ဒါက ယောက်ျားတစ်ယောက်ရဲ့အလိုလိုက်ခြင်းပဲ
Vol. 30 Ch. 582
ဝင်လေ.. ငါမလိုပါဘူး..
သူ့အသံသည် ပေါ့ပါးနေသော်လည်း အေးစက်မနေပေ။ တကယ်တော့ ချစ်သည့်အရိပ်အမြွက်ပင်ပါသည်။ ပေထင်းဟွမ်သည် နားကြားမှားစရာ အကြောင်းမရှိပေ။ ထိုအသံသည် ရှေးခေတ်များဆီက လာပံဒရကာ သူမ၏ စိတ်ထဲတွင် အဆုံးမရှိ ရင်းနှီးမှုဖြင့် ပဲ့တင်ထပ်သွားသည်။ ၎င်းသည် သူမ၏ ဝိညာဉ်အတွင်းနက်ပိုင်းထဲတွင် ရိုက်ခတ်သွားသည် မှော်စွမ်းအားရှိသည့် ခေါင်းလောင်းတစ်လုံးလိုပင်။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားပြီးနောက် သတိပြန်ဝင်လာ သည်။ သူမသည် ထိတ်လန့်မှုကြောင့် ခေါင်းမော့ပြီး ယဲ့ချီအား အတန်ကြာသည်ထိစိုက်ကြည့်နေမိ၏။ သူသည် ဤအခန်းကိုအသုံးမလိုဟု ပြောနေသည်။ ဤမျှဝိညာဉ်စွမ်းအင်ထူထဲနေသည့်အရာကို မည်သည့်ကျင့်ကြံ သူကမှ မသုံးဘဲမနေပေ။ နတ်ဘုံကျွမ်းကျင်သူများပင် ဝိညာဉ်စွမ်းအားကြောင့် ဖြားယောင်းခံရမည်ဖြစ်သည်။
“ဟုတ်ပြီလေ”
ယဲ့ချီသည် ကျောင်းတော်တွင် မနေသည်မှာ ကြာပြီဖြစ်သည်။ ပေထင်းဟွမ်အခန်းသို့ ဝင်သွားပြီးနောက် သူထွက်သွားသည်။ ငါးရောင်စုံသမင် ဆွဲသည့် ရထားလုံးသည် ကျောင်းတော်မှထွက်သွားချေပြီ။ လမ်းတစ်လျှောက် တွင် မရေမတွက်နိုင်သောအမျိုးသားငယ်၊ အမျိုးသမီးငယ်များသည် လမ်းဘေး တွင်ရပ်ပြီး ကျောင်းတော်၏ နံပါတ် ၁ ကျွမ်းကျင်သူကိုမြင်ချင်ကြသည်။ သို့သော် မည်သူကမှ သူနှင့်ရေစက်မပါပေ။
ငါးရောင်စုံသမင်ဆွဲသည့် ရထားလုံး ကျောင်းတော်မှထွက်သွားပြီးနောက် ၎င်းသည် မိုးပေါ်သို့ပျံသွားကာ အားလုံး၏မျက်စိရှေ့၌ပင် နတ်ဘုရားတစ်ပါး ကဲ့သို့ ပျောက်ကွယ်သွားလေသည်။
ပေထင်းဟွမ်သည် နံပါတ် ၂ အခန်းကို မလိုအပ်တော့ပေ။ လျိုရွှီသည် အခန်းနံပါတ် ၇ မှ အခန်းနံပါတ် ၂ သို့ပြောင်းလာသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်အဆင့်ကျွမ်းကျင်သူ တခြား ၇ ယောက်သည် အားကျနေကြရ၏။ သူတို့သည် သူတို့၏ တိုက်ခိုက်ရေးအခန်းတွင် ရင်ဘတ်ကိုစည်တီးကာ ခြေထောက်ဆောင့်နေကြရသည်။ သို့သော် ဘာမှမတတ်နိုင်ကြပေ။ လျိုရွှီအား မည်သူကများ ယှဉ်ပြိုင်ရဲမည်နည်း။ အကယ်၍ လျိုရွှီကို အနိုင်ရလျှင်ရော.. ပေထင်းဟွမ်၏ ခွင့်ပြုချက်မရှိဘဲနှင့် မည်သူကများ နံပါတ် ၂ အခန်းကို ဝင်ရဲ မည်နည်း။ သူတို့သာ အတင်းဝင်သွားလျှင် ပေထင်းဟွမ်နှင့် စစ်ပွဲစရန် စိန်ခေါ် လိုက်ခြင်းဖြစ်သည်။ မိုးနတ်မင်းရေ သူတို့တွေ ကျိန်းသေပေါက်သေမှာပဲ။
တိုက်ခိုက်ရေးအခန်းသည် သေးငယ်သော်လည်း လူ သုံးယောက်မှ ငါးယောက်အထိနေရန် ပြဿနာမရှိပေ။ အနည်းငယ် လူထူထပ်ရုံသာရှိမည်။ ပေထင်းဟွမ်ဝင်သွားပြီးနောက် သူမသည် ခွန်အားနိမ့်သော သားရဲများ အားလုံးကို ထုတ်လိုက်သည်။ ရွှေရောင်ရှေးမျောက်ဝံ၊ ကင်းကောင်၊ ကျို့ယန်၊ လျှပ်စီး၊ မိုးကြိုးသွား၊ အလင်းစီးကြောင်း၊ ရှောင်ကျောက်၊ လင်းမိုနှင့် ရှောင်ထန်းတို့ ထွက်လာကြသည်။ သူတို့ထဲတွင် အလင်းစီးကြောင်းသည် အကြီးဆုံးဖြစ်သည်။ ၎င်းသည် သေးငယ်သော မြင်းပေါက်စနှင့်တူသည်။ ၎င်းသည် ထောင့်တွင် အသိုက်လုပ်လျှင်တောင် နေရာများများစားစားမယူပေ။
တခြားသူများမှာ လျှပ်စီးသည် ခွေးပေါက်အရွယ်စားရှိသဖြင့် ပေထင်းဟွမ်၏ ခြေရင်းတွင်လဲလျောင်းကာ မိုးကြိုးသွားသည် ကြောင်ပေါက် ဖြစ်ကာ ပေထင်းဟွမ်၏ ရင်ခွင်ထဲတွင် ခွေနေသည်။ ရှောင်ကျောက်သည် လက်ဖဝါးအရွယ်အစားရှိကာ ပေထင်းဟွမ်၏ပခုံးတွင် ဆောင့်ကြောင့်ထိုင် လျက်ရှိသည်။ ၎င်းသည် အမွေးပွအမြီးသည် ပေထင်းဟွမ်၏ လည်ပင်းကို ငွေရောင်တဘက်ကဲ့သို့ ရစ်ပတ်ထား၏။ လင်းမိုနှင့်ပေထင်းဟွမ်တို့သည် ဘေးချင်းကပ်ထိုင်ကာ ခေါင်းသုံးလုံးထဲမှ အလဘ်အလုံးသည် ပေထင်းဟွမ်၏ ပေါင်ပေါ်တွင် အိပ်နေသည်။ ကျို့ယန်သည် ပေထင်းဟွမ်၏အနောက်တွင်ရပ် နေကာ သူ၏အမြီးကိုးချောင်းသည် ပေထင်းဟွမ်အား အေးမည်စိုးရိမ်သည့် အလား ရစ်ပတ်ထားသည်။
ပေထင်းဟွမ်၏ဘေးတွင် နေရာကောင်းကောင်းရရန် ထိုသားရဲများသည် ပွင့်လင်းထင်သာမြင်သာစွာပင် တိုက်ခိုက်လျက်ရှိသည်။ နောက်ဆုံးတွင် သူတို့ သည် အဖြေထွက်လာသည်။ အကောင်ကြီးသာ ပေထင်းဟွမ်ဘေးတွင်ထိုင်ခွင့် ရှိပြီး အကောင်သေးများသည် ပေထင်းဟွမ်ပေါ်တွင် တက်နေရမည်။
“ဟူး.. ငါသာ ပိုသေးအောင်လုပ်လို့ရရင်တော့နော်” အလင်းစီးကြောင်း သည် အနည်းငယ်ဝမ်းနည်းပုံပေါက်နေသည်။ သို့သော် ပေထင်းဟွမ်သည် ခရီး ဝေးသွားရန်လိုအပ်သည့်အခါတိုင်းတွင် သူ၏ကျောပေါ်စီးကာသွားခဲ့ရပုံကို တွေးမိလျှင် သူမရှိလျှင် သခင်ဖြစ်သူသည် ဘာမှမလုပ်နိုင်သည်ဟု အလင်း စီးကြောင်းခံစားရသည်။
“သခင် ဒီမှာ တစ်လလောက် တရားကျင့်ရနိုင်တယ်... ငါ့ကိုထွက်ခွင့်ပေး လို့ရမလား.. ငါလည်းအပြင်ထွက်ပြီးကြည့်ချင်တယ်” အဂူးသည် ပေထင်းဟွမ် အား နတ်အသိစိတ်ထဲမှ တောင်းဆိုလေသည် “သခင် စိတ်မပူပါနဲ့.. ငါ သေချာပေါက် ပြဿနာမရှာပါဘူး”
ပေထင်းဟွမ်သည် အဂူးကို အလွန်ယုံကြည်သည်။ ပြောရလျှင် အဂူးသည် သူမနှင့်ရှိလာသည်မှာ မကြာသေးသော်လည်း သူတို့နှစ်ယောက် ကြားမှ ဆက်ဆံရေးသည် အချိန်နှင့် ဆုံးဖြတ်၍မရပေ။ သေချာပေါက်ပင် ပေထင်းဟွမ် မငြင်းဆန်ပေ။ ထို့အပြင် အဂူး၏ခွန်အားနှင့်ဆိုလျှင် သူအပြင် ထွက်လျှင် တစ်စုံတစ်ယောက်မှ အကွက်ဆင်မည်ကို ပေထင်းဟွမ် မကြောက် ပေ....