ပေထင်းဟွမ်မှာ မထိုက်တန်တဲ့ဂုဏ်သတင်းရှိနေတာ လား
Vol. 30 Ch. 584
သူမ အဆင့်ကျော်နိုင်တော့မှာလား။
အတွေးတစ်ခုတွေးလိုက်သည်နှင့် ပေထင်းဟွမ်သည် သူမ၏ ခန္ဓာကိုယ် အတွင်းရှိအနေအထားမှထွက်လာခဲ့သည်။ သူမ မျက်လုံးများကို ဖွင့်လိုက်ချိန် တွင် အလင်းများစူးဝင်လာသည်။ ထိုအခိုက်အတန့်တွင် သူမ၏တစ်ကိုယ်လုံး ကို ငွေရောင်ကြယ်တာရာအစီအရင်နှင့် လွှမ်းမိုးလိုက်သလိုပင်။ ပဉ္စဂံထောင့် အစီအရင်သည် သူမ၏ခြေထောက်အောက်တွင် ပေါ်လာသည်။ မူလငွေရောင် သန့်စင်သောကြက်ခြေခတ်ဓား ၈ လက်သည် ဘယ်ဘက်သို့ အနည်းငယ် ရွေ့ သွားကာ ဓားငယ်တစ်လက်သည် နေရာလွတ်တွင်ပေါ်လာသည်။ ၎င်းသည် ၉ ခုမြောက်ဓားဖြစ်သည်။ ဆိုလိုသည်မှာ ပေထင်ဟွမ်သည် ကြယ်ဝိညာဉ်သခင် ထိပ်ဆုံးအဆင့်သို့ရောက်သွားပြီဟူ၍ပင်။
ဖူး..
တုန်လှုပ်စွာဖြင့် အသက်ကိုရှူထုတ်လိုက်ကာ ပေထင်းဟွမ်သည် တိုက်ခိုက်ရေးအခန်းကို လှည့်ပတ်ကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း မှာပင် လတစ်ဝက်ကုန်ဆုံးသွားပြီဖြစ်သည်။ ဤလတစ်ဝက်သည် ပေထင်းဟွမ် မွေးဖွားစဉ်ကတည်းက အတည်ငြိမ်ဆုံးနှင့် သက်တောင့်သက်သာအဖြစ်ဆုံး ကာလဖြစ်ခဲ့သည်။ မည်သူမှ သူမကိုမနှောင့်ယှက်သလို တိုက်ခိုက်ခြင်းလည်း မရှိပေ။ သူမ၏ စိတ်နှလုံးသည် ရေကဲ့သို့တည်ငြိမ်ပြီး သူမ၏အသက်ရှူသံကို သာ ခံစားရလေသည်။ ၎င်းသည် သူမ၏တည်ငြိမ်နေသော ကြယ် ၈ လက်ဘုံ ပြီးနောက် နောက်တစ်ဆင့်သို့ တက်ရန်ခွင့်ပြုခဲ့သည်။
ပေထင်းဟွမ်သည် လေးလံစွာဖြင့် သက်ပြင်းကြီးချလိုက်သည်။ သူမ၏ မည်းနက်သောမျက်လုံးများသည် အရင်ကထက် ပို၍လေးနက်နေသလိုပင်။ ဤနေရာတွင် ကျင့်ကြံရသည်မှာ ကောင်းကင်တွင်ကျင့်ကြံရသည်ထက်ပင် ပို၍ သက်တောင့်သက်သာဖြစ်သည်။ ကစဥ့်ကလျားနတ်အရင်းအမြစ်လည်း ၎င်း၏ အကြီးဆုံး သက်ရောက်မှုကို လုပ်ပြနိုင်သည်။ ပြီးခဲ့သည့်လတစ်ဝက်အတွင်း၌ သူမသည် ကစဥ့်ကလျားနတ်အရင်းအမြစ်ကို ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်ခဲ့၏။ တစ်ဟုန်ထိုးတက်လာခဲ့သော ဝိညာဉ်စွမ်းအင်ကို အမြင့်ဆုံးအတိုင်းအတာထိ ဒြပ်စင်စွမ်းအင်ဖြစ်ပြောင်းလဲကာ သူမ စုပ်ယူခဲ့သည်။
“လတစ်ဝက်ကျန်သေးတယ်.. အဲလူပြောတာမှန်တာပဲ.. ငါ ဝိညာဉ်သခင် ကြီးမဖြစ်ရင်တောင်မှ ကြယ်ဝိညာဉ်သခင်အနေနဲ့ ငါ့ကျင့်ကြံမှုကို တည်ငြိမ် အောင်လုပ်လို့ရတာပဲ” ပေထင်းဟွမ်သည် ကိုယ့်ဘာသာတွေးနေမိသည်။ သူမသည် မတ်တတ်ရပ်ကာ အင်္ကျီကြိုးချည်လိုက်သည်။ သူမသည် ကျောင်းသို့ ရောက်သည်မှာ ရက် ၂၀ ကျော်ပြီဖြစ်သော်လည်း သူမ၏ဆရာဖြစ်သူ ကျောင်းအုပ်နန်လင်းကို မတွေ့ရသေးပေ။
“ဟူး အစ်ကိုကြီးလည်းရှိသေးတယ်.. ဒေါ်လေးလည်း ငါ မြို့တော်ကို ပြန်ရောက်တာ သိသင့်တယ်.. အိုး.. ဦးလေးလည်းရှိတာပဲ.. သူတို့ကိုတွေ့လို့ရ မလားမသိဘူး” ထိုဆွေမျိုးများကိုတွေးပြီး ပေထင်းဟွမ်သည် ရုတ်တရက် လွမ်းဆွတ်လာသည်။ သို့သော် အခုအရေးအကြီးဆုံးမှာ ကျောင်းပြိုင်ပွဲတွင် ပထမရရန်ဖြစ်ကာ ရှေးခေတ်အချိန်ကတည်းက တိုက်ကြီးတွင်ဖြစ်ပျက်ခဲ့သမျှ ကို သိရန် နတ်မိစ္ဆာဝိညာဉ်ဂူသင်္ချိုင်းသို့ ဝင်ရန်ဖြစ်သည်။ သူမသည် တိုက်ပွဲ ရည်ရွယ်ချက်များကိုခံစားကာ ခွန်အားကိုတိုးအောင်လုပ်ချင်သည်။
“ဒေါ်လေးတို့လည်း နားလည်နိုင်မယ်ဆိုတာ သေချာပါတယ်.. အခု ငါ့ မိဘတွေလည်း ဘယ်ရောက်နေလဲမသိဘူး.. အစ်ကိုကြီးက နှစ်တွေအများကြီး အထီးကျန်မှုကို တောင့်ခံရင်း ကြိုးစားခဲ့တာ ပြီးတော့ ငါ့အတွက်နဲ့ ကျင့်ကြံခဲ့ တာပဲ” ပေထင်းဟွမ်သည် စိတ်ထဲတွင် ရုန်းကန်ရင်း လေးလံစွာသက်ပြင်းချ လိုက်သည်။ သူမ၏သားရဲများသည် တိတ်ဆိတ်စွာ ကျင့်ကြံနေကြသည်။ တံခါးကို ညင်သာစွာဖွင့်ကာ ပေထင်းဟွမ် ထွက်လာခဲ့သည်။
မနက်ခင်းအစောပိုင်းဖြစ်နေ၏။ သာယာသောနေ့လည်းဖြစ်သည်။ ပေထင်းဟွမ်သည် ကောင်းကင်ခြံဝင်းဝင်ပေါက်တွင်ရပ်ပြီး ရှေ့မှ ကြီးမားသော အဖြူရောင်အဆောက်အဦးကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချမိသည်။ တစ်ချိန် တည်းမှာပင် သူမ အကြောဆန့်လိုက်သည်။ လတစ်ဝက်ကြာ ကျင့်ကြံ ပြီးနောက် သူမ၏အခြေအနေသည် ဤထိပ်ဆုံးထိရောက်လာခဲ့သည်။ သူမ၏ မျက်လုံးများသည် နက်ရှိုင်းကာ ရံဖန်ရံခါ တောက်ပသည်။ သူမ၏ အနက်ရောင် ဝတ်ရုံသည် အစက်အပျောက်များမရှိသလို သူမမျက်နှာမှ ငွေရောင်မျက်နှာဖုံး သည် တောက်ပလျက်ရှိသည်။ သို့သော် နဂါးငွေ့တန်း၏ ရောင်ပြန်ဟပ်မှုကဲ့သို့ တောင်နှင့်မြစ်တွေကို အနိုင်ယူနိုင်သည့် မျက်လုံးများကို ဖုံးကွယ်ထား၍မရပေ။
ဖူခန်းသည် အဝေးမှပြေးလာသည်။ သူ တံခါးသို့ရောက်သည်နှင့် ပေထင်းဟွမ်သည် လှေကားတွင်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူသည် ထိတ်လန့်သွာသဖြင့် မျက်လုံးကို ထပ်ခါထပ်ခါ ပွတ်မိသည်။ ပေထင်းဟွမ် မှန်သည်ကိုမြင်သောအခါ သက်ပြင်းချလိုက်သည်။ သို့သော် သူ၏မျက်နှာတွင် ပျော်ရွှင်ခြင်းများရှိမနေပေ “သခင်ကြီးပေထင်းဟွမ် ဂူပိတ်ကျင့်ကြံတာကနေ ထွက်လာလို့တော်သေးတယ်.. လအလင်းတော်ဝင်ကျော်ငးက ကျောင်းအုပ်က သူ့အဖွဲ့နဲ့ရောက်လာပြီး မင်းကို တွေ့ချင်တယ်လို့ပြောနေတာ.. ကျောင်းအုပ်က အဲဒါကိုခွင့်မပြုဘူး.. မင်းက မထွက်လာရဲလို့ မင်းရဲ့ဂုဏ်သတင်းနဲ့ မတန်ဘူးလို့ အဲအဘိုးကြီးက ပြောနေတယ်”
“ဟား” ပေထင်းဟွမ်သည် ထိုမျှရယ်ရသောဟာသမျိုးကို တစ်ခါမှ မကြား ဖူးပေ။ သူမသည် ရယ်မောလေသည်။ သူမ၏မျက်လုံးထဲတွင် ရေခဲအက်သွား သကဲ့သို့ တဖျတ်ဖျတ်လက်သွားလေသည်.. ဂုဏ်သတင်းနဲ့ မတန်ဘူးဟုတ် လား.. ငါက သူတို့ကိုမတွေ့ရဲဘူးဟုတ်လား။ ငွေလရောင်အင်ပါယာက ဒီနှစ် နာမည်ကြီးဟာသလိုဖြစ်နေတာလား။