အလှလေးများ၊ အစားကောင်းကြိုက်သူ၊ ကင်းကောင်ရဲ့ ရည်မှန်းချက်
Vol. 30 Ch. 583
အဂူးသည် အပြင်ထွက်လည်မည်ဟု ရွှေရောင်ရှေးမျောက်ဝံကြား သောအခါ နေမထိထိုင်မသာဖြစ်လာသည်။ သူသည် အဂူး၏ လည်ပင်းကို ဆုပ်ကိုင်လေသည် “သခင်အဂူး ငါတို့အကုန်လုံးက သခင့်ရဲ့သားရဲတွေပဲ.. မင်း မတရာမးလုပ်နဲ့.. မင်းက တစ်ယောက်တည်း အပြင်သွားချင်တာလား.. မရဘူး မင်းအပြင်သွားရင် ငါ့ကိုပါခေါ်သွား”
ကြယ် ၉ ပွင့်နတ်သားရဲနှင့် အထွတ်အမြတ်သားရဲအကြားတွင် အဆင့် ၁ ဆင့်ကွာခြားသည်။ ထို့အပြင် အဂူးသည် အလွန်သန့်စင်သည့်သွေးသားနှင့် ရှေး ဟောင်းမှော်သားရဲဖြစ်သည်။ ၎င်း၏ပုံစံအစစ်အမှန်ကို မဖုံးနိုင်ခင်တွင် ရွှေရောင်ရှေးမျောက်ဝံကိုမဆိုထားနှင့် အဇူရာကဲ့သို့ အားကောင်းသော အထွတ်အမြတ်သားရဲကိုပင် ချေမှုန်းနိုင်သည်။
သို့သော် ရွှေရောင်ရှေးမျောက်ဝံသည် သူ့ကိုမကြောက်ပေ။ သူသည် အလိုလိုက်ခံရ၍ မောက်မာနေခြင်းဖြစ်သည်။ ပေထင်းဟွမ်သည် သူ့ကို အဂူး တိုက်ခိုက်သည်ကို ခွင့်မပြုဟု ရွှေရောင်ရှေးမျောက်ဝံ သေချာနေသည်။
အဂူးသည် ကူကယ်ရာမဲ့သသွား၏။ ပေထင်းဟွမ်သည်လည်း ရွှေရောင် ရှေးမျောက်ဝံ၏ အရှက်မဲ့သောအပြုအမူကို အရှုံးပေးလိုက်ရသည်။ “မင်းက ဘာလို့ အပြင်ထွက်ချင်တာလဲ လူတွေကိုခြောက်ဖို့လား”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သခင်.. ရွှေရောင်ရှေးမျောက်ဝံတွေရဲ့ ဉာဏ်ရည်ကို လျှော့မတွက်လိုက်နဲ့၊ အင်ပါယာမြို့တော်က ဒိလောက်ကြီးတာ.. အရသာရှိတဲ့ဝိုင်တွေလည်း အများကြီးရှိတယ်လို့ကြားတယ်.. သားရဲကြီး အလှလေးတွေက နေရာတိုင်းပဲ.. စားကောင်းတာတွေလည်း အမျိုးမျိုးရှိနေတာ လေ ငါက အပြင်ထွက်ပြီးကြည့်ချင်ရုံတင်ပါ.. တကယ် ဘာမှမလုပ်ပါဘူး”
ပေထင်းဟွမ်နှင့် အဂူးတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကြ သည်။ တစ်ချိန်တည်းမှာပင် သူတို့မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေး သွားလေသည်။ ဤကောင်လေးသည် စိတ်ခိုင်မာနေသည်။ ပေထင်းဟွမ် ခေါင်းညိတ်လိုက်၏ “အဂူး သူ့ကိုခေါ်သွားလိုက်ပါ.. ကင်းကောင်က ဉာဏ်ထက်မှတော့ ဒေါသထွက်အောင်လုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်.. သူ လုပ်ခဲ့ရင်တောင် နောက်ဆက်တွဲတွေကို ဖြေရှင်းဖို့ အရည်အချင်းရှိတယ်”
အဂူးသည် တိတ်တိတ်လေးနှာရှုတ်ကာ ကင်းကောင်အား အထင်သေးစွာ ကြည့်လေသည်။ ဒီအရူးကတော့... ဒီကောင် အပြင်မှာ ဘာလုပ်ချင်နေတာလဲ ဆိုတာ သူနဲ့ သခင်တို့မသိတာကျလို့။ သူက လူ့အဖွဲ့အစည်းကို လျှော့တွက်နေ တာပဲ။ မကြာခင် လမ်းပေါ်မှာ လူတွေ တံမြက်စည်းနဲ့လိုက်ရိုက်တာခံရတော့ မယ်။
ကင်းကောင်ထွက်သွားပြီးနောက်တွင် လူအများကို အကြမ်းဖက်မည့် ကိစ္စနှင့် သွေးထွက်သံယိုကိစ္စများ လုပ်မည့်ကိစ္စကို ပေထင်းဟွမ်နှင့် အဂူးတို့ စိတ်မပူပေ။ ကင်းကောင်သည် အဆော့မက်သော်လည်း မရက်စက်တတ်ပေ။
“သခင် ကျေးဇူးအများကြီးတင်ပါတယ်.. ဒီလိုလေ့ကျင့်ရေးကွင်းလိုမျိုး ဘာမှမရှိတဲ့နေရာကနေ ထွက်ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်.. လူသားတွေနဲ့ နီးကပ်ဖို့ ဒီလိုအခွင့်အရေးမျိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်.. ဒီတစ်ခါ ငါ လူသားမိန်းကလေးနဲ့တွေ့ပြီး မိတ်လိုက်ရလို့ ထူးချွန်တဲ့ကလေးမွေးခွင့်ရမယ် ဆိုရင် ငါ့မျိုးဆက်တွေကို မင်းရဲ့စာချုပ်သားရဲဆက်ဖြစ်ခွင့်ပေးပါမယ်..”
ကင်းကောင်သည် အဆက်မပြတ် ပြောနေတုန်းပင်။ အဂူးလက်တစ်ချက် ဝေ့လိုက်သည်နှင့် သားရဲနှစ်ကောင်သည် နေရာထဲမှထွက်ကာ လေ့ကျင့်ရေး အခန်းထဲမှ ပျောက်ကွယ်သွားလေသည်။ ပေထင်းဟွမ်သည် နောက်ဆုံးတွင် တိတ်ဆိတ်အေးချမ်းသွား၏။ ကင်းကောင်သည် သူအထင်အမြင်သေးခံရသည် ကို မသိသေးပေ။ သူသည် အဂူးနောက်မှလိုက်ကာ လိုက်လျောညီထွေနေရ တော့မည်။ အဂူးသည်လည်း သူ့ကိုလုံးဝမနိုင်တော့ပေ။ ကောင်းကင်ခြံဝင်းမှ ထွက်ပြီးနောက် သူသည် လေထဲသို့တည့်တည့်ပျံသန်းသွားသည်။
တိုက်ခိုက်ရေးအခန်းနံပါတ် ၁ ၏တံခါးသည် ပွင့်လာသည်။ သားရဲနှစ် ကောင်ထွက်သွားပြီးနောက် ပြန်ပိတ်သွား၏။ ပေထင်းဟွမ်သည် လေ့ကျင့်ရေး အခန်းအလယ်တွင် တင်ပျဉ်ခွေထိုင်ကာ ဘေးနားတွင်လည်း ကျိုးနွံသော သားရဲများဝန်းရံလျက်ရှိသည်။ ပေထင်းဟွမ်သည် အာရုံစူးစိုက်ထားကာ သူမ၏ အသိစိတ်ပင်လယ်ထဲတွင် သူမခန္ဓာကိုယ်ကို ရောင်ပြန်ဟပ်ကာ ပြန်မြင်နေရ သည်။ သူမခန္ဓာကိုယ်အတွင်းမှ ကစဥ့်ကလျားနတ်အရင်းအမြစ်သည် ကြီးမား သောစုပ်ခွက်ကြီးတစ်ခုကဲ့သို့ အရူးအမူးလှည့်ပတ်နေပြီး ပေထင်းဟွမ်၏ ခန္ဓာ ကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ ဒြပ်စင်စွမ်းအင်ဘီးလုံးဆီသို့ ပေးပို့သည့် အပြာရောင်ဒြပ်စင်အဖြစ်ပြောင်းလဲသွားသည်။
၎င်းသည် အလွန်အမင်းပျင်းရိဖွယ်ကောင်းသည့် လုပ်ငန်းစဉ်ဖြစ်သည်။ သို့သော် ကျင့်ကြံခြင်းတွင် ပထမဆုံးလုပ်ရသည်မှာ အထီးကျန်ခြင်းကို ဖြတ်ကျော်ခြင်းပင်ဖြစ်သည်။ ကျင့်ကြံခြင်းကို ထိပ်ဆုံးထိရောက်သူများသည် သန်မာမှုကို ခံနိုင်ရည်ရှိသူများဖြစ်ကြသည်။
အချိန်မည်မျှကြာသွားသည်မသိပေ.. သူမ၏ အကြောမှာ အနည်းငယ် တုန်ယင်လာသည်ကို ပေထင်းဟွမ်ခံစားရသည်။ ထို့နောက်တွင် ဓား ၉ ချောင်း နှင့် ကြယ်ဝိညာဉ်သခင်အဆင့်တွင်ရှိသည့် အတားအဆီးကို ဖြေလျှော့လိုက်၏။ သူမ ဝမ်းမြောက်ရုံအပြင်မရှိတော့ပေ...