← Chapters

ချန်ချန်းဟွာ၏လုပ်ရပ်များ

Vol. 80 Ch. 1122

ချန်ချန်းဟွာ၏လုပ်ရပ်များ

Vol. 80 Ch. 1122

အခန်း (၁၁၂၂) ချန်ချန်းဟွာ၏လုပ်ရပ်များ

ချန်ချန်းဟွာ ကြာပန်းနီကမ်းပါးကိုတိုက်ခိုက်သည်ဆိုသော သတင်းရရှိသည်နှင့် ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှထွက်ခွာပြီး အထက်ဘုံကမ္ဘာသို့ ပြန်ခဲ့သည်။

အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ အထက်ဘုံကမ္ဘာသို့ ပြန်ရမည့်ခရီးက တစ်ညအတွင်းရောက်သွားမည့်ကိစ္စ မဟုတ်ပေ။ များပြားလှစွာသော ဗလာနယ်အတားအဆီးများကို ဖြတ်ကျော်ရပေမည်။

ခရီးဝေးကွာသည်ဖြစ်ရာ အချိန်လည်းအတော်လေးကြာနိုင်သည်။

ရန်ကျောက်ကဲ၏ အပြန်ခရီးစဉ်တွင် သူ့ကိုပြဿနာရှာရန် စောင့်နေသူများမရှိဘဲ အနှောက်အယှက်များကင်းစင်မည်ဟုလည်း အတိအကျ မဆိုနိုင်ပေ။

ဤအချိန်အတောအတွင်း အခြားသောကိစ္စရပ်များစွာ ဖြစ်ပေါ်လာနိုင်သည်။

အထက်ဘုံကမ္ဘာတွင် ချန်ချန်းဟွာက ပိုးသားဧကရာဇ်၏ တာအိုနယ်မြေကို တိုက်ခိုက်သည့်ကိစ္စက အကြီးအကျယ် ပွက်လောရိုက်မည့်ကိစ္စဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။

ဤဖြစ်ရပ်က အထက်ဘုံကမ္ဘာ လက်ရှိဖွဲ့စည်းပုံဖြစ်သည့် ဧကရာဇ် (၃) ပါး ၊ အုပ်စိုးရှင် (၅) ပါး ၊ နယ်မြေ (၁၀) ခု အရှင်သခင်များကိုပင် လှုပ်ခါသွားစေနိုင်သည်။

အမြော်အမြင်ရှိသူများ၏ ထိန်းချုပ်မှုအောက်တွင် သတင်းက ကျယ်ကျယ်ပြန့်ပြန့် လှည့်ပတ်သွားမည် မဟုတ်သော်လည်း အတွင်းသိများအတွက်တော့ ဤကိစ္စက ထူးခြားသည် အမှန်ပင်။

တစ်ဖက်တွင်လည်း အထက်ရပ်ထိပ်တန်းအရှင်သခင် "ချန်ချန်းဟွာ"သူ၏တန်ခိုးစွမ်းအားကို အပြည့်အဝ ပြသနိုင်ခဲ့သည်။

လွှမ်းခြုံဧကရာဇ်က ဖိအားပေးနေသည့်တိုင် သူက ပိုးသားဧကရာဇ်၏ တာအိုနယ်မြေကို ချိုးဖျက်ပစ်နိုင်ခဲ့သည် မဟုတ်ပါလား။

လွှမ်းခြုံဧကရာဇ်က အမတမှော်ဝင်ပစ္စည်းကို အသုံးပြုခဲ့သော်လည်း ချန်ချန်းဟွာက သူ့ကို အံတုနိုင်စွမ်း ရှိခဲ့သည်။

ချန်ချန်းဟွာ၏ ဂုဏ်သတင်းကတော့ လူတိုင်းမျက်စိကျလောက်သည့် သမိုင်းဝင်မှတ်တမ်းတစ်ခု ဖြစ်လာခဲ့သည်။

အထက်ဘုံကမ္ဘာတွင် ဧကရာဇ် (၃) ပါး ၊ အုပ်စိုးရှင် (၅) ပါး ၊ နယ်မြေ (၁၀) ခု အရှင်သခင်များဆိုသည်က ကာလရှည်ကြာဖွဲ့စည်းပုံတစ်ခု ဖြစ်ခဲ့သည်။

နတ်ဘုရားတံခါးကိုဖွင့်လှစ်ထားသည့် အစစ်အမှန်နတ်ဘုရားဆိုသည်က သေမျိုးလူသားအဆင့်သာရှိသေးသည့် သိုင်းသူတော်စင်ဖြင့် အခြေခံအားဖြင့် ခြားနားပေသည်။

ဤအဆင့်နှစ်ခုက လုံးဝ မတူခြားနားသည့် အဆင့်နှစ်ခု ဖြစ်သည်။

သို့သော် ချန်ချန်းဟွာကတော့ ဤအတားအဆီးကို ချိုးဖျက်ခဲ့သည်။

သေမျိုးလူသား သိုင်းသူတော်စင်တစ်ယောက်အနေဖြင့် သူက အစစ်အမှန်နတ်ဘုရားတစ်ပါးများနှင့် ခြေရာတိုင်းနိုင်သည်။

အတွင်းသိများ၏စိတ်ထဲတွင် ချန်ချန်းဟွာဆိုသည်က ဧကရာဇ်အမည်ခံမထားသော ဧကရာဇ်ဖြစ်သည်။ ဧကရာဇ် (၃) ပါး ၊ အုပ်စိုးရှင် (၅) ပါးဟု သတ်မှတ်ထားသော်လည်း တကယ်တမ်းတွင် ဧကရာဇ် (၃) ပါး ၊ အုပ်စိုးရှင် (၆) ပါး ဟု ဆိုနိုင်သည်။

တစ်နေ့တွင် သူ နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီး ယိုစိမ့်ခြင်းမရှိသော နတ်ဘုရားခန္ဓာ ရရှိကာ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လာပါက သူ၏တန်ခိုးစွမ်းအားက မည်သို့ရှိမည်နည်း။

ဟုတ်ပေ၏။

မည်သို့ပင်ဖြစ်စေ ချန်ချန်းဟွာ မြောက်ဖေးတောင်ထွတ်သို့ ဝ်ငရောက်တိုက်ခိုက်သည့်ကိစ္စမှာ ထင်သလောက်ရိုးရှင်းခြင်းမရှိကြောင်း လူတိုင်း ယုံကြည်ကြသည်။

သို့သော် ပိုးသားဧကရာဇ်ကတော့ ချန်ချန်းဟွာကို အလွတ်ပေးမည် မဟုတ်ပေ။

တိုက်ပွဲတွင် နှစ်ဖက်လုံးက ရှိသမျှအစွမ်းကုန်ထုတ်ကာ တိုက်ခိုက်ခဲ့ကြသော်လည်း လွှမ်းခြုံဧကရာဇ် ရှုံးနိမ့်ခဲ့ပြီး ချန်ချန်းဟွာကို မတားဆီးနိုင်ခဲ့ပေ။

သို့သော် ဧကရာဇ် (၃)ပါးကတော့ ဤအတိုင်း ထိုင်ကြည့်နေမည် မဟုတ်ပေ။

တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့က အထက်ဘုံကမ္ဘာတွင်မရှိသလို ယင်ဟွမ် လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေသည်။ သို့သော် ဤ ဧကရာဇ် (၃)ပါးလုံး အားလပ်သွားပြီဆိုပါက ဤကိစ္စကို ဝင်ရောက်စွက်ဖက်ပေလိမ့်မည်။

ချန်ချန်းဟွာကတော့ ဤသည်ကို သိပ်အရေးမစိုက်ပေ။

ဧကရာဇ် (၃)ပါး ဤကိစ္စအား ဝင်ရောက်စွက်ဖက်မည်ကိုလည်း သူက စိတ်ထဲမထားပေ။

အခြားသူများ သူ့ကို ချီးကျူးကြသည်လား ၊ ကြောက်ရွံ့ကြသည်လားဆိုသည်ကိုလည်း အာရုံမထားပေ။

သူက စိုးရိမ်ပူပန်ခြင်းအလျဉ်းမရှိသော်လည်း အနည်းငယ်တော့ မကျေမနပ် ဖြစ်နေမိသည်။ သူဖြစ်ချင်သည့်အတိုင်း ဖြစ်မလာသည့်အတွက် စိတ်အနှောက်အယှက် ဖြစ်နေခြင်း ဖြစ်၏။

အကြောင်းမှာ သူက ကြာပန်းနီကမ်းပါးကို တိုက်ခိုက်ခဲ့သော်လည်း ‘ဖုထင်’ က ထိုနေရာတွင် ရှိမနေခဲ့ပေ။ သူမအတွက် ပိုးသားဧကရာဇ် ပြုလုပ်ပေးထားသည့် အစီအရင်က ဤအတိုင်း ကျန်ရစ်ခဲ့သည်။

“ဆိုတော့... ဒီနေရာမှာ ကြာပန်းနီဒေဝီ ‘ဖု’ အတွက် ပိုးသားဧကရာဇ် လုပ်ပေးထားတဲ့ ထုံးတမ်းအစီအရင်တစ်ခု ရှိနေတာပဲ ၊ ငါထင်တာမမှားဘူးဆိုရင် အဲဒါက အစစ်အမှန် နတ်ဘုရားနည်းလမ်းတစ်ခုပဲ”

ချန်ချန်းဟွာ တွေးလိုက်သည်။

ထို့နောက် သူက ဖုထင်ကို ဆက်လက်မရှာဖွေတော့ဘဲ ကြာပန်းနီကမ်းပါးမှ ထွက်ခွာလာခဲ့သည်။ သူ၏ ပျင်းရိပျင်းတွဲဟန်ရှိသော မျက်နှာထက်တွင် စိတ်ဝင်စားသည့် အရိပ်အယောင်အနည်းငယ် ထွက်ပေါ်နေ၏။

“ဒီ ထုံးတမ်းအစီအရင်က... ဟုတ်တယ်... အဲဒါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့လွှမ်းမိုးမှုကို ဖယ်ရှင်းပစ်နိုင်တဲ့ အစီအရင်တစ်ခုပဲ”

သူလုပ်ခဲ့သည့်လုပ်ရပ်က တစ်လောကလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေကြောင်း ချန်ချန်းဟွာကတော့ မသိသလို လုပ်နေသည်။ ပြီးတော့ သူက ခွန်လွန်တောင် ၊ ချန်းဟွာတောင်ထွတ်ရှိ သူ၏ ကျောက်ဂူအိမ်တော်သို့ ပေါ့ပေါ့ပါးပါးပင် ပြန်လာခဲ့သည်။

“ပိုးသားဧကရာဇ် ရူးမသွားခင် အရင်နှစ်တွေတုန်းက အဲဒီထုံးတမ်းအစီအရင်ကို လုပ်ထားတာပဲ”

ချန်ချန်းဟွာ လမ်းလျှောက်လာရင်း ရေရွတ်လိုက်သည်။

အဝေးသို့ငေးနေသော သူ့မျက်ဝန်းများထဲတွင် အလင်းရောင်များ တဖျတ်ဖျတ် တောက်ပနေ၏။

“ဒါပေမဲ့ ကြာပန်းနီဒေဝီက ဒီ အစီအရင်ကိုတောင် စွန့်ပစ်ပြီး ထွက်ပြေးသွားတယ် ၊ မင်းတကယ်ပဲ ပိုးသားဧကရာဇ်ဆီက ပုန်းကွယ်ချင်တာ ဟုတ်လို့လား”

ရေရွတ်ရင်း ချန်ချန်းဟွာ ရယ်မောလိုက်သည်။

“ဒီတစ်ခေါက် ပိုးသားဧကရာဇ် ရူးသွားတဲ့ကိစ္စက တကယ့်ကို စိတ်ဝင်စားစရာကောင်းတယ်”

ကျောက်ဂူအိမ်တော်တွင်နေထိုင်သည့် ချန်ခွန်းဟွာက ချန်ချန်းဟွာ ပြန်လာသည်ကို စောင့်နေခဲ့သည်။ အဖြစ်အပျက်များအားလုံးကို သိရှိပြီးနောက် ချန်ခွန်းဟွာမှာ ကူရာကယ်ရာမဲ့စွာ မှင်တက်လျှက် ရှိသည်။

ယခုတစ်ကြိမ် ချန်ချန်းဟွာ မွှေနှောက်လိုက်သည့်ကိစ္စက အလွန်ကြီးမားသည်ဖြစ်ရာ သူ့အနေဖြင့် နောက်မှလိုက်ပြီး ဖုံးကွယ်ပေးရန် မတတ်နိုင်တော့ပေ။

ချန်ခွန်းဟွာက ဖုထင်နှင့်ပတ်သက်၍လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။ အစ်ကိုဖြစ်သူအကြောင်း သူ အကောင်းဆုံး သိရှိသည်ပင်။

ချန်ချန်းဟွာက အခြားသူများ၏ အမြင်နှင့်ခံစားချက်များကို ဘယ်တော့မှအရေးမစိုက်ပေ။ သူ၏ညီအရင်းဖြစ်နေဦးတော့ အရေးစိုက်မည် မဟုတ်ပေ။

ပြီးတော့ ချန်ခွန်းဟွာသည်လည်း အစ်ကိုဖြစ်သူကို တားဆီးနိုင်ခြင်း မရှိပေ။

“ဒါပေမဲ့ ပိုးသားဧကရာဇ်က ရန်ကျောက်ကဲလောက်တော့ စိတ်ဝင်စားစရာ မကောင်းဘူး”

ချန်ချန်းဟွာက သူ၏ ကြီးမားခမ်းနားသော ထိုင်ခုံကြီးထက် ထိုင်လိုက်ရင်း ပျင်းရိစွာ ပြောလိုက်သည်။ သို့သော် သူ၏မျက်နှာထက်တွင်တော့ ရှားရှားပါးပါး စိတ်ဝင်စားသည့်အရိပ်အယောင်များ ထင်ဟပ်နေသည်။

“ကြာပန်းနီဒေဝီ ‘ဖုထင်’ ကို ရှာဖွေတာက ရန်ကျောက်ကဲနဲ့လည်း ပတ်သက်နေတယ် ၊ ဒီတော့ ပိုကောင်းတဲ့ကိစ္စ မရှိနိုင်ဘူး ၊ ဒါက တကယ့်ကို အံ့သြစရာပဲ မဟုတ်လား ၊ ငါက အစကတည်းက ရန်ကျောက်ကဲနဲ့ အပျော်ကစားချင်တာလေ”

ချန်ခွန်းဟွာကမျက်မှောင်ကြုံ့လိုက်ရင်း...

“ရန်ကျောက်ကဲလား...”

“အမှန်ပဲ... ငါ ဖုထင်ယယ်မှာလဲဆိုတာ ရှာဖို့ကြိုးစားတယ် ၊ ဒါပေမဲ့ သဲလွန်စတွေက ဝေဝါးနေတယ် ၊ ကြည့်ရတာ တစ်ယောက်ယောက်က သူ့ကိုကူညီပြီး ဖုံးကွယ်ပေးထားတာပဲ”

ချန်ချန်းဟွာက အမှန်အတိုင်း ပြောလိုက်သည်။

“အထက်ဘုံကမ္ဘာမှာ ငါ့အလုပ်ကို ဝင်စွက်နိုင်တဲ့သူ နည်းနည်းလေးပဲ ရှိတယ်”

သူက ဆက်ပြောသည်။

“ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က ‌တံခါးပိတ်ကျင့်ကြံနေတယ် ၊ တောင်တံခါးကိုပိတ်ထားတဲ့အတွက် အပြင်လူတွေတောင် ဝင်လို့မရဘူး”

“မြောက်ပိုင်း ‘ကွမ်း’ က မြောက်ပိုင်းနှင်းလွင်ပြင်မှာရှိတဲ့ အေးစိမ့်စမ်းချောင်းနယ်မြေတွေကနေ ငရဲကိုးထပ် ကျူးကျော်လာမှာစိုးလို့ ကာကွယ်နေရတာနဲ့ အလုပ်များနေတယ်”

ချန်ချန်းဟွာက ပြုံးလိုက်ရင်း...

“ဒီတော့ တစ်ယောက်ပဲ ကျန်တယ် ၊ ရန်ကျောက်ကဲရဲ့အဖေ ‘ရန်တိ’ ပဲ ၊ သူ့မှာ ထိုက်ယိဟွာတိမ်တိုက် ပိုင်ဆိုင်ထားတယ်လေ”

ချန်ခွန်းဟွာက...

“ဒီတော့ ဖုထင်က ကြာပန်းနီကမ်းပါးက တိတ်တိတ်လေး ထွက်ပြေးသွားပြီး ရန်တိရဲ့ ထိုက်ယိဟွာတိမ်တိုက်အကူအညီနဲ့ ဘယ်သူမှ ရှာလို့မတွေ့အောင် ပုန်းကွယ်နေတာပေါ့”

“အရင်က ပိုးသားဧကရာဇ်ကို ရှောင်တိမ်းဖို့ဆိုပေမယ့် အခုတော့ အစ်ကိုကြီးအတွက်ပါ အနှောက်အယှက် ဖြစ်သွားတာလား”

ချန်ချန်းဟွာက တည်ငြိမ်စွာဖြင့်...

“ဟုတ်တယ်... ထိုက်ယိဟွာတိမ်တိုက်နဲ့ဖုံးကွယ်ထားတဲ့လူတစ်ယောက်ကို ရှာဖွေနိုင်ဖို့ဆိုတာ ငါ့အတွက် အရမ်းခက်ခဲတယ်”

သို့သော် အဓိကပြဿနာမှာ ချန်ချန်းဟွာ ရှာဖွေချင်သည့်လူကို ဖုံးကွယ်ပေးထားနိုင်သူ ဤလောကတွင် အနည်းငယ်သာရှိခြင်း ဖြစ်သည်။

ပိုးသားဧကရာဇ်ထံမှ ပုန်းကွယ်မည်ဆိုလျှင် ပြဿနာမရှိသော်လည်း ချန်ချန်းဟွာထံမှ ပုန်းကွယ်မည်ဆိုလျှင်တော့ ထိရောက်မှု နည်းပါးပေသည်။

“အခု ရန်တိ ဘယ်မှာလဲ”

ချန်ချန်းဟွာ ချန်ခွန်းဟွာကို မေးလိုက်သည်။

ထိုက်ယိဟွာတိမ်တိုက်၏သက်ရောက်မှုကြောင့် ချန်ချန်းဟွာ၏ မူလကောင်းကင်ကျမ်းစာ တန်ခိုးစွမ်းအားက ကန့်သတ်ခံထားရသည် မဟုတ်ပါလား။

ချန်ခွန်းဟွာက...

“တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်မှာ...”

ချန်ချန်းဟွာက ခေါင်းမော့လိုက်ပြီး တစ်ချက်စဉ်းစားလိုက်သည်။

ထို့နောက် သူက ရုတ်တရက် ပြုံးလိုက်ရင်း...

“တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာက လစ်လပ်နေတာမဟုတ်လား ၊ ငါ တောင်ပိုင်ထိပ်တန်းအရှင်သခင် လုပ်မယ်ဆိုရင် မင်း ဘာပြောချင်သလဲ”

ထိုစကားကိုကြားတော့ ချန်ခွန်းဟွာ အတော်လေး မှင်တက်သွားသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ကျဆုံးသွားပြီးနောက် နယ်မြေ (၁၀)ခု အရှင်သခင်များတွင် တစ်နေရာလစ်လပ်နေခဲ့သည်။

ယနေ့ အထက်ဘုံကမ္ဘာတွင် ‘လူသားအထွတ်ထိပ်’ အဆင့်သို့ တက်ရောက်နိုင်သည့် သိုင်းသူ‌တော်စင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက်ထက်မက ရှိသည်။

သူတို့အားလုံးက ရာနှုန်းပြည့်သေချာသည် မဆိုနိုင်သော်လည်း ယုံကြည်ချက်ရှိသူများ ဖြစ်ကြသည်။

သို့သော် အားလုံးက အဆင့်မတက်သေးဘဲ စောင့်ဆိုင်းနေကြသည်။

သူတို့က ‘လူသားအထွတ်ထိပ်အဆင့်’ သို့ မတက်ရောက်သေးဘဲ လစ်လပ်နေသောနေရာကို ဤအတိုင်းပင် ချန်ထားခဲ့ကြသည်။

ယခုအချိန်တွင် တစ်ယောက်ယောက်က ‘လူသားအထွတ်ထိပ်အဆင့်’ သို့ တက်ရောက်လိုက်မည်ဆိုလျှင် ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးက တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို ရယူရန် အမိန့်ပေးညွှန်ကြားပေးလိမ့်မည်။

ရန်တိက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်တွင် အရှိန်အဟုန်ဖြင့် ဝါဒတောင်ကိုဦးဆောင်နေသည်ဖြစ်ရာ ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ နေရာက မီးတောင်တစ်ခုပမာ ဖြစ်သည်။

‘ရန်’ သားအဖကို ဖိနှိပ်နိုင်စွမ်းမရှိပါက ကျားနှစ်ကောင်ရှိနေသည့် နေရာတစ်ခုကို ဆုပ်ကိုင်ထားပြီး ‘ထိပ်တန်းအရှင်သခင်’ အဖြစ် ရပ်တည်မည်ဆိုပါက ရုပ််သေးရုပ်တစ်ရုပ်နှင့် ခြားနားမည် မဟုတ်ပေ။

‘လူသားအထွတ်ထိပ်အဆင့်’ သို့ တက်ရောက်လာသော လူသစ်အနေဖြင့် ရာထူးပေးအပ်ခြင်းကို ငြင်းဆန်မည်ဆိုပါကလည်း အတော်လေး အရှက်ကွဲမည့် ကိစ္စဖြစ်သည်။

အမှန်တော့ လူအများ၏စိတ်ထဲတွင် ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ နေရာက တောင်ပိုင်း၏သရဖူမရှိသေးသော အရှင်သခင်များအဖြစ် ‘ရန်’ အိမ်တော်မှသားအဖအတွက် ချန်ထားခြင်းသာ ဖြစ်သည်။

အသစ်တက်လာသော ‘လူသားအထွတ်ထိပ်’ အဆင့် ကျင့်ကြံသူကိုမဆိုထားနှင့် ရှိရင်းစွဲ ထိပ်တန်းအရှင်သခင် (၉)ယောက်သည်ပင် ဤရာထူးကိုရယူလိုမည် မဟုတ်ပေ။

အချို့ကတော့ အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းကို တောင်ပိုင်းဒေသသို့ ကူးပောင်းစေလိုကြောင်း ကောလဟလများထွက်ပေါ်ခဲ့ပြီး သူတို့အုပ်စုအချင်းချင်း ဖြည်းဖြည်းချင်း ညှိနှိုင်းမည်ဟု ယူဆကြသည်။

သို့သော် ‘ရန်’ သားအဖကို တစ်ချိန်တည်းတွင် ဖိနှိပ်နိုင်မည့် လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ပြောပါဆိုလျှင် အစစ်အမှန်နတ်ဘုရားများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်ရုံသာမက အထက်ဘုံကမ္ဘာမှ သိုင်းသူတော်စင်များအားလုံးကိုပင် အနိုင်ယူနိုင်သော အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှတစ်ပါး အခြားသူ မရှိပေ။

အဖြစ်အပျက်များကြောင့် ချန်ခွန်းဟွာ ငိုရမလား ရယ်ရမလား မသိတော့ပေ။

အရှင်သခင် (၁၀)ပါးတွင် နယ်မြေ (၈)ခုကို ပိုင်ဆိုးသည့် အရှင်သခင်များထက် အထပ်ရပ်ထိပ်တန်းအရှင်သခင်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်တို့က ရာထူးအဆင့် ပိုမိုမြင့်မားသည်။

သူ၏အစ်ကိုဖြစ်သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုမဆိုနှင့် အထက်ရပ်ထိပ်တန်းအရှင်သခင်နေရာထက်ပင် ပိုမိုထိုက်တန်သူ ဖြစ်သည်။

သို့ဖြစ်ရာ အထက်ရပ်ထိပ်တန်းအရှင်သခင်နေရာမှ တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာသို့ အဆင့်နှိမ့်ချလိက်ခြင်းက ဘာကောင်းကျိုးမှ ရှိမည်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ချန်ချန်းဟွာကတော့ ထိုအကြောင်းများကို အရေးစိုက်ဟန် မရှိပေ။

စိတ်ထဲတွင် ပျော်စရာကောင်းမည်ထင်သောအရာကို ပြုလုပ်ရန်အတွက် အထက်ရပ်ထိပ်တန်းအရှင်သခင်က သူ၏ ကိုယ်ပိုင်ရာထူးကိုပင်စွန့်လွှတ်ကာ မဆိုင်းမတွ တောင်ပိုင်းထိပ်တန်းအရှင်သခင်ဖြစ်လာရန် ရည်ရွယ်ခဲ့ပေသည်။

All Chapters