← Chapters

အခန်း (၆၉၇)

Vol. 50 Ch. 697

အခန်း (၆၉၇)

Vol. 50 Ch. 697

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အစစ်အမှန်အင်အားစုကြီးတစ်ခုနှင့် ရင်ဆိုင်နေရသည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများအားလုံးက ဆွံ့အသွားကြသည်။

‘ဒီတိုက်ပွဲက အရေးပါသေးလို့လား’

ကောင်းကင်အံ့ဖွယ်ကမ္ဘာက မည်သို့ပင် သန်မာပါစေ ယွီလင်တာအိုနန်းတော်နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

အင်မော်တယ်ဝိညာဉ်ကမ္ဘာက ကြောက်ရွံ့စိတ်ကင်းမဲ့နေသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။

ကောင်းကင်အံ့ဖွယ်တာအိုဘိုးဘေးက တာအိုပြိုင်ပွဲကို စတင်ရန်အတွက် အင်အားစုကြီးတစ်ခုက တွန်းအားပေးခဲ့သည်ဟု ပြောသည့်အတွက် တွေးနေရန် မလိုတော့ပေ။

အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ အထက်ဘုံသုံးပါး၏ ယွီလင်တာအိုနန်းတော် ....

မည်သူက ထိုအင်အားစု၏ ခြိမ်းခြောက်မှုကို ခုခံနိုင်မည်နည်း။

အင်မော်တယ်ဝိညာဉ်ကမ္ဘာ၏ စစ်တပ်က နောက်ဆုတ်သွားသည်။ ပျက်စီးခြင်းတောရိုင်း၏ မျိုးနွယ်စု သုံးဆယ့်နှစ်ခုသည် ဖြည်းဖြည်းချင်း လူစုလိုက်သည်။ သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ဝင်မသွားဘဲ အာကာသထဲတွင် အတားအဆီးတစ်ခုကို ဖန်တီး၍ နေထိုင်ကြသည်။

အကယ်၍ ကမ္ဘာသုံးဆယ့်နှစ်ခုက ကောင်းကင်အံ့ဖွယ်ကမ္ဘာထဲသို့ တစ်ပြိုင်နက်ဝင်ရောက်သွားလျှင် ကောင်းကင်တာအိုက ထိန်းချုပ်ရန် ခက်ခဲနေလိမ့်မည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ စစ်တပ်သည် ပျော်ရွှင်နေသည်။ သေဆုံးသွားမည်ဟု ထင်နေသော မရေမတွက်နိုင်သည့် စစ်သည်များသည် အော်ဟစ်နေကြသည်။

လုယန်သည် ရှုပ်ထွေးသောမျက်နှာထားဖြင့် ဝင်္ကပါ၏ရှေ့တွင် ရပ်နေသည်။

အမတ်ချုပ်ကြီးဟန်တွင် ဝှက်ဖဲရှိနေသည်။

သူ၏ စစ်တပ်ဝင်္ကပါသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အစစ်အမှန်ဝှက်ဖဲ မဟုတ်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အစမှအဆုံးအထိ တခြားရွေးချယ်စရာများကို ပိုင်ဆိုင်ထားခဲ့သည်။

“ကွန်ဖြူးရှပ်တာအိုရဲ့ မဟာမိတ်တွေ၊ ဓားတာအိုရဲ့ မဟာမိတ်တွေ၊ ပျက်စီးခြင်းတောရိုင်းရဲ့ အစိတ်အပိုင်းကလည်း ပြန်ရောက်လာခဲ့တယ်။ အခုတော့ မိစ္ဆာတွေပါ ရောက်လာကြပြီ”

ရှောင်လင်းရှန်က ကောင်းကင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အမတ်ချုပ်ကြီးဟန်က အမတ်ချုပ်ကြီးဟန်ပါပဲ”

ဟန်မူယဲ့က ဝှက်ဖဲကို ထုတ်ပြလိုက်သော အချိန်တိုင်းတွင် လူတိုင်း၏ ခန့်မှန်းချက်ထက် ကျော်လွန်နေခဲ့သည်။

ရှောင်လင်းရှန်၊ လုယန်နှင့် ပျော်ရွှင်နေကြသော စစ်သည်များသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ရန်သူကို မသိကြပေ။

အာကာသထဲတွင်ရပ်နေ‌သော ချီလင်က ဆေဘာဓားနှင့်လှံရှည်ကို လွှတ်ချသည်။ သူက ဖြည်းဖြည်းချင်းနောက်လှည့်ပြီး တည်ငြိမ်နေသောဟန်မူယဲ့ကို ကြည့်သည်။

“မင်းက သိပြီးသားလား”

ချီလင်က ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

ဟန်မူယဲ့က ခေါင်းခါသည်။ ထို့နောက် ခေါင်းညိတ်သည်။

“ကျွန်တော်က ခန့်မှန်းထားပြီးသားပါ။ ဒါပေမဲ့ မသေချာခဲ့ဘူး”

“ယွီလင်တာအိုနန်းတော် ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”

ရှေးနတ်ဘုရားကျဆုံးနယ်မြေ၏ အထက်ဘုံသုံးပါးတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော အင်အားစုကြီးတစ်ခု ....

ထိုအင်အားစုနှင့် ရန်သူဖြစ်လာသည်ဟု တွေးမိလိုက်လျှင် ထိတ်လန့်သွားလိမ့်မည်။

ရွှေအလင်းတစ်ခုသည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

သူက ရွှေအလင်းကို ဖမ်းယူလိုက်ပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။

“အမတ်ချုပ်ကြီးဝမ်လား”

“ငါက ယုံကြည်ချက်ပျောက်ဆုံးသွားမှာ စိုးရိမ်လို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဝှက်ဖဲတချို့ကို ထုတ်ပြချင်နေတာထင်တယ်”

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပျောက်ကွယ်သွားသည်။

သူက လေဟာနယ်ကို ကျော်ဖြတ်သွားမည့်အလား ရွှေအလင်း၏နောက်မှ လျင်မြန်စွာလိုက်လာခဲ့သည်။

လေဟာနယ်သည် လေဟာနယ်ဖြစ်သော်လည်း လေဟာနယ်မဟုတ်ပေ။ အာကာသထဲတွင် မရေမတွက်နိုင်သော ကြယ်များ၊ ဥက္ကာခဲများ၊ မိစ္ဆာများနှင့် ပြည့်နှက်နေခဲ့သည်။

လေဟာနယ်သည် ဤကမ္ဘာ၏ အစစ်အမှန် ပျက်စီးခြင်းပင် ဖြစ်သည်။

“ဘုန်း”

ချီစွမ်းအင်အလင်းသည် ပေါက်ကွဲသွားသည်။ ဟန်မူယဲ့က အင်မော်တယ်ချီကို ထုတ်လွှတ်၍ ကာကွယ်လိုက်သည်။

သူ့ရှေ့တွင် ပေါက်ကွဲသံများသည် ဆက်တိုက်ပေါ်ထွက်နေကြသည်။

မရေမတွက်နိုင်သော စစ်သည်များသည် ဗလာနယ်မြေနှင့် လေဟာနယ်ကြားတွင် တိုက်ခိုက်နေကြသည်။

အဖြူရောင်ဝတ်စုံနှင့် ဝမ်မော့ရှန်က အစိမ်းရောင်ခေါက်ယပ်တောင်ကို ကိုင်ထားသည်။ သူက ယပ်တောင်ကို ခေါက်လိုက်ဖြန့်လိုက် လုပ်နေ‌သောအခါတွင် တိမ်တိုက်များက မိုင်ထောင်ချီအထိ ဖြာထွက်သွားပြီး လောကကို အသွင်ပြောင်းလိုက်သည်။

ဘုန်းကြီးတစ်ပါးက တောင်ဝှေးဖြင့် တားဆီးလိုက်ပြီး တောင်တန်းနှင့်မြစ်များကို ဖျက်ဆီးသည်။

ချန်ချင်းကျစ်၏ လှံချက်တိုင်းသည် လောကကို ထိုးဖောက်သွားနိုင်သည်။ သူ့ရှေ့တွင် တာအိုတန်ခိုးရှင်အများအပြားသည် မန္တန်များကိုရွတ်ဖတ်၍ လောကများကို ဖန်ဆင်းနေသည်။

အစစ်အမှန်စစ်မြေပြင်သည် ဤနေရာ ဖြစ်သည်။

စစ်တပ်ဝင်္ကပါများ၏တိုက်ပွဲနှင့် ယှဉ်လိုက်လျှင် ဤနေရာတွင်ရှိသော တိုက်ခိုက်မှုတစ်ခုချင်းစီသည် လောကကို ဖျက်ဆီးနိုင်သည်။ တာအိုပြိုင်ပွဲနယ်မြေသည် ပြိုကျသွားလိမ့်မည်။

ဤနေရာတွင် ဝမ်မော့ရှန်နှင့် ချန်ချင်းကျစ်တို့သာ ရှိနေကြသည်မဟုတ်ပေ။

ဓားကျင့်ကြံသူနှင့် တာအိုတန်ခိုးရှင်များသည် သူတို့၏ဘေးတွင် ရှိနေကြသည်။ ကွန်ဖြူးရှပ်ကျင့်ကြံသူများလည်း ရှိနေကြသည်။ သူတို့အားလုံးသည် ကောင်းကင်အဆင့်၏အထက်တွင် ရှိနေကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် ထိုစွမ်းအားမျိုးကို မပိုင်ဆိုင်နိုင်ပေ။

ဓားစံအိမ် ....

ဓားအလင်းသည် ဖျတ်ခနဲပျံသန်းသွားသည်။ ဓားစံအိမ်၏ အမွေအနှစ်ဖြစ်သော ခြောက်ထပ်ဓားစံအိမ်ကို မြင်နိုင်သည်။

‘အထက်ဘုံသုံးပါးရဲ့ ဓားစံအိမ်က ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ နောက်ကွယ်မှာ ရှိနေတာလား’

ဝမ်မော့ရှန်က စုတ်တံတစ်ချောင်းကို ထုတ်ယူသည်။ မင်ရည်သည် လောကကို စွန်းထင်းသွားပြီး အရောင်အသွေးစုံလင်သော ကမ္ဘာတစ်ခုကို ဖန်တီးသည်။

မင်ရည်သည် အရောင်ငါးမျိုးဖြင့် တောက်ပနေပြီး ကမ္ဘာသည် အသိစိတ်ရှိနေပုံရသည်။

ထိုတိုက်ခိုက်မှုသည် ဓားတာအိုနှင့် ဆင်တူသည်။

ကောင်းကင်နှင့်မြေကြီးသည် ပြိုကွဲသွားပြီး တောင်တန်းနှင့်မြစ်များသည် ပြန်လည်ဖြစ်တည်လာကြသည်။

ဖျက်ဆီးခြင်းနှင့် တည်‌ဆောက်ခြင်း တာအို ....

ကျင့်ကြံခြင်းလောကသည် စက်ဝန်းတစ်ခုသာ ဖြစ်သည်။ ဖျက်ဆီးခြင်းနှင့် တည်ဆောက်ခြင်းကြားတွင် ဟန်ချက်တစ်ခု အမြဲရှိနေသည်။

သို့သော် ထိုဟန်ချက်တွင် မည်သူက စတေးခံရမည်နည်း။

ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားကြသည်။

တာအိုပြိုင်ပွဲတွင် ရှုံးနိမ့်သွားသောနယ်မြေသည် ဗလာအဖြစ် ပျက်စီးသွားလိမ့်မည်။ မဟာတာအိုနယ်မြေသည် ကမ္ဘာသစ်တစ်ခုကို မွေးထုတ်ပေးလိမ့်မည်။

ကမ္ဘာဟောင်းသည် စွန့်ပစ်ခံရမည်။

ထိုအရာသည် ကျွမ်းကျင်သူများ၏ အစစ်အမှန်တိုက်ပွဲ ဖြစ်သည်။

အကျိုးအမြတ်နှင့် ဆုံးရှုံးမှုကြားတွင် လောကတစ်ခု၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့ ရှိနေကြသည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ထမ်းပိုးထားသည်ဟု ထင်ခဲ့သည်။ သို့သော် မဟာကျင့်ကြံသူကြီးများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို မလိုအပ်ကြပေ။

‘ငါက အရမ်းအားနည်းနေသေးတာပဲ’

“မင်းက ယွီလင်တာအိုနန်းတော်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိသေးလား”

ဝမ်မော့ရှန်၏အသံကို ကြားနိုင်သည်။ အဖြူရောင်ဝတ်စုံနှင့် လူရိပ်သည် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာခဲ့သည်။ သူက ‌ခေါက်ယပ်တောင်ကို သိမ်းလိုက်ပြီး တည်ငြိမ်စွာရှိနေသည်။

တိုက်ပွဲသည် ယာယီရပ်တန့်သွားခဲ့သည်။ ချန်ချင်းကျစ်ကလည်း ရောက်လာသည်။

“ဟားဟား၊ မင်းက အဲဒီလိုလုပ်နိုင်မယ်လို့ မျှော်လင့်မထားခဲ့ဘူး”

“အဆုံးမဲ့နတ်ဘုရားဘုရင်နဲ့ ပျက်စီးခြင်းတောရိုင်းရဲ့ မျိုးနွယ်စု သုံးဆယ့်နှစ်ခု။ ငါတို့ကတောင် အဲဒီလိုမျိုး မလုပ်နိုင်ဘူး”

ချန်ချင်းကျစ်၏မျက်လုံးထဲတွင် လေးစားမှုများဖြင့် ပြည့်နေသည်။

သူတို့နှစ်ယောက်က သူထွက်ပြေးသွားမည်ကို စိုးရိမ်သောကြောင့် ချီးကျူးမှုနှင့် ခြိမ်းခြောက်မှုကို ပြုလုပ်နေသည်ဟု ဟန်မူယဲ့က ခံစားရသည်။

အကယ်၍ ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကာကွယ်ရန် ခက်ခဲနေလျှင် သူက အရှုပ်အထွေးများကို ချန်ထားခဲ့ပြီး အဆုံးမဲ့ပင်လယ်သို့ ထွက်ပြေးသွားရုံသာ ရှိသည်။ သူတို့နှစ်ယောက်က ပေါ့ပါးစွာ ဆက်နေနိုင်မည်လား သူသိချင်သည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“အဲဒီတော့ တာအိုပြိုင်ပွဲက ပြပွဲတစ်ခုပဲပေါ့။ အစစ်အမှန်တိုက်ပွဲက အထက်ဘုံသုံးပါးမှာ စတင်နေပြီလား”

ဝမ်မော့ရှန်က ပြုံးသည်။ သူ့ဘေးတွင် ဓားရှည်တစ်လက်လွယ်ထားသော ဓားကျင့်ကြံသူတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“ဟုတ်တယ်။ ယွီလင်နန်းတော်က ဒီကမ္ဘာကိုစတေးပြီး အင်မော်တယ်တက်လှမ်းစင်မြင့်ရဲ့ ချိပ်စည်းကို ဖွင့်ချင်တယ်”

“ငါတို့က ဒီကမ္ဘာကို ကာကွယ်ပေးဖို့ပဲ တတ်နိုင်တယ်။ မဟုတ်ရင် အင်မော်တယ်တက်လှမ်းစင်မြင့် ပွင့်သွားတဲ့အချိန်မှာ ဘယ်လိုဖြစ်သွားမလဲ ဘယ်သူမှမသိဘူး”

အင်မော်တယ်တက်လှမ်းစင်မြင့်ကို ပြန်ဖွင့်နိုင်လျှင် အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံသူများက ဆင်းသက်လာကြလိမ့်မည်။ ဤကမ္ဘာ၏ ကျင့်ကြံသူများကလည်း အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားနိုင်သည်။

သို့သော် အင်မော်တယ်ကမ္ဘာ၏ အခြေအနေကို မသိရပေ။

မသိနိုင်‌သောအရာနှင့် ဝေးဝေးနေလျှင် ပိုကောင်းသည်။

ထို့ကြောင့် ဓားစံအိမ်သည် ချိပ်စည်းဖွင့်မည့်အကြံကို ငြင်းပယ်ခဲ့သည်။

အမြဲရှေးရိုးဆန်ခဲ့သော ယွီလင်တာအိုနန်းတော်က ချိပ်စည်းကို ဖွင့်မည်ဟု ပြောခဲ့သောကြောင့် ရယ်စရာကောင်းနေသည်။

သို့သော် သေချာတွေးကြည့်လိုက်လျှင် ပုံမှန်သာဖြစ်သည်။

ဓားစံအိမ်သည် သန်မာသော်လည်း အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းရုံသာ ဖြစ်သည်။

ဓားစံအိမ်တွင် ကိုးထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသော ထိပ်တန်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်သာ ရှိသည်။

တစ်ဖက်တွင် တာအိုအင်အားစုသည် ကျွမ်းကျင်သူများကို ပိုမိုပိုင်ဆိုင်ထားသည်။ ယွီလင်တာအိုနန်းတော်က နတ်ဘုရားဘုရင်ငါးပါးကို ပိုင်ဆိုင်ထားသည်။

သူတို့က အင်မော်တယ်ကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်ကို ကျင့်ကြံထားသောကြောင့် အဆင့်တက်ရန် နည်းလမ်းမရှိတော့ပေ။ ထို့ကြောင့် ချိပ်စည်းကို ပြန်ဖွင့်ချင်သည်။

ဟန်မူယဲ့က ဝမ်မော့ရှန်နှင့် တခြားကျင့်ကြံသူများကို ကြည့်လိုက်သည်။

သူတို့က ရလဒ်ကို သိထားပြီးသားဖြစ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာဖြစ်စေ အင်မော်တယ်ဝိညာဉ်ကမ္ဘာဖြစ်စေ အဆုံးတွင် စတေးခံရလိမ့်မည်။

သို့သော် သူတို့က အစွမ်းကုန်ကြိုးစားပြီး ခုခံနေကြသည်။

ရလဒ်ကို မပြောင်းလဲနိုင်သောကြောင့် ခုခံနေလျှင်လည်း အသုံးမဝင်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာဖြစ်စေ အင်မော်တယ်ဝိညာဉ်ကမ္ဘာဖြစ်စေ နှစ်တစ်ရာတိတိ စတေးခံရမည်။

အနိုင်ရခြင်းနှင့် ရှုံးနိမ့်ခြင်းသည် အရေးမပါတော့ပေ။

“အထက်ဘုံသုံးပါးမှာ အငြင်းပွားမှုတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် စစ်ပွဲဖြစ်လာတယ်။ မဟုတ်ရင် ငါတို့က အတူတူပူးပေါင်းပြီး ချိပ်စည်းကို ချိုးဖျက်ပြီးလောက်ပြီ”

ဓားကျင့်ကြံသူက တီးတိုးပြောသည်။

ထိုအရာသည် အမှန်ပင်ဖြစ်သည်။

သက်ရှိများနှင့် လောကတစ်ခုကို စတေးလိုက်ခြင်းသည် မဟာကျင့်ကြံသူများအတွက် အလွန်လွယ်ကူသည်။

သူတို့က တခြားကျွမ်းကျင်သူများ၏ အမြင်ကိုသာ ဂရုစိုက်ကြသည်။

“အဲဒါကြောင့် ခင်ဗျားတို့တိုက်ပွဲက ပေါက်ကြားသွားလို့မရဘူး”

ဟန်မူယဲ့က ဓားစံအိမ်၏ကျွမ်းကျင်သူကို ကြည့်သည်။

‌လေဟာနယ်ထဲတွင်ရှိသော တိုက်ပွဲသည် အင်အားစုကြီးနှစ်ခု၏ လျှို့ဝှက်တိုက်ပွဲသာ ဖြစ်နိုင်သည်။ ဤနေရာတွင်ရှိသော အကျအဆုံးများကို မသိနိုင်ပေ။

တာအိုကို စတေးခံလိုက်ခြင်းသည် ဤတိုက်ပွဲ၏ ရလဒ်ပင်ဖြစ်သည်။

သို့သော် ဤနယ်မြေတွင် တိုက်ခိုက်ခြင်းအားဖြင့် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာကို စတေးခံရခြင်းမှ မည်သို့ ကာကွယ်နိုင်မည်နည်း။

ဟန်မူယဲ့၏အမြင်တွင် ဤတိုက်ပွဲသည် အဓိပ္ပာယ်မရှိပေ။

တာအိုပြိုင်ပွဲကို စတင်လိုက်သောအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အင်မော်တယ်ဝိညာဉ်ကမ္ဘာသည် စွန့်ပစ်ခံလိုက်ရသည်။

“အမတ်ချုပ်ကြီးဝမ်၊ ခင်ဗျားက ဘာအတွက် တိုက်ခိုက်နေတာလဲ”

ဟန်မူယဲ့က ဝမ်မော့ရှန်ကို ကြည့်သည်။

အထက်ဘုံသုံးပါး၏တိုက်ပွဲသည် ရုတ်တရက် ဖြစ်ပေါ်လာခြင်း မဟုတ်နိုင်ပေ။

ချိပ်စည်းကိုဖွင့်ရန်အတွက် အငြင်းပွားမှုများကို နှစ်ပေါင်းတစ်သောင်း၊ နှစ်ပေါင်းတစ်သိန်းအထိ ခြေရာခံကြည့်နိုင်လိမ့်မည်။

ဝမ်မော့ရှန်က ကောင်းကင်အံ့ဖွယ်ကမ္ဘာကို နှစ်ပေါင်းတစ်သောင်း ကာကွယ်ပေးခဲ့သည်။ ဝမ်မော့ရှန်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာအတွက် အများအပြားစွန့်လွှတ်ခဲ့သည်ဟု ချန်ချင်းကျစ်က ပြောသည်။

“လူတိုင်းမှာ ကိုယ်ပိုင်စွဲလမ်းစိတ်တွေ ရှိကြတာပဲလေ”

ဝမ်မော့ရှန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြုံးသည်။

“အဲဒီနေ့ကို ရောက်လာရင် ကောင်းရှောင်ရွှမ်နဲ့ ဝူဟန်ကို ခေါ်သွားပေးပါ”

“သူက ငါပဲဆိုတာကို မင်းသိတယ်မဟုတ်လား”

ကောင်းရှောင်ရွှမ် ....

“လွန်ခဲ့တဲ့ နှစ်တစ်သောင်းက တိုက်ပွဲမှာ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ အမတ်ချုပ်ကြီးဝမ်က တောင့်ခံထားခဲ့တယ်”

ချန်ချင်းကျစ်က တီးတိုးပြောလိုက်ပြီး သက်ပြင်းချသည်။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်း ....

လွန်ခဲ့သောနှစ်တစ်သောင်းတွင် အမတ်ချုပ်ကြီးဝမ်က ကောင်းရှောင်ရွှမ်နှင့် ပိုင်ချင်းယွီကို အဝေးသို့ပို့ရန် စီစဉ်ခဲ့သည်။

“ဟန်မူယဲ့ စိတ်မပူပါနဲ့။ ကောင်းကင်အံ့ဖွယ်ကမ္ဘာက ပျက်စီးသွားရင်တောင် မင်းအသက်ရှင်နေဖို့ ငါအာမခံတယ်”

ဝမ်မော့ရှန်က တောက်ပနေသောမျက်လုံးများနှင့် တည်ငြိမ်စွာပြောသည်။

ထိုသို့ဖြင့် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ ဟန်မူယဲ့၏ ပတ်ဝန်းကျင်သည် ဆက်တိုက်ပြောင်းလဲသွားသည်။

သူက ခေါင်းမော့ကြည့်လိုက်သောအခါ သင်္ဘောပျံပေါ်တွင် ပြန်ရောက်နေခဲ့သည်။

ဗလာနယ်မြေနှင့် လေဟာနယ်သည် မျဉ်းကြောင်းလေးတစ်ခုနှင့်သာ ခွဲခြားထားပုံပေါ်သော်လည်း မတူညီသော တည်ရှိမှုအလွှာများတွင် ရှိနေကြသည်။

ဟန်မူယဲ့၏ခွန်အားက ထိုအဆင့်သို့ မရောက်သေးပေ။

“အထက်ဘုံသုံးပါးရဲ့ တိုက်ပွဲလား”

ဟန်မူယဲ့က ပြုံးသည်။

“အဲဒါဆိုရင် ဆည်ပြင်ပမှာရှိတဲ့ အင်အားစုတွေကို မျှားခေါ်ဖို့ စိတ်ဝင်စားစရာ ပိုကောင်းသွားတာပေါ့”

သူက ညင်သာစွာပြောလိုက်ပြီး သင်္ဘောပျံ၏ အခန်းထဲသို့ ဝင်သွားသည်။

“ဘုရား‌ရေ၊ မင်းက တံခါးခေါက်ပြီးမှ ဝင်လာလို့မရဘူးလား”

“အဟမ်း၊ မင်းက ငါ့ကို ဘာဖြစ်လို့ရှာနေတာလဲ”

ဖရိုဖရဲဖြစ်နေသော မော့ရှန်ဟွားက တည်ငြိမ်ချင်ယောင်ဆောင်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

သူ့နောက်တွင် စွန်းယွီရူက ရှက်ရွံ့နေသောမျက်နှာထားဖြင့် အဝတ်များကို သပ်ရပ်အောင်လုပ်သည်။

“ကျွန်တော်က ဆရာဒေါ်လေးစွန်းကို လာတွေ့တာပါ”

ဟန်မူယဲ့က မော့ရှန်ဟွားကို လျစ်လျူရှုထားလိုက်သည်။

All Chapters