← Chapters

တောင်ပိုင်းထိပ်တန်းအရှင်သခင်အသစ်

Vol. 80 Ch. 1121

တောင်ပိုင်းထိပ်တန်းအရှင်သခင်အသစ်

Vol. 80 Ch. 1121

အခန်း (၁၁၂၁) တောင်ပိုင်းထိပ်တန်းအရှင်သခင်အသစ်

လူတစ်ယောက်၏သတင်းထွက်ပေါ်လာခြင်းက အကျိုးဆက်ဆိုးရွားသည်ဖြစ်သော်လည်း အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက အပြန်အလှန်သူလျှိုများရှိနေကြသည်ဖြစ်ရာ သတင်းအချက်အလက် ရရှိနိုင်သည်။

ထိပ်တန်းလျှို့ဝှက်သတင်းများနှင့် အရေးကြီးသတင်းများ ရယူနိုင်ရန် ခက်ခဲသော်လည်း အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က ပိုးသားဧကရာဇ်၏ တာအိုနယ်မြေဖြစ်သော ‘မြောက်ဖေးတောင်ထွတ်’ ကို တိုက်ခိုက်သည်ဆိုသောသတင်းကတော့ လူတိုင်းသတိထားမိကြမည့် သတင်းမျိုး ဖြစ်သည်။

လူအချို့က သိုသိုသိပ်သိပ်ဖြင့် သတင်းများဖုံးဖိရန်ကြိုးစားသော်လည်း ဤသို့သော ကမ္ဘာမြေတုန်လှုပ်စေသည့်သတင်းမျိုးက ဖုံးမရဖိမရ ပျံ့နှံ့သွားမည်ပဲ ဖြစ်သည်။

ချန်ချန်းဟွာက ထိပ်တန်းအရှင်သခင် (၁၀)ပါး၏ ခေါင်းဆောင်ဖြစ်သလို အထက်ဘုံကမ္ဘာမှ လောကပထမ သိုင်းသူတော်စင်ဖြစ်ပြီး နှစ်ပေါင်း (၂၀၀)မှ နှစ်ပေါင်း (၃၀၀)အတွင်း အထူးချွန်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

ပိုးသားဧကရာဇ်ကတော့ အစစ်အမှန်နတ်ဘုရားတစ်ပါးဖြစ်ပြီး အုပ်စိုးရှင် (၅)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ကာ အထက်ဘုံကမ္ဘာ၏ အထွတ်ထိပ်တန်ခိုးစွမ်းအားရှင်များထဲမှ တစ်ယောက် ဖြစ်သည်။

ထိုသို့သောလူနှစ်ယောက် ပြဿနာဖြစ်ခြင်းက အတော်လေး ဆူဆူညံညံ ဖြစ်သွားစေမည်မှာ သဘာဝကျသည်။

သို့သော် ပိုးသားဧကရာဇ်က သူနေထိုင်ရာ ကျောက်ဂူအိမ်တော်တွင် ရှိမနေခဲ့ပေ။

သို့ဖြစ်ရာ ရလဒ်အနေဖြင့် ချန်ချန်းဟွာက မြောက်ဖေးတောင်ထွတ် တောင်တံခါးကို ဖိနှိပ်ပြီး ကြာပန်းနီကမ်းပါးကို တိုက်ခိုက်ခဲ့သည်။

ကြာပန်းနီကမ်းပါးက ပိုးသားဧကရာဇ် တာအိုတရားဖြန့်ကျက်တည်ရှိရာနေရာဖြစ်ပြီး ထိုနေရာ၏ ခံစစ်စွမ်းအားက အမုန်းတရားမဲ့တာအိုနန်းတော်ထက်ပင် ပိုမိုအားကောင်းသည်။

သို့သော် ချန်ချန်းဟွာဆိုသည်က ပိုးသားဧကရာဇ်ကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိသည့် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်၏။

ကြာပန်းနီကမ်းပါးတွင် ပိုးသားဧကရာဇ် မရှိပါက ထိုနေရာမှ ကျင့်ကြံသူများအနေဖြင့် ချန်ချန်းဟွာကို ခဏမျှသာ တားဆီးနိုင်ပေလိမ့်မည်။ ထို့ပြင် အချိန်အလုံအလောက်ရနေသည့် ချန်ချန်းဟွာအတွက် ကြာပန်းနီကမ်းပါးကို ချိုးဖျက်နိုင်သည်မှာ သဘာဝကျသည်။

ထိုသတင်းကိုကြားတော့ ရန်ကျောက်ကဲ အံ့သြသွားသည့်တိုင် အလွန်အမင်း အံ့အားသင့်တုန်လှုပ်သွားခြင်း မရှိပေ။ သူက အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ ၏ စိတ်နေသဘောထားကို နားလည်နေပြီ ဖြစ်သည်။

ချန်ချန်းဟွာကငရဲကိုးထပ်တွင် ရန်ကျောက်ကဲလှည့်ကွက်ထဲ ကျရောက်သွားပြီး ပိုးသားဧကရာဇ်၏ အမတမှော်ဝင်ပစ္စည်းဖြစ်သော စစ်ထိုက်ရှန်းထျန်းအလံကြောင့် ဒဏ်ရာရသွားခဲ့သည်။

သို့သော် ချန်ချန်းဟွာက ထိုအချက်ကြောင့် ပိုးသားဧကရာဇ်ကို လက်စားချေခြင်းမဟုတ်သလို လက်စားချေရန်လည်း စဉ်းစားမည် မဟုတ်ပေ။

သူက မြောက်ဖေးတောင်ထွတ် ၊ ကြာပန်းနီကမ်းပါးကို ရည်ရွယ်ချက် ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

ဖုထင်...။

ချန်ချန်းဟွာ၏ ပစ်မှတ်ထားသည်က ပိုးသားဧကရာဇ်၏ အကြီးဆုံးသမီးတော် ကြာပန်းနီဒေဝီ ‘ဖုထင်’ ဖြစ်သည်။

ဟုတ်ပေ၏။

အထက်ရပ်ထိပ်တန်းအရှင်သခင်က ဖုထင်အတွက် မည်သည့်ထူးခြားသောအတွေးမှ မရှိခဲ့သလို ညီဖြစ်သူ  ‘ချန်ခွန်းဟွာ’ နှင့် ဖုထင်ကို လက်ဆက်ပေးရန်လည်း ရည်ရွယ်ချက်မရှိပေ။

သူ၏ရည်ရွယ်ချက်က ဖုထင်ကို သတ်ဖြတ်ပစ်ရန် ဖြစ်သည်။

အနက်ရောင်ပိုးသားဧကရာဇ်နှင့် အဖြူရောင်ပိုးသားဧကရာဇ် မည်သူက အနိုင်ရမည်ဖြစ်စေ ကိစ္စမရှိပေ။ ဖုထင်နှင့်မန်ဝမ်ကို သတ်ဖြတ်လိုက်လျှင် ခံစားချက်ကင်းမဲ့သည့် အနက်ရောင်ပိုးသားဧကရာဇ်ဘက်မှ အင်အားတိုးပွားလာမည် ဖြစ်သည်။

ဤသည်က ရန်ကျောက်ကဲလိုချင်သည့် ရလဒ် မဟုတ်ပေ။

ချန်ချန်းဟွာက ရန်ကျောက်ကဲနှင့်ကစားရန်အတွက် ပိုးသားဧကရာဇ်ကို နယ်ရုပ်တစ်ခုပမာ အသုံးပြုနေခြင်းသာပင်။

ရန်ကျောက်ကဲက...

“ကြာပန်းနီကမ်းပါး တိုက်ခိုက်ခံရတယ်ဆိုတော့ လူအသေအပျောက်ရှိလား သိချင်မိတယ် ၊ ပြီးတော့... တိုက်ပွဲ နောက်ဆုံးရလဒ်က ဘာဖြစ်လာမလဲ”

ဘေးနားတွင်ရှိနေသည့် လုန်ဟန့်ဟွာက...

“အခြေအနေအတိအကျကိုတော့ မသိရသေးဘူး ၊ ဒါပေမဲ့ အသေအပျောက်ရှိမှာတော့ သေချာတယ်”

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်ကို တစ်ချက်ပွတ်သပ်ရင်း...

“ပိုးသားဧကရာဇ် အဲဒီမှာမရှိဘူးဆိုတော့ ဘယ်သူမှ ချန်ချန်းဟွာကို တားဆီးနိုင်မှာ မဟုတ်ဘူး”

လုန်ဟန့်ဟွာက ခဏမျှ တိတ်ဆိတ်နေပြီးမှ...

“လွှမ်းခြုံဧကရာဇ်က ကြာပန်းနီကမ်းပါးကို ကာကွယ်ပေးဖို့ ရောက်လာတယ်လို့ကြားတယ် ၊ ဒါပေမဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင် ကြာပန်းနီကမ်းပါးကို ဖျက်ဆီးတာကို မကာကွယ်နိုင်ခဲ့ဘူး”

“အိုး...”

ဤစကားကြားတော့ ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားသည်။

ယေဘူယျဆိုရလျှင် ချန်ချန်းဟွာနှင့် လွှမ်းခြုံဧကရာဇ်က တန်ခိုးစွမ်းအား ညီမျှသည်ဆိုလျှင် ၊ ချန်ချန်းဟွာက ကြာပန်းနီကမ်းပါးကိုတိုက်ခိုက်ချိန် လွှမ်းခြုံဧကရာဇ်က ကြာပန်းနီကမ်းပါးကို ကာကွယ်ရန် ကြိုးစားသည့်အချိန် ချန်ချန်းဟွာဘက်မှ အားသာချက်ရှိပြီး အသာစီးရရှိမည် အမှန်ပင်။

သို့ပေသိ ယခုအခြေအနေအရ...

ပထမအချက်မှာ ကြာပန်းနီကမ်းပါးဆိုသည်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်လောက်အောင် လုံလောက်သည့် တန်ခိုးစွမ်းအားရှိသော အဖွဲ့အစည်း ဖြစ်သည်။

ဒုတိယအချက်မှာ ချန်ချန်းဟွာထက် လွှမ်းခြုံဧကရာဇ်က တန်ခိုးစွမ်းအား ပိုမိုမြင့်မားသည်။

ကျင့်ကြံခြင်းစွမ်းအားအရ ပြောမည်ဆိုလျှင် အထက်ရပ်ထိပ်တန်အးရှင်သခင် ချန်ချန်းဟွာက အစစ်အမှန်နတ်ဘုရားများကို ထိပ်တိုက်ရင်ဆိုင်ရန် အရည်အချင်းရှိပြီး အထက်ဘုံကမ္ဘာမှ သိုင်းသူတော်စင်များအလယ် တန်ခိုးစွမ်းအား အမြင့်မားဆုံးဟု ဆိုနိုင်သည်။

သို့သော် ပြဿနာမှာ အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ဖြစ်သည်။

လွှမ်းခြုံဧကရာဇ်တွင်လည်း ပိုးသားဧကရာဇ်လိုပင် အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိသည်။

နတ်ဘုရားအဆင့်ရှိသော တန်ခိုးစွမ်းအားရှင်တစ်ယောက်က သိုင်းသူတော်စင်တစ်ယောက်ကို အနိုင်မယူနိုင်သဖြင့် အမတမှော်ဝင်ပစ္စည်းအသုံးပြုရမည်ဆိုလျှင် အတော်လေး လူကြားမကောင်းသည့်အချက် ဖြစ်သည်။

သို့သော် ကြာပန်းနီကမ်းပါးကို ကာကွယ်ရန်အတွက် လွှမ်းခြုံဧကရာဇ်က အမတမှော်ဝင်ပစ္စည်းကို အသုံးပြုမည်ဆိုပါက နားလည်ပေးနိုင်ပေသည်။

လွှမ်းခြုံဧကရာဇ် အမတမှော်ဝင်ပစ္စည်းကိုအသုံးပြုသည့်တိုင် ချန်ချန်းဟွာက ကြာပန်းနီကမ်းပါးကို ထိုးဖောက်အောင်မြင်သွားသည်ဆိုလျှင် ဤကိစ္စက အတော်လေး ကြောက်စရာကောင်းနေပေသည်။

ရန်ကျောက်ကဲက မေးလိုက်သည်။

“လွှမ်းခြုံဧကရာဇ်က သူနဲ့အတူ အမတမှော်ဝင်ပစ္စည်းကို ယူမသွားဘူးလား”

သူကိုယ်တိုင်လည်း ချန်ချန်းဟွာနှင့် တိုက်ခိုက်ဖူးသည်ဖြစ်ရာ ချန်ချန်းဟွာ၏ တန်ခိုးစွမ်းအား အတိမ်အနက်ကို ယေဘူယျခန့်မှန်းနိုင်စွမ်း ရှိသည်။

သို့သော် ချန်ချန်းဟွာက အမတမှော်ဝင်ပစ္စည်းတစ်ခုပိုင်ဆိုင်ထားသည့် အစစ်အမှန်နတ်ဘုရားတစ်ပါးကိုတော့ လက်ဗလာဖြင့် ရင်ဆိုင်နိုင်မည်ဟု ရန်ကျောက်ကဲ မယုံကြည်ပေ။ တစ်ချိန်တည်းပင် ကြာပန်းနီကမ်းပါးကိုလည်း ထိုးစစ်ဆင်ခဲ့သည်ဖြစ်ရာ ပိုပြီး ယုံကြည်ရန် ခက်ခဲသည်။

လုန်ဟန့်ဟွာက တိုးတိတ်သည့်လေသံဖြင့်...

“လွှမ်းခြုံဧကရာဇ်က အမတမှော်ဝင်ပစ္စည်း ထုတ်သုံးတယ်လို့ပြောတယ်”

ရန်ကျောက်ကဲ မျက်မှောင်ကြုံ့လိုက်သည်။

သူ့စိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။

“ဒါဖြင့် ဖြစ်နိုင်တာက....”

ရန်ကျောက်ကဲအတွေးများကို သိရှိလိုက်သည်နှင့် လုန်ဟန့်ဟွာက...

“မင်း ခန့်မှန်းတာ မှန်တယ် ၊ အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်’ ရဲ့လက်ထဲမှာလည်း အမတမှော်ဝင်ပစ္စည်းတစ်ခု ရှိနေတယ်”

ရန်ကျောက်ကဲ သူ့နဖူးကိုပွတ်သပ်ရင်း...

“ဒါက တကယ်ပဲ...”

ကောင်းရွှယ်ပေါ်နှင့် လုန်ဟန့်ဟွာတို့ တူဝရီးမှာလည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ခေါင်းခါယမ်းလိုက်မိကြသည်။

အမတမှော်ဝင်ပစ္စည်းဆိုသည်က ရှားပါးပစ္စည်းတစ်ခုပင်။

ကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုသို့သောပစ္စည်းမျိုးကို ပြုလုပ်ရန်ခက်ခဲသလို ကုန်ကြမ်းပစ္စည်းကလည်း ရှားပါးလွန်းသည်။

ထို့ကြောင့် အချို့သော ဧကရာဇ်မင်းများဆိုလျှင် နတ်ဘုရားတံခါး ဖွင့်လှစ်ပြီးသည့်တိုင် သူတို့လက်ထဲတွင် အမတမှော်ဝင်ပစ္စည်းကို ကိုင်ဆောင်နိုင်ခြင်း မရှိကြပေ။

မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက ထိုသို့ပင် ဖြစ်လေသည်။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အရာအားလုံးက ပျက်ဆီးကြေမွသွားခဲ့သည်ဖြစ်ရာ ပို၍ပင် အခြေအနေက ဆိုးရွားသွားခဲ့သည်။

အစစ်အမှန်နတ်ဘုရားများသည်ပင် အမတမှော်ဝင်ပစ္စည်းကို မကိုင်ဆောင်နိုင်သည်ဖြစ်ရာ လူသားအထွတ်ထိပ်ကျင့်ကြံသူတစ်ယောက်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

သို့သော် နေရာတိုင်းတွင် ချွင်းချက်ရှိနိုင်ပြီး ဤသို့ချွင်းချက်ရှိသည်ကလည်း အမှန်တရား ဖြစ်သည်။

ဥပမာဆိုရသော်....

ယခု ရန်ကျောက်ကဲရှေ့တွင်ရှိနေသည့် ကောင်းရွှယ်ပေါ်သည်လည်း လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည့်တိုင် သူ့လက်ထဲတွင် ပြီးပြည့်စုံသည့် အမတမှော်ဝင်လက်နက်တစ်ခု ကိုင်ဆောင်ထားသည်။

အတိအကျဆိုရလျှင်တော့ ထို အမတမှော်ဝင်ပစ္စည်းက ကောင်းရွှယ်ပေါ်၏ ကိုယ်ပိုင်ပစ္စည်း မဟုတ်ပေ။

ထိုပစ္စည်းက ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်တုန်းက ပိုင်ဆိုင်သည့် မှော်ဝင်ဓားဖြစ်ပြီး သူမက အကြီးဆုံးသားဖြစ်သော ကောင်းရွှယ်ပေါ်ထံ လက်ဆင့်ကမ်းပေးခဲ့ခြင်းပင်။

မဟုတ်ပါက သိုင်းသူတော်စင်တစ်ယောက်မျှဖြစ်သော ကောင်းရွှယ်ပေါ်အနေဖြင့် အမတမှော်ဝင်လက်နက်တစ်ခုအား ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ညီဖြစ်သူ လုန်ရွှယ်ကျီးကတော့ နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး အစစ်အမှန်နတ်ဘုရား ဖြစ်လာသည့်တိုင် အမတမှော်ဝင်ပစ္စည်း ကိုင်ဆောင်နိုင်ခြင်း မရှိ‌ပေ။

ဟုတ်ပေ၏။

လုန်ရွှယ်ကျီးကိုယ်တိုင်က သူနှင့်ကိုက်ညီသည့် အမတမှော်ဝင်ပစ္စည်းတစ်ခု ပြုလုပ်လိုသည့်အတွက် သူက အခြားသော အမတမှော်ဝင်ပစ္စည်းများကို မရယူခဲ့ခြင်း ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သိုင်းသူတော်စင်တစ်ယောက် အမတမှော်ဝင်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားခြင်းက ရှားပါးဖြစ်ရပ် တစ်ခုသာပင်။

ချန်းချန်းဟွာမှာတော့ သူ့ကို အမတမှော်ဝင်ပစ္စည်း လက်ဆင့်ကမ်းပေးမည့် မည်သည့်အကြီးအကဲမှ မရှိခဲ့ပေ။

“အခွင့်အရေးတစ်ခုရပြီး သူ အဲဒီပစ္စည်း ရသွားတာဖြစ်မယ်”

ရန်ကျောက်ကဲ နှုတ်ခမ်းတစ်ချက်သပ်ရင်း တွေးလိုက်သည်။

“မူလကောင်းကင်ကျမ်းစာက ဒါမျိုးကိစ္စတွေကျတော့ တကယ့်ကို အဖိုးတန်တာပဲ”

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ရရှိသည့်သတင်းအချက်အလက်က အလွန်ရိုးရှင်းသည်။ အထက်ဘုံကမ္ဘာတွင် အမှန်တကယ် ဖြစ်ပျက်နေသည်များကို အတိအကျ သိရှိနိုင်မည် မဟုတ်ပေ။

ယခုတစ်ကြိမ် ချန်ချန်းဟွာ၏လုပ်ရပ်က အတော်လေး ကြီးမားသော ပြဿနာဖြစ်ပြီး လွယ်လွယ်နှင့်အဆုံးသတ်သွားမည် မဟုတ်ပေ။

သို့ပေသိ ဖုထင်၏လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲလည်း မရေမရာ ဖြစ်နေခဲ့သည်။

ပြောရမည်ဆိုလျှင် ကြာပန်းနီကမ်းပါးနှင့် ဖုထင်တို့အုပ်စုက ပိုးသားဧကရာဇ် ရုတ်တရက် တိုက်ခိုက်လာမည်ကို စိုးရိမ့သည့်အတွက် ကြိုတင်ပြင်ဆင်ထားမည်မှာ သေချာသည်။

သို့ရာတွင် ပိုးသားဧကရာဇ် ရောက်မလာဘဲ ချန်ချန်းဟွာ ရောက်လာခဲ့သည်။

အခြားသူဆိုလျှင် ဖုထင်အနေဖြင့် ကြာပန်းနီကမ်းပါးမှ ရှောင်ပြေးမည် မဟုတ်ပေ။ သို့သော် ရောက်လာသူက ချန်ချန်းဟွာဖြစ်နေသဖြင့် သူမရှောင်တိမ်းထွက်ပြေးသွားနိုင်သည်။

သို့သော် ချန်ချန်းဟွာက မူလကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်လေရာ ပိုးသားဧကရာဇ်ထက်ပင် ပိုမိုလွယ်ကူစွာ ဖုထင်ရှောင်တိမ်းသွားသည့်နေရာကို ရှာဖွေနိုင်ပေမည်။

နောက်တစ်ချက်မှာ ဖုထင်အနေဖြင့် ကြာပန်းနီကမ်းပါးတွင်သာ နေထိုင်ပြီး လွှးမ်းခြုံဧကရာဇ်က သူမကို ကာကွယ်ပြီး အဝေးသို့ ခေါ်ထုတ်သွားနိုင်သည်။

ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ်တို့ထံတွင် ပြန်ရန် ခွင့်တောင်းလိုက်သည်။

“ဆရာဦးလေး‌‌’ကောင်း’ ... ကျွန်တော် အထက်ဘုံကမ္ဘာကိုပြန်မှ ဖြစ်မယ်ထင်တယ်”

သူနှင့်ဖုထင် ခင်မင်သည်ကတစ်ကြောင်း ၊ အဖြူရောင်ပိုးသားဧကရာဇ်နှင့် အနက်ရောင်ပိုးသားဧကရာဇ်တိုက်ခိုက်နေသည်ကတစ်ကြောင်း ဖြစ်လေရာ ရန်ကျောက်ကဲအနေဖြင့် အထက်ဘုံကမ္ဘာသို့ အမြန်ပြန်ရန် လိုအပ်သည်။

ရန်ကျောက်ကဲစိတ်ထဲ မည်သို့တွေးသည်ကိုမသိသော်လည်း ကောင်းရွှယ်ပေါ်က မည်သည့်မေးခွန်းမှမမေးဘဲ ချက်ချင်း ခေါင်းညိတ်သဘောတူလိုက်သည်။

“မင်းအဖေကို ငါက နှုတ်ဆက်တယ်လို့ ပြောလိုက်ပါ ၊ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို မင်းတို့လာမယ်ဆိုရင်လည်း အမြဲတမ်း ကြိုဆိုနေပါတယ်”

ရန်ကျောက်ကဲက....

"ကျေးဇူးတင်ပါတယ် ဆရာဦးလေး'ကောင်း'"

ထို့နောက် ရန်ကျောက်ကဲက ကောင်းရွှယ်ပေါ် ၊ လင်ဟန့်ဟွာနှင့် အခြားသူများကို နှုတ်ဆက်စကားဆိုပြီး မန်ဝမ်ကိုခေါ်ဆောင်ကာ အထက်ဘုံကမ္ဘာသို့ ပြန်ခဲ့လေသည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အထက်ဘုံကမ္ဘာသို့ပြန်ရန် များပြားလှစွာသော ဗလာနယ်အရံအတားများကို ဖြတ်ကျော်ရပေမည်။

ခရီးရှည်ကြီးနှင်ပြီးသည့်နောက် ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။

သို့သော် မြေပေါ်သို့ ခြေမချရသေးခင်မှာပင် မျှော်လင့်မထားသောသတင်းတစ်ခု ကြားလိုက်ရသည်။

"တောင်ပိုင်းထိပ်တန်းအရှင်သခင်" အသစ်ထွက်ပေါ်လာပြီဆိုသောသတင်း ဖြစ်ပေ၏။

All Chapters