← Chapters

အခန်း (၆၉၉)

Vol. 50 Ch. 699

အခန်း (၆၉၉)

Vol. 50 Ch. 699

စွန်းယိုတောက်က ကမ္ဘာတစ်ခုလုံး စတေးခံရတော့မည်ဟု သိလိုက်ရလျှင် မျှော်လင့်ချက်ကင်းမဲ့ခြင်းကိုသာ ခံစားရလိမ့်မည်။

“ဟန်မူယဲ့ပြောတဲ့စကားတွေက ဘယ်လောက်အထိမှန်တယ်လို့ မင်းထင်လဲ”

တန့်ဝူယိုက လက်ထဲတွင် ချီစွမ်းအင်အလင်းကို ထုတ်ဖော်၍ ညင်သာစွာမေးသည်။

ဟန်မူယဲ့က ဆည်အတွင်း၌ရှိသော အင်အားစုများ၊ ဝိညာဉ်သံချပ်ကာ မိစ္ဆာများနှင့် ပူးပေါင်းမည်ဟု ပြောခဲ့သည်။

သူတို့သည် အလွန်အားကောင်းပြီး စိတ်ကူးမယဉ်နိုင်သော စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

“တကယ်လို့ သူက ဝိညာဉ်သံချပ်ကာမိစ္ဆာတွေနဲ့ ဆက်သွယ်ထားတယ်ဆိုရင် ငါတို့လည်း ဆက်သွယ်လို့ရတာပဲ။ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေက အမြဲတမ်း လောဘကြီးတယ်”

စွန်းယိုတောက်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“ဆည်ကတော့ ....”

“ငါတို့က ဆည်အတွင်းထဲကို ဝင်သွားလို့မရဘူး။ ဒါပေမဲ့ အပြင်ဘက်ကို ဆွဲထုတ်လိုက်လို့ရတယ်”

တန့်ဝူယို၏မျက်လုံးများက တောက်ပနေကြသည်။

“နတ်ဘုရားခုံရုံးရဲ့ ရတနာတိုက်နဲ့ဆိုရင် ငါတို့က အဲဒီအင်အားစုတွေကို ခေါ်ထုတ်နိုင်တယ်”

သူ့လက်ထဲတွင်ရှိသော ချီစွမ်းအင်အလင်းသည် ဟန်မူယဲ့ပေးလိုက်သော ရတနာတိုက်၏ တည်နေရာဖြစ်သည်။

ထိုရတနာတိုက်ကို ဖွင့်ရန်အတွက် တိုက်ပွဲ၏ အခြေအနေအပေါ်တွင် မူတည်နေသည်။

တန့်ဝူယိုက ရတနာတိုက်၏ ပစ္စည်းများကို စိတ်မဝင်စားပေ။ သူက ကမ္ဘာတစ်ခုကို အုပ်ချုပ်ထားသောကြောင့် ရတနာများကို မလိုအပ်ပေ။

ရတနာတိုက်၏သတင်းကို ဖော်ထုတ်လိုက်လျှင် အင်အားစုများအားလုံးကို ဆွဲဆောင်နိုင်လိမ့်မည်။ အထက်ဘုံသုံးပါး၏ အင်အားစုများကလည်း ဝင်ပါလာကြလိမ့်မည်။

ထိုသတင်းကို ထုတ်လွှတ်ရန်အတွက် အချိန်ကောင်းကို စောင့်ဆိုင်းရမည်။

တန့်ဝူယို၏ခန္ဓာကိုယ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“တာအိုပြိုင်ပွဲက ဆက်ရှိနေတုန်းပဲ။ မင်းက အင်မော်တယ်ဝိညာဉ်ကြယ်ကို ဆက်ပြီး စောင့်ကြပ်ထားရမယ်။ ငါက လေဟာနယ်ထဲကိုသွားပြီး ဝမ်မော့ရှန်နဲ့ စကားပြောလိုက်မယ်။ သူက မဟာပုဂ္ဂိုလ်ကြီးတစ်ယောက်ကနေ ပြန်လည်မွေးဖွားလာခဲ့တာပဲ။ ငါက သူ့အတွေးကို သိနိုင်ရင် ....”

....

သင်္ဘောပျံပေါ်တွင် ဟန်မူယဲ့က ပြုံးလိုက်ပြီး လက်ထဲတွင်ရှိသော လက်မအရွယ်အစားခန့်ရှိသည့် ရွှေရောင်သံမဏိအပိုင်းအစကို ကြည့်သည်။

သူတို့က လိုအပ်သောအရာများကို အချင်းချင်း လဲလှယ်ခဲ့ကြသည်။

သူတို့အားလုံးက အသက်ရှင်ရန်အတွက် ကြိုးစားနေကြသည်။

သူက တန့်ဝူယို၏ စကားများကို အပြည့်အဝ မယုံပေ။ သူပြောလိုက်သော စကားများအားလုံးသည်လည်း အမှန်မဟုတ်ပေ။

သူက ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် မဟာမိတ်ဖွဲ့ရန် စိတ်မဝင်စားပေ။ သို့သော် အင်မော်တယ်ဝိညာဉ်ကမ္ဘာကို ဝိညာဉ်သံချပ်ကာမိစ္ဆာများနှင့် ဆက်သွယ်မိအောင် လမ်းညွှန်ပေးနိုင်သည်။

ဆည်အတွင်းနှင့် ဆည်ပြင်ပတွင်ရှိသော အင်အားစုများကိုတော့ မဟာမိတ်အဖြစ် ယူဆနိုင်သည်။

သူက ထိုအင်အားစုများ လိုအပ်နေသောအရာကို ပိုင်ဆိုင်ထားသည်။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်များ၊ ရှေးခေတ်နတ်ဘုရား ဆေးပင်ဥယျာဉ်များ ....

သူက ရတနာတိုက်တစ်ခု၏ တည်နေရာကို တန့်ဝူယိုဆီသို့ ပေးလိုက်လျှင် တန့်ဝူယိုက အမျိုးမျိုးသော အင်အားစုများကို တာအိုပြိုင်ပွဲအတွင်းသို့ ဆွဲခေါ်နိုင်လိမ့်မည်။

အထက်ဘုံသုံးပါးက တာအိုပြိုင်ပွဲနယ်မြေကို စတေးရန်အတွက် ရည်ရွယ်ထားသောကြောင့် သူက တာအိုပြိုင်ပွဲနယ်မြေကို ငရဲအဖြစ် ပြောင်းလဲလိုက်မည်။

‘အထက်ဘုံသုံးပါးက လူတိုင်းကို ပုရွက်ဆိတ်လို့ သတ်မှတ်ထားတာမဟုတ်လား။ အဲဒါဆိုရင် ငါက မရေမတွက်နိုင်တဲ့ ကျွမ်းကျင်သူတွေကို စုစည်းပြီး ဒီနေရာကို ပုရွက်ဆိတ်တွင်းဖြစ်အောင် လုပ်ပစ်မယ်’

‘လှည့်ကွက်တွေကို ထုတ်သုံးလိုက်ပြီဆိုတော့ ဘယ်သူက အဆုံးထိ ရှိနိုင်မလဲ ကြည့်ရအောင်’

ဟန်မူယဲ့က အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ထွက်လာသည်။ မရေမတွက်နိုင်သော နတ်အာရုံများက ဆင်းသက်လာကြသည်။

တာအိုပြိုင်ပွဲကို စောင့်ကြည့်နေသော တာအိုဘိုးဘေးများသည် ဟန်မူယဲ့က အင်မော်တယ်ဝိညာဉ်ကမ္ဘာနှင့် ဆက်သွယ်နေသည်ဟု သိထားကြသည်။ သို့သော် သူတို့က အသေးစိတ်အချက်အလက်များကို မသိနိုင်ကြပေ။

ဟန်မူယဲ့က မည်သည့်အရာကို ဆက်လုပ်မည်နည်း။

“ဒီကလေး၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ပိုပြီး ထူးဆန်းလာတယ်”

တာအိုဘိုးဘေးတစ်ယောက်က နတ်အာရုံဖြင့် တီးတိုးပြောသည်။

“ငါတို့က ဒီတာအိုပြိုင်ပွဲကို မထိန်းချုပ်နိုင်တော့ဘူး”

နောက်ထပ် နတ်အာရုံတစ်ခုက အကူအညီမဲ့စွာ ပြောသည်။

နှစ်တစ်ရာတာအိုပြိုင်ပွဲသည် အင်အားစုအမျိုးမျိုး၏ စစ်မြေပြင်အဖြစ် ပြောင်းလဲသွားခဲ့သည်။

တာအိုပြိုင်ပွဲကို စောင့်ကြပ်နေကြသော တာအိုဘိုးဘေးများက အဆုံးသတ်ကို မသိနိုင်တော့ပေ။

“ဟန်မူယဲ့”

သင်္ဘောပျံ၏ကုန်းပတ်ပေါ်တွင် အသံတစ်သံကို ကြားနိုင်သည်။

ဟန်မူယဲ့က နောက်သို့ လှည့်ကြည့်လိုက်ပြီး အနက်ရောင်ဝတ်စုံနှင့် ယန်ယင်ကို မြင်ရသည်။

“အကြီးအကဲ”

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ယန်ယင်၏အကြည့်များက ရှုပ်ထွေးနေသည်။ သူက တီးတိုးပြောသည်။

“ငါက ဓားဘုရင်ယွမ်ထျန်းကို သွားရှာချင်ပေမဲ့ ဒီဘဝမှာတော့ အခွင့်အ‌ရေးမရှိတော့ဘူး”

“ကောင်းကင်စက်ဝန်းဓားဝင်္ကပါက ယွမ်ထျန်းရဲ့ အသန်မာဆုံး နည်းစနစ်ပဲ။ ဒါပေမဲ့ ဓားဝင်္ကပါက မပြည့်စုံဘူး”

ယန်ယင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ရွှေရောင်ဓားဆေးလုံးတစ်လုံးသည် သူ့ခေါင်းပေါ်တွင် ပေါ်ထွက်လာသည်။

သူ၏ ဓားဆေးလုံး ဖြစ်သည်။

“ဒီဓားဆေးလုံးက ငါ့ရဲ့မူလခန္ဓာကိုယ်ပဲ။ မင်းသိချင်တာ တစ်ခုခု ရှိလိမ့်မယ်လို့ ငါထင်တယ်”

ယန်ယင်က ထိုသို့ပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။

သူက ဟန်မူယဲ့ကို ဓားဆေးလုံးပေးမည်ဟု ကတိပေးခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က ဓားဆေးလုံးကို မလိုအပ်သော်လည်း သူက ကတိအတိုင်း ထုတ်ပေးခဲ့သည်။

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး ဓားဆေးလုံးကို လှမ်းယူသည်။

“ဝီ”

ဓားချီနှင့် ချီစွမ်းအင်အလင်းသည် လှုပ်ရှားသွားခဲ့သည်။

ပုံရိပ်များသည် သူ့စိတ်ထဲတွင် ပေါ်လာကြသည်။

“ခလွမ် ....”

ဓားထုတ်လိုက်သောအသံကို ကြားနိုင်သည်။ ဓားအလင်းတစ်ခုသည် ဆင်းသက်လာခဲ့သည်။

ဟန်မူယဲ့က မျက်လုံးပြူးသွားပြီး တစ်ကိုယ်လုံးတုန်ခါနေသည်။

ထိုဓားချက်သည် အချိန်နှင့်တည်နေရာကို ကျော်ဖြတ်၍ ရှေးခေတ်အချိန်မှ ရောက်လာပြီး သူ့ဝိညာဉ်ကို ခုတ်ချသည်။

ထိုဓားမျိုးသည် လောကတွင် အမှန်တကယ်ပင် ရှိနေသည်။

ထိုစွမ်းအားသည် ကံကြမ္မာနှင့် ပြန်လည်မွေးဖွားခြင်း စွမ်းအားများထက် ပိုမိုလွှမ်းမိုးနိုင်စွမ်း ရှိသည်။

ထိုဓားချက်ကို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

ထိုဓားချက်သည် ဓားတာအိုနှင့်ပတ်သတ်၍ လောကတွင် အထွတ်အထိပ်အဆင့် ဖြစ်သည်။

ထိုဓားနှင့် ရင်ဆိုင်ရလျှင် နတ်ဘုရားဘုရင်တစ်ပါးကပင် အကူအညီမဲ့စွာ ထိုင်ကြည့်နေရလိမ့်မည်။

ထိုအရာသည် ဓားတာအို၏ ပြိုင်ဘက်ကင်းစွမ်းအားပင် ဖြစ်သည်။

ဟန်မူယဲ့က ငေးမောစွာ ရပ်နေမိသည်။ သူ့ခန္ဓာကိုယ်က ချုပ်နှောင်ခံထားရပြီး မလှုပ်ရှားနိုင်ခဲ့ပေ။

သို့သော် ဓားအလင်းတစ်ခုသည် သူ၏ စိတ်နယ်ထဲတွင် တောက်ပလာခဲ့သည်။

သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် တိုက်ခိုက်ရမည်။

သူ့အသိစိတ်၏ တုံ့ပြန်မှုသည် ဓားချက်၏ အမြန်နှုန်းနှင့် မယှဉ်နိုင်ပေ။

သို့သော် မူလဝိညာဉ်ဓားသည် အစွမ်းကုန်လှုပ်ရှားလိုက်သည်။

သူက မူလဝိညာဉ်ဓားကို စုစည်းထားနိုင်သော ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

ဓားသည် လူဖြစ်ပြီး လူသည် ဓားဖြစ်သည်။

သူ့ဘဝသည် ဓားနှင့် ပေါင်းစပ်ထားခဲ့သည်။

မူလဝိညာဉ်ဓားသည် ကျဆင်းလာသောဓားချက်ကို ရင်ဆိုင်လိုက်သည်။

“ခလွမ်”

ကြွပ်ဆပ်သောဓားမြည်သံ ပေါ်ထွက်လာသည်။ ဟန်မူယဲ့၏ မူလဝိညာဉ်ဓားသည် ချက်ချင်းပျက်စီးသွားခဲ့သည်။

အကောင်အထည်ဖြစ်တည်နေသော မူလဝိညာဉ်ဓားသည် အချိန်နှင်တည်နေရာကို ဖြတ်သန်းလာသော ဓားချက်၏ရှေ့တွင် လုံးဝ မခုခံနိုင်ခဲ့ပေ။

ထိုအရာသည် ဓားတာအို၏ဖိအား ဖြစ်သည်။ ဟန်မူယဲ့၏ မူလဝိညာဉ်ဓားသည် ထိုဓားနှင့် ယှဉ်နိုင်ရန် အဆပေါင်းထောင်ချီ၍ လိုအပ်သေးသည်။

သူ၏ဝိညာဉ်က တုန်ခါလာပြီး ဗလာအဖြစ် ပျောက်ကွယ်သွားသည်။

ဓားတစ်ချက် ....

ဟန်မူယဲ့၏ဝိညာဉ်က ပျက်စီးသွားပြီး သေလုမျောပါး ဖြစ်နေသည်။

သို့သော် ချက်ချင်းဆိုသလိုပင် သူ့အသိစိတ်က ပြန်ကောင်းလာခဲ့သည်။

သေဆုံးခဲ့သောအချိန်သည် ပုံရိပ်ယောင်တစ်ခုအလားပင် ဖြစ်သည်။

မူလဝိညာဉ်ဓားသည် သူ၏ စိတ်နယ်ပယ်ထဲတွင် အကောင်းအတိုင်း ရှိနေသည်။

သူ့ရှေ့တွင်လည်း သူကိုင်ထားသော ဓားဆေးလုံးမှလွဲ၍ မည်သည့်အရာမှ မရှိပေ။

ကျဆင်းလာခဲ့သော ဓားချက်သည် အတုအယောင်သာ ဖြစ်နေပုံပေါ်သည်။

‘လောကမှာ အချိန်နဲ့တည်နေရာကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်တဲ့ ကျွမ်းကျင်သူကြီးတစ်ယောက် တကယ်ပဲ ရှိနေတာလား’

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး လက်ဝါးထဲတွင်ရှိသော ဓားဆေးလုံးကို ကြည့်သည်။

ဓားချက်သည် သူ၏ဝိညာဉ်ကို ဖျက်ဆီးသွားခဲ့သည်။ သူက ထိုအရာကို ခံစားကြည့်နိုင်သည်။

သို့သော် ဓားချက်အပြီးတွင် အချိန်ကို နောက်ပြန်ရစ်လိုက်ပြီး သူ့ဝိညာဉ်ကို ပြန်ခေါ်ခဲ့သည်။

ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် ထိုစွမ်းအားမျိုးကို မြင်လိုက်ရသည်။

သူက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို မထိန်းချုပ်နိုင်ပေ။

‘ဘယ်လိုကျွမ်းကျင်သူက ဒီလိုမျိုး လုပ်နိုင်တာလဲ’

‘အဲဒီကျွမ်းကျင်သူရဲ့ရှေ့မှာ လူတိုင်းက ဦးညွတ်ရလိမ့်မယ်’

‘အဲဒီတော့ ဓားကို ဒီလိုမျိုးလည်း သုံးနိုင်တာပဲလား’

ထိုအချိန်တွင် ဟန်မူယဲ့၏ ဓားချီများက လှုပ်ရှားလာကြသည်။

ဓားချီများအားလုံးက တုန်ခါနေကြပြီး မူလဝိညာဉ်ဓားသည် သူ၏နောက်ကျောတွင် ပေါ်လာခဲ့သည်။ ဓားဆန္ဒများသည် မူလဝိညာဉ်ဓားပေါ်တွင် သွယ်ယှက်နေကြပြီး ချီစွမ်းအင်အလင်းကို ထုတ်လွှတ်သည်။

ရှေးခေတ်၏ ဓားတာအိုကျွမ်းကျင်သူသည် ဟန်မူယဲ့၏ နားလည်နိုင်စွမ်းကို မသိလောက်ပေ။ သူက ထိုဓားချက်၏စွမ်းအားကို တွက်ချက်ကြည့်နိုင်သည်။

ဟန်မူယဲ့၏ ချီစွမ်းအင်များက လျင်မြန်စွာကုန်ဆုံးသွားကြသည်။ သူ၏ မူလဝိညာဉ်ဓားသည် ချက်ချင်းဆိုသလိုပင် စက္ကူတစ်ရွက်ကဲ့သို့ ပါးလွှာသွားသည်။

သို့သော် သူက ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်သည်။

အလွန်အဖိုးတန်သော ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများသည် သူ၏ ကုန်ဆုံးသွားသော စွမ်းအားများကို လျင်မြန်စွာ ဖြည့်တင်းပေးနကြသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဓားဆေးလုံးကို ဆုပ်ကိုင်ထားသည်။

ဓားချီများသည် ဓားဆေးလုံးထဲသို့ စိမ့်ဝင်သွားကြသည်။ ဝိညာဉ်ကို ဖျက်ဆီးနိုင်သော ဓားသည် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။

“ဘုန်း”

သူ့ဝိညာဉ်က ဓားချက်ကြောင့် ပျက်စီးသွားပြီး ပြန်ကောင်းလာသည်။

ဤတစ်ကြိမ်တွင် သူ၏ မူလဝိညာဉ်ဓားသည် ပိုမိုသန်မာလာသည်။

“ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းကြားမှာ အကျိုးအမြတ်နဲ့ ထိတ်လန့်စရာတွေ ရှိနေကြတယ်”

ဟန်မူယဲ့က အံ့အားသင့်သွားပြီး ရေရွတ်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် ကံကြမ္မာကို ဖြတ်တောက်နိုင်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသည် ပြန်လည်မွေးဖွားခြင်းကို ရပ်တန့်နိုင်သည်။

ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ ဖြစ်စဉ်တိုင်းသည် ကံကြမ္မာစက်ဝန်း၏ အတားအဆီးများကို ပယ်ဖျက်ပစ်သည်။

တာအိုပြိုင်ပွဲကြောင့်သာမဟုတ်လျှင် ဟန်မူယဲ့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ကျော်ဖြတ်၍ ကံကြမ္မာအဆင့်သို့ ရောက်သွားလိမ့်မည်။ ထို့နောက် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဝင်ရောက်ပြီး ဓားတာအို၏ အစစ်အမှန်သူတော်စင်တစ်ပါး ဖြစ်လာလိမ့်မည်။

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ပြန်သည်။

ထိုအရာသည် အစစ်အမှန်ကျင့်ကြံခြင်းပင် ဖြစ်သည်။

ကြွယ်ဝမှုများကို စုဆောင်းထားခြင်းသည် ကျင့်ကြံရန်အတွက်သာ ဖြစ်သည်။

ဓားချီများသည် ဓားဆေးလုံးထဲသို့ ဝင်ရောက်သွားကြပြန်သည်။

ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ဓားချက်ပေါ်လာမည့်အချိန်ကို မစောင့်ခဲ့ပေ။ သူက မူလဝိညာဉ်ဓားကို ထိန်းချုပ်ပြီး အရင်ဆုံးပြေးထွက်သွားသည်။

သူက ကံကြမ္မာကို ထိန်းချုပ်ထားလျှင် ဖြစ်ရပ်များကို ခန့်မှန်းနိုင်သည်။

ဓားချီသည် ဓားဆေးလုံးအတွင်းသို့ ဝင်သွားပြီး ဓားချက်သည် ပေါ်လာလိမ့်မည်။ ထိုအရာသည် ကံကြမ္မာပင် ဖြစ်သည်။

“ခလွမ်”

သူ၏ မူလဝိညာဉ်ဓားက မခုခံနိုင်ဘဲ ပျက်စီးသွားပြန်သည်။ သို့သော် သူက တိုက်ခိုက်လိုက်သောလူကို မြင်ခဲ့ရသည်။

“ဓားဘုရင်ယွမ်ထျန်းလား”

ဟန်မူယဲ့က ဝိညာဉ်ပြန်ကောင်းလာပြီး နားမလည်နိုင်ဖြစ်နေသည်။

‘ဓားဘုရင်ယွမ်ထျန်းက ဒီလိုဓားနည်းစနစ်မျိုးကို ဘယ်လိုလုပ်ပြီး ကျွမ်းကျင်နေရတာလဲ’

ဓားဘုရင်ယွမ်ထျန်းသည် ဓားကျင့်ကြံခြင်းတွင် ထူးချွန်သော်လည်း အချိန်နှင့်တည်နေရာကို ဖြတ်တောက်နိုင်မည်မဟုတ်ပေ။

ထို့အပြင် ထိုဓားချက်သည် ရှေးခေတ်၏လက်ကျန် ဖြစ်သည်။

“ယွမ်ထျန်း၊ ဓားဘုရင်၊ ဓားနတ်ဘုရား”

ဟန်မူယဲ့က ထိတ်လန့်သွားသည်။

နတ်ဘုရားဘုရင်အဆင့်ထက် ကျော်လွန်နေသော ဓားနတ်ဘုရားတစ်ပါးသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင် ရှိခဲ့သည်။ ထို့နောက် သူက အင်မော်တယ်ကမ္ဘာသို့ တက်သွားပြီး ပြန်ရောက်မလာခဲ့ပေ။

ဤဓားဆေးလုံးသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာမှ ဓားနတ်ဘုရား၏ အမွေအနှစ် ဖြစ်သည်။

‘ဒါပေမဲ့ ဓားဘုရင်ယွမ်ထျန်းကရော’

ဟန်မူယဲ့က မသိတော့ပေ။

သူက အချိန်နှင့်တည်နေရာအား ကျော်ဖြတ်လာသော ဓားကို မြင်လိုက်ရသောအခါတွင် ကျင့်ကြံခြင်းလောကကို ပိုမိုလေးစားလာခဲ့သည်။

သူက ရှေ့ဆက်သွားရအုံးမည်။

....

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးအပြင်ဘက်တွင် ....

အဖြူရောင်ဝတ်စုံနှင့် ဟန်မူယဲ့သည် လေဟာနယ်သားရဲတစ်ကောင်ကို အသုံးပြုထားသော ရထားလုံးပေါ်တွင် ရှိနေသည်။ အစိမ်းရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူများသည် ရထားလုံး၏ ဘေးနှစ်ဖက်တွင် ရှိနေကြသည်။

All Chapters