← Chapters

ဦးလေး၊ သမီးကို ကယ်ပါဦး

Vol. 83 Ch. 1145

ဦးလေး၊ သမီးကို ကယ်ပါဦး

Vol. 83 Ch. 1145

အမှန်တကယ်ပင် လုံလောက်မှုမရှိပေ။

ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းလမ်းစဉ်အား ကဏ္ဍသုံးခု ခွဲနိုင်ပေသည်။ ၎င်းတို့မှာ နတ်ဘုရားဝိညာဉ်၊ ကျင့်ကြံခြင်းအဆင့်နှင့် အပြင်ခန္ဓာကိုယ်တို့ ဖြစ်သည်။ ထို ကဏ္ဍသုံးခုမှာ တူညီမှုမရှိဘဲ ကွဲပြားခြားနားနေသည့်ပုံ ပေါ်ပါသော်လည်း အမှန်တကယ်တွင်မူ တစ်ခုနှင့်တစ်ခုဆက်နွှယ်နေ၏။ ပုံမှန်အတိုင်းဆိုလျှင် ကဏ္ဍတစ်ခု တိုးတက်လာပါက အခြား ကဏ္ဍနှစ်ခုမှာလည်း အားပြည့်လာမည် ဖြစ်သည်။

သို့သော် ထို ကဏ္ဍသုံးခုစလုံးအား တစ်ပြိုင်နက်တည်း တိုးတက်အောင် လုပ်နိုင်သည့် ကျင့်ကြံသူများမှာ မရှိသလောက် နည်းပေသည်။ ထိုကဲ့သို့သော ကျင့်ကြံသူများမှာ ပြိုင်ဘက်ကင်းပြီး ကမ္ဘာကြီးအား လွှမ်းမိုးနိုင်စွမ်းရှိသော ကျင့်ကြံသူများဖြစ်ကြ၏။

ဝမ်ပေါင်လဲ့မှာ ထိုကျင့်ကြံခြင်းလမ်းစဉ်အား လျှောက်နေခြင်းဖြစ်သည်။ သူ၏ နတ်ဘုရားဝိညာဉ်မှာ နှောင်းပိုင်း ထာဝရကြယ်အဆင့်သို့ ရောက်နေပြီဖြစ်သလို သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း နှောင်းပိုင်း ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ ၎င်းမှာ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်နိုင်ရန် ဆံချည်မျှင် တစ်မျှင်စာမျှသာ လိုတော့၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာမူ ၎င်းတို့နှင့် ယှဉ်လိုက်ပါက အနည်းငယ် အဆင့်နိမ့်နေသေးပါသော်လည်း အလယ်အလတ် ထာဝရကြယ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် သူ၏ လက်ရှိ တိုက်ရည်ခိုက်ရည်စွမ်းအား အဆင့်အတန်းမှာ သူ ချုံးရိကျစ်နှင့် တိုက်ခိုက်ခဲ့စဉ်တုန်းကထက် ပို၍သာလွန်နေပြီဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းမှာ အနည်းငယ်မျှသာ မဟုတ်ဘဲ ဆယ်ဆကျော်အထိ ပို၍ သာလွန်နေခြင်းဖြစ်၏။

ထို့ကြောင့်လည်း သူသည် ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်အား လက်ဝါးချက်တစ်ချက်တည်းနှင့် ဇီဝိန်ချုပ်ပစ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့်... ပါရမီရှင်ဆယ်ယောက်ကျော် အတူတကွ ပူးပေါင်းတိုက်ခိုက်လိုက်လျှင်တောင် သူတို့မှာ ဝမ်ပေါင်လဲ့အား ယှဉ်နိုင်မည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ လုံးဝရပ်တန့်သွားခြင်းမရှိဘဲ အတူတကွ ပူးပေါင်းသွားကြသည့် ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်၏။ ထိုအချိန်တွင် သူ၏ နောက်၌ နတ်ဆိုးမျက်လုံးပညာရပ် ပေါ်ပေါက်လာသည်။ ၎င်း၏ အကြည့်မှာ ကျင့်ကြံသူများ၏ နတ်ဘုရားဝိညာဉ်များအား အေးခဲသွားအောင်် ပြုလုပ်နိုင်စွမ်း ရှိနေသဖြင့် ထိုပါရမီရှင်မျာ၏ နတ်ဘုရားဝိညာဉ်များမှာ အပြင်းအထန် တုန်ရီသွားကြတော့သည်။

ထို့နောက် အထူးဂြိုဟ်အလုံးတစ်သောင်းကျော် ပေါ်ပေါက်လာပြီး နတ်နွားကြီးမှာ အော်ဟစ်မြည်တမ်းကာ ရှေ့သို့ ပြေးထွက်လာသည်။ ၎င်းမှာ ကမ္ဘာမြေကြီးအား အက်ကွဲသွားစေနိုင်ပြီး မိုးကောင်းကင်ကြီးအား ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့ကြောင့် ကျင့်ကြံသူများအားလုံးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြ၏။ သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် မန္တန်များမှာ ပျက်စီးသွားကြသလို သူတို့၏ ဓမ္မရတနာများမှာလည်း နောက်သို့ လွင့်ထွက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာလည်း ကြိုးပြတ်သွားသည့် စွန်များကဲ့သို့ ပရမ်းပတာဖြစ်သွားကြ၏။

ထိုကဲ့သို့ အံ့သြတုန်လှုပ်ဖွယ်ရာ မြင်ကွင်းကြောင့် အခြား ကျင့်ကြံသူများမှာ မျက်လုံးများ ပြူးသွားကြပြီး နှလုံးသားထဲ၌ ဗြောင်းဆန်သွားကြတော့သည်။

သို့သော် သူတို့ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းပြီးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် အဝေးသို့ ထွက်ပြေးဆုတ်ခွာသွားနေသည့် ကျင့်ကြံသူတစ်ယောက်၏ ရှေ့တွင် ချက်ချင်းပေါ်ပေါက်လာ၏။ ထို ကျင့်ကြံသူမှာ ချောမောလှပသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သို့သော် သူမ၏ မျက်ဝန်းများထဲတွင်မူ တုန်လှုပ်ချောက်ချားမှု အရိပ်အယောင်များနှင့် ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူမသည် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် စကားပြောရန်ပြင်လိုက်သည်။

" နင်... "

သို့သော် သူမ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့မှာ ဂရုမစိုက်သည့် အမူအရာဖြင့် ထိုးနှက်လိုက်၏။ ထို့ကြောင့် ထို အမျိုးသမီး ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ပေါက်ကွဲပျက်စီးသွားတော့သည်။ ထို့နောက် သူသည် လှစ်ခနဲ လှုပ်ရှားကာ အခြားကျင့်ကြံသူတစ်ယောက်၏ ဘေးတွင် ပြန်လည်ပေါ်ပေါက်လာပြီး သူ့အား လှမ်းကန်လိုက်ပြန်သည်။

ပုံမှန်ဆိုလျှင် နှောင်းပိုင်း ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်တွင် ရှိနေသည့် သာမန်ကျင့်ကြံသူ တစ်ယောက်၏ အပြင်ခန္ဓာကိုယ်စွမ်းအားမှာ ထိုမျှလောက် အစွမ်းထက်နေမည်မဟုတ်ပေ။ သို့သော် ဝမ်ပေါင်လဲ့မှာ ကြယ်အမြောက်အမြား ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ ထို့ကြောင့် သူ၏ အပြင်ခန္ဓာကိုယ်မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသည့် အခြားကျင့်ကြံသူများထက် ပို၍ တောင့်တင်းခိုင်မာနေ၏။

သူ၏ ကန်ချက်ကြောင့် သနားစရာကောင်းသည့် အော်ဟစ်မြည်တမ်းသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့၏ ကန်ကျောက်ခြင်းကို ခံလိုက်ရသော ကျင့်ကြံသူမှာ ပေါက်ကွဲသွား၏။ သူ၏ ဝိညာဉ်မှာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားပါသော်လည်း လွတ်မြောက်နိုင်စွမ်းမရှိဘဲ ဆက်၍ ပေါက်ကွဲသွားပြန်သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ကိုယ်ပွား သုံးခုအဖြစ် ပြောင်းလဲသွားပြီး ချုံးရိကျစ်ထက် ပို၍ သာလွန်သည့် တိုက်ရည်ခိုက်ရည်စွမ်းအားများကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူ သုံးယောက်ဆီသို့ ဦးတည်သွားလိုက်ပြန်သည်။ သူ၏ ကိုယ်ပွားများမှာ သူတို့၏ အနီးသို့ ရောက်ရှိသွားသည်နှင့် လက်သီးချက်တစ်ချက်စီ ထုတ်လွှတ်လိုက်ကြ၏။

သူသည် နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များနှင့် ဓမ္မရတနာများကို အသုံးပြုနေစရာမလိုပေ။ သူ ပိုင်ဆိုင်ထားသည့် အရာများထဲတွင် အစွမ်းအထက်ဆုံးမှာ သူ၏ အပြင်ခန္ဓာကိုယ်ဖြစ်ပေသည်။ ထို့ကြောင့် သူသည် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် လက်သီးချက်သုံးချက် ထုတ်လွှတ်လိုက်၏။

ထိုသို့ဖြင့် တအုန်းအုန်းမြည်သံများ ထွက်ပေါ်လာပြီး ထိုကျင့်ကြံသူ သုံးယောက်စလုံးမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြတော့သည်။ သူတို့၏ အပြင်ခန္ဓာကိုယ်များမှာ ထိုပြင်းအားများကို တောင့်ခံနိုင်စွမ်းမရှိသဖြင့် ပေါက်ကွဲသွားကြ၏။ သို့သော် သူတို့၏ အသွေးအသားများ ပေါက်ကွဲသွားချိန်တွင် သူတို့၏ ဝိညာဉ်များမှာ အပြင်ဘက်သို့ ပျံထွက်လာကြ၏။ အံ့ဩစရာကောင်းသည်မှာ ထို ဝိညာဉ်သုံးခုစလုံး၏ ပတ်ပတ်လည်တွင် ထူးဆန်းသောပစ္စည်းများ ရစ်ဝဲနေခြင်းပင်။

၎င်းတို့မှာ အနက်ရောင် သစ်သားရုပ်တုတစ်ခု၊ သွေးရောင်ဓားတစ်ချောင်းနှင့် အကြေးခွံတစ်ခုတို့ ဖြစ်ကြပေသည်။

ထို ပစ္စည်းသုံးခုစလုံးမှာ ကြယ်နယ်မြေအဆင့် အငွေ့အသက်များကို ထုတ်လွှတ်နေကြ၏။ ၎င်းတို့မှာ ထို ကျင့်ကြံသူသုံးယောက်၏ အကာအကွယ်ရတနာများ ဖြစ်ကြပေသည်။ သူတို့မှာ သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများထဲတွင် ထိပ်သီးအဆင့် ပါရမီရှင်များ မဟုတ်ကြသည့်တိုင်အောင် ထို ပါရမီရှင်များနှင့် မတိမ်းမယိမ်း အနေအထားတွင် ရှိနေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ထို အဖွဲ့အစည်းများမှာ သူတို့အား သူတို့၏ ဝိညာဉ်များကို ကာကွယ်ပေးနိုင်သည့် အဖိုးတန်ရတနာများ ပေးအပ်ထားကြ၏။

ယခုတွင် သူတို့၏ အပြင်ခန္ဓာကိုယ်များ ပျက်စီးသွားသည့်နှင့် ထို ရတနာများမှာ ပေါ်ပေါက်လာကြပြီး ဝမ်ပေါင်လဲ့၏ တိုက်ကွက်ထဲမှ စွမ်းအားများကို ခြေဖျက်လိုက်၏။ ကျင့်ကြံသူသုံးယောက်၏ ဝိညာဉ်များမှာမူ သွေးပျက်လုမတတ် တုန်လှုပ်ချောက်ချားသွားကြပြီး အသက်ဘေးမှ လွတ်မြောက်နိုင်ရန်အလို့ငှာ အရှိန်ကုန်မြှင့်တင်၍ ထွက်ပြေးသွားကြ၏။

ဝမ်ပေါင်လဲ့မှာမူ မျက်လုံးများ မှေးသွားပြီး အေးစက်စက် နှာမှုတ်လိုက်သည်။ သူ၏ အဓိကပစ်မှတ်မှာ မီးဖိုးများထဲရှိ စည်းမျဉ်းဥပဒေသ အကျိုးအပဲ့များကို စုပ်ယူနိုင်ရန်ဖြစ်ရာ အလုပ်ရှုပ်ခံ၍ ထို ဝိညာဉ်များ၏ နောက်သို့ ပြေးလိုက်သွားရန် ဆန္ဒမရှိပေ။ ကျန်ရှိနေသေးသည့် ကျင့်ကြံသူများမှာလည်း အဝေးသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူတို့အား ဂရုစိုက်မနေတော့ဘဲ မီးဖိုကြီးဆီသို့သာ ဦးတည်သွားလိုက်တော့သည်။

ယခုအကြိမ်တွင်မူ မည်သည့်ကျင့်ကြံသူကမှ သူ့အား တားဆီးရန် မကြိုးစားကြတော့ပေ။

ထိုအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လူတိုင်းအား အဝေးသို့ထွက်ပြေးသွားအောင် တွန်းထုတ်နိုင်ခဲ့ပြီး၊ ကျင့်ကြံသူနှစ်ယောက်အား သတ်ဖြတ်နိုင်ခဲ့သည့်အပြင် ထိပ်သီးအဆင့်သို့ ရောက်ခါနီးဆဲဆဲ ဖြစ်နေသည့် ပါရမီရှင်သုံးယောက်အား သူတို့၏ ကြယ်နယ်မြေအဆင့် အသက်ကယ်ရတနာများကို ထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့သည် မဟုတ်ပါသော။ ထို့ကြောင့် ကျန်ရှိနေသေးသည့် ပါရမီရှင်များအားလုံးမှာ ဦးရေခွံများ ထုံကျဉ်သွားကြပြီး ခြေကုန်သုတ်ကာ အဝေးသို့ ထွက်ပြေးသွားကြရတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့ မီးဖိုကြီးဆီသို့ ဦးတည်သွားနေသည်ကို မြင်နေရသည့်တိုင်အောင် မျှော်လင့်မထားသည့် ဖြစ်ရပ်များ ပေါ်ပေါက်လာမည်ကို စိုးရိမ်နေကြဆဲပင်။ ထို့ကြောင့် သူတို့ထဲမှတစ်ယောက်မှာ ချက်ချင်း အော်ပြောလိုက်၏ " ငါ ထွက်ပြီဟေ့"

အခြားတစ်ယောက်မှာလည်း အော်ပြောလိုက်ပြန်သည် " ငါလည်း မီးဖိုတွေကို မလုတော့ဘူး "

" ငါတို့တွေ တိုက်ပွဲထဲကနေ နှုတ်ထွက်တယ် "

" တာအိုရောင်းရင်ဝမ်။ ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့။ ကျွန်တော်လည်း မီးဖိုတွေကို မလုတော့ပါဘူး "

အဝေးသို့ ထွက်ပြေးသွားနေကြသည့် ကျင့်ကြံသူများမှာ တိုက်ပွဲထဲမှ နှုတ်ထွက်ကြောင်း တစ်ယောက်ပြီးတစ်ယောက် အသိပေးလိုက်ကြ၏။ သူတို့မှာ နားလည်မှုလွဲသွားမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူတို့အား မှင်တက်သွားစေခဲ့သည် မဟုတ်ပါလော။ သူသည် အချို့သော ကြယ်နယ်မြေအဆင့် ကျင့်ကြံသူများနှင့်ပင် လက်ရည်တူနေပြီ ဖြစ်သည်။ ထို့အပြင် သူတို့မှာ သူ၏ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသေးသည်။

ထိုကဲ့သို့သော ကျင့်ကြံသူမျိုးနှင့် ရင်ဆိုင်ရခြင်းမှာ ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေမည်ဖြစ်သည်။ ထို့ကြောင့်လည်း ပါရမီရှင်များမှာ လူစုခွဲသွားကြပြီး အခြား မီးဖိုများကိုသာ သွားလုရန် ဆုံးဖြတ်လိုက်ကြတော့သည်။

ထို့ကြောင့် အခြား မီးဖိုများ၏ အနီးတွင်ရှိနေသည့် တိုက်ပွဲကြီးများမှာ ပို၍ ပြင်းထန်လာကြ၏။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများကို ဂရုစိုက်နေခြင်းမရှိဘဲ သူ ရွေးချယ်ထားသည့် မီးဖိုထဲသို့သာ ဝင်သွားလိုက်သည်။ ထို မီးဖို၏ အတွင်းပိုင်းနှင့် အပြင်ပိုင်းတွင် သူမှ လွဲ၌ အခြားမည်သည့်ကျင့်ကြံသူမှ မရှိပေ။ လူအများစုမှာ သူ့အား အကဲခတ်နေကြသည့်တိုင်အောင် မည်သူကမှ သူ၏ အနီးသို့ မသွားရဲကြပေ။

သူတို့ထဲမှ အများစုမှာ ကြောက်ရွံ့နေကြသလို တစ်ချိန်တည်းမှာပင် အားကျနေကြ၏။ ဝမ်ပေါင်လဲ့မှာ မည်သူ့ကိုမဆို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိနေသည့် လူတစ်ယောက်ကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။

ပါရမီရှင်များအားလုံးမှာ ထိုကဲ့သို့သော ဘဝမျိုးကို လိုချင်တပ်မက်ကြပေသည်။ ယခုတွင် ထိုကဲ့သို့သော ဘဝမျိုးအား ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်မှာ သူတို့၏ ရှေ့၌ ပေါ်ပေါက်လာသည်ဖြစ်ရာ သူတို့အားလုံး အားကျနေကြသည်မှာ မထူးဆန်းပေ။

ဝမ်ပေါင်လဲ့မှာမူ ထိုအခြင်းအရာများအားလုံးကို လျစ်လျူရှုထား၏။ လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံးမှာ သူ၏ အပြင်ခန္ဓာကိုယ်အား နှောင်းပိုင်း ထာဝရကြယ်အဆင့်၏ အထွတ်အထိပ်မှ ထာဝရကြယ်ထိပ်ဆုံးအဆင့်သို့ ဖောက်ထွက်နိုင်အောင် လုပ်ရန်ဖြစ်သည်။

ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ မီးဖိုထဲသို့ ဝင်ရောက်သွားသည်နှင့် စည်းမျဥ်းဥပဒေသ အကျိုးအပဲ့များအား ချက်ချင်းအာရုံခံလိုက်၏။ သူသည် တင်ပျဉ်ခွေ ထိုင်ချစရာပင် မလိုလိုက်ပေ။ သူ၏ ခန္ဓာကိုယ်ထဲမှ ဓားအိမ်လေးမှာလည်း စိတ်ဆန္ဒများ ပြင်းပြလာပြီး တဝီဝီမြည်သံများ ထုတ်လွှတ်နေပြီဖြစ်သည်။

" ငါလိုနေတာ ဒါမျိုးကွ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်ပသွားပြီး အောက်သို့ထိုင်ချကာ စည်းမျဉ်းဥပဒေသ အကျိုးပဲ့များကို စုပ်ယူရန်ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ အဆုံးမဲ့မျိုးနွယ်စုဝင်များ ထိန်းချုပ်ထားသည့် မီးဖိုတစ်လုံးထဲမှ အားကောင်းသော စွမ်းအင်လှိုင်းတစ်လှိုင်း ထွက်ပေါ်လာသည်။

ထို စွမ်းအင်လှိုင်းကြီးမှာ ထွက်ပေါ်လာသည်နှင့် အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပျံ့နှံ့သွား၏။ ထို့ကြောင့် ထိုမီးဖိုကြီး၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသော အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ အတူတကွ ပူးပေါင်း၍ ၎င်းအား ဖိနှိပ်ချုပ်တီးလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ထို မီးဖိုကြီးထဲမှ စိုးရိမ်တကြီးဖြစ်နေသည့် စကားသံတစ်သံ ထွက်ပေါ်လာသည်။

" ဦးလေး။ သမီးကိုကယ်ပါဦး "

ထို စကားသံမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ကြားဖူးနေသည်ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး ထိုအသံ ထွက်ပေါ်လာသည့်နေရာသို့ လှမ်းကြည့်လိုက်၏။ ထိုအခါ သူသည် အဆုံးမဲ့မျိုးနွယ်စု သိမ်းပိုက်ထားသည့် မီးဖိုထဲမှ သူ မြင်ဖူးနေသော ကလေးမလေးတစ်ယောက်၏ လူရိပ်တစ်ခု ဖျတ်ခနဲ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။ သူမသည် မီးဖိုထဲမှ အပြင်ဘက်သို့ ထွက်ပြေးချင်နေသည့်ပုံ ပေါ်ပါသော်လည်း သူမ၏ ဦးခေါင်းအထက်တွင် ပေါ်ပေါက်လာသည့် ပုံရိပ်ယောင် လက်ကြီးတစ်ဖက်မှာ သူမအား ဖိနှိပ်ချုပ်တည်းလိုက်ပြီး မီးဖိုထဲသို့ ပြန်တွန်းထည့်လိုက်သည်။

" တာအိုရောင်းရင်းဝမ်။ တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ဘဲ နေရအောင် " ထို ကလေးမလေး၏ လူရိပ် ဖိနှိပ်ချုပ်တည်းခံလိုက်ရသည်နှင့် မီးဖိုကြီး၏အထက်တွင် မှုန်ဝါးဝါး လူရိပ်တစ်ခု ပေါ်ပေါက်လာသည်။

ထို လူရိပ်ကြီးမှာ လူငယ်လေးတစ်ယောက်နှင့် တူ၏။ သူသည် ရွှေရောင်ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားပြီး ချောမောခန့်ညားသည်။ သူ၏ မျက်ဝန်းများထဲတွင် ကြယ်ဝာာရာများ ကိန်းအောင်းနေသကဲ့သို့ပင်။ သူသည် အခြားကျင့်ကြံသူများကဲ့သို့ ထာဝရကြယ်ထိပ်ဆုံးအဆင့်တွင် ရှိနေပါသော်လည်း သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ အခြားသူများထက် သိသိသာသာပို၍ အားကောင်းနေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူ၏ ထာဝရကြယ်မှာလည်း မြေကြီးအဆင့်တွင် မဟုတ်ဘဲ အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုသာ ပိုင်ဆိုင်နိုင်သော မိုးကောင်းကင်အဆင့်တွင် ရှိနေသည်။

ဝမ်ပေါင်လဲ့ပင်လျှင် သူ့အားမြင်လိုက်ရသည်နှင့် မျက်လုံးများ အနည်းငယ်ခန့် ကျိန်းစပ်သွားရ၏။ သို့သော် ခဏအကြာတွင် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး မျက်မှောင်ကြုတ်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် သူသည် မကြာသေးမီတုန်းက ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့သည့် လူရိပ်မှာ မည်သူမည်ဝါဖြစ်ကြောင်း ပြန်၍ မှတ်မိသွားသောကြောင့်ပင်။ ၎င်းမှာ... သူ ကြယ်သုဿာန်ထဲ၌ ဆုံတွေ့ခဲ့သည့် အမှောင်ဂိုဏ်းမှ ကလေးမလေးဖြစ်ပေသည်။

" ဂိုဏ်းတူအစ်ကိုကြီးက ဒီမှာ ရှိနေတာကို ဘာလို့ သူ့ကို မကယ်ရတာလဲ " ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွား၏။ ထို့အပြင် သူသည် ထိုကလေးမလေး သူ့အား ဦးလေးဟု ခေါ်ခဲ့သည့် အကြောင်းရင်းကို သိချင်နေသည်... ထို့ကြောင့် သူသည် မီးဖိုထဲမှ ပျံထွက်လာပြီး ခပ်လှမ်းလှမ်းရှိ မီးဖိုအထက်၌ ရစ်ဝဲနေသော အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင် လူငယ်လေးအား လှမ်းကြည့်ကာ ဆိုလိုက်တော့သည်။

" သူ့ကို လွှတ်လိုက် "

ထိုအခါ အဆုံးမဲ့မျိုးနွယ်စု၏ တော်ဝင်မိသားစုဝင် လူငယ်လေးမှာ နှုတ်ဆိတ်သွား၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ကိုယ်ရံတော်များမှာလည်း မျက်မှောင်ကြုတ်သွားကြပြီး ရန်လိုနေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ကြသည်။ ဝမ်ပေါင်လဲ့၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ ကြောက်စရာကောင်းပါသော်လည်း သူတို့၏ မင်းသားမှာလည်း ထိုကဲ့သို့သော တိုက်ရည်ခိုက်ရည်စွမ်းအားမျိုးကို ထုတ်ပြနိုင်လိမ့်မည်ဟု သူတို့က ယုံကြည်နေကြသည်။

" မင်း တကယ်ပဲ ငါ့ရဲ့ရန်သူ ဖြစ်ချင်လို့လား " အဆုံးမဲ့မင်းသားမှာ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွားပြီးနောက် မျက်လုံးများ မှေးသွားပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ မေးလိုက်တော့သည်။

All Chapters