နျဲ့ကျင်းရှန်၏ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ
Vol. 80 Ch. 1124
အခန်း (၁၁၂၄) နျဲ့ကျင်းရှန်၏ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ
ယနေ့ကတော့ တကယ့်ကို ရုန်းရင်းဆန်ခတ်ဖြစ်သည့်နေ့တစ်နေ့သာပင်။
တစ်ရက်တည်းမှာပင်...
ချန်ချန်းဟွာက ကြာပန်းနီကမ်းပါးကို တိုက်ခိုက်ခဲ့ပြီး ၊ ခွန်လွန်တောင်တွင်လည်း နောက်ထပ် တိုက်ပွဲတစ်ခု ထပ်မံ ဖြစ်ပွားခဲ့သည်။
ကြာပန်းနီကမ်းပါးကို ချိုးဖျက်ခဲ့သည့်ကိစ္စလိုပင် ဤတိုက်ပွဲကိုလည်း အမြော်အမြင်ရှိသူများက သတင်းပျံ့မသွားစေရန် ဖုံးဖိထားခဲ့ကြသည်။
အတွင်းလူအချို့သာလျှင် ဤတိုက်ပွဲ မည်မျှထူးဆန်းကြောင်း သိခဲ့ကြသည်။
ထိုတိုက်ပွဲမှာ လစ်လပ်နေသော ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ နေရာကို ရယူရန်အတွက် တိုက်ခိုက်ကြခြင်း ဖြစ်၏။
တိုက်ပွဲတွင်ပါဝင်သူတစ်ယောက်က အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာ ဖြစ်သည်။ ကျန်တစ်ယောက်ကတော့ ယခုပင် လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်သွားသည့် ‘နတ်ဘုရားများကို တုန်လှုပ်စေသော’နျဲ့ကျင်းရှန်’ ဖြစ်သည်။
ဟုတ်ပေ၏။
ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် အမြင့်ဆုံးအဆင့် ရယူထားသည့် အထက်ရပ်ထိပ်တန်းအရှင်သခင် ချန်ချန်းဟွာက သူ၏ မူလရာထူးကို စွန့်လွှတ်ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူး ရယူရန် တိုက်ခိုက်ခဲ့သည်။
ဤသည်က နည်းနည်းတော့ ရယ်စရာကောင်းသော်လည်း အမှန်တကယ်ပင် ဖြစ်ပျက်ခဲ့သည်ပင်။
နျဲ့ကျင်းရှန်က အတားအဆီးမရှိ ပေါ့ပေါ့ပါးပါးဖြင့် ညတွင်းချင်း အဆင့်တက်သွားခြင်း ဖြစ်သည်။ သူက ဤအချိန်ကို စောင့်ဆိုင်းနေသည်လားဟု ထင်မှတ်ရသည်။
သို့ဖြစ်ရာ နျဲ့ကျင်းရှန်က လစ်လပ်နေသည့် ‘ထိပ်တန်းအရှင်သခင်’ နေရာကို ဖြည့်ဆည်းပေးသည့် အသစ်သော လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့လေရာ လစ်လပ်နေသည့် ‘တောင်ပိုင်းထိပ်တန်းအရှင်သခင်’ ရာထူးကို အလိုအလျောက် ရရှိမည် ဖြစ်၏။
သို့သော် ချန်ချန်းဟွာကလည်း တောင်ပိုင်းထိပ်တန်းအရှင်သခင်ဖြစ်လာရန် အတော်လေး စိတ်ဓာပြင်းထန်နေခဲ့သည်။
အဆုံးသတ်မှာတော့ “တောင်ပိုင်းထိပ်တန်းအရှင်သခင်” ရာထူးအတွက် သူတို့နှစ်ယောက် တိုက်ခိုက်ကြတော့သည်။
ဤတိုက်ပွဲက နှစ်ထောင်ပေါင်းများစွာအတွင် အထက်ဘုံကမ္ဘာမှ သိုင်းသူတော်စင်များကြားတွင် အကြီးကျယ်ဆုံးတိုက်ပွဲတစ်ခု ဖြစ်နိုင်သည်။
သူတို့၏တိုက်ခိုက်မှုက အစစ်အမှန်နတ်ဘုရားနှစ်ပါး တိုက်ခိုက်သည့်တိုက်ပွဲပမာ ပြင်းထန်လွန်းလေရာ အထက်ဘုံကမ္ဘာ၏ အဆုံးမရှိသော ဗလာနယ်လေထုကိုပင် တောက်လျှောက်ဆိုသလို အက်ကွဲသွားစေသည်။
သူတို့တိုက်ခိုက်နေကြစဉ် ကြာပန်းနီတောင်ကြားကို ကူညီခဲ့သည့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ် ရောက်ရှိလာသည်။
သတင်းကြားသည်နှင့် ချင်းယွမ်ဧကရာဇ်လည်း ရောက်ရှိလာသည်။
ဤကိစ္စက ကျောက်စိမ်းကျောက်ဆောင်သာမက ဝါဒတောင်နှင့်ပါ သက်ဆိုင်နေလေရာ များသောအားဖြင့် လောကီရေးရာများကိုစိတ်မဝင်စားသော မိန်းမပျိုဧကရာဇ်လည်း ရောက်ရှိလာသည်။
ချန်းဟွာတောင်ထွတ်သို့ အစောဆုံးရောက်ရှိလာသော မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’နှင့် အခြားသောဧကရာဇ်များ သက်သေရှိပြီးသည့်နောက် အရေးကြီးလှသော ဤတိုက်ပွဲတွင် နှစ်ယောက်လုံးဒဏ်ရာရပြီး သရေပွဲအဖြစ် အဆုံးသတ်သွားသည်။
မျှော်လင့်မထားစွာပင် ချန်ချန်းဟွာက နျဲ့ကျင်းရှန်ကို အနိုင်မယူနိုင်ခဲ့ပေ။
မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန် မည်သို့တွေးတောသည်ဖြစ်စေ ၊ ချန်းဧကရာဇ်က ချန်ချန်းဟွာကို မည်သို့ပင် ထောက်ခံသည်ဖြစ်စေ ၊ မိန်းမပျိုဧကရာဇ်နှင့် လွှမ်းခြုံဧကရာဇ်တို့က ချန်ချန်းဟွာကို မည်သို့ပင်မကျေနပ်သည်ဖြစ်စေ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေကြသည်။
တိုက်ပွဲရလဒ်အနေဖြင့် ချန်ချန်းဟွာက တောင်ပိုင်းထိပ်တန်းအရှင်သခင်ဖြစ်လာရန် ရှုံးနိမ့်သွားခဲ့ပြီး အထက်ရပ်ထိပ်တန်းအရှင်သခင်အဖြစ်သာ နေထိုင်သွားရပေမည်။ သူ၏ ရာထူးအဆင့် နှိမ့်ချလိုသည့်ရည်ရွယ်ချက် မအောင်မြင်ခဲ့ပေ။
ကာလရှည်ကြာလစ်လပ်နေသည့် တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို နောက်ဆုံးတော့ ကြေငြာလိုက်ပြီ ဖြစ်သည်။
နျဲ့ကျင်းရှန်၏ ဓားသိုင်းစွမ်းအားက တစ်လောကလုံးအား တုန်လှုပ်စေသည်။
သူ ‘လူသားအထွတ်ထိပ်အဆင့်’ သို့ တက်ရောက်ပြီးသည်နှင့် အထက်ဘုံကမ္ဘာတစ်ခုလုံးတွင် တန်ခိုးစွမ်းအားအမြင့်မားဆုံး သိုင်းသူတော်စင်ဖြစ်သည့် ချန်ချန်းဟွာကို ဖိနှိပ်နိုခဲ့ပြီး သရေကျအောင် ယှဉ်ပြိုင်နိုင်ခဲ့သည်။
လွှမ်းခြုံဧကရာဇ်၏ဖိအားပေးမှုကိုပင်တွန်းလှန်ပြီး ကြာပန်းနီကမ်းပါးကို တိုက်ခိုက်ခဲ့သော ချန်ချန်းဟွာအနေဖြင့် နတ်ဘုရားအဆင့် ကျင့်ကြံသူများကိုပင် ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းရှိကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။
သို့သော် ယခုပင် ‘လူသားအထွတ်ထိပ်အဆင့်’ သို့တက်ရောက်လာသော နျဲ့ကျင်းရှန်ကို အနိုင်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ပြီးတော့ နျဲ့ကျင်းရှန်က ချန်ချန်းဟွာထက် များစွာအသက်ငယ်ရွယ်သေးသည်ဖြစ်ရာ ဤအချက်က လူပေါင်းများစွာအတွက် တွေးတောစရာ ဖြစ်လာခဲ့သည်။
***
တောင်ပိုင်းထိပ်တန်းအရှင်သခင်အသစ်နှင့်ပတ်သက်ပြီး ဖြစ်ပျက်ခဲ့သမျှကို သိရှိပြီးနောက် ရန်ကျောက်ကဲက သဘောကျစွာ လက်ခုပ်တစ်ချက်တီးရင်း ရေရွတ်လိုက်သည်။
“ဂိုဏ်းတူအစ်ကို’နျဲ့’ က ပြင်းထန်တဲ့ဒီရေလှိုင်းတွေကို ပြောင်းပြန်လှန်နိုင်ခဲ့တာပဲ”
ယခင်က သူ၏ရပ်တည်ချက်ကို လူအများက မစဉ်းစားကြတော့ဘဲ နျဲ့ကျင်းရှန်က တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို တည်ငြိမ်စွာထိန်းထားနိုင်မည့် လူနည်းစုထဲမှတစ်ယောက်ဖြစ်ကြောင်း သိရှိခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော ထိုသူက ‘နျဲ့ကျင်းရှန်’ ဖြစ်နေသောကြောင့်ပင်။
ချန်ချန်းဟွာနှင့်မတူသည်မှာ နျဲ့ကျင်းရှန် တောင်ပိုင်းထိပ်တန်းအရှင်သခင် ဖြစ်လာပြီးသည့်နောက် ဝါဒတောင်၏ လုပ်ဆောင်ချက်များကို မည်သို့မှ ထိခိုက်စေမည် မဟုတ်ပေ။
ထို့ပြင် သူက အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ ကဲ့သို့ ဒေသတွင်း သြဇာလွှမ်းမိုးမှုရစေရန် တည်ဆောက်မည် မဟုတ်ပေ။
ပြတ်ပြတ်သားသားပြောရလျှင် တောင်ပိုင်းထိပ်တန်းအရှင်သခင် ရာထူးကို နျဲ့ကျင်းရှန် ရရှိသွားခြင်းက ဝါဒတောင်ကို ပွင့်ပွင့်လင်းလင်း ကာကွယ်ပေးခြင်းသာ ဖြစ်သည်။
နျဲ့ကျင်းရှန် ‘လူသားအထွတ်ထိပ်အဆင့်’ တက်ရောက်သွားခြင်းအတွက် အခြားသူများက များစွာအံ့အားသင့်ကြသော်လည်း ရန်ကျောက်ကဲကတော့ အင်အားသင့်ခြင်း မရှိခဲ့ပေ။
ဟယ်ရှီးရှင်နှင့် လီကျွင်းရှင်းတို့ကဲ့သို့ပင် နျဲ့ကျင်းရှန်သည်လည်း အဆင့်တက်ချင်သည့်အချိန်တွင် ကျင့်ကြံခြင်းအဆင့်တက်ရောက်ရန် အရည်အချင်းရှိသူတစ်ယောက်ဖြစ်ကြောင်း ဟိုးအရင်ကပင် ရန်ကျောက်ကဲ သိရှိထားခဲ့သောကြောင့်ဖြစ်သည်။
သူက အဆင့်မတက်နိုင်၍မဟုတ်ဘဲ အဆင့်မတက်ချင်သောကြောင့်သာ ငြိမ်နေခြင်း ဖြစ်သည် မဟုတ်ပါလား။
တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ကျဆုံးသွားပြီးနောက် နျဲ့ကျင်းရှန်က ချက်ချင်းပင် သူ့နေရာတွင် အစားထိုးနိုင်ခဲ့သည်။ သို့သော် သူက အကြောင်းပြချက် (၂)ခုကြောင့် ကျင့်ကြံခြင်းအဆင့်မတက်ဘဲ စောင့်စားနေခဲ့ခြင်း ဖြစ်၏။
ပထမအချက်မှာ သူက တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို စိတ်ဝင်စားခြင်း မရှိပေ။
ဒုတိယအချက်မှာ သူက ဝါဒတောင်ကို ကူညီရန် ရည်ရွယ်ထားခဲ့သည်။
ထို့ကြောင့် သူက ကျင့်ကြံခြင်းအဆင့်မတက်သေးဘဲ သိုင်းသူတော်စင် နဝမအဆင့်တွင်သာ သူ၏ကျင့်ကြံခြင်းကို ဖိနှိပ်ထားခဲ့ခြင်းပင်။
ဝါဒတောင်ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသည့်နောက် သူက အခြေအနေများ ငြိမ်သက်သွားစေရန် စောင့်ဆိုင်းနေခဲ့သလို တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကိုလည်း ရယူလိုခြင်းမရှိသဖြင့် သူ၏ ကျင့်ကြံခြင်းအခြေအနေနှင့်ပတ်သက်ပြီး လူအတော်များများမသိအောင် ဖုံးကွယ်ထားခဲ့သည်။
တကယ်တော့ နျဲ့ကျင်းရှန်၏အတွေးများက အခြားသူများ၏အတွေးများနှင့် ဆင်တူသည်။
တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးကို ရန်တိနှင့် ရန်ကျောက်ကဲတို့သားအဖ ‘လူသားအထွတ်ထိပ်အဆင့်’ သို့ တက်ရောက်သည့်အချိန်တွင် ရယူနိုင်ရန် ချန်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် ချန်ချန်းဟွာက တောင်ပိုင်းထိပ်တန်းအရှင်သခင်နေရာကို ရယူရန်ကြံစည်ပြီး ဝါဒတောင်ကို အန္တရယ်ပြုရန် ကြိုးပမ်းခဲ့သည်ဖြစ်ရာ သူက ချက်ချင်းပင် ‘လူသားအထွတ်ထိပ်အဆင့်’ သို့တက်ရောက်ပြီး ချန်ချန်းဟွာကိုတားဆီးကာ ဝါဒတောင်ကို ကာကွယ်ပေးခဲ့ခြင်းပင်။
“ကျင်းရှန် ဓားသိုင်းအစွမ်းထက်တာကို ငါတို့အားလုံး သိထားပေမယ့် ဒီလောက်တော်မယ်လို့ ထင်မထားမိဘူး”
အရှေ့မြောက်ထိပ်တန်းအရှင်သခင် လျိကျန်းကူက မျိုးဆက်သစ်လူငယ်များ၏ အံ့သြစရာအောင်မြင်မှုအတွက် ချီးကျူးစကားဆိုလိုက်သည်။
လူကြီးများထက်တော်သော လူငယ်များပါပေ။
ရန်ကျောက်ကဲက မန်ဝမ်နှင့်အတူ အရှေ့မြောက်မင်ထျန်းကောင်းကင်ပြည်နယ်မှ ကောင်းကင်အက်ကွဲကြောင်းကို ဖြတ်ကျော်ပြီး အထက်ဘုံကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်ပင်။
ချန်းဟွာတောင်ထွတ်နှင့် ကြာပန်းနီကမ်းပါး တိုက်ပွဲအကြောင်း အသေးစိတ်သတင်းများ ပျံ့နှံ့မသွားစေရန် ထိန်းသိမ်းထားသော်လည်း ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော လျိုကျန်းကူတော့ ဤအကြောင်းများကို ကောင်းစွာ သိရှိပေသည်။
ချန်ချန်းဟွာတွင် အမတမှော်ဝင်ပစ္စည်းဖြစ်သော ‘ထျန်းရှင်းပေတံ’ ရှိနေကြောင်း လျိုကျန်းကူထံမှ သတင်းရရှိခဲ့ပြီး ထိုပစ္စည်းက ချန်ချန်းဟွာလက်ထဲတွင် နဂိုကပင် ရှိနေခြင်း ဖြစ်သည်။
သို့သော် နျဲ့ကျင်းရှန်နှင့်တိုက်ပွဲတွင် ချန်ခန်းဟွာက ထိုရတနာပစ္စည်းကို အသုံးပြုခဲ့ခြင်း မရှိပေ။
ကျောက်စိမ်းကျောက်ဆောင်အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်မထားခဲ့ပေ။
နျဲ့ကျင်းရှန်နှင့် ချန်ချန်းဟွာတို့ တိုက်ခိုက်သည့်သတင်းကြားသောအခါ ဝမ်ဖူက သူတို့ကိုကာကွယ်ပေးရန် ကျန့်ဟွမ်ဓားဧကရာဇ် ချန်ထားခဲ့သော အမတမှော်ဝင်ပစ္စည်းကို ယူဆောင်ပြီး တိုက်ပွဲဖြစ်ပွားရာသို့ လိုက်လာခဲ့သည်။ ထိုအမတမှော်ဝင်ပစ္စည်းက ကျန့်ဟွမ်ဓားဧကရာဇ် ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအဆင့်တွင် အသုံးပြုခဲ့သော ရတနာပစ္စည်း ဖြစ်သည်။
သို့သော် ချန်ချန်းဟွာရော နျဲ့ကျင်းရှန်ပါ တိုက်ပွဲတွင် သူတို့၏ ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးခဲ့ကြပြီး အမတမှော်ဝင်ပစ္စည်းများကို အသုံးပြုခြင်း မရှိခဲ့ကြပေ။
လျိုကျန်းကူ၏ မှတ်ချက်စကားကိုနားထောင်ရင်း ရန်ကျောက်ကဲက စကားဆိုလိုက်သည်။
“ဂိုဏ်းတူအစ်ကို’နျဲ့’ က ဒဏ္ဍာရီလာ ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ ပိုင်ဆိုင်ထားတဲ့သူလို့ ထင်မထားခဲ့မိဘူး...”
ဤရုပ်ခန္ဓာက ကနဦးကောင်းကင်ဘုံတွင် ထာဝရတည်ရှိပြီး နှောင်းပိုင်းကောင်းကင်ဘုံသို့ ကျရောက်ခြင်း မရှိပေ။
၎င်းသည် သမိုင်းတစ်လျှောက် ထိပ်တန်းအဆင့် ရုပ်ခန္ဓာများထဲမှ တစ်ခု ဖြစ်သည်။
တစ်ခါတစ်ရံမှာတော့ “ရုပ်ခန္ဓာများထဲမှတစ်ခု” ဟုပင် ဆို၍မရနိုင်အောင် အဆင့်အတန်း မြစ်မားလွန်းသည်။
ထို့ကြောင့် နျဲ့ကျင်းရှန်က ကျန့်ဟွာဓားဧကရာဇ်၏ဓားကို လှုပ်ရှားသွားစေခြင်းမှာ အံ့သြစရာမဟုတ်ပေ။
မူလကနဦးဖြစ်တည်ခြင်းကံကြမ္မာကို ဆုပ်ကိုင်ထားသည်ဖြစ်ရာ သူ့အနေဖြင့် ချန်ချန်းဟွာ၏ မူလကောင်းကင်ကျမ်းစာ၏ ခန့်မှန်းနိုင်စွမ်းကို ရှောင်ရှားနိုင်ခဲ့သည်။
ယခင်က ကောင်းကင်သခင်လေးဟုကျော်ကြားသော အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က စတင်ကျင့်ကြံကတည်းကပင် ကျင့်ကြံခြင်းအဆင့်တူညီသူများအလယ်တွင် နံပါတ် (၁) ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။
ဤသို့ဖြစ်ရသည်မှာ အခြားသူများနှင့်တိုက်ခိုက်ရာတွင် ‘မူလကောင်းကင်ကျမ်းစာ’ ၏ ခန့်မှန်းနိုင်စွမ်းနှင့် အဆုံးမရှိနက်နဲသော တန်ခိုးစွမ်းအားကြောင့် ဖြစ်လေသည်။
ချန်ချန်းဟွာနှင့်တိုက်ခိုက်ရာတွင် ကျင့်ကြံခြင်းအဆင့်တူညီသူများအနေဖြင့် ‘မူလကောင်းကင်ဘုံကျမ်းစာ’ ၏ တန်ခိုးစွမ်းအား တည်ရှိမှုကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်။
ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူဖြစ်သဖြင့် ထိုကိစ္စအတွက် စိုးရိမ်စရာမရှိပေ။ သို့သော် ချန်ချန်းဟွာနှင့်တိုက်ခိုက်မည့်အခြားသူများအတွက်တော့ ဤကိစ္စကို ပထမဦးစားပေး အာရုံစိုက်ရပေမည်။
ကံကောင်းသည်မှာ ‘ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ’ ပိုင်ရှင် နျဲ့ကျင်းရှန်က ဤပြဿနာကို ထည့်သွင်းစဉ်းစားရန် မလိုအပ်ပေ။
နျဲ့ကျင်းရှန် လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိသည်နှင့် သူ၏ အထွတ်ထိပ်နားလည်နိုင်စွမ်း ၊ အရည်အချင်းနှင့် စိတ်စွမ်းအားတို့က သူ၏ရုပ်ခန္ဓာနှင့်ပေါင်းစပ်ကာ ချန်ချန်းဟွာနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည်အထိ တန်ခိုးစွမ်းအား မြင့်မားလာသည်။
လျိုကျန်းကူက ခေါင်းခါယမ်းရင်း...
“အထက်ရပ် ‘ချန်’ ရဲ့ အကျင့်စရိုက်ကို ထည့်မတွက်ဘူးဆိုရင် သူကလည်း လျှော့တွက်လို့မရတဲ့ လူတစ်ယောက်ပဲ ၊ သူတို့နှစ်ယောက်ကို ‘နတ်ဘုရားများကိုတုန်လှုပ်စေသော ခွန်လွန်တောင်မှနဂါး ၊ သိုင်းဂိုဏ်း (၈)ဂိုဏ်းကို အလင်းပေးသည့်လူငယ်...’ လို့ ချီးကျူးခံရတာ အံ့သြစရာ မရှိပါဘူး”
သူက ဆက်ပြောသည်။
“အခု မင်းနဲ့မင်းအဖေလည်း အတူတူပဲ ၊ လွန်ခဲ့တဲ့ ရာစုနှစ်တွေကထက် ငါတို့ကမ္ဘာမှာ ပါရမီရှင်တွေ အများကြီးထွက်ပေါ်လာတာပဲ”
ရန်ကျောက်ကဲက သူ့ခန္ဓာကိုယ်ကို ပွတ်သပ်ရင်း...
“အကြီးအကဲ’လျို’ က ချီးကျူးလွန်းနေပြီ ၊ တောင်ပိုင်းထိပ်တန်းအရှင်သခင်ရာထူးအတွက် နေရာလုတဲ့တိုက်ပွဲမှာ ဂိုဏ်းတူအစ်ကို အနိုင်ရသွားတယ်ဆိုတော့.... ဒီကိစ္စတွေ နိဂုံးမချုပ်ခင် ကြာပန်းနီကမ်းပါးကိစ္စလည်း ဘယ်လိုများဖြစ်သွားမလဲ မသိဘူး”
ချန်ချန်းဟွာက ကြာပန်းနီကမ်းပါးကို စီးနင်းတိုက်ခိုက်ခဲ့သည့်ကိစ္စက ဤမျှလောက် ရိုးရှင်းစွာ ပြီးဆုံးသွားမည် မဟုတ်ပေ။
“ဘာဖြစ်သွားလဲဆိုတော့...”
ထိုစကားပြောချိန် လျိုကျန်းကူ၏ မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းသွားသည်။
“အထက်ရပ် ‘ချန်’ က တကယ့်ကို ခန့်မှန်းလို့မရနိုင်တဲ့ လူတစ်ယောက်ပဲ”