ဖြားယောင်းတာလား၊ နှိုးဆွတာလား
Vol. 30 Ch. 581
ယဲ့ချီသည် ပေထင်းဟွမ်၏အကြည့်ကို လက်လွတ်မခံပေ။ သူသည် နှုတ်ခမ်းများကိုတွန့်ကာ မပြုံးဘမနေနိုင်ပေ။ သူသည် လျှောက်သွားကာ နံပါတ် ၁ အခန်းတံခါးကို သူကိုယ်တိုင်ပင် တွန်းဖွင့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် နံပါတ် ၁ အခန်းထဲမှ ဝိညာဉ်စွမ်းအင်သည် အခန်းနံပါတ် ၂ ထက်ပင် ပို၍ပေါကြွယ်ဝသည်။ သို့သော် အထဲမှဝိညာဉ်စွမ်းအင် ထူထပ်နေသည်မှာ ဖိအားကြီးဖြစ်ပေါ်စေပြီး မည်သူမှ မချည်းကပ်ရဲလောက် အောင်ဖြစ်စေလိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။
ဝိုး...
ပင့်သက်ရှိုက်သံများ ထွက်လာကြသည်။ လျိုရွှီနှင့်တခြားသူများ၏ မျက်လုံးများသည် 'အားကျသည်' ဆိုသည်ဟုပင် ဖော်ပြ၍မရနိုင်တော့ပေ။ ထိတ်လန့်ကြောက်ရွံ့နေကြခြင်းပင်။ တကယ်ဆိုရလျှင် သူတို့သည် လုယက် ချင်သည့် ဆန္ဒကိုပင် မသိမသာထုတ်ပြမိလေသည်။ သို့သော် ယဲ့ချီကို ကြည့်မိ လိုက်သည့်အချိန်တွင် မည်သူမှ ရှေ့သို့မတိုးရဲကြတော့ပေ။
ပေထင်းဟွမ်သည် ယဲ့ချီ၏ရည်ရွယ်ချက်ကို နားမလည်ပေ။ သူမသည် မပျော်မရွှင်နှင့် ဒေါသဖြစ်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ ဒီလူက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။ ဒါကပေါ်တင်ရန်စတာပဲ။ သူမက နောက်ဆိုရင် နံပါတ် ၂ အခန်းမှာနေတော့မှာလေ။ သူမက သူ့ရဲ့ နံပါတ် ၁ တိုက်ခိုက်ရေး အခန်းကို အမြဲတမ်းသွားရည်ကျပြီး ဘယ်တော့မှမပိုင်ဆိုင်နိုင်ဘူးလို့ ပြောချင် တာလား။
“သခင်ကြီးပေထင်းဟွမ်.. ဒီအခန်းမှာကျင့်ကြံမယ်ဆိုရင် မင်းက ဝိညာဉ် သခင်ကြီးမဖြစ်ရင်တောင် တစ်လအတွင်း ထိပ်ဆုံးအဆင့်ကြယ်ဝိညာဉ်သခင် ဖြစ်လာမှာပဲ..” ယဲ့ချီသည် ပြုံးပြီးပြောလေသည်။
အထူးသဖြင့် ဓားအဆင့်သို့ရောက်ချိန်တွင် ကြယ်ဝိညာဉ်သခင်အဖြစ် တက်ခြင်းသည် ကောင်းကင်သို့တက်ခြင်းထက်ပင်ခက်ခဲသည်။ ဓားအဆင့် မြင့်လေလေ တိုးတက်ရန် ခက်ခဲလေဖြစ်သည်။ ဓားဝိညာဉ်သခင်လိုအပ်သည့် စုဆောင်းရမည့် စွမ်းအင်သည် ထိတ်လန့်စရာဖြစ်သည်။ ပေထင်းဟွမ်သည် ဓား ၈ လက်ကြယ်ဝိညာဉ်သခင်အဆင့်ဖြစ်၏။ ယခုအခါ ပေထင်းဟွမ်သည် အခန်း နံပါတ် ၁ တွင် တစ်လကြာအောင်နေပါက ဓား ၉ လက်အဆင့်ထိပ်ဆုံးသို့ ရောက်ကာ ဝိညာဉ်သခင်ကြီးဘုံသို့ရောက်နိုင်မည်ဟု ယဲ့ချီ ပြောနေသည်။
ဝိညာဉ်သခင်ကြီး.. ဝိညာဉ်သခင်ကြီးအဆင့်သို့ ရောက်ပြီးနောက်တွင် လူ တစ်ဦး၏အသက်သည် အနည်းဆုံးအနှစ် ၅၀၀ အထိဆွဲဆန့်နိုင်မည်ဖြစ်၏။ နတ်ဘုံသို့ရောက်သွားလျှင် အသက်မကြီးလာနိုင်တော့ပေ။
၎င်းသည် ကမ္ဘာပေါ်မှဝိညာဉ်သခင်တိုင်းလိုချင်သည့် ဘုံဖြစ်သည်။ ချက်ချင်းဆိုသလိုပင် အားလုံးသည် ဖြားယောင်းခံလိုက်ရသည်။ တချို့သော သတ္တိရဲသူများသည် အကြောက်အလန့်မရှိ ရှေ့သို့တိုးလုနီးပါးဖြစ်သွား၏။ သူတို့ သည် ဆင်ခြင်တုံတရားရှိသေးပြီး နှင်းဖြူရောင်ဝတ်ထားသောလူနှင့် အနက် ရောင်ဝတ်ထားသော လူငယ်တို့ကိုကြောက်၍သာမဟုတ်လျှင် သူတို့သည် လှုပ်ရှားပြီး လုယူလိုက်ပြီဖြစ်သည်။
ခွန်အား၏ဖြားယောင်းမှုကိုခံနိုင်သည်မှာ ဝိညာဉ်သခင်အနည်းစုသာရှိ သည်။ ပင်မတိုက်ကြီးတွင် စွမ်းအင်ထူထဲသည့်နေရာဆိုသည်မှာ များများစားစား မရှိပေ။ အင်ပါယာကျောင်းတော် အမြင့်တွင်ရပ်တည်နိုင်ပြီး ကမ္ဘာပေါ်ရှိ ဝိညာဉ်သခင်များအားလုံး၏ ရင်ထဲတွင်သန့်စင်သောနယ်မြေ အဖြစ်တည်ရှိနေသည့် အကြောင်းအရင်းမှာ ကောင်းကင်ခြံဝင်း၏ တိုက်ခိုက် ရေးအခန်းများကြောင့်ဖြစ်သည်။
သူတို့ မျက်လုံးထဲမှ ရှင်းလင်းနေသော စိတ်ဆန္ဒများကို ဖုံးဖိမရပေ။ လျိုရွှီနှင့် တခြားသူများသည် အသက်ကိုရင်းကာ ရှေ့တိုးလုနီးပါးဖြစ်သွား၏။ ခွန်အားသည် အရေးကြီးသော်လည်း သူတို့အသက်သည် ပို၍အရေးကြီးသည်။ သူတို့ရှေ့မှလူနှစ်ယောက်သည် ကိုင်တွယ်ရန် လွယ်ကူသူများမဟုတ်ကြပေ။
“ဘာအဓိပ္ပာယ်လဲ” ပေထင်းဟွမ်သည် နှုတ်ခမ်းပေါ်တွင် လှောင်ပြောင် သည့်အပြုံးနှင့် တည်ငြိမ်စွာမေးလေသည်။
“ခင်ဗျားကိုစိန်ခေါ်ဖို့ လာဖြားယောင်းနေတာလား”
ဤလူမည်သို့လုပ်ချင်သည်ကို သူမ နားမလည်တော့ပေ။ သူသည် သူမ အပေါ်တွင်ကောင်းသည်။ သို့သော် သူ့ကို အပြည့်အဝယုံကြည်လောက်အောင် အထိ မကောင်းပေ။
အထူးသဖြင့် သူ၏လက်ရှိသရုပ်မှန်သည် ခေါင်းခြောက်စရာဖြစ်သည်။
ပေထင်းဟွမ်သည် ယဲ့ချီကို စိန်ခေါ်မှုအောင်မြင်မှပင် တိုက်ခိုက်ရေး အခန်းနံပါတ် ၁ ကိုရမည်ဖြစ်သည်။ တခြားဖြစ်နိုင်ခြေရှိသော်လည်း ယဲ့ချီသည် သူမကို ပေးနိုင်ခြေရှိသော်လည်း ထိုဖြစ်နိုင်ခြေမှာ အလွန်နည်းပါးသည်။ ဤ တိုက်ခိုက်ရေးအခန်းသည် အင်ပါယာကျောင်းတော်တွင် နှစ်ပေါင်းများစွာ လစ်လပ်ခဲ့ကာ မည်သူမှ အနားမကပ်ရဲခဲ့ကြပေ။
လေထုသည် တစ်ခုခုဖြစ်တော့မည်အလား ပြင်းထန်လာသည်။
ဤအခိုက်အတန့်တွင် သူတို့နှစ်ယောက်၏ ခွန်အားကို ကြောက်သော လူ ၈ ဦး၏ စိတ်ထဲမှဆန္ဒသည် ပြိုကွဲသွားလေသည်။ သူတို့သည် မျက်စိမှိတ် လောင်းကြေးမထပ်တော့ဘဲ နောက်ဆုတ်လိုက်ကြသည်။ ထိုလူနှစ်ယောက်၏ တိုက်ခိုက်ရေးခွန်အားသည် ကောင်းကင်ကိုအံတုနိုင်သည်။ သူတို့နှစ်ယောက် သည် သူတို့ကို လက်သီးဝေ့ပြရုံပင်ဖြစ်သည်။ သူတို့အတွက် အကြောင်းအရင်း ရှိစရာပင်မလိုပေ။ သေခြင်းတရားကိုမကြောက်သောသူသာ သူတို့နှင့် တိုက်ခိုက်လိမ့်မည်။ သူတို့သည် သူတို့အသက်ကို အလွန်တရာတန်ဖိုးထား သည်။
သူ ပြုံးလိုက်သည်။ အဖြူရောင်ဝတ်ထားသည့်လူ၏ ခရမ်းရင့်ရောင် မျက်လုံးများသည် အလင်းများဖြင့် တောက်ပသွားသလိုပင်။ သူ့နှုတ်ခမ်းများ သည် ပန်းပွင့်ဖတ်များကဲ့သို့ပင်၊ ပြီးပြည့်စုံသောမေးရိုးသည် ကောင်းကင်၏ ခြေရာများသာဖြစ်ချေမည်။ ယဲ့ချီသည် တံခါးကိုဖြည်းဖြည်းချင်းတွန်ဖွင့်ပြီး ခေါင်းလှည့်ကာ ပေထင်းဟွမ်အား ဖိတ်ကြားလေသည် “ဝင်လေ.. ငါ အဲဒါ မလိုပါဘူး”