← Chapters

တစ်စုံတစ်ယောက်က သူမကိုရှာနေတယ်

Vol. 30 Ch. 585

တစ်စုံတစ်ယောက်က သူမကိုရှာနေတယ်

Vol. 30 Ch. 585

လအလင်းတော်ဝင်ကျောင်းတော်သည် ငွေလရောင်မြို့တွင် တည်ဆောက်ထားကာ ငွေလရောင်ပါယာနှင့် တရင်းတနှီးရှိလှသည်။ နှစ်စဉ် နှစ်တိုင်းတွင် လအလင်းတော်ဝင်ကျောင်းတော်သည် ငွေလရောင်အင်ပါယာ တွင် သုံးပုံတစ်ပုံနေရာရသည်။ ငွေလရောင်အင်ပါယာ၏တော်ဝင်မိသားစုဝင် ၉၀ ရာခိုင်နှုန်းသည် လအလင်းတော်ဝင်ကျောင်းတော်မှ ကျောင်းပြီးသည်ဟု ဆိုသည်။

ဖူခန်းသည် အနည်းငယ် စိတ်တိုနေသည့်ပုံပင်။ သူသည် ပေထင်းဟွမ် အနီးသို့လျှောက်သွားကာ ပြောလေသည် “အဲဒီအဘိုးကြီးက ကျောင်းအုပ် နန်လင်းကို ဂုဏ်လိုက်ပြိုင်နေတာ.. မင်းကို ကျောင်းအုပ်နန်လင်းက တပည့် အဖြစ်လက်ခံတယ်လို့ သူကြားတာနဲ့ သူ့တပည့်ကိုပါ ပျော်ပျော်ကြီးခေါ်လာ တာပဲ.. သူ့တပည့်က ချူဟန့်လို့ခေါ်တဲ့ ငွေလရောင်အင်ပါယာမှာ ရှားပါးတဲ့ ပါရမီရှင်ပဲ.. သူက ၃၉ နှစ်ပဲရှိသေးတဲ့ ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ပဲ...”

ထိုအချက်တွင် ဖူခန်းသည် ခေတ္တမျှရပ်လိုက်သည်။ ပေထင်းဟွမ်၏ ခန္ဓာကိုယ်ထဲမှ ဒြပ်စင်စွမ်းအင်အတက်အကျအနည်းငယ်ကို သူ ခံစားမိလိုက် သည်။ သူမသည် ပြီးခဲ့သည့်လတစ်ဝက်တွင် ပိုသန်မာလာပုံပင်။ ထို့နောက် ပေထင်းဟွမ်သည် ၁၄ နှစ်သာရှိသေးကာ သူ၏မြေးမလေးထက်ပင် ငယ်သေး သည်ကို သတိရသွားသည်။ ဤကမ္ဘာပေါ်တွင် သူမအပြင် မည်သူကများ ပါရမီရှင်ဟု ခေါ်ထိုက်မည်နည်း။

“ချူဟန့်လား” ပေထင်းဟွမ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက် သည်။ ထိုအပြုအမူသည် စူးရှသည့်အလင်းထုတ်လိုက်သည့်အလား ဖူခန်းကို နောက်ခြေတစ်လှမ်းဆုတ်သွားစေသည်။ သူမ၏အသံသည် နူးညံ့သော်လည်း လူအများကို တုန်ယင်လောက်အောင် အေးစက်သည် “သူနဲ့တွေ့ချင်တယ်.. ပြောရရင် ကျွန်တော်တို့ကြားမှာ သမိုင်းကြောင်းတချို့ရှိတယ်”

ပေထင်းဟွမ်နှင့် ချူဟန့်တို့အကြားမှ ဆက်ဆံရေးသည် မည်သို့မည်ပုံ ဖြစ်သည်ကိုတော့ ဖူခန်းမသိပေ။ ချူဟန့်သည် ပေထင်းဟွမ်ကို မတော်တဆ ပြစ်မှားမိသည်ကို တွေးမိသောအခါ သူ ချူဟန့်အတွက် ဖယောင်းတိုင်မီးညှိပေး မိသည်။ ဤကောင်လေးကို ပြစ်မှားသည့်မည်သူမဆို လက်ကျန်ဘဝတွင် ခြေထောက်ဆန့်ပြီး အေးအေးချမ်းချမ်းအိပ်ရတော့မည်မဟုတ်ပေ။ ချူဟန့်က တကယ်ပဲ အဲလိုလုပ်ဖို့ သတ္တိရှိလို့လား။

ဖူခန်းသည် ချူဟန့်၏ သတ္တိရှိပုံကို မလေးစားဘဲမနေနိုင်ပေ “ကျောင်းအုပ်က မင်းရဲ့ကျင့်ကြံမှုကို နှောင့်နှေးသွားတာမျိုးမဖြစ်ချင်လို့ သုံးခါ တောင်ငြင်းပြီးပြီ.. အဲဒီအဘိုးကြီးနဲ့ သူ့ရဲ့အဖိုးတန်တပည့်လေးက လက်မလွှတ် ချင်ဘူးလို့ ဘယ်သူထင်မှာလဲ.. အဲဒါနဲ့ ငါလာကြည့်မယ်လို့ပြောလိုက်တယ်.. တိုက်တိုက်ဆိုင်ဆိုင် မင်းလည်း ဂူပိတ်ကျင့်ကြံရာကနေထွက်လာပြီ”

ပေထင်းဟွမ်သည် အသာခေါင်းညိတ်လိုက်သည်။ သို့သော် သူမ၏ စိတ်ထဲတွင် အထူးသဖြင့်ထူးဆန်းနေသလို ခံစားရသည်။ သူက သူမကို တွေ့ရ မှဖြစ်မှာလား။ အဲဒါက ဆရာနန်လင်းကြောင့်လား၊ ဒါမှမဟုတ် သူမနဲ့ ချူဖုန်း တို့ကြားက ဆက်ဆံရေးကို ချူဟန့်တို့က သိနေကြလို့လား။ သူမ၏ ဝမ်းကွဲ အစ်ကိုသည် ငွေလရောင်အင်ပါယာမှ ခြေရာခံလိုက်သူ၏ရှေ့တွင် ပေါ်လာလျှင် မည်သို့ဖြစ်မည်ကို သူမသိပေ။ သူမသည် သံမဏိသွေး၏ လက်ရှိအခြေအနေ နှင့် ခွန်အားကိုတွေးပြီး စိတ်ထဲမှနှာမှုတ်လိုက်သည်။ ဆန့်ကျင်ဘက်အနေနှင့် ငွေလရောင်အင်ပါယာမှ သူမ၏ဝမ်းကွဲအစ်ကိုကို ပြဿနမရှာမည်ကို စိုးရိမ်နေ မိ၏။ လက်ရှိသံမဏိသွေး၏ခွန်အားနှင့်ဆိုလျှင် ဝမ်းကွဲအစ်ကိုနောက်လိုက်သူ များကို ချေမှုန်းရန် လုံလောက်ပြီဖြစ်သည်။ တစ်နေ့တွင် သူမသည် ငွေလရောင် အင်ပါယာနှင့် ၁၄ နှစ်တာရန်ကြွေးကိုဆပ်ရန် ဝမ်းကွဲအစ်ကိုကို ကူညီမည်။

သူမသည် ယခုအချိန်ကစတော့မည်။

“ဆရာဖူခန်း စိတ်မပူပါနဲ့ ကျွန်တော်ရှိတယ်” ပေထင်းဟွမ်သည် ပြောပြီး နောက် ရှေ့သို့ဆက်လျှောက်သွားလေသည်။

ဖူခန်းသည် ပေထင်းဟွမ်၏ကိုယ်ရည်ကိုယ်သွေးကိုသိသည်။ သူမသည် ဆုံးရှုံးခံမည့်လူစားမျိုးမဟုတ်ပေ။ သို့သော် သူမသည် ငယ်ရွယ်သေးသည်ကို လည်း မှတ်မိသည်။ သူသည် သူမနှင့်အတူ အဖော်လိုက်ပါပေးရင်း ပြောလိုက် သည် “စိတ်ပူဖို့မလိုပါဘူး.. အဲဒီအဘိုးကြီးက မနာလိုနေတာ ဒါပေမဲ့ အဘက် ဘက်မှာ ကျောင်းအုပ်နန်လင်းကို ဘယ်ဘက်ကမှမယှဉ်နိုင်ဘူး.. အဲဒါကြောင့် လည်း အင်ပါယာကျောင်းတော်က လအလင်းတော်ဝင်ကျောင်းကို ဖိနှိပ်နိုင်ခဲ့ တာပဲ.. ကျောင်းအုပ်နန်လင်းလည်းရှိတယ်၊ ငါတို့ကိုယ်ပိုင်နယ်မြေမှာလည်း ဖြစ်နေတော့ ဘယ်သူကမှ မင်းကိုအနိုင်မကျင့်နိုင်ဘူး”

ပေထင်းဟွမ်သည် ရင်ထဲထိမိသည်။ ၎င်းသည်ဆရာတစ်ယောက်ရှိရ မည့်ပုံစံဖြစ်သည်။ သူမ ဖူခန်းကို မည်မျှရန်စပါစေ အရေးကြီးသည့် အခိုက်အတန့်တွင် သူမ၏ဘက်မှရပ်တည်ပေးသည်။ သူမသည် ရှင်းရှင်းလင်း လင်းသိထားသလို ဖူခန်းသည်လည်း ကောင်းကောင်းသိထားသည်။

အင်ပါယာကျောင်းတော်သည် ဆရာများ၏ခွန်အားအပြင် တခြားဘာကို မှမရှာပေ။ ဤတိုက်ကြီးတွင် နှစ်ပေါင်းများစွာ ခိုင်မာစွာရပ်တည်နိုင်ရန် ကျွမ်းကျင်မှုလည်းလိုသလို ဆက်ဆံရေးရာလည်းမနိမ့်ရပေ။

“ကျေးဇူးတင်ပါတယ် နည်းပြဖူခန်း ကျွန်တော် နားလည်ပါတယ်” ပေထင်းဟွမ်သည် ပြုံးပြီး ပြန်ဖြေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အဂူးနှင့် ကင်းကောင်တို့ကို စိတ်နှင့်လှမ်းပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ပြန်လာကြ.. လူတစ်ယောက်က ငါ့ကိုလာရှာတယ်.. ငါတို့အသက်နဲ့အိပ်မက်တွေအကြောင်း သူတို့ကိုသွားပြောလိုက်ရအောင်”

All Chapters