အခန်း (၆၉၆)
Vol. 50 Ch. 696
တာအိုဘိုးဘေးများက ထိုလူကို သတိမထားမိကြပေ။
နိမိတ်ကောင်းကိုဆောင်သော နတ်ဘုရားသားရဲ ချီလင်သည် တာအိုဘိုးဘေးများထက် ကျင့်ကြံဆင့်မြင့်သည်။ ထို့အပြင် ကောင်းကင်တာအိုဆီမှ ပုန်းရှောင်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။
“ပြန့်ကျဲကြယ်ကျွန်းမှာရှိတဲ့ မိစ္ဆာတစ်သောင်းနန်းတော်၊ နောက်ကွယ်မှာရှိနေတဲ့ မျိုးနွယ်စု သုံးဆယ့်နှစ်ခုနဲ့ ကလန်သားသန်းကိုးဆယ်ကို အကုန်ခေါ်လာခဲ့တယ်”
ချီလင်က လေးနက်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“ငါက ပျက်စီးခြင်းတောရိုင်းကိုသွားပြီး အရင်က ညီအစ်ကိုဟောင်းတွေနဲ့ တွေ့ခဲ့တယ်”
“မင်းသုံးလိုက်တဲ့ သွေးမျိုးဆက်ပေါင်းစပ်ခြင်းနည်းလမ်းက ငါတို့မိစ္ဆာတွေ အသက်ရှင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်နိုင်တယ်”
အထီးကျန်မှုတချို့သည် ချီလင်၏မျက်လုံးထဲတွင် ရှိနေသည်။
သူက သင်္ဘောပျံ၏အပြင်ဘက်သို့ ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ပျက်စီးခြင်းတောရိုင်းက ပျက်စီးသွားပြီ။ ငါတို့က ပြန်လည်စုစည်းဖို့ မဖြစ်နိုင်တော့ဘူး။ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ယောက် မရှိရင် ငါတို့ရဲ့ဂုဏ်သိက္ခာကို ပြန်မရနိုင်ဘူး”
“အသက်ရှင်ဖို့က တစ်ခုတည်းသော ရည်မှန်းချက်ပဲ”
ချီလင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။
“ငါက နဂါးအိုကြီးနဲ့လည်း တွေ့ခဲ့တယ်”
အစိမ်းရောင်နဂါး ချန်ချင်းကျစ် ....
“မှူးမတ်ဝူက ဘာပြောလဲ”
ဟန်မူယဲ့က တည်ငြိမ်စွာမေးသည်။
ပျက်စီးခြင်းတောရိုင်းတွင် အစိမ်းရောင်နဂါး၊ ချီလင်နှင့် ပါ့ရှားတို့သည် သန်မာသော သွေးမျိုးဆက်စွမ်းအားကြောင့် နယ်မြေတစ်ခုစီကို လွှမ်းမိုးနိုင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် သူတို့၏ မျိုးနွယ်စုနှင့် သွေးမျိုးဆက်စွမ်းအားများသည် အားနည်းနေကြသည်။
ပျက်စီးခြင်းတောရိုင်း ပြိုကွဲသွားသောအချိန်တွင် မိစ္ဆာများ၏ ကျဆင်းမှုသည် စတင်လာခဲ့သည်။
“မင်းက မိစ္ဆာတွေကို မဖိနှိပ်မယ့် လူတွေထဲက တစ်ယောက်လို့ ချန်ချင်းကျစ်က ပြောခဲ့တယ်။ ငါတို့ မိစ္ဆာမျိုးနွယ်ရဲ့ ကံကြမ္မာကို မင်းလက်ထဲမှာ အပ်ထားလို့ရတယ်တဲ့”
ချီလင်က ဟန်မူယဲ့ကို စိုက်ကြည့်နေပြီး တီးတိုးပြောသည်။
“မင်းက ပါ့ရှားရဲ့ခန္ဓာကိုယ်နဲ့ အပြည့်အဝ ပေါင်းစပ်သွားပြီဆိုရင် ငါက မင်းကို မျိုးနွယ်စုသုံးဆယ်နှစ်ခုလုံး ပေးလိုက်မယ်”
“မင်းက ငါတို့ ပျက်စီးခြင်းတောရိုင်း မိစ္ဆာမျိုးနွယ်ရဲ့ တစ်ဦးတည်းသောဘုရင် ဖြစ်လာလိမ့်မယ်”
ပျက်စီးခြင်းတောရိုင်း၏ ဘုရင် ....
ယခင်က ပျက်စီးခြင်းတောရိုင်း၏ဘုရင်သည် ကျဆုံးသွားပြီး ပျက်စီးခြင်းတောရိုင်သည်လည်း ပြိုကွဲသွားခဲ့သည်။
ဘုရင်အသစ်တစ်ပါး ပေါ်ထွက်လာခဲ့လျှင် ပျက်စီးခြင်းတောရိုင်း၏ မိစ္ဆာများက သွေးမျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ရန် မျှော်လင့်ချက်ရှိလာလိမ့်မည်။
“တာအိုပြိုင်ပွဲအပြီးမှာ မင်းက ငါတို့ကို ပျက်စီးခြင်းတောရိုင်းရဲ့ အတွင်းပိုင်းဆီ ခေါ်သွားနိုင်မယ်လို့ မျှော်လင့်တယ်”
“အဲဒီမှာ လျှို့ဝှက်ချက်တွေ ရှိနေကြတယ်”
ချီလင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ပါ့ရှားကလန်ရဲ့ နတ်ဘုရားကျောက်တိုင်ကလည်း အဲဒီမှာ ရှိနေတယ်”
နတ်ဘုရားကျောက်တိုင်၏ ဖိနှိပ်နိုင်စွမ်းသည် ပါ့ရှား၏စွမ်းအားကို သန့်စင်ပေးနိုင်သည်။ နတ်ဘုရားကျောက်တိုင်ကြောင့် ပါ့ရှား၏စွမ်းအားသည် ပိုမိုသန့်စင်လာလိမ့်မည်။
ထိုအရာသည် သွေးမျိုးဆက်စွမ်းအား၏ ရွေးချယ်မှုပင် ဖြစ်သည်။
နှစ်သောင်းချီကြာသည်အထိ ထိုသို့သာ ရွေးချယ်ခဲ့ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက မငြင်းပေ။
သူက ဓားစံအိမ်ကို ထိန်းချုပ်လိုက်သောအချိန်တွင် စီးဆင်နေသောမြစ်ထဲ၌ မျောပါသွားပြီး နောက်ပြန်မလှည့်နိုင်တော့ဟု သိလိုက်ရသည်။
သူ့နောက်တွင် အကွက်ချနေသော မဟာပုဂ္ဂိုလ်ကြီးတစ်ဦး ရှိနေနိုင်သည်။ သို့သော် သူက စွမ်းအားမဲ့သော လူတစ်ယောက်သာ ဖြစ်ပြီး ခုခံနိုင်စွမ်း မရှိပေ။
သူက ရွေးချယ်ခံလိုက်ရပြီး ကံကောင်းသွားသည်။ အကယ်၍ ရုန်းကန်းနေမည်ဆိုလျှင် တခြားကံကောင်းသူတစ်ယောက်က သူ့နေရာကို ယူသွားလိမ့်မည်။
သူက ခွန်အားများစုဆောင်းပြီး ပိုမိုသန်မာလာအောင် လုပ်ရန်သာ တတ်နိုင်သည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထိန်းချုပ်သည်။ အဆုံးမဲ့နတ်ဘုရားဘုရင်နှင့် အလဲအလှယ်လုပ်သည်။ ဆည်ပြင်ပသို့ ထွက်သွားသည်။ ပျက်စီးခြင်းတောရိုင်း၏ အရာအားလုံးကို အမွေဆက်ခံရန် သဘောတူသည်။
ဝှက်ဖဲများပိုရှိလေ စွမ်းအားရှိလေ ဖြစ်သည်။
သူက တာအိုပြိုင်ပွဲနှင့်ပတ်သတ်၍ မစိုးရိမ်ပေ။
အကယ်၍ တာအိုပြိုင်ပွဲက တာအိုဘိုးဘေးအဆင့်တွင် ရပ်တန့်သွားခဲ့လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာက သေချာပေါက် အနိုင်ရလိမ့်မည်။ သူက ခွန်အားများကို စုစည်းပြီး အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တစ်ခါတည်း ဖျက်ဆီးပစ်နိုင်သည်။
အကယ်၍ နတ်ဘုရားဘုရင်များ ဝင်ပါလာခဲ့လျှင် သူက အဆုံးမဲ့နတ်ဘုရားဘုရင်၏ ထောက်ပံ့မှုကို ရထားသောကြောင့် စိုးရိမ်ရန် မလိုအပ်ပေ။
အကယ်၍ ပိုမိုအဆင့်မြင့်သော ကျင့်ကြံသူကြီးများ ရှိနေခဲ့လျှင်ပင် သူက သေဆုံးသွားမည်မဟုတ်ပေ။ သစ်သားနတ်ဘုရားမက ပြန်တွေ့ကြမည်ဟု ပြောသွားခဲ့သည်။
သူက တာအိုပြိုင်ပွဲကို မကျော်ဖြတ်နိုင်လျှင် သစ်သားနတ်ဘုရားမနှင့် မည်သို့ ပြန်တွေ့နိုင်မည်နည်း။
ထို့ကြောင့် သူက ခွန်အားတိုးလာသ၍ တခြားအရာများကို စိုးရိမ်နေရန် မလိုအပ်ပေ။
“ဝူ ....”
အာကာသထဲတွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာက ခရာသံပေးလိုက်သည်။
ဟန်မူယဲ့က ချီလင်ကိုကြည့်လိုက်ပြီး လက်မြှောက်သည်။ ရွှေရောင်လှံတစ်စင်းနှင့် ကျောက်စိမ်းဆေဘာဓားတို့သည် တိတ်ဆိတ်စွာ လွင့်မျောနေကြသည်။
“အကြီးအကဲ၊ ဒီတိုက်ပွဲကို အပ်လိုက်ပါမယ်”
ချီလင်က လှံရှည်နှင့် ဆေဘာဓားကို ကြည့်သည်။
သစ္စာတရားကို စကားနှင့်မပြောဘဲ လက်တွေ့ဆောင်ရွက်ပြရမည်။
ပျက်စီးခြင်းတောရိုင်း၏ မျိုးနွယ်စု သုံးဆယ့်နှစ်ခုသည် ဟန်မူယဲ့၏လက်အောက်သို့ ဝင်ရောက်လိုသည်။ ထို့ကြောင့် သူတို့က စိတ်ရင်းကို ပြသပေးရမည်။
သူတို့က ဤစစ်ပွဲတွင် လှုပ်ရှားကြရမည်။
“ကောင်းပြီ”
ချီလင်က ဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး လှံရှည်နှင့်ဆေဘာဓားကို ကိုင်သည်။
“ဘုန်း”
အာကာသထဲတွင် မိုးခြိမ်းသံပေါ်ထွက်လာသည်။
စွမ်းအားသည် အလွန်သန်မာသောကြောင့် တာအိုပြိုင်ပွဲနယ်မြေကို ကျော်ဖြတ်ပြီး ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးကို တိုက်ရိုက် ချိုးဖောက်သွားခဲ့သည်။
ထိုသို့ဖြစ်လာခဲ့လျှင် မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်က လှုပ်ရှားလာသည်ဟု သိနိုင်သည်။
မိုးခြိမ်းသံပေါ်ထွက်လာသောအခါတွင် တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများအားလုံးက မျက်နှာထားပြောင်းလဲသွားခဲ့သည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာမှာ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် လှုပ်ရှားနေပြီ”
“လေဟာနယ်က တုန်ခါနေတယ်။ စစ်တပ်က လေဟာနယ်ကို ကျော်ဖြတ်ပြီး တာအိုပြိုင်ပွဲနယ်မြေကို ဝင်ရောက်လာတယ်”
“ချီလင်ပဲ”
“ပျက်စီးခြင်းတောရိုင်းရဲ့ နတ်ဘုရားသားရဲ ချီလင်။ ဟန်မူယဲ့ရဲ့ ဝှက်ဖဲက ပျက်စီးခြင်းတောရိုင်းပဲ”
တာအိုဘိုးဘေးများကို အံ့အားသင့်စေနိုင်သော အရာများသည် လောကတွင် သိပ်မရှိပေ။ သို့သော် လေဟာနယ်ကို ကျော်ဖြတ်၍ ဝင်ရောက်လာသော မိစ္ဆာသားရဲစစ်တပ်နှင့် အင်မော်တယ်ရတနာနှစ်ခုကို ကိုင်ဆောင်လျက် ကောင်းကင်ထက်တွင် ရပ်နေသော ချီလင်ကြောင့် သူတို့အားလုံးက ထိတ်လန့်သွားရသည်။
လူတိုင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားသော ပျက်စီးခြင်းတောရိုင်းနှင့် နတ်ဘုရားသားရဲချီလင်သည် ယခုအချိန်တွင် ပြန်ပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။
အာကာသထဲတွင် လေဟာနယ်အက်ကွဲကြောင်းကို ကျော်ဖြတ်၍ တောင်တန်းနှင့်မြစ်များသည် တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။
မရေမတွက်နိုင်သော မိစ္ဆာစစ်သည်များသည် ကောင်းကင်ထက်တွင် ရှိနေသည်။ သူတို့က အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ဆီသို့ ပြေးဝင်သွားကြသည်။
မိစ္ဆာအလင်းနှင့် သွေးချီသည် အာကာသကို အနီရောင်နှင့် အနက်ရောင်အဖြစ် ပြောင်းလဲသွားစေသည်။
ချီလင်က ဆေဘာဓားနှင့် လှံရှည်ကို ကိုင်ဆောင်ထားပြီး ဖြည်းဖြည်းချင်း ရှေ့တက်လာသည်။
“အဆုံးမဲ့နတ်ဘုရားဘုရင်နဲ့ အင်မော်တယ်ဝိညာဉ်ကမ္ဘာရဲ့ နတ်ဘုရားဘုရင်က အင်မော်တယ်ရတနာကို အသုံးမပြုဖို့ သဘောတူထားကြတယ်”
တာအိုဘိုးဘေးတစ်ယောက်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ချီလင်ကို လှမ်းကြည့်သည်။
“ချီလင်က သူ့အသက်ကို စတေးပြီး ပျက်စီးခြင်းတောရိုင်းကို ရှင်သန်ခွင့် ပေးချင်တာလား”
လူတစ်ယောက်က နားမလည်နိုင်ဖြစ်နေပြီး တီးတိုးပြောသည်။
ထိုသို့ မဖြစ်နိုင်ပေ။
“ဟားဟား၊ မင်းတို့က အတွေးလွန်နေကြပြီ”
“အင်မော်တယ်ရတာကို ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ပြင်ပမှာ အသုံးမပြုနိုင်ဘူးလို့ပဲ ပြောခဲ့တာ”
“အခု ချီလင်က တိုက်ခိုက်လာရင်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်တယ်လို့ပဲ သတ်မှတ်နိုင်တယ်”
ယခုအချိန်တွင် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ပိုင်နက်ထဲသို့ ရောက်နေသည်။
အင်မော်တယ်ရတနာကို အသုံးပြုခြင်းသည် စည်းကမ်းနှင့် ကိုက်ညီသည်။
“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က နတ်ဘုရားဘုရင်တွေကို ရန်စနေတယ်လို့ မထင်မိဘူးလား”
တာအိုဘိုးဘေးတစ်ယောက်က နတ်အာရုံဖြင့် ပြောသည်။
နတ်ဘုရားဘုရင်များကို ရန်စနေသည်။
အမှန်ပင်ဖြစ်သည်။ သူက ခွန်အားကို ဆက်တိုက်ထုတ်ပြနေပြီး အင်မော်တယ်ရတနာများကိုလည်း အသုံးပြုနေသည်။ သူက မသန်စွမ်းတစ်ယောက် မဟုတ်လျှင် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို တစ်ခါတည်း ဖျက်ဆီးခဲ့လိမ့်မည်။
သူက အင်မော်တယ်ကမ္ဘာတွင် နှစ်ကြိမ်တိတိ လုယက်ခဲ့သည်။ ထို့အပြင် အင်မော်တယ်ဝိညာဉ်ကြယ်ကိုလည်း နှောင့်ယှက်ခဲ့သေးသည်။
ထို့ကြောင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင် မည်သူပင် ရှိနေပါစေ မျက်နှာပျက်သည်ဟု ခံစားရလိမ့်မည်။
“ဒါမှမဟုတ် သူက ငါတို့ကို ရန်စနေတာ ဖြစ်နိုင်တာပဲ”
ထိုစကားကြောင့် တာအိုဘိုးဘေးများအားလုံးက တိတ်ဆိတ်သွားကြသည်။
ယခုအချိန်တွင် သူတို့သည် ဟန်မူယဲ့၏အတွေးကို ထွင်းဖောက်မမြင်နိုင်တော့ပေ။
“ဘုန်း”
ချီလင်က လှံရှည်ဖြင့် ထိုးချသည်။ လှံရှည်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများအပြင် အင်မော်တယ်ရတနာ၏ ထူးခြားသော ဖိနှိပ်ခြင်းစွမ်းအားကိုလည်း သယ်ဆောင်ထားပြီး စစ်တပ်ဝင်္ကပါသုံးခုကို ပျက်စီးသွားစေခဲ့သည်။
ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ရာ၏ ပူးပေါင်းခုခံမှုကြောင့်သာ မဟုတ်ခဲ့လျှင် ထိုလှံချက်ကြောင့် စစ်တပ်များအားလုံးသည် ပျက်စီးသွားရလိမ့်မည်။
သို့သော် ချီလင်တွင် နောက်ထပ် အင်မော်တယ်ရတနာတစ်ခုလည်း ရှိနေသည်။
အင်မော်တယ်ရတနာ နှစ်ခု ....
မဟာကျင့်ကြံသူကြီးတစ်ယောက်သည် အင်မော်တယ်ရတနာနှစ်ကို ကိုင်ဆောင်ထားသည်။ အလွန်ပြင်းထန်သော စွမ်းအားသည် လေဟာနယ်၏ ဖိနှိပ်နိုင်စွမ်းကို ပျက်စီးသွားစေခဲ့သည်။
ချီလင်က တည်ငြိမ်နေသောမျက်နှာထားဖြင့် လက်မြှောက်၍ ခုတ်ချသည်။ ကျောက်စိမ်းနက်ဆေဘာဓားက သွေးရောင်အလင်းကို ထုတ်ဖော်သည်။
ဆေဘာဓားအလင်းသည် သွေးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲပြီး လေဟာနယ်ကို ထိုးခွဲသွားသည်။
စစ်တပ်ဝင်္ကပါ၏ရှေ့တွင် ရှိနေကြသော ကောင်းကင်အဆင့် ကျင့်ကြံသူများ၏ မျက်နှာထားသည် ပြောင်းလဲသွားခဲ့သည်။
သူတို့က ထိုဓားချက်ကို မခုခံနိုင်ပေ။
သူတို့က နောက်ဆုတ်သွားခဲ့လျှင် နောက်တွင်ရှိနေသော စစ်တပ်သည် တစ်ခါတည်း ပျက်စီးသွားလိမ့်မည်။
သူတို့က ထွက်မသွားလျှင် သေသွားလိမ့်မည်။
လူတိုင်းက ကျောက်စိမ်းနက်ဆေဘာဓားကို ကြည့်ပြီး ရွေးချယ်ရန် ခက်ခဲနေသည်။
ဆေဘာဓားအလင်းသည် ကျဆင်းလာပြီး လေဟာနယ်ကို ချိပ်ပိတ်လိုက်သည်။
‘ငါတို့က ဆေဘာဓားကို အသက်စွန့်ပြီး ဓားအလင်းကို တားလိုက်ရမလား။ ဒါမှမဟုတ် စစ်တပ်ကို စွန့်လွှတ်လိုက်မလား’
တာအိုဘိုးဘေးများက ကျောက်စိမ်းနက်ဆေဘာဓားကို စိုက်ကြည့်နေကြသည်။
ထိုတိုက်ခိုက်မှုသည် သူတို့၏ ဖိနှိပ်မှုစွမ်းအားကို ကျော်လွန်နေသည်။
နတ်ဘုရားဘုရင်ကသာ ထိုဓားချက်ကို တားဆီးနိုင်လိမ့်မည်။
အကယ်၍ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင် နတ်ဘုရားဘုရင်တစ်ပါး ရှိနေခဲ့လျှင် ယခုအချိန်တွင် သိရလိမ့်မည်။
ထိုနတ်ဘုရားဘုရင် မလှုပ်ရှားဘဲ အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်ကို အသေခံလိုက်လျှင် တာအိုပြိုင်ပွဲကို ရှုံးနိမ့်သွားလိမ့်မည်။
“ဘုန်း”
အာကာသထဲတွင် ချီစွမ်းအင်အလင်းတစ်ခုသည် ပြေးထွက်လာပြီး ကျောက်စိမ်းနက်ဆေဘာဓားကို တားဆီးလိုက်သည်။
အစိမ်းရင့်ရောင်မြားတစ်ချောင်းသည် ဆေဘာဓားအလင်းကို ဖျက်ဆီးလိုက်သည်။
အင်မော်တယ်ရတနာ လေးတစ်လက်မှ ပစ်လွှတ်လိုက်သော မြားတစ်စင်း ဖြစ်သည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင်ရှိနေသော မဟာပုဂ္ဂိုလ်ကြီးသည် တိုက်ခိုက်လာခဲ့သည်။
ချီလင်က သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော မျက်လုံးတစ်စုံဖြင့် အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။
“နတ်ဘုရားသတ်ဖြတ်ခြင်းလေး၊ နတ်ဘုရားဘုရင် ဟွင်းလင်။ မင်းက ငါ့ရဲ့ ပျက်စီးခြင်းတောရိုင်းကို ခွဲယူတဲ့အချိန်မှာ ပါဝင်ခဲ့တာပဲ”
ချီလင်က အံတင်းတင်းကြိတ်ထားပြီး သွေးချီများကို ထုတ်လွှတ်သည်။
ချီလင်သားရဲ၏ပုံရိပ်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။ သားရဲ၏ဦးချိုသည် ကောင်းကင်ကို ညွှန်ပြထားပြီး ခန္ဓာကိုယ်သည် မီးတောက်များကို ထုတ်လွှတ်သည်။ ခြေလေးဖက်သည် လေထုထဲတွင် လွင့်မျောနေခဲ့သည်။
“ဟားဟား၊ အရင်တုန်းကကိစ္စကို ဖြေရှင်းချင်ရင်တော့ အချိန်ကျလာတဲ့အထိ စောင့်နေလိုက်အုံး”
အာကာသထဲတွင် အသံတစ်သံ ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသည်။
အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်သည်လည်း ဖြည်းဖြည်းချင်း နောက်ဆုတ်သွားခဲ့သည်။
သို့သော် တည်ငြိမ်မှု၏နောက်ကွယ်တွင် လှိုင်းထန်နေသည်။
နတ်ဘုရားဘုရင်ဟွင်းလင်သည် အထက်ဘုံသုံးပါးမှ ယွီလင်တာအိုဂိုဏ်း၏ နတ်ဘုရားဘုရင်ငါးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။ သူက လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။
နတ်ဘုရားဘုရင် ငါးပါး၊ တာအိုဘိုးဘေး ဆယ့်ရှစ်ပါးနှင့် မရေမတွက်နိုင်သော သူတော်စင်များသည် ယွီလင်တာအိုနန်းတော်တွင် ရှိနေကြသည်။
အထက်ဘုံသုံးပါး၏ တာအိုဂိုဏ်းများသည် ယွီလင်တာအိုနန်းတော်ကို လေးစားကြသည်။
သူတို့သည် တာအိုလမ်းစဉ်၏ အင်အားစုကြီးဖြစ်ပြီး လောကကို လွှမ်းမိုးနိုင်သည်။
အထက်ဘုံသုံးပါး၏ ယွီလင်တာအိုဂိုဏ်းသည် အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ နောက်ကွယ်တွင် ရှိနေသည်။