← Chapters

အခန်း (၇၀၀)

Vol. 50 Ch. 700

အခန်း (၇၀၀)

Vol. 50 Ch. 700

ထိုဓားကျင့်ကြံသူများထဲတွင် ရွှေအမြုတေတတိယအဆင့်သည့် အနိမ့်ဆုံးဖြစ်သည်။

သို့သော် သူတို့အားလုံးက ကောင်းကင်အဆင့်သို့ မရောက်ကြသေးပေ။

ကူယွဲ့နင်၏အမည်ဖြင့် ဓားဘုရင်ယွမ်ထျန်းကို ရှာဖွေရန်အတွက် အင်မော်တယ်ရင်းမြစ်ကမ္ဘာသို့ ထွက်လာသော ဟန်မူယဲ့သည် ဝမ်မင်မြို့၏ အသန်မာဆုံးအင်အားစုကို ခေါ်မလာခဲ့ပေ။

ဤဓားကျင့်ကြံသူများသည် တာအိုနယ်မြေသို့ မသွားခင် ဆက်လက်လေ့ကျင့်ရန် လိုအပ်နေသေးသည်။

တာအိုနယ်မြေသည် စတေးခံရမည်ဆိုလျှင်ပင် ဟန်မူယဲ့က လက်လျော့မည်မဟုတ်ပေ။

သူက ဓားတာအိုကို နားလည်လေ ဆုံးဖြတ်ချက်ပြတ်သားလေ ဖြစ်သည်။

“သခင်လေး၊ ရှေ့မှာ တိုက်ပွဲဖြစ်နေပါတယ်”

လူတစ်ယောက်က သတင်းပို့လိုက်သည်။

ဟန်မူယဲ့က ဖြည်းဖြည်းချင်းမျက်လုံးဖွင့်ပြီး အာကာသကို လှမ်းကြည့်သည်။

ချီစွမ်းအင်အလင်းနှင့် ဓားချီများသည် မိုင်တစ်ရာအကွာတွင် ရောယှက်နေကြသည်။

တာအိုတန်ခိုးရှင်များသည် ဓားကျင့်ကြံသူများကို ဝိုင်းရံထားကြသည်။

ဟန်မူယဲ့က ထိုတိုက်ပွဲများကို ဂရုမစိုက်ပေ။ သူက လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သော တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရသည်။

သူက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံကိုးပါးသို့ ရောက်လာ‌သောအခါတွင် ဓာဘုရင်ယွမ်ထျန်း ချန်ရစ်ခဲ့သော အမှတ်အသားများကို လိုက်ရှာကြည့်ခဲ့သည်။ သို့သော် မည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။

ဤတစ်ကြိမ်တွင် သူက မျှော်လင့်ချက်ကို မြင်လိုက်ရသည်။

သူက လက်မြှောက်လိုက်‌သောအခါတွင် ဓားအလင်းတစ်ခုသည် မိုင်တစ်ရာအထိ ပျံသန်းထွက်သွားသည်။

“ခလွမ် ....”

ဓားအလင်းသည် ချီစွမ်းအင်အလင်းများကို ဖယ်ထုတ်လိုက်သည်။

တာအိုကျင့်ကြံသူများက လေးနက်နေသော မျက်နှာထားဖြင့် လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။

“မင်ယွမ်တာအိုဂိုဏ်းက သူပုန်တွေကိုဖမ်းဖို့ ကြိုးစားနေတယ်။ ဘယ်သူက ဝင်ပါရဲတာလဲ”

ရှေ့ဆုံးတွင်ရပ်နေသော တာအိုတန်ခိုးရှင်က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ရွှေရောင်ကျားစေ့တစ်စေ့ ပေါ်လာခဲ့သည်။

ထိုအရာသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဖြစ်ပြီး ကိုယ်ပိုင်အသိစိတ်ကို ပိုင်ဆိုင်ထားသော ဓမ္မရတနာတစ်ဝက်အဆင့် လက်နက်လည်း ဖြစ်သည်။

ထိုရတနာကြောင့် ကောင်းကင်တစ်ဝက်အဆင့်သို့ ရောက်နေသော တာအိုတန်ခိုးရှင်သည် ဝိညာဉ်သူငယ် တတိယအဆင့် ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်လိမ့်မည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာသည် ကျယ်ပြန့်ပြီး ထွန်းကားနေသော်လည်း ကောင်းကင်အဆင့်သည် ကောင်းကင်အဆင့်သာ ဖြစ်သည်။

ကောင်းကင်အဆင့် ကျင့်ကြံသူများသည် အင်မော်တယ်ရင်းမြစ်ကမ္ဘာတွင်လည်း ကျွမ်းကျင်သူများပင် ဖြစ်ကြသည်။

ဝိုင်းရံခံထားရသော ဓားကျင့်ကြံသူသုံးယောက်၏ မျက်နှာများသည် ဖြူဖျော့နေကြသည်။ သူတို့က ဒဏ်ရာရထားသောကြောင့် အငွေ့အသက်များက မတည်မငြိမ် ဖြစ်နေကြသည်။

“ဝီ”

လွင့်မျော‌နေသော ဓားသည် တုန်ခါသွားသည်။

မင်ယွမ်တာအိုဂိုဏ်း၏ တပည့်ခေါင်း‌ဆောင်က နှာမှုတ်လိုက်သည်။ သူက လက်မြှောက်ပြပြီး လျင်မြန်စွာနောက်ဆုတ်သည်။

ကျန်လူများကလည်း နောက်ဆုတ်လိုက်ကြသည်။

ဓားကျင့်ကြံသူသုံးယောက်က စိတ်သက်သာသွားပြီး ဓားအလင်းကို ဦးညွတ်သည်။

“ကွမ်းယွမ်ဓားဂိုဏ်းရဲ့ တပည့်တွေကို ကယ်တင်ပေးတဲ့အတွက် အကြီးအကဲကို ကျေးဇူးတင်ပါတယ်”

ဓားသည် အလင်းတန်းတစ်ခုအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

ဓားကျင့်ကြံသူသုံးယောက် တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြပြီး ပျံသန်းလာသော ရထားလုံးကို မြင်ရသည်။

ရထားလုံးပျံ၏ရှေ့တွင် ရပ်နေသော လူငယ်ကျင့်ကြံသူက ရှေ့တက်လာပြီး တည်ငြိမ်စွာပြောသည်။

“ငါတို့ရဲ့သခင်လေးက စိမ်းလန်းခြင်းနယ်မြေ၊ ချန်ယွဲ့ကြယ်၊ ဝမ်မင်မြို့ရဲ့ ကူမိသားစုကပါ။ ငါတို့ကိ မိတ်ဆွေတစ်ယောက်ကို ရှာဖို့အတွက် အင်မော်တယ်ရင်းမြစ်ကမ္ဘာကို ရောက်လာခဲ့ကြတယ်”

‘စိမ်းလန်းခြင်းနယ်မြေတဲ့လား’

‘ဝမ်မင်မြို့ရဲ့ သခင်လေးတဲ့လား’

လောကတွင် အင်မော်တယ်ရင်းမြစ်ကမ္ဘာနှင့် မည်သည့်နေရာက ယှဉ်နိုင်မည်နည်း။

ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ တစ်ဖက်လူက သူတို့ကို မကယ်တင်ခဲ့လျှင် သူတို့က လှည့်ထွက်သွားကြလိမ့်မည်။

ခေါင်းဆောင်တပည့်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“သခင်လေးကူ၊ မင်ယွမ်တာအိုဂိုဏ်းက ပဥ္စမဘုံရဲ့ အင်အားစုတစ်ခုပဲ။ သူတို့ဂိုဏ်းမှာ သူတော်စင်တစ်ဝက်အဆင့် ကျင့်ကြံသူတွေ ရှိနေကြတယ်။ သူတို့က တခြားဂိုဏ်းကြီးတွေနဲ့လည်း ဆက်သွယ်နေတယ်”

“ကျွန်တော်တို့က သခင်လေးကူရဲ့ကြင်နာမှုကို မှတ်ထားလိုက်ပါ့မယ်။ ကျေးဇူးပြုပြီး အရင်ဆုံး ထွက်သွားပါတော့”

အစပိုင်းတွင် သူတို့ကို ကယ်တင်ခဲ့သောလူက အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဓားတာအိုကျွမ်းကျင်သူတစ်ဦးဟု ထင်ခဲ့သည်။ သို့သော် တခြားနယ်မြေ၏ အမည်မသိ မိသားစုလေးတစ်ခုမှ ဖြစ်နေသည်။

ထိုလူမျိုးသည် ပဥ္စမဘုံ၏ဂိုဏ်းကို မည်သို့ ခုခံနိုင်မည်နည်း။

တစ်ဖက်လူက ထွက်သွားလျှင် ပိုကောင်းလိမ့်မည်။ သူတို့သုံးယောက်က သေဆုံးသွားမည်ဆိုလျှင်ပင် တခြားလူများကို ဆွဲမချမိမည်မဟုတ်ပေ။

“ကွမ်းယွမ်ဓားဂိုဏ်းတဲ့လား”

ဟန်မူယဲ့က တောက်ပနေသော မျက်လုံးများဖြင့် တည်ငြိမ်စွာပြောသည်။

“မင်းတို့ရဲ့ ဓားနည်းစနစ်က ဂိုဏ်းအမွေအနှစ်လား”

ဓားနည်းစနစ် ....

စကားပြောခဲ့သော ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့်က ရထားလုံးပေါ်တွင် ရှိနေသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သည်။

ဟန်မူယဲ့က ငယ်ရွယ်ပြီး သန်မာပုံမပေါ်ပေ။

သူက မိသားစုတစ်ခု၏ သခင်ငယ်လေးပင် ဖြစ်လိမ့်မည်။

“သခင်လေးကူ၊ ငါတို့ကျင့်ကြံထားတဲ့ ဓားနည်းစနစ်က ဂိုဏ်းရဲ့ အမွေအနှစ်ပါပဲ”

သူက ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီ။ ငါ့ကို ကွမ်းယွမ်ဓားဂိုဏ်းဆီ ခေါ်သွားပါ”

ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။

‘ကွမ်းယွမ်ဓားဂိုဏ်းကို ခေါ်သွားရမယ်တဲ့လား’

ခေါင်းဆောင်တပည့်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ ကျန်တပည့်နှစ်ယောက်က ရှေ့တက်လာကြသည်။

သူတို့သုံးယောက်က တြိဂံပုံစံအတိုင်း ရပ်နေပြီး ဓားထုတ်လိုက်ကြသည်။

“ကွမ်းယွမ်ဓားဂိုဏ်းက လျှို့ဝှက်ဂိုဏ်းတစ်ခု မဟုတ်ဘူး။ အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ လူတွေက ငါတို့ဂိုဏ်းကို ဖျက်ဆီးချင်ကြတယ်။ ဒါပေမဲ့ တကယ်လုပ်ရဲတဲ့လူ သိပ်မရှိဘူး”

သူတို့သုံးယောက်က ဝင်္ကပါပုံစံအတိုင်း ရပ်လိုက်သောအခါ ရထားလုံး၏ဘေးတွင် ရှိနေကြသော ဓားကျင့်ကြံသူများ၏ အကြည့်က ထူးဆန်းသွားသည်။

ကြယ်သုံးစင်း ဓားဝင်္ကပါ ....

‘ဒါက သခင်လေးသင်ပေးထားတဲ့ ကောင်းကင်စက်ဝန်းဓားဝင်္ကပါမှာ အခြေခံအကျဆုံးပုံစံ မဟုတ်ဘူးလား’

‘သခင်လေးရှာနေတဲ့ မိတ်ဆွေက ကွမ်းယွမ်ဓားဂိုဏ်းမှာ ရှိနေတာလား’

“လမ်းပြပါ”

ဟန်မူယဲ့က ရှင်းမပြဘဲ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

ရွှေအမြုတေအဆင့် တပည့်သုံးယောက်သည် လျှို့ဝှက်ချက်များကို သိနေမည်မဟုတ်ပေ။

ဟန်မူယဲ့က ဓားဘုရင်ယွမ်ထျန်း၏ တည်နေရာကိုသာ သိချင်သည်။

သူ၏ အဓိကခန္ဓာကိုယ်သည် အချိန်နှင့်တည်နေရာကို ဖြတ်သန်းလာသော ဓားချက်၏စွမ်းအားကို သုံးသပ်ရန်အတွက် တံခါးပိတ်ကျင့်ကြံနေသည်။ ထို့ကြောင့် နတ်ဘုရားသားရဲကိုယ်ပွား၏ စွမ်းအားသည် ဆက်တိုက်ပြောင်းလဲနေသည်။

အဓိကခန္ဓာကိုယ်သည် တာအိုပြိုင်ပွဲနယ်မြေ၏ ဖိနှိပ်မှုကြောင့် နားလည်ထား‌သော စွမ်းအားကို ထုတ်မသုံးနိုင်ပေ။ သို့သော် ကိုယ်ပွားက ထုတ်သုံးနိုင်သည်။

ယခုအချိန်တွင် အဓိကခန္ဓာကိုယ်၏ နားလည်သဘောပေါက်မှုများသည် ကိုယ်ပွားနှင့် ဆက်တိုက် ပေါင်းစပ်နေသောကြောင့် သူ့ပတ်ဝန်းကျင်တွင် ထူးဆန်းသော လေဟာနယ်တစ်ခု ဖြစ်တည်လာသည်။

ထို့ကြောင့် သူပုံစံက ပုံရိပ်ယောင်ဆန်နေသည်။

သူက ထိုစွမ်းအားများကို တိတ်ဆိတ်စွာ အာရုံခံကြည့်နေခဲ့သည်။ အကယ်၍ ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့်များနှင့် မတွေ့ခဲ့လျှင် စကားပြောရန် အလုပ်ရှုပ်ခံမည်မဟုတ်ပေ။

ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့်သုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က တိတ်ဆိတ်နေပြီး လှည့်ထွက်သွားကြသည်။

စိမ်းလန်းခြင်းနယ်မြေ၏ သခင်လေးနှင့် အစောင့်များသည် ထူးခြားသော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြသည်။

သို့သော် သူတို့၏ဂိုဏ်းနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

ကွမ်းယွမ်ဓားဂိုဏ်းသည် လောကတွင်ရှိသော ဓားကျင့်ကြံသူများ၏ စုရပ်ဖြစ်သည်။

အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဂိုဏ်းကြီးများကပင် စိုးရိမ်ရသည်။

‘သူတို့က ငါတို့ဂိုဏ်းကို ဝင်ရောက်ချင်တာလား’

သူတို့က ဥက္ကာခဲများကို မကြာခဏ ဖြတ်ကျော်သွားပြီး ဂရုတစိုက် သွားနေကြသည်။

တစ်ခါတလေတွင် သူတို့က ကြယ်တစ်စင်းကို ပတ်သွားလိမ့်မည်။

ဟန်မူယဲ့က ဂရုမစိုက်ဘဲ ရထားလုံးပေါ်တွင် ရှိနေသည်။

သူနှင့်အတူပါလာသော ရွှေအမြုတေအဆင့် ကျင့်ကြံသူလေးရာသည် သတိကြီးသောလူများ ဖြစ်ကြပြီး မည်သည့်အရာကိုမှ မလုပ်ကြပေ။

ခုနစ်ရက်အကြာတွင် သူတို့က ကြယ်သုံးစင်းကို ဖြတ်သန်းပြီး မိုင်တစ်သန်းအကွာသို့ ရောက်လာကြသည်။

သူတို့က ဥက္ကာခဲများ ရှိနေသော နေရာတွင် ချီစွမ်းအင်အလင်းကို လှမ်းမြင်လိုက်ရသည်။

“တာအိုလမ်းစဉ်ရဲ့လူတွေပဲ”

ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့်ခေါင်းဆောင်က ထိတ်လန့်စွာပြောသည်။

သူ့နာမည်က ကျန်းချီဖြစ်သည်။ ကျန်တပည့်နှစ်ယောက်သည် ဝူချန်နှင့် စုန့်ကျီယွမ်တို့ ဖြစ်ကြသည်။

သူတို့က ဂိုဏ်းတာဝန်ကို ပြုလုပ်နေသောအချိန်တွင် တာအိုဂိုဏ်းနှင့် အငြင်းပွားပြီး လိုက်ဖမ်းခံလိုက်ရသည်။

အကယ်၍ အငြင်းပွားမှု မရှိလျှင်ပင် သူတို့က တိုက်ခိုက်ခံရလိမ့်မည်။

ကွမ်းယွမ်ဓားဂိုဏ်းသည် ဓားကျင့်ကြံသူအများအပြားကို သိမ်းသွင်းထားခဲ့သည်။ သို့သော် ဓားကျင့်ကြံသူအများစုကို အမျိုးမျိုးသောဂိုဏ်းများက အလိုရှိနေကြသည်။

ကွမ်းယွမ်ဓားဂိုဏ်း၏ တပည့် ၇၀%သည် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဂိုဏ်းများမှ အလိုရှိနေသော သစ္စာဖောက်များပင် ဖြစ်ကြသည်။

“ဘုန်း”

ပေတစ်သောင်းကျယ်ပြန့်သော ချီစွမ်းအင်ပိုက်ကွန်သည် ကျဆင်းလာခဲ့သည်။

ထိုပိုက်ကွန်သည် အရပ်မျက်နှာအားလုံးကို လွှမ်းခြုံထားပြီး လူတစ်ယောက်ကို ကြက်သီးထသွားစေနိုင်သည်။

“နောက်ဆုတ်”

ကျန်းချီက အော်ဟစ်လိုက်ပြီး တပည့်နှစ်ယောက်ကို ဦးဆောင်၍ ဥက္ကာခဲများအတွင်းသို့ ပျံသန်းသွားသည်။

သို့သော် ဟန်မူယဲ့၏ ရထားလုံးက မလှုပ်ရှားပေ။

ရထားလုံးကို စောင့်ကြပ်နေသော ဓားကျင့်ကြံသူများအားလုံးသည် အလွန်ညီညာစွာ ဓားမြှောက်လိုက်ကြသည်။

ဟန်မူယဲ့က မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်သည်။ သို့သော် သူက ရှေ့သို့မကြည့်ဘဲ တခြားနေရာကို ကြည့်နေသည်။

“ရွှပ်”

ဓားအလင်းတစ်ခုသည် ဘယ်ဘက်မှ ထွက်ပေါ်လာပြီး ပိုက်ကွန်ကို ထိုးခွဲသွားသည်။

ဆံပင်ဖြူနေသော တာအိုတန်ခိုးရှင်တစ်ယောက်သည် ဓားကို တရွတ်တိုက်ဆွဲလာသည်။ သူ့မျက်လုံးသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

“မင်းက ကွမ်းယွမ်ဓားဂိုဏ်းနဲ့ မိုင်တစ်သိန်းအကွာမှာတောင် ကွမ်းယွမ်ဓားဂိုဏ်းရဲ့ တပည့်တွေကို တိုက်ခိုက်ရဲတယ်ပေါ့။ ကွမ်းယွမ်ဓားဂိုဏ်းကို အထင်သေးနေတာပဲ”

ထိုလူက အလင်းပိုက်ကွန်၏ နောက်ကွယ်တွင်ရှိနေသော ပုံရိပ်များကို ကြည့်သည်။

သူက ဓားရှည်ကို မြှောက်လိုက်ပြီး ညင်သာစွာထိတွေ့သည်။

“အလင်းကံကြမ္မာတာအိုဂိုဏ်း၊ မူဟန်အင်မော်တယ်ဂိုဏ်း၊ ချီယွင်တာအိုဘုရားကျောင်း။ ကောင်းတယ်၊ မင်းတို့အားလုံးက ပဥ္စမဘုံရဲ့ အင်အားစုကြီးတွေပဲ”

“ငါ့ရဲ့ ဂိုဏ်းတပည့်တွေကို မင်းတို့ဂိုဏ်းဆီ သွားကြည့်ခိုင်းရမယ်ထင်တယ်”

သူ့စကားကြောင့် တာအိုတန်ခိုးရှင်များ၏ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။

“ကျူးကောလု၊ မင်းက အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ စည်းကမ်းတွေကို သိတယ်မဟုတ်လား။ ဆုကြေးထုတ်ထားတဲ့ တာဝန်တွေက ဂိုဏ်းနဲ့ ဘာမှမဆိုင်ဘူး”

ရှစ်မြှောင့်တာအိုဝတ်စုံနှင့် တန်ခိုးရှင်တစ်ယောက်က တီးတိုးပြောသည်။

သူ့နောက်တွင်ရှိနေကြသော တာအိုတန်ခိုးရှင်များနှင့် သူ၏ ချီစွမ်းအင်သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်နေသည်။

ကျူးကောလုဟုခေါ်သော ကွမ်းယွမ်ဓားဂိုဏ်း၏ ကျင့်ကြံသူက နှာမှုတ်လိုက်ပြီး ဟန်မူယဲ့နှင့် ဓားကျင့်ကြံသူများကို လှမ်းကြည့်သည်။ ထို့နောက် သူက ဥက္ကာခဲများဆီသို့ ဆက်ကြည့်သည်။

“မင်းတို့က ဒီလိုမျိုး ရိုးရှင်းတဲ့လှည့်ကွက်လေးကိုတောင် မမြင်နိုင်ကြဘူး။ ကွမ်းယွမ်ဓားဂိုဏ်းကို သိက္ခာချနေတာပဲ”

ကျူးကောလုက ဓားကို ဝှေ့ယမ်းလိုက်သည်။

“ဘုန်း”

ဓားအလင်းသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ဥက္ကာခဲများကို ဖျက်ဆီး၍ ကျန်းချီတို့သုံးယောက်ကို ဆွဲခေါ်လိုက်သည်။

နဂါးဓားအလင်းကြောင့် ကမောက်ကမဖြစ်နေသော မျက်နှာထားနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ထားသော တာအိုတန်ခိုးရှင်များသည် ဥက္ကာခဲများပေါ်တွင် ပေါ်လာကြသည်။

“ကျူးကောလု၊ တာအိုလမ်းစဉ်ရဲ့ ဂုဏ်သိက္ခာက ညှိုးနွမ်းသွားမှာမဟုတ်ဘူး”

“ကွမ်းယွမ်ဓားဂိုဏ်းက မကောင်းမှုတွေကို လုပ်ခဲ့တယ်။ မင်းတို့နဲ့ ထိုက်တန်တာကို ပြန်ရလာမှာပါ”

“စောင့်နေလိုက်”

တာအိုဂိုဏ်း၏လူများက ကြမ်းတမ်းသောစကားများကို ချန်ရစ်ခဲ့ပြီး ထွက်သွားကြသည်။

ကျူးကောလုက အေးစက်သော အပြုံးတစ်ခုနှင့်အတူ နေရာတွင် ရပ်ပြီး တာအိုလမ်းစဉ်၏လူများကို ကြည့်နေခဲ့သည်။

ထိုလူများက ထွက်သွားကြသောအခါတွင် သူက ဟန်မူယဲ့တို့ကို လှမ်းကြည့်သည်။ ထို့နောက် ကျန်းချီတို့သုံးယောက်ကို စိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“ကောင်းပြီ။ ဂိုဏ်းကို ပြန်ကြရအောင်”

ကျန်းချီက လျင်မြန်စွာရှေ့တိုးသွားပြီး တီးတိုးပြောလိုက်သည်။

ကျူးကောလုက မျက်မှောင်ကြုတ်ပြီး ဟန်မူယဲ့ကို လှည့်ကြည့်သည်။

“မင်းက ငါ့ရဲ့ ကွမ်းယွမ်ဓားဂိုဏ်းကို လိုက်လာချင်တာလား”

ပြင်းထန်သော ဓားဆန္ဒသည် သူ့ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာသည်။

ဓားအလင်းသည် မိုင်တစ်သောင်းပတ်လည်တွင်ရှိသော အရာအားလုံးကို ထိုးဖောက်သွားနိုင်ပုံပေါ်သည်။

ကောင်းကင်ဘုံ ဝိညာဉ်ကိုယ်ခွဲအဆင့်နှင့် ယှဉ်နိုင်သော ဖိအားတစ်ခုသည် ဟန်မူယဲ့၏ဦးခေါင်းကို ဖိချလိုက်သည်။

“ခလွမ် ....”

ဓားအလင်းတစ်ခု ပေါ်ထွက်လာသည်။

All Chapters