← Chapters

တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုရယူပြီးသွားပြီ

Vol. 80 Ch. 1123

တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုရယူပြီးသွားပြီ

Vol. 80 Ch. 1123

အခန်း (၁၁၂၃) တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုရယူပြီးသွားပြီ

“ရန်ကျောက်ကဲလိုမျိုး စိတ်ဝင်စားစရာလူတစ်ယောက်က ခပ်ရှားရှားပဲ ၊ ငါက သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မလောချင်ပါဘူး ၊ ပျော်စရာဆိုတာ အဆုံးအထိ သိမ်းထားရမယ်လေ”

ချန်ချန်းဟွာက ပျင်းကျောတစ်ချက်ဆန့်လိုက်ရင်း ဆိုသည်။

“ဒါပေမဲ့ ကြာပန်းနီဒေဝီ’ဖုထင်’ ကို ရန်တိက ဝှက်ထားပေးတယ်ဆိုတော့... ဒီကိစ္စကတော့ ဒဲ့ရှင်းရမယ့် အဓိကကိစ္စပဲ”

သူက ဆက်ပြောသည်။

“ရန်တိမှာ ထိုက်ယိဟွာတိမ်တိုက်ရှိနေတော့ ငါ သူ့ကို ဘာမှ မခန့်မှန်းနိုင်ဘူး ၊ သူကလည်း ရန်ကျောက်ကဲလိုပဲ စိတ်ဝင်စားစရာကောင်းတယ်”

သူက စိတ်ရင်းဖြင့် ချီးကျူးစကားဆိုလိုက်သည်။

“ဒီလို ခန့်မှန်းလို့မရတဲ့ကိစ္စတွေက အရမ်းကို ပတ်သက်ချင်စရာကောင်းတယ်”

စိတ်ထဲရှိသည့်အတိုင်း ထင်ရာမြင်ရာလျှောက်လုပ်နေသော အစ်ကိုဖြစ်သူကိုကြည့်ရင်း ချန်ခွန်းဟွာ ကူရာကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။

သို့သော် သူ၏စိတ်ထဲမှာတော့ အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

လက်ရှိအဖြစ်အပျက်များအရ ချန်ချန်းဟွာက အရင်ကထက်ပိုပြီး အတော်လေး ဆူညံဆူညံလုပ်မိပြီဖြစ်သည်။

အစ်ကိုဖြစ်သူက အဖြူရောင်ပိုးသားဧကရာဇ်နှင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်တို့အား အပြစ်ပြုမိသွားပြီဖြစ်ရာ သူ့တွင် ရန်သူပိုများလာမည်ကို စိုးရိမ်ပူပန်မိသည်။

မိန်းမပျိုဧကရာဇ်က လောကီရေးရာများကို စိတ်ဝင်စားခြင်းမရှိသလို ဝင်ပါခြင်းလည်း မရှိပေ။ သို့သော် သူမ၏ဆရာဖြစ်သူက ရန်ကျောက်ကဲ၏အဘိုးနှင့် မိတ်ဆွေများဖြစ်လေရာ သူမနှင့် ဝါဒ‌တောင်က ဆက်ဆံရေးကောင်းမွန်သည်။

ချန်ချန်းဟွာက အမြဲတမ်း ‘ရန်’ အိမ်တော်မှ သားအဖကို ပြဿနာရှာနေသည်ဖြစ်ရာ မိန်းမပျိုဧကရာဇ် ပါဝင်ပတ်သက်လာမည်လားဆိုသည်ကလည်း ပြောရခက်လှသည်။

ဟုတ်ပေ၏။

အဖြူရောင်ပိုးသားဧကရာဇ်ကို ဆန့်ကျင်ခြင်းက အနက်ရောင်ပိုးသားဧကရာဇ်နှင့် မိတ်ဆွေဖွဲ့ခြင်းဟု ဆိုနိုင်သည်။

ထို့အတူ မိန်းမပျိုဧကရာဇ်နှင့် ‘ရန်’ အိမ်တော်က ဆက်ဆံရေးကောင်းမွန်သည့်တိုင် ချန်းဧကရာဇ်က ရန်ကျောက်ကဲနှင့် အတော်လေး ရန်ငြိုးကြီးမားသည်။

သို့ပေသိ အထက်ဘုံကမ္ဘာတွင် အုပ်စိုးရှင် (၅)ပါးသာလျှင် ရှိသည်မဟုတ်ပေ။

အုပ်စိုးရှင် (၅)ပါး၏အထက်တွင် ဧကရာဇ် (၃)ပါး ရှိနေ‌သေးသည်။

ချန်ချန်းဟွာက ပိုးသားဧကရာဇ်၏ တောင်တံခါးကို ချိုးဖျက်ခဲ့ခြင်းက အထက်ဘုံကမ္ဘာ၏ တည်ငြိမ်နေသောအခြေအနေတစ်ခုလုံးအား ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်၏။

ဤသို့ဆိုလျှင် ချန်ချန်းဟွာ၏လုပ်ရပ်အတွက် မကျေနပ်ဆုံးလူက မည်သူဖြစ်မည်နည်း။

“တိဟွမ်မြေကမ္ဘာဧကရာဇ်” ပင် ဖြစ်သည်။

ထို့ကြောင့်ပင် ချန်ခွန်းဟွာ စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

ပြီးတော့ ‘ရန်’ အိမ်တော်မှ သားအဖကို သွားရောက်ရန်စခြင်းက ကျန့်ဟွမ်ဓားဧကရာဇ်ကိုလည်း အမျက်ရှစေနိုင်သည်။

ပိုးသားဧကရာဇ်ကို ပြဿနာသွားရှာခြင်းက တိဟွမ်မြေကမ္ဘာဧကရာဇ်ကို အပြစ်ပြုခြင်းဖြစ်သည်။

ဆက်ပြောမည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်လုပ်သမျှထောက်ခံသည့် ယင်ဟွမ်လျှို့ဝှက်ကိုပါ အပြစ်ပြုသလို ဖြစ်ပေလိမ့်မည်။

သို့ဆိုလျှင် ချန်ချန်းဟွာ၏လုပ်ရပ်က ဧကရာဇ် (၃)ပါးလုံးကို အပြစ်ပြုသလို ဖြစ်နေသည်။ သို့ဆိုလျှင် ထိုသို့သောလူတစ်ယောက်က အထက်ဘုံကမ္ဘာတွင် ဆက်လက်ရပ်တည်ရန် ဖြစ်နိုင်ပါတော့မည်လား။

သို့သော် ကိစ္စရပ်တိုင်းက နှစ်ဖက်မြင် ဖြစ်သည်။

ယိုးမင်ဂမ္ဘီရစက်ဝန်းနှင့် ရွှယ်ချူးချင်အကြောင်း ချန်ခွန်းဟွာ ရုတ်တရက် တွေးလိုက်မိသည်။ ထိုကိစ္စရပ်များကြောင့် ‘ရန်’ အိမ်တော်မှ သားအဖကို တိဟွမ်မြေကမ္ဘာဧကရာဇ်က သိပ်ပြီး အမြင်ကြည်လင်ခြင်း မရှိပေ။

ချန်ခွန်းဟွာက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးအကြောင်းကို သိရှိခြင်း မရှိသော်လည်း အထက်ဘုံကမ္ဘာတွင်ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး အချို့အရာများကို ယေဘူယျကောက်ချက်ချနိုင်စွမ်း ရှိသည်။

အစ်ကိုဖြစ်သူက ပြဿနာရှာခဲ့ပြီးသည့်နောက် သူ့ကိုယ်သူ အထက်ရပ်ထိပ်တန်းအရှင်သခင်မှ တောင်ပိုင်းထိပ်တန်းအရှင်သခင်အဖြစ် ရာထူးလျှော့ချလိုက်မည်ဆိုလျှင် အခြားသူများအမြင်တွင် ချန်ချန်းဟွာက အမှားကိုသိမြင်ပြီး အပြစ်ခံယူခြင်းဟု ထင်မှတ်ပေလိမ့်မည်။

သူက တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့သွားရောက်ပြီး ဝါဒတောင်မှ ‘ရန်’ သားအဖကို နှိမ်နင်းမည်ဆိုလျှင် ချီလင်ကမ်းပါးက သဘောကျနှစ်သက်ပေလိမ့်မည်။

လက်ရှိတွင် အစစ်အမှန်နတ်ဘုရားမဟုတ်ပါဘဲ ရန်ကျောက်ကဲနှင့် ရန်တိကို နှိမ်နင်းရန် အကောင်းဆုံးသူမှာ အထက်ရပ်ထိပ်တန်းအရှင်သခင်မှလွဲပြီး အခြားသူ မရှိနိုင်ပေ။

သို့ဆိုလျှင် များစွာအလုပ်ဖြစ်လာမည် ဖြစ်သည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်က ဤကိစ္စဖြစ်မြောက်ရန် ချန်ချန်းဟွာကို ထောက်ပံ့ကူညီပေးနိုင်သည်။

ဟုတ်ပေ၏။

တိဟွမ်မြေကမ္ဘာဧကရာဇ်အတွက် ချန်ချန်းဟွာက ခေါင်းကိုက်စရာလူတစ်ယောက် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူက အလွန်အရည်အချင်းရှိပြီး ပြဿနာလည်း ရှာလွန်းသောကြောင့်ပင်။

ယခု ချန်ချန်းဟွာက ‘ရန်’ အိမ်‌တော်မှ သားအဖကို ဖိနှိပ်မည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် ဤအချက်ကို အသုံးမချဘဲနေမည် မဟုတ်ပေ။

ဟန်ချက်ညီမှုနှင့် ထိန်းချုပ်နိုင်မှုကို ထည့်သွင်းစဉ်းစားမည်ဆိုလျှင် ဤသည်က အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်သည်။

နောက်တစ်ချက်မှာ ဤကိစ္စကို ချန်ချန်းဟွာ ဦး‌ဆောင်ပြုလုပ်မည်ဆိုလျှင် တိဟွမ်မြေကမ္ဘာဧကရာဇ်အနေဖြင့် ကျန့်ဟွမ်ဓားဧကရာဇ်ဖြင့်လည်း ထိပ်တိုက်ရင်ဆိုင်စရာအကြောင်းမရှိတော့ဘဲ အထက်ဘုံကမ္ဘာ တည်ငြိမ်မျုကို ဆက်လက်ထိန်းသိမ်းထားနိုင််ပေမည်။

ချန်ချန်းဟွာကို တိဟွမ်မြေကမ္ဘာဧကရာဇ်က ထောက်ပံ့ပေးထားသဖြင့် ချန်ချန်းဟွာအပေါ် ကျန့်ဟွမ်ဓားဧကရာဇ်ထားရှိသော ဖိအားများလည်း လျော့ကျသွားပေမည်။

ချန်ခွန်းဟွာစိတ်ထဲ အတွေးပေါင်းမျာစွာ ဖြတ်သန်းသွားပြီးနောက် သူက တုန်လှုပ်စွာဖြင့် အစ်ကိုဖြစ်သူကို ကြည့်လိုက်သည်။

“အစ်ကိုကြီး...”

ဤသည်က တိုက်ဆိုင်မှုတစ်ခုလား။

ကိုယ်လုပ်ချင်ရာလုပ်ရင်း အခြေအနေပေါ်မူတည်ပြီး အပြစ်လွတ်သွားအောင် ချန်ချန်းဟွာ ဖန်တီးခဲ့သည်လား။

ဟုတ်ပေ၏။

ချန်ချန်းဟွာက ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖ အခက်တွေ့အောင် ဖန်တီးရန်သာ ကြံရွယ်ထားခဲ့ပြီး ချန်ခွန်းဟွာတွေးသကဲ့သို့ အစီအစဉ်ဆွဲမထားသည်မှာ သေချာပါသည်။

“တကယ်ပဲ တခြားရည်ရွယ်ချက် မရှိဘူးလား”

ချန်ခွန်းဟွာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

အစ်ကိုဖြစ်သူ၏အတွေးများက ခန့်မှန်းရခက်ပြီး ဆုပ်ကိုင်ရန်ခက်ခဲလွန်းသဖြင့် မည်သူမှ ရှင်းရှင်းလင်းလင်း ခန့်မှန်းနိုင်မည် မဟုတ်ပေ။

ချန်ခွန်းဟွာက ချန်ချန်းဟွာကို အကောင်းဆုံး နားလည်နိုင်သူဖြစ်သော်လည်း သူက ဤမေးခွန်းကို မေးလိုက်မိသည်။

ဤအတိုင်းပင်မေးလိုက်သည်ဖြစ်သော်လည်း သူက ချန်ချန်းဟွာကို အကောင်းဆုံး နားလည်နိုင်သူ ဖြစ်သည်။

လက်ရှိတွင် သူလည်း မရေမရာ ခံစားနေရသည်။

ချန်ခွန်းဟွာက ထုံးစံအတိုင်း သူ့ကို မျက်လုံးထောင့်ကပ်ကာ စောင်းကြည့်လိုက်ပြီး...

“ဘာလဲ...”

ချန်ခွန်းဟွာ သက်ပြင်းချလိုက်သည်။

သူ၏အစ်ကိုဖြစ်သူက ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ နေရာကို ရယူလိုသည်မှာ ယာယီစိတ်ကျေနပ်မှုတစ်ခုအတွက် ပြုလုပ်သည်လား ၊ သို့မဟုတ် အနာဂတ်ဖြစ်နိုင်ခြေများအား တွက်ချက်ပြီး ဆုံးဖြတ်ချက်ချသည်လား မသိနိုင်ပေ။

မည်သို့ပင်ဖြစ်စေ ချန်ခွန်းဟွာ၏အတွေးများကတော့ သူတို့အားလုံးအတွက် အကျိုးအရှိဆုံး အခြေအနေဆီသို့ ဦးတည်သွားသည်။

သို့သော် ချန်ချန်းဟွာ၏ လွတ်လပ်သောစိတ်နေစိတ်ထားနှင့်ဆိုလျှင် မည်သို့သောအပြောင်းအလဲများကို ပြုလုပ်ဦးမည်လဲ မသိနိုင်ပေ။

ချန်ခွန်းဟွာ တွက်ချက်ထားသလို အကျိုးအမြတ်ရရှိသော ရလဒ်များ ထွက်ပေါ်လာနိုင်ပါမည်လား။

ဤသည်ကို ချန်ခွန်းဟွာလည်း မရေမရာ ခံစားနေရသည်။

သူက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“အစ်ကိုကြီး... အစ်ကိုကြီးမှာ ဒီလိုစိတ်ကူးရှိတယ်ဆိုရင်... တောင်ပိုင်းကို အလျင်စလို မသွားပါနဲ့ဦး ၊ ဧကရာဇ် (၃)ပါး ၊ အုပ်စိုးရှင် (၅)ပါးနဲ့ တခြား ထိပ်တန်းအရှင်သခင်တွေကို ကျွန်တော် သတင်းပို့လိုက်ဦးမယ်”

ဟုတ်ပေ၏။

လောလောဆယ်တွင် မြောက်ဖေးတောင်ထွတ်သို့သွားရောက်ရန်ကတော့ မဖြစ်နိုင်သေးပေ။ ဒေါသထွက်နေသူများ၏ တိုက်ခိုက်ခြင်းကို ချန်ခွန်းဟွာ မခံယူလိုပေ။

ချန်ချန်းဟွာက ပေါ့ပါးစွာပင် လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရင်း...

“မင်းလုပ်ချင်တာလုပ်... ဒါပေမဲ့ ငါကတော့ မင်းကို စောင့်မနေနိုင်ဘူး ၊ ငါအခုပဲ တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကို သွားတော့မှာ”

“အစ်ကိုကြီး...”

ချန်ချန်းဟွာ မချိပြုံးပြုံးရင်း ခေါ်လိုက်သည်။

ဤသည်က သူ အကြောက်ဆုံးကိစ္စ ဖြစ်သည်လေ။

သူက ချန်ချန်းဟွာကို ‌ဖြောင့်ဖျရန် ကြိုးစားနေစဉ်မှာပင် ကျောက်ဂူအိမ်တော်တံခါးဆီသို့ ဧည့်သည်များရောက်ရှိလာသည်။

အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ဖြစ်၏။

ထိုလူ (၂)ယောက်လုံးကို ချန်ခွန်းဟွာ သိရှိလေသည်။

အဘိုးအိုက နယ်မြေ (၁၀)ခုအရှင်သခင်များတွင် သူ၏အစ်ကိုဖြစ်သူနှင့် တန်းတူကျော်ကြားသည့် မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ဖြစ်သည်။

ဝမ်ကျန်းချန်က ချန်ခွန်းဟွာပြီးလျှင် အထက်ဘုံကမ္ဘာတွင် အတော်ဆုံး သိုင်းသူတော်စင်တစ်ယောက် ဖြစ်သည်။

ကျန်တစ်ယောက်ကတော့ ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် အနက်ရောင်ဝတ်ဆင်ထားသော လူငယ်တစ်ဘောက် ဖြစ်သည်။

ဤလူငယ်က ‘လူသားအထွတ်ထိပ်အဆင့်’ သို့ ရောက်ရှိခြင်းမရှိသေးဘဲ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။

သို့သော် သူက အထက်ဘုံကမ္ဘာတွင် အထူးခြားဆုံး နဝမအဆင့် သိုင်းသူတော်စင် ဖြစ်သည်။

ရည်ရွယ်ချက်ကောင်းရှိသည့်လူများက သူက ‘လူသားအထွတ်ထိပ်အဆင့်’ မရောက်သေးသည့်တိုင် အထက်ဘုံကမ္ဘာ၏ တတိယမြောက် အတော်ဆုံးကျင့်ကြံသူဟု သတ်မှတ်ကြသည်။

ထိုလူငယ်က မြောက်ပိုင်းကုန်းမြင့်တောင်ထွတ် ၊ ကျောက်စိမ်းကျောက်ဆောင်မှ နောက်ဆုံးတပည့်ဖြစ်သော ၊ ကျန့်ဟွမ်ဓားဧရာဇ်၏အဆက်အနွယ် ‘နတ်ဘုရားများကိုတုန်လှုပ်စေသောဓား’ နျဲ့ကျင်းရှန် ပင် ဖြစ်လေသည်။

သူတို့ (၂)ယောက် အတူတူရောက်လာသည်ဆိုကတည်းက ချန်ချန်းဟွာ မြောက်ဖေးတောင်ထွတ်အား တိုက်ခိုက်သည့်ကိစ္စ ရောက်လာခြင်းဖြစ်ကြောင်း ပြောစရာမလိုခဲ့ပေ။

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံနေပြီး သူ့တွင် စေလွှတ်စရာ တပည့်လည်း မရှိပေ။

ကျန့်ဟွမ်ဓားဧကရာဇ်နှင့် တိဟွမ်မြေကမ္ဘာဧကရာဇ်တို့က အထက်ဘုံကမ္ဘာတင်မရှိသော်လည်း သူတို့တွင် ဆက်ခံသူတပည့်များအသီးသီး ရှိကြသည်ဖြစ်ရာ ဝမ်ကျန်းချန်နှင့် နျဲ့ကျင်းရှန်က ဤကိစ္စကို ဝင်ရောက်စွက်ဖက်နိုင်ခွင့် ရှိသည်။

သို့သော် သူတို့ကားမပြောမီမှာပင် ချန်ချန်းဟွာက ညီဖြစ်သူကို ကြည့်လိုက်ရင်း...

“ကောင်းပြီလေ... မင်း သွားပြီးအကြောင်းကြားစရာမလိုတော့ဘူး ၊ သူတို့ရောက်လာပြီဆိုတော့ သူတို့ကိုပဲ ပြောပြလိုက်တော့ ၊ ငါ သွားတော့မယ်”

ထိုစကားကြားတော့ နျဲ့ကျင်းရှန်မျက်နှာက ခံစားချက်ကင်းမဲ့နေဆဲဖြစ်ပြီး ဝမ်ကျန်းချန်ကတော့ မျက်ခုံးတစ်ချက် ပင့်လိုက်သည်။

ဝမ်ကျန်းချန်က...

“မြောက်ဖေးတောင်ထွတ်ကိစ္စမရှင်းရသေးဘူးဆိုတော့ အထက်ရပ် ‘ချန်’ သွားလို့မရနိုင်သေးဘူး ၊ မင်းညီကိုပြောဖို့ ဘာတွေမှာနေတာလဲ ၊ အဲဒီကိစ္စက မြောက်‌ဖေးတောင်ထွတ်နဲ့ ပတ်သက်နေသလား”

ချန်ခွန်းဟွာက အလွန်သတိထားသောလေသံဖြင့် စကားစပြောလိုက်သည်။

“အကြီးအကဲ’ဝမ်’ ၊ တာအိုရောင်းရင်း’နျဲ့’ ... ကိစ္စက ဒီလိုပါ”

စကားဦးပြောပြီးနောက် သူက စကားဆက်ပြောလိုက်သည်။

“ကျွန်တော့်အစ်ကိုကြီးက အမှတ်မထင် ငရဲကိုးထပ်ကို ရောက်သွားတယ် ၊ အဲဒီမှာ ပိုးသားဧကရာဇ်နဲ့ ပြဿနာတက်ခဲ့တယ် ၊ ဒါကြောင့် အထက်ဘုံကမ္ဘာကိုပြန်ရောက်တော့ စိတ်မထိန်းနိုင်ဘဲ မြောက်ဖေးတောင်ထွတ်ကို တိုက်ခိုက်ခဲ့တာပါ”

“အခု အစ်ကိုကြီးစိတ်တည်ငြိမ်သွားပြီး အတော်လေးလည်း နောင်တရနေပါတယ် ၊ ဒါကြောင့် သူ့ကိုယ်သူ အပြစ်ပေးတဲ့အနေနဲ့ အထက်ရပ်ထိပ်တန်းအရှင်သခင်ကနေ တောင်ပိုင်းထိပ်တန်းအရှင်သခင်အဖြစ် ရာထူးအဆင့်နှိမ့်ချပြီး အပြစ်ခံယူချင်ပါတယ်တဲ့”

ထိုစကားကြားတော့ ဝမ်ကျန်းချန် အတော်လေး အံ့အားသင့်သွားပြီး သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းများစွာ ဖြတ်သန်းသွားသည်။

သူက...

“တာအိုရောင်းရင်း’ချန်’ က တောင်ပိုင်းထိပ်တန်းအရှင်သခင် လုပ်မလို့လား... ဒါက...”

ချန်ချန်းဟွာက တည်ငြိမ်စွာဖြင့်...

“တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာက လစ်လပ်နေတာပဲလေ ၊ ဒီတော့ ကျွန်တော် ယူလို့ရမယ်ထင်ပါတယ်”

ဝမ်ကျန်းချန်က ခဏမျှစဉ်းစားရင်း...

“ဒီကိစ္စက...”

ထိုအချိန် ဘေးတွင်ရပ်နေသော နျဲ့ကျင်းရှန်က...

“ချန်သခင်လေး... မင်းက အထက်ရပ်ထိပ်တန်းအရှင်သခင်ပဲ ဆက်လုပ်လို့ရနိုင်လိမ့်မယ်...”

“ဟမ်...”

ချန်ချန်းဟွာ ၊ ဝမ်ကျန်းချန်နှင့် ချန်ခွန်းဟွာတို့အားလုံး နျဲ့ကျင်းရှန်ကို လှမ်းကြည့်လိုက်ကြသည်။

နျဲ့ကျင်းရှန်က...

“မင်းလုပ်ခဲ့တဲ့လုပ်ရပ်အတွက် နောင်တရတယ်ဆိုရင် တခြားနည်းလမ်းနဲ့ ပြန်ပေးဆပ်လိုက်ပါ ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာက လစ်လပ်နေတဲ့နေရာတစ်ခုမဟုတ်ဘူး ၊ အဲဒီနေရာကို ရယူပြီးသွားပါပြီ”

ချန်ချန်းဟွာက ပြုံးရင်း...

“ဘာလဲ... မင်းက တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို ယူမလို့လား”

နျဲ့ကျင်းရှန်က တည်ငြိမ်စွာဖြင့်...

“အမှန်ပဲ...”

သူ၏စကားအဆုံးမသတ်ခင်မှာပင် သူ၏ခန္ဓာကိုယ်မှ အလင်းရောင်တစ်ချက်တောက်ပသွားပြီး အဆုံးမရှိသည့် ဓားဝိညာဉ်တစ်ခုက ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။

ပြောရမည်ဆိုလျှင်တော့....

နျဲ့ကျင်းရှန်သည် နေရာမှာပင် ‘လူသားအထွတ်ထိပ်အဆင့်’ သို့ တက်ရောက်သွားခြင်း ဖြစ်ပေတော့သည်။

All Chapters