက ဟန်မူယဲ့ဆီသို့ လျှောက်သွားပြီး ဓားကို ပေးလိုက်သည်။
ဟန်မူယဲ့က ဓားကို ဆုပ်ကိုင်ပြီး ဓားချီများကို ထည့်သွင်းသည်။
ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။
“အရှိန်ကုန်မြှင့်ပြီး ရှေ့ဆက်သွားမယ်။ ဖုံးကွယ်နေစရာ မလိုဘူး”
ဟန်မူယဲ့၏မျက်လုံးများက အေးစက်နေပြီး အော်ပြောသည်။
“ဘုန်း”
သင်္ဘောပျံက ချီစွမ်းအင်အလင်းများကို ထုတ်လွှတ်၍ အာကာသကို ထိုးခွဲသွားသည်။
နတ်အာရုံများသည် ချက်ချင်းဆိုသလိုပင် ကျဆင်းလာကြသည်။
ဟန်မူယဲ့က ဓားအလင်းကို ဖြည်းဖြည်းချင်း ထုတ်လွှတ်သည်။
ဤနေရာသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ အတွင်းပိုင်းဖြစ်သည်။ သူတော်စင်တစ်ဝက်အဆင့် ကျွမ်းကျင်သူဖြစ်သော ချင်စုယန်ကပင် အသက်ရှင်လျက် ပြန်သွားနိုင်လိမ့်မည်ဟု မပြောရဲပေ။
“ဘုန်း”
“ဘုန်း”
ပေါက်ကွဲသံများကို ဆက်တိုက်ကြားရသည်။
“ဟားဟား၊ ဒါပဲလား”
“ငါ မော့ရှန်ဟွားက ဘယ်ဓားကျင့်ကြံသူကိုမှ မကြောက်ဘူးကွ”
ကျယ်လောင်သောရယ်သံနှင့် ဓားခုတ်သံသည် ရောယှက်နေကြသည်။
ချီစွမ်းအင်အလင်းနှင့် ဓားအလင်းများသည် ဥက္ကာခဲများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးပစ်လိုက်ကြသည်။
အစိမ်းရောင်ဝတ်ရုံနှင့် သွေးနီရောင်ပုံရိပ်တစ်ခုသည် ဥက္ကာခဲများကြားတွင် လှုပ်ရှားနေသည်။
ဓားအလင်းတစ်ခုသည် သူ့နောက်တွင် ရှိနေသည်။
ထိုဓားအလင်းသည် အင်မော်တယ်ချီကဲ့သို့ ခမ်းနားပြီး အစိမ်းရောင်သန်းနေသည်။
ရာချီနေသော ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများသည် ချိန်းကြိုးများအဖြစ် ပြောင်းလဲသွားကြပြီး တိုက်ခိုက်လာသည်။ အစိမ်းရောင်ဓားအလင်းသည် မှိန်ဖျော့လာခဲ့သည်။
“လာစမ်းပါ။ ငါ မော့ရှန်ဟွားက ဘဝတစ်လျှောက်လုံး ဓားတစ်လက်ကိုပဲ အားကိုးခဲ့တယ်။ မင်းတို့က ငါ့ဓားကို ချိုးဖျက်နိုင်မလား ကြည့်ရအောင်”
“ဒါက မင်းတို့တတ်နိုင်တာ အကုန်ပဲလား။ မင်းတို့က ငါ့ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူးကွ”
ရယ်သံများကြားတွင် သွေးများသည် ဖြာထွက်လာခဲ့သည်။
အစိမ်းရောင်ဓားအလင်းသည် တိုက်ခိုက်မှုများအားလုံးကို မတားဆီးနိုင်ခဲ့ပေ။ ဓားအလင်းတစ်ခုသည် အစိမ်းရောင်ဝတ်စုံကို ထိုးဖောက်သွားခဲ့သည်။ သို့သော် ဓားတစ်လက်နှင့်အတူ ထွက်ပြေးနေသော မော့ရှန်ဟွားက နာကျင်မှုကို ခံစားရပုံမပေါ်ပေ။
“ရွှပ်”
သူက အခြေအနေဆိုးနေသော်လည်း ဓာထုတ်၍ ပြန်လည်တိုက်ခိုက်ခဲ့သည်။
ရွှေရောင်ချပ်ဝတ်နှင့် ဓားကျင့်ကြံသူတစ်ယောက်က မရှောင်နိုင်ခဲ့ပေ။ သူ့ကို ဓားအလင်းက ထိုးဖောက်သွားသောကြောင့် အာကာသထဲတွင် ပြုတ်ကျသွားခဲ့သည်။
တခြားလူများက ဖြည်းဖြည်းချင်း စုစည်းလာကြသည်။
မော့ရှန်ဟွားက သွေးများဖြင့် စိုရွှဲနေသည်။ သွေးများသည် သူ့ပါးစပ်ထဲမှ စီးကျလာကြသည်။
သူက ဓားရှည်ဖြင့် ထောက်ပံ့ထားပြီး ဥက္ကာခဲတစ်ခုပေါ်တွင် ရပ်နေသည်။
“ငါက စိတ်ကျေနပ်တဲ့အထိ သတ်ဖြတ်ပြီးပြီ”
“အနောက်ဘက်နယ်စပ်ကုန်းမြေ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဓားစံအိမ်က မော့ရှန်ဟွား။ ငါ့ကို ဘယ်သူသတ်ချင်လဲ”
“မင်းတို့အားလုံးက အင်မော်တယ်ရတနာ ကျောက်စိမ်းနက်ဆေဘာဓားရဲ့ သတင်းကို သိချင်နေကြတာမဟုတ်လား”
“ငါ့ကိုသတ်ပြီး ဝိညာဉ်ကို ရှာကြည့်လိုက်လေ”
“ငါ့ဝိညာဉ်က ငါ့ဓားလောက် သန်မာလားဆိုတာကို စမ်းကြည့်လိုက်ကြပေါ့”
မော့ရှန်ဟွား၏ မျက်လုံးက ပြတ်သားမှုများဖြင့် ပြည့်နေပြီး ကျယ်လောင်စွာ ရယ်လိုက်သည်။
“သတ်”
အိုမင်းနေသောအသံသည် အာကာသထဲတွင် ပေါ်ထွက်လာသည်။
ဓားအလင်းသုံးခုသည် မော့ရှန်ဟွားဆီသို့ ပြေးဝင်သွားခဲ့သည်။
“စွန်းယိုတောက်၊ ငကြောက်ကောင်။ ငါက မင်းရဲ့သမီးနဲ့ အိပ်နေတာကွာ။ မင်းဘာတတ်နိုင်လဲ”
မော့ရှန်ဟွားက ရယ်လိုက်ပြီး ခက်ခဲစွာ ဓားမြှောက်သည်။
“ခလွမ် ....”
ဓားတစ်ချက်သည် ဓားအလင်းသုံးခုကို ပျက်စီးသွားစေခဲ့သည်။
အစိမ်းရောင်ကျောင်းတော်သားဝတ်စုံနှင့် ချင်စုယန်က ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး မော့ရှန်ဟွား၏ရှေ့တွင် ရပ်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ချင်စုယန်”
ချင်စုယန်က ပုန်းကွယ်နေသောလူကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။
အဆုံးမရှိသော ဓားအလင်းများသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ဓားတိမ်တိုက်များအဖြစ် ပြောင်းလဲသွားကြသည်။
“စောက်ကျိုးနည်း၊ သူတော်စင်အဆင့် ကျင့်ကြံသူဟ”
မော့ရှန့်ဟွားက မျက်လုံးပြူးသွားသည်။ သူက အားကျနေသော်လည်း ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေသောကြောင့် ကြွက်သားနှင့်အရိုးများက တုန်ခါနေကြသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ သူတော်စင်တွေနဲ့ မဟာဓားကျင့်ကြံသူတွေ။ ဒီလိုမျိုး ငါးကြီးတွေ ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
အစိမ်းရောင်ဝတ်စုံနှင့် စွန်းယိုတောက်က ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။
“ဒီအမှိုက်ကောင်ကို ဘယ်သူတွေလာကယ်တာလဲ ကြည့်လိုက်ကြရအောင်”
စွန်းယိုတောက်က လေးနက်သောမျက်နှာထားဖြင့် သင်္ဘောပျံကို ကြည့်နေသည်။
“ဘုန်း”
ကောင်းကင်နှင့်မြေကြီးကို ထိုးဖောက်သွားပုံရသော ဓားအလင်းများသည် အာကာသထဲတွင် ပေါ်ထွက်လာပြီး ပတ်ဝန်းကျင်ကို အလင်းပေးလိုက်သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ ကျောက်မင်ရှုက ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုရောင်းရင်ကို ကယ်တင်ဖို့ ရောက်လာပါတယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ ချွမ်ချန်ယွမ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ တာအိုရောင်းရင်ကို ကယ်တင်ဖို့ ရောက်လာပါတယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ထို့ပါ့ချန်က အကြီးအကဲကို ကယ်တင်ဖို့ ရောက်လာပါတယ်”
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူ၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တင်းချွန်ကန်းက အကြီးအကဲကို ကယ်တင်ဖို့ ရောက်လာပါတယ်”
....
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဟန်မူယဲ့”
စွန်းယိုတောက်က သင်္ဘောဦးထိပ်တွင်ရပ်နေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။
“ဒီနေ့မှာ မင်းကို သတ်နိုင်ရင် ဘယ်လောက်ပဲဆုံးရှုံးရပါစေ ထိုက်တန်တယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော ချီစွမ်းအင်အလင်းများသည် အာကာသထဲတွင် တောက်ပလာခဲ့သည်။
စစ်တပ်က သူတို့ကို ဝိုင်းရံထားသည်။
ကောင်းကင်အဆင့် ....
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ကောင်းကင်အဆင့် ကျင့်ကြံသူများသည် တိတ်ဆိတ်စွာ ပေါ်လာကြသည်။
ကောင်းကင်အဆင့် ကျင့်ကြံသူများသာ ရှိနေခဲ့လျှင် အဆင်ပြေသေးသည်။ သို့သော် မရေမတွက်နိုင်သော စစ်တပ်ဝင်္ကပါများသည် သင်္ဘောပျံများနှင့်အတူ တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။ သူတို့က ပတ်ဝန်းကျင်တစ်ခုလုံးကို ပိတ်ဆို့ထားသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ တစ်ယောက်ယောက် ရောက်လာမှာကို ငါသိထားတယ်။ ဒါပေမဲ့ မင်းဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”
စွန်းယိုတောက်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ပြုံးသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်၊ မင်းက ငါ့ရဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ နှစ်ကြိမ်တိတိ သောင်းကျန်းခဲ့ပြီးပြီ။ မင်းက ထပ်လာရဲသေးတာလား”
“မင်းက ဘယ်ကနေ သတ္တိတွေရလာတာလဲ”
စွန်းယိုတောက်က ပြုံးလိုက်ပြီးလက်ကို ဝှေ့ယမ်းသည်။ စစ်တပ်သည် ဟန်မူယဲ့ကိုတို့ ဝိုင်းရံထားလိုက်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ကျွမ်းကျင်သူများ၏ မျက်နှာထားသည် လေးနက်နေကြသည်။
ဤအရာသည် ကမ္ဘာနှစ်ခု၏ စစ်ပွဲဖြစ်သည်။ ကျင့်ကြံဆင့်နှင့် တိုက်ခိုက်နိုင်စွမ်းတို့သည် အရေးမပါပေ။
စစ်တပ်ဝင်္ကပါ၏ တိုက်ခိုက်မှုကို သူတော်စင်များကပင် ခုခံနိုင်မည်မဟုတ်ပေ။
ယခင်က ဟန်မူယဲ့၏ ဓားအမြုတေများဖြင့် အာခီမီကျင့်ကြံသူ သုံးသိန်းသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ မော့ဝူရှဲ့ကို ဖိနှိပ်ခဲ့သည်။
ယနေ့တွင် သူတို့ကို စစ်တပ်က ဝိုင်းရံထားသည်။ သူတို့က လွတ်မြောက်နိုင်မည်မဟုတ်ပေ။
“သတ်”
ဟန်မူယဲ့က အချိန်ဖြုန်းမနေပေ။
စစ်ပွဲတွင် တိုက်ခိုက်နိုင်စွမ်းကသာ အရေးပါသည်။
ရွှေရောင်လှံတစ်ချောင်းသည် သူ့ခေါင်းထက်တွင် ပေါ်လာခဲ့သည်။
အင်မော်တယ်ရတနာ ....
သူက လက်မြှောက်လိုက်ပြီး ချီစွမ်းအင်ကို ထည့်သွင်းသည်။ လှံရှည်က ပေတစ်ထောင်အထိ ရှည်လျားလာပြီး ကောင်းကင်ကို ထိုးဖောက်သွားမည့်ပုံ ပေါ်သည်။
“ဘုန်း”
လှံရှည်သည် စစ်တပ်၏ သွေးချီနှင့် ထိတွေ့သွားပြီး လေဟာနယ်ကို တုန်ခါသွားစေသည်။
ဟန်မူယဲ့က နောက်ဆုတ်ပေးလိုက်ရသည်။
စစ်သည်တစ်သန်းနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်သည့်အတွက် သူက လောကတွင် ရှားပါးသော ကျွမ်းကျင်သူတစ်ဦးပင် ဖြစ်သည်။
စွန်းယိုတောက်က ပြုံးလိုက်ပြီး နှာမှုတ်သည်။
“မင်းက ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ ငါထင်မထားပေမဲ့ အဲဒီ အင်မော်တယ်ရတနာကိုတော့ ထည့်တွက်ထားတယ်”
သူက လက်မြှောက်လိုက်သည်။ သူ့နောက်တွင်ရှိနေသော ကောင်းကင်အဆင့် ကျွမ်းကျင်သူများသည် ရှေ့တက်လာကြသည်။ သွေးရောင်ချီစွမ်းအင်အလင်းသည် ဝင်္ကပါတစ်ခုကို ဖြစ်ပေါ်လာစေသည်။
“အဲဒါက မှော်ရတနာတွေကို ဖျက်ဆီးနိုင်တဲ့ သွေးမိစ္ဆာဝင်္ကပါပဲ”
မော့ရှန်ဟွားက ဖြူဖျော့နေသောမျက်နှာထားဖြင့် အော်ပြောလိုက်သည်။
ဟန်မူယဲ့က ခေါင်းညိတ်သည်။ လှံရှည်က ရပ်တန့်သွားသည်။
“ဘုန်း”
ချင်စုယန်က ပျံတက်သွားပြီး သောင်းချီသောဓားအလင်းများဖြင့် ခုတ်ချသည်။
စစ်တပ်ဝင်္ကပါသည် အလင်းလွှာတစ်ခုကို ဖန်တီးသည်။
ဝင်္ကပါ၏စွမ်းအားသည် သူတော်စင်တစ်ပါးနှင့် ယှဉ်နိုင်သည်။
ကုန်းစွန်းရှုတို့က ပျံထွက်လာပြီး စစ်တပ်ဝင်္ကပါများနှင့် ရင်ဆိုင်လိုက်ကြသည်။
သူတို့အားလုံးသည် ဓားကျင့်ကြံသူများပင် ဖြစ်ကြသည်။ ဓားကျင့်ကြံသူများက သေဆုံးခြင်းနှင့်ပတ်သတ်၍ နောင်တမရှိဘဲ တိုက်ပွဲတွင် ကြောက်ရွံ့စိတ်ကင်းမဲ့စွာ တိုက်ခိုက်ကြသည်။
ထောင်ချီနေသော ဓားဆန္ဒများသည် သွယ်ယှက်နေပြီး ပတ်ဝန်းကျင်တွင်ရှိသော အလင်းလွှာများကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။
စွန်းယိုတောက်က အေးစက်စွာ နှာမှုတ်လိုက်ပြီး နောက်ဆုတ်သည်။
စစ်တပ်က သူ့နေရာကို အစားထိုးလိုက်သည်။
ဤတစ်ကြိမ်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် အပြည့်အဝ ပြင်ဆင်လာခဲ့သည်။ သူတို့က ဝင်ရောက်စွက်ဖက်လာသော ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကျွမ်းကျင်သူများကို သတ်ပစ်ရမည်။
ထိုသို့မဟုတ်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ လုယက်တိုက်ခိုက်မှုများကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ ဂုဏ်သိက္ခာသည် အဆုံးအထိ ကျဆင်းသွားရလိမ့်မည်။
ဤတစ်ကြိမ်တွင် ထောင်ချောက်ဆင်ရန်အတွက် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ သူတော်စင်တစ်ပါးက ကိုယ်တိုင်လှုပ်ရှားခဲ့သည်။