← Chapters

ဖုန့်နီ၏ နှလုံးသား

Vol. 129 Ch. 1791

ဖုန့်နီ၏ နှလုံးသား

Vol. 129 Ch. 1791

ကော့ချန်မြို့၏ အနောက်ဘက် မီးငှက်မြို့တွင် ဝတ်ရုံဖြူဝတ်ထားသူတစ်ယောက်က မြို့ရိုးပေါ်၌ ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုသူ၏ ရုပ်သွင်မှာ ဓားတစ်လက်အလား ပြတ်သားသည်။ သူ့မျက်လုံးများက နေ၊ လနှင့် ကြယ်တာရာတို့ကဲ့သို့ပင်။ သို့သော် သူ၏ ဓားကဲ့သို့သော မျက်ခုံးများမှာ ကုပ်နေသည်။ သူက မြို့လွတ်ကြီးကို ကြည့်ကာ ဆွံ့အနေပုံပင်။

ထိုသူက ငန်းနက်မြို့မှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ငန်းနက်မြို့မှာလည်း မြို့လွတ်ကြီး ဖြစ်နေသည်။ ထိုစဉ်က ငန်းနက်မြို့တွင် မြို့စောင့်တပ် မရှိခြင်း ဖြစ်ရမည်ဟု တွေးခဲ့၏။ သို့သော် မီးငှက်မြို့သို့ ရောက်သောအခါတွင်မူ တပ်ဖွဲ့များမှာ ပြန်ဆုတ်သွားခြင်းဖြစ်ကြောင်း သူ သိလိုက်ရသည်။

“ရက်စက်လိုက်တာ”

ကျန်းရီသည် မြို့ရိုးပေါ်တွင် ခေတ္တမျှ ရပ်နေပြီးနောက် တီးတိုးရေရွတ်လိုက်၏။ သူတို့က ရန်သူများဆိုလျှင်ပင် ဖုန့်နီ၏ ပြတ်သားမှုကို သူ အသိအမှတ် ပြုရပေသည်။

လမ်းတစ်လျှောက်တွင် ကျန်းရီသည် အနီးပတ်ဝန်းကျင်ရှိ တောင်များ၌ မရေမတွက်နိုင်သော မိစ္ဆာများကို တွေ့ခဲ့၏။ မိစ္ဆာများမှာ အမျိုးပေါင်းစုံပင်။ အ‌ရှေ့ဒေသထဲရှိ မျိုးနွယ်အားလုံးက ဤနေရာတစ်ဝိုက်သို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ရမည်။

ဖုန့်နီသည် တန်ပြန်တိုက်စစ်ကို ခုခံရန် သန်းထောင်ချီသော မိစ္ဆာများကို စွန့်ပစ်ကာ တပ်ဖွဲ့များကို ပြန်ခေါ်ခဲ့သည်။ ယင်းမှာ မည်သို့သော သတ္တိမျိုးနည်း။ သူမနေရာတွင် ကျန်းရီသာဆိုလျှင် ထိုကဲ့သို့ နှလုံးသားမဲ့သော အမိန့်တစ်ခုကို ပေးရက်ပါမည်လော။

ရွှီး...

ကျန်းရီ၏ ဆောင်းဥတုပုလဲက လင်းလက်လာပြီး ကြမ်းကြုတ်နဂါးဘုရင်၊ ကန်းဟန့်ဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့ ထွက်ပေါ်လာကြ၏။ သူတို့သုံးယောက်သည် အပြင်သို့ ရောက်သည်နှင့် ကောင်းကင်စိတ်အာရုံထုတ်ကာ ပတ်ဝန်းကျင်ကို ချက်ချင်း အာရုံခံလိုက်ကြသည်။ သူတို့သည် ပုလဲထဲမှာကတည်းက အပြင်ရောက်သည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားကြခြင်းပင်။

“အာ...”

သူတို့သုံးယောက်သည် ပတ်ဝန်းကျင်ကို အာရုံခံပြီးနောက် မြို့ထဲတွင် မည်သည့်တပ်သားမှ မရှိကြောင်း သိလိုက်ရ၏။ သူတို့ မျက်တောင်ပုတ်ခတ်ကာ ကျန်းရီကို ကြည့်လိုက်ကြသည်။ ကန်းဟန့်ဘုရင်မှာ စိတ်မရှည်နိုင်ဖြစ်လာပြီး ကျန်းရီအား ခပ်သွက်သွက် မေးလိုက်၏။

“အရှင်ကျိုး... ဘာလို့ မြို့ထဲမှာ မြို့စောင့်တပ် ရှိမနေရတာလဲ”

“သူတို့ ပြန်ဆုတ်သွားတာ”

ကျန်းရီက ခေါင်းကိုက်ဟန်နှင့် ခေါင်းကိုကုတ်ကာ ပြန်ပြောလိုက်သည်။

“အဲ့ဖုန့်နီက ရက်စက်လွန်းတယ်။ သူက သန်းထောင်ချီတဲ့ မိစ္ဆာတွေကို တပ်ဖွဲ့အကုန်လုံးကို ကော့ချန်မြို့ဆီ ပြန်ခေါ်လိုက်တာပဲ။ ကျွန်တော်တို့ ဆက်သွားချင်ရင် ကော့ချန်မြို့ကိုပဲ တန်းသွားရလိမ့်မယ်”

“ဗျာ...”

ကြမ်းကြုတ်နဂါးဘုရင်တို့ တုန်လှုပ်သွားကြ၏။ ခေတ္တနေပြီးနောက် ကန်းဟန့်ဘုရင်က သတ်ဖြတ်အရှိန်အဝါနှင့် ထပ်ပြောလိုက်သည်။

“သူတို့က အရေးမစိုက်မှတော့ ကျုပ်တို့ သူတို့ရဲ့ မျိုးနွယ်ဝင်တွေကို သတ်ပစ်တာပေါ့။ မျိုးနွယ်ဝင်တွေ အများကြီး သေသွားရင် စစ်တပ်ရဲ့ စိတ်ဓာတ်လည်း ကျဆင်းသွားမှာပဲ။ အဲ့ကျရင် ကျုပ်တို့ ထိပ်တိုက် တိုက်ခိုက်ပြီး ကော့ချန်မြို့ထဲဝင်၊ ဖုန့်နီကို အရှင်ဖမ်းလိုက်ရုံပဲ”

“တိုက်ခိုက်ဖို့က အဲ့လောက်လွယ်ရင် ခင်ဗျား အရှေ့ဒေသကို သိမ်းပိုက်ပြီးနေပြီပေါ့”

ကျန်းရီက မျက်လုံးပင့်၍ ပြန်ပြော၏။ သူ့ရင်ထဲတွင် အတန်ငယ် ချီတုံချတုံ ဖြစ်နေသည်။ ကန်းဟန့်ဘုရင်၏စကားမှာ အဓိပ္ပာယ်ရှိပါသည်။ သို့သော် အဆင့်နိမ့်မိစ္ဆာများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းမှာ သူ့ကိုယ်ကျင့်တရားနှင့် ဆန့်ကျင်နေသည်။ ထိုမိစ္ဆာများကို သတ်ခြင်းက ကောင်းကင်ကြယ်တာရာနယ်မြေရှိ အကာအကွယ်မဲ့သော အရပ်သူအရပ်သားများကို သတ်သလိုမျိုးပင်။ သူတို့က မိစ္ဆာများဖြစ်ပြီး သူတို့ကို သူကိုယ်တိုင် သတ်ရမည် မဟုတ်သော်လည်း ကျန်းရီ စိတ်မသက်သာပါ။

သတ်ဖြတ်ခြင်းကို မဖြစ်မနေအချိန်မှ သို့မဟုတ် ဗျူဟာအရ လိုအပ်ပါမှ လုပ်သင့်သည်။ ကျန်းရီသည် တပ်သားများကို သတ်ဖြတ်ရာတွင် စိတ်မပျော့ပေ။ သို့သော် သာမန်မျိုးနွယ်ဝင်များကိုတော့ တမင်သက်သက် မသတ်ဖြတ်နိုင်ပါ။

ကြမ်းကြုတ်နဂါးဘုရင်နှင့် ကောင်းကင်ဂဠုန်ဘုရင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ကျန်းရီကို ကြည့်လိုက်ကြ၏။ ကျန်းရီက ထိုအဆင့်နိမ့်မိစ္ဆာများကို မသတ်ရက်ကြောင်း သူတို့ သိပေသည်။ ကြမ်းကြုတ်နဂါးဘုရင် ပြောလိုက်သည်။

“အရှင်ကျိုး... အဲ့ကိစ္စတွေကို ကျုပ်တို့ကိုပဲ တာဝန်ပေးလိုက်ပါ။ မစိုးရိမ်ပါနဲ့... ကျုပ်တို့ သူတို့ကို အကုန်မသတ်ပါဘူး။ ကျုပ်တို့ ရန်သူစစ်တပ်ရဲ့ စိတ်ဓာတ် ပျက်ပြားသွားအောင် လုပ်ဖို့ပဲ လိုတာပါ”

“အဲ့ဒါဆိုလည်း ကောင်းပြီလေ”

ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းညိတ်လိုက်၏။

“ခင်ဗျားတို့ တပ်ကိုတော့ ခေါ်မသွားနဲ့။ ခင်ဗျားတို့သုံးယောက်ပဲ လွတ်လွတ်လပ်လပ် သွားလိုက်ကြပါ။ ကျွန်တော် ကော့ချန်နယ်မြေထဲ ခိုးဝင်ပြီး အခြေအနေကို စုံစမ်းလိုက်မယ်။ တကယ်လို့ ရန်သူက တပ်တွေ စေလွှတ်လိုက်ရင် ကျွန်တော်ရဲ့တပ်တွေနဲ့ သူတို့ကို အလစ်ဝင်တိုက်လိုက်မယ်”

“အဲ့ဒါက...”

ကြမ်းကြုတ်နဂါးဘုရင်တို့သုံးယောက် အတန်ငယ် စိုးရိမ်သွားကြ၏။ ကြမ်းကြုတ်နဂါးဘုရင်က ပြောလိုက်သည်။

“အရှင်ကျိုး... အရှင်တစ်ယောက်တည်း ကော့ချန်နယ်မြေထဲ သွားမယ်ဆိုရင် လုံခြုံပါ့မလား။ ကျုပ် အရှင်နဲ့အတူ လိုက်ခဲ့ရင်ရော ဘယ်လိုပါလဲ။ ဒီကကိစ္စတွေကို ကန်းဟန့်ဘုရင်နဲ့ ကောင်းကင်ဂဠုန်ဘုရင်တို့ကိုပဲ တာဝန်ပေးထားလိုက်တာပေါ့”

“တစ်ယောက်တည်းဆိုတာ ဘာကို ပြောတာလဲ”

ကျန်းရီက ရှက်ရွံ့ဟန်ဖြင့် နှာခေါင်းပွတ်လိုက်၏။

“ကျွန်တော်နဲ့အတူ တပ်သား သန်းနဲ့ချီပြီး ပါသွားမှာ မဟုတ်ဘူးလား။ မစိုးရိမ်ပါနဲ့။ ရန်သူတပ်တွေက ပြန်ဆုတ်သွားရလို့ စိတ်အား တော်တော်ကျနေလောက်ပါပြီ။ ဖုန့်နီက အရူးတစ်ယောက် မဟုတ်ရင် အခုချက်ချင်းကြီး သူ့တပ်တွေကို စေလွှတ်ဦးမှာ မဟုတ်ပါဘူး။ သူက တပ်ပြန်စုနေပြီဆိုတော့ မလွဲနိုင်တဲ့ အစီအစဉ်မရှိသေးမချင်း အလျင်စလို လှုပ်ရှားမှာ မဟုတ်ပါဘူး။ ပြီးတော့ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား တစ်ယောက်၊ နှစ်ယောက်လောက်နဲ့ ကျွန်တော့်ကို မသတ်နိုင်ပါဘူး။ ကျွန်တော့်မှာ နတ်ဘုရားသစ်ရွက် ရှိပါတယ်”

ကြမ်းကြုတ်နဂါးဘုရင်တို့သည် တစ်ခဏမျှ တွေးတောပြီးနောက် ကျန်းရီ၏ စကားများက အကျိုးအကြောင်းညီကြောင်း လက်ခံလိုက်ကြသည်။ ကျန်းရီ၏ ရုပ်ခန္ဓာမှာ အလွန်သန်မာသည်။ ထို့ပြင် သူ့တွင် စွမ်းအားကြီး စစ်ချပ်ဝတ်နှင့် နတ်ဘုရားသစ်ရွက်လည်း ရှိသေးသည်။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား တစ်ယောက်၊ နှစ်ယောက် ရောက်လာလျှင်ပင် သူ့ကို အချိန်တိုအတွင်း သတ်နိုင်လိမ့်မည် မဟုတ်ပါ။

ကျန်းရီသည် ကြမ်းကြုတ်နဂါးဘုရင်တို့နှင့် အတော်ကြာ ဆက်ဆွေးနွေးလိုက်၏။ သူတို့သည် မမျှော်လင့်ထားသော အခြေအနေများနှင့် ရင်ဆိုင်ရလျှင် မည်သို့လုပ်ကြမည်၊ မည်သည့်နေရာတွင် ပြန်ဆုံမည်ကို ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် ကျန်းရီက လျှို့ဝှက်စွာ ထွက်သွားလေသည်။

ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်က အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။ ယခုတွင် သူ၏ စိတ်ဝိညာဉ်က အလွန်သန်မာနေရာ ပုန်းကွယ်ခြင်းအတတ်မှာလည်း အလွန်အစွမ်းထက်နေသည်။ သူ့ပုန်းကွယ်ခြင်းအတတ်မှာ ဝိညာဉ်ဘုရင်၏ ပုန်းကွယ်ခြင်းအတတ်ထက် မနိမ့်တော့ပေ။ သာမန် အုပ်ချုပ်သူအဆင့် သိုင်းသမားများက သူ့ကို ရှာတွေ့လိမ့်မည် မဟုတ်ချေ။ ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများကသာ သူ့ကို ရှာတွေ့နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျန်းရီသည် စိတ်အေးလက်အေးနှင့် ကော့ချန်မြို့ဆီသို့ ဦးတည်သွားလိုက်သည်။ လမ်းတစ်လျှောက်တွင် မိစ္ဆာများစွာ ရှိနေသော နေရာများကို ရှောင်သည်။ သူ ကောင်းကင်စိတ်အာရုံကိုလည်း ထုတ်မသုံးဝံ့ဘဲ လျှို့လျှို့ဝှက်ဝှက်နှင့်သာ သွားနေပေသည်။

မျှော်လင့်ထားသကဲ့သို့ပင်...

လမ်းတစ်လျှောက်တွင် မည်သည့်တပ်ဖွဲ့ကိုမှ မမြင်ခဲ့ရပေ။ အဆင့်နိမ်မိစ္ဆာများသာ ရှိနေကြသည်။ ထို့ပြင် သူတို့က အလွန်များပြားရာ တောင်များ၊ တောများနှင့် တောင်ကြားများထဲတွင် ပြည့်ကျပ်နေပေသည်။ ထိုမိစ္ဆာများအားလုံးသည် အမိန့်ရထားကြသဖြင့် လျှောက်သွားမနေကြဘဲ ၎င်းတို့၏ နေရာမှာပင် နာခံစွာ နေနေကြပေသည်။

တောင်တန်း ခြောက်ဆယ်ကျော် ခုနစ်ဆယ်လောက်ကို ဖြတ်ကျော်ပြီးနောက် ကျန်းရီသည် ကော့ချန်နယ်မြေအနီး ရောက်လာ၏။ ဤတစ်ကြိမ်တွင် သူ နယ်မြေထဲ အလျင်စလို ဝင်မသွားဝံ့ပါ။ ကော့ချန်နယ်မြေတစ်ခုလုံးကို စစ်တပ်က ပိတ်ဆို့ထားသည်။ နေရာအနှံ့တွင် တပ်ဖွဲ့များ၊ ကင်းလှည့်တပ်သားများနှင့် ပုန်းအောင်းနေကြသော ထောက်လှမ်းရေးများ ရှိနေသည်။

ကျန်းရီ၏ ပုန်းကွယ်ခြင်းအတတ်မှာ အလွန်အစွမ်းထက်သော်လည်း ကော့ချန်နယ်မြေထဲတွင် တပ်သားများစွာ ရှိနေသည်။ ထို့ကြောင့် နယ်မြေထဲ ဝင်သွားလျှင် တပ်သားတစ်ယောက်ယောက်နှင့် ထိပ်တိုက်တိုးနိုင်ခြေရှိသည်။ မကြာခဏဆိုသလိုလည်း မြေကြီးထဲတွင် ပုန်းအောင်းနေသည့် ထောက်လှမ်းရေး တစ်ယောက်၊ နှစ်ယောက်လောက်ကို တက်နင်းမိနိုင်သည်။

ကော့ချန်နယ်မြေထဲတွင် တပ်သားများစွာ ရှိနေရာ အုပ်ချုပ်သူအဆင့် သိုင်သမားများလည်း သေချာပေါက် အများအပြား ရှိပေလိမ့်မည်။ ထို့ပြင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားများလည်း ရှိနိုင်သည်။ သို့ဖြစ်ရာ ကျန်းရီ ယုံကြည်မှု မရှိချေ။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမားအချို့ကို အလွယ်တကူ ယှဉ်နိုင်လိမ့်မည်ဟုလည်း စိတ်ကြီးဝင်မနေပါ။ ထို့ကြောင့် ကော့ချန်နယ်မြေကို အပြင်မှ တစ်ပတ်ပတ်၍သာ ကိစ္စအချို့ကို အတည်ပြုလိုက်သည်။

ကော့ချန်နယ်မြေထဲတွင် အင်အားဆယ်သန်းကျော်ရှိသော စစ်တပ်ကြီး ရှိနေသည်။ ထိုစစ်တပ်ကြီးကို ကော့ချန်နယ်မြေအပြင်မှပင် လှမ်းမြင်နိုင်သည်။ နယ်စပ်တွင်လည်း တပ်သားသုံးသန်းလောက်က ကင်းလှည့်နေကြပေသည်။

အဘယ်ကြောင့် ရန်သူက ကော့ချန်နယ်မြေကို ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း တွေးနေရန် ကျန်းရီထံတွင် အချိန်မရှိပေ။ သူတို့က အပြင်မှ သတင်းများ နယ်မြေအတွင်း ဝင်မလာစေလို၍တော့ ဖြစ်နိုင်သည်။ အပြင်ရှိ သန်းထောင်ချီသော အဆင့်နိမ့်မိစ္ဆာများ သတ်ဖြတ်ခံရလျှင်လည်း သတင်းများက နယ်မြေထဲ ရောက်မလာလျှင် စစ်တပ်၏ စိတ်ဓာတ်အပေါ် သက်ရောက်မှု မရှိမည် မဟုတ်ပါလော။

လက်ရှိတွင် ကျန်းရီသည် ကော့ချန်နယ်မြေအပြင်ဘက်ရှိ တောင်တစ်လုံး၏ထိပ်တွင် ပုန်းအောင်းနေ၏။ သူသည် တောင်ထိပ်မှနေ၍ ကြမ်းကြုတ်နဂါးဘုရင်တို့၏ လှုပ်ရှားမှုကို စောင့်ကြည့်နိုင်သည်။ ထို့ပြင် ကော့ချန်နယ်မြေထဲရှိ လှုပ်ရှားမှုများကိုလည်း စောင့်ကြည့်နိုင်ပေသည်။

နာရီနှစ်ဆယ်ကျော်ကြာပြီးနောက် ကော့ချန်နယ်မြေထဲ လျင်မြန်စွာ ဝင်သွားနေကြသော ထောက်လှမ်းရေးအရေအတွက်မှာ များ၍ များ၍ လာ၏။ ကြမ်းကြုတ်နဂါးဘုရင်တို့က အဆင့်နိမ့်မိစ္ဆာများကို စသတ်နေပြီဖြစ်ကြောင်း ထင်ရှားသည်။ ထိုထောက်လှမ်းရေးများက ကော့ချန်မြို့ထဲရှိ ဖုန့်နီတို့ထံ တိုက်ရိုက်သတင်းပို့မည်သူများ ဖြစ်ရပေမည်။

သို့သော် ကျန်းရီကို စိတ်ပျက်စေသည့် အရာတစ်ခု ဖြစ်လာ၏။ အရှေ့ဒေသ မဟာမိတ်စစ်တပ်ကြီးက မည်သို့မှ မလှုပ်ရှားချေ။ ထိုထောက်လှမ်းရေးများ ဝင်သွားပြီးနောက်တွင်ပင် မည်သို့မှ ဖြစ်မလာ။ ဖုန့်နီ၏ နှလုံးသားက သံမဏိကဲ့သို့ မာကြောပေသည်။ သူမသည် အပြင်ဘက်မှ မိစ္ဆာများကို လုံးဝအရေးမစိုက်ဘဲ ကြမ်းကြုတ်နဂါးဘုရင်တို့ သတ်လိုက သတ်စေဟု ခွင့်ပြုထားလေသည်။

အနိမ့်ဘုံအချိန် သုံးရက်ကြာအောင် စောင့်ကြည့်နေပြီးနောက် ထောက်လှမ်းရေး တစ်ရာကျော် ကော့ချန်နယ်မြေထဲ ဝင်သွားသည်ကို တွေ့ခဲ့ရပြီဖြစ်သည်။ သို့သော် စစ်တပ်မှာ မည်သို့မှ မလှုပ်ရှားသေးချေ။ ထို့ကြောင့် ကျန်းရီ တိတ်တဆိတ်နှင့် ပြန်ဆုတ်သွားသည်။

ဖုန့်နီ၏ နှလုံးသားက အလွန်မာကြောသည်။ လက်ရှိနည်းလမ်းနှင့် ကျန်းရီတို့ စစ်တပ်ကို အပြင်ထွက်လာအောင် ဖိအားပေးနိုင်မည် မဟုတ်ပေ။ ရန်သူစစ်တပ်က ဖရိုဖရဲ ဖြစ်မနေလျှင် ကျန်းရီသည် ရန်သူနှင့်အတူသေရန် ဆန္ဒမရှိဘဲနှင့် သူ့စစ်တပ်ကို ကော့ချန်နယ်မြေထဲ ဦးဆောင်ခေါ်မသွားနိုင်ပါပေ။

ထို့ကြောင့် ဆက်သတ်ဖြတ်နေလျှင်လည်း အကျိုးမရှိတော့ချေ။ ကျန်းရီ ပြန်သွားလိုက်ပြီး ကြမ်းကြုတ်နဂါးဘုရင်တို့ကို ဆက်မသတ်တော့ရန် အမိန့်ပေးဖို့ ဆုံးဖြတ်လိုက်သည်။ သူ ပို၍ထိရောက်သော နည်းလမ်းတစ်ခုကိုလည်း စဉ်းစားမိထားသည်။ အကယ်၍ မည်သည့် ပြဿနာမှ ရှိမလာလျှင် သူတို့ ဤတိုက်ပွဲတွင် အပြည့်အဝ အနိုင်ရနိုင်ပေသည်။

***

All Chapters