မင်းနဲ့တိုက်ခိုက်ဖို့ရှောင်လို့မရဘူး
Vol. 30 Ch. 586
အင်ပါယာကျောင်းတော်၏ သင်ကြားရေးဧရိယာအနောက်ရှိ ဥယျာဉ်ထဲ တွင် မိုချို့ကန်သည် မှန်ကဲ့သို့ကြည်လင်ကာ အနောက်ဘက်တောင်နှင့် အဖြူ ရောင်အဆောက်အဦးကြားတွင် နစ်မြုပ်နေသည်။
ကန်ဘေးတွင် တွဲလောင်းကျနေသောရွှေရောင်မိုးမခပင်အတန်းလိုက် သည် တင့်တယ်သောမိန်းကလေး၏ခါးသဖွယ် ယိမ်းနွဲ့နေသည်။ ကန်ဘေးရှိ မိုးမခပန်းများသည် ကန်မျက်နှာပြင်ပေါ်ညင်သာစွာကျရာ လေနှင့်အတူ လှိုင်း ကလေးများထလျက်ရှိသည်။
ကန်ဘောင်တွင် မြက်ခင်းစိမ်းနှင့် သဲအနည်းငယ်ရှိသည်။ နေရောင် အောက်တွင် ငွေရောင်သဲများသည် စိန်များသဖွယ် တောက်ပနေသည်။ မြက်ခင်းပြင်သည် စားပွဲပေါ်တွင် နှင်းဖြူရောင်စားပွဲခင်း ခင်းထားသကဲ့သို့ ဖြစ်နေ၏။ အဝေးမှကြည့်လျှင် ထိုမျိုးရိုးမြင့်များအကြားတွင် ပင်လယ်နက်ပြာ သည် အကျော်ကြားဆုံးဖြစ်လိမ့်မည်ဟု ပေထင်းဟွမ်ပြောနိုင်သည်။
ဆရာနန်လင်းသည် လက်ဝကျယ်သည့်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ ၏ ကိုယ်နှုတ်အမူအရာမှာ ကမ္ဘာမြေပေါ်မှ ဝေနှင့်ကျင်နန်းဆက်မှ နာမည်ကျော် ပညာရှိတစ်ဦး၏ဟန်ပန်ရှိသည်။ သူသည် အဖြူရောင်ကြိမ် ကုလားထိုင်တွင်လှဲလျောင်းနေသည်။ သူ့ဦးခေါင်းအထက်တွင် စိမ်းဖန့်သော သစ်ရွက်များနှင့် တတိုင်းမွှေးပင်ရှိနေသည်။ သစ်ရွက်နုများသည် ထိုလူ၏ တင့်တယ်မှုကို လုမယူနိုင်ပေ။ နွေရာသီအစောပိုင်း ကန်ဘေးအလှသည် ထို အမျိုးသားအတွက် အနားကွပ်ပေးနေသည်။
သူ့လက်ထဲမှ ဖန်ခွက်ရှည်ရှည်သည် ကောင်းကင်ထက်ပင် ပြာလဲ့သည်။ ၎င်းသည် လှပသောကျောက်စိမ်း သို့မဟုတ် မူလကျောက်တုံးနှင့်ပြုလုပ်ထား သည့် မူလအရည်နှင့်တူသည်။ သူလှုပ်ရှားတိုင်းတွင် ဖန်ခွက်ထဲမှ အရည်သည် လှုပ်ခတ်နေသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင် ၁၀ နှစ်အရွယ်ကလေးရှိသည်။ သူ့ဘေးတွင် ဆရာနန်လင်းနှင့် သက်တူရွယ်တူခန့်ရှိသည့် ယောက်ျားတစ်ဦး ရှိနေ၏။ သူသည် ဘရိုကိတ်ခါးပတ်နှင့် ဇိမ်ခံအဝတ်အစားများဝတ်ဆင်ထား၏။ သူသည် ပင်လယ်နက်ပြာ တစ်ခွက်ကို ကိုင်ဆေင်ထားသည်။ သို့သော် သူသည် နန်လင်း၏ နူးညံ့မှုကိုပေါ်လွင်စေရုံသာဖြစ်သည်။
အနောက်မှ မရင်းနှီးသောလူနှစ်ယောက်သည် စစ်သည်ချပ်ဝတ်တန်ဆာ များဝတ်ဆင်ထားပြီး လက်ပိုက်လျက်ရှိသည်။ သူတို့မျက်နှာထားများသည် တင်းမာနေကာ နှစ်ယောက်လုံးသည် အဆင့် ၃ ရှိသူများဖြစ်ကြသည်။ ကျန် နှစ်ယောက်သည် ချပ်ဝတ်တန်ဆာအပေါ်တွင် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင် ထားသည်။ သူတို့သည် အနည်းငယ်ပိုသန်မာကာ အဆင့် ၄ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် ခါးတွင်ဓားရှည်များကို ချိတ်ဆွဲထားကာ လူငယ်လေး ၏ အနောက်တွင် အနီးကပ်စောင့်ကြပ်နေသည်။ မိတ်ဆက်ပေးရန်မလိုအောင် ပင် ထိုလူသည် ငွေလရောင်အင်ပါယာ၏ မြောက်တောင်ပံဘုရင် ချူဟန့်ဖြစ် လိမ့်မည်ဟု ပေထင်းဟွမ် သိလိုက်သည်။
ပင်မတိုက်ကြီးရှိ အင်ပါယာတချို့၏ အဆင့်နှင့်ရာထူးများသည် တူညီ သလောက်ပင်။ ရာယာအင်ပါယာကဲသို့ပင် ငွေလရောင်အင်ပါယာသည်လည်း ရုံးသူတော်စင်နှင့် အဂ္ဂိရတ်ပညာရှင်တို့ရှိကြသည်။ ထိုအဆင့် ၄ ကျွမ်းကျင်သူ နှစ်ယောက်သည် ငွေလရောင်အင်ပါယာမှ ချူဟန့်အတွက် တာဝန်ပေးလိုက် သူများဖြစ်သည်။ အစက မင်းသားများသာ ထိုအရာကိုခံစားခွင့်ရှိသည်။ ချူဟန့် ၏ဖခင်သည် လွန်ခဲ့သည့် ၁၄ နှစ် နန်းတော်ပုန်ကန်သည့်အရေးတွင် စွမ်းဆောင်မှုအားကြီးခဲ့သဖြင့် ချူဟန့်သည်လည်း မင်းသားများကဲ့သို့ ဆက်ဆံ ခံရခြင်းဖြစ်နိုင်သလို တချို့သောအချစ်မခံရသည့် မင်းသားများထက်ပင် သာလွန်သည့် အနေအထားရောက်နေခြင်းဖြစ်မည်။
ချူဟန့်သည် ဤမျှကြီးမားသော အခြွေအရံများခေါ်လာသည်။ ငွေလရောင်အင်ပါယာတွင် မြောက်တောင်ပံဘုရင်၏ ရာထူးသည် အိမ်ရှေ့စံ ထက်ပင် ပို၍မြင့်နေသလိုပင်။
“ဆရာနန်လင်း.. ခင်ဗျားက လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို မျက်နှာ ချင်းဆိုင်မတွေ့မချင်း မယုံဘူးလို့ပြောကြတယ်.. ခင်ဗျားတပည့်က ပြီးခဲ့တဲ့ ရက်တွေမှာ ပင်မတိုက်ကြီးမှာ တော်တော်မွှေထားတာပဲ.. သူလည်း အစွမ်းအစ ကြီးတဲ့လူဖြစ်မယ်လို့ထင်ထာတာ.. ဒါပေမဲ့ ထွက်တောင်မတွေ့ရဲတဲ့သူဖြစ်နေ လိမ့်မယ်လို့ထင်မထားဘူးပဲ.. သခင်ကြီးနန်လင်းက စွမ်းဆောင်ရည်ရှိတဲ့သူပါ.. ခင်ဗျားတပည့်အတွက် အဟုန်ဖန်တီးချင်တာနဲ့ စီရင်ချက်ဗိမာန်ရဲ့ သန့်စင် သောသားတော်အသစ်နဲ့ စဖို့ကို ဝန်မလေးဘူးနော်” ချူဟန့်သည် လက်ထဲမှ ဖန်ခွက်ကို လှုပ်ယမ်းရင်း မရင်းနှီးသောမျက်နှာထားဖြင့် ပြောလေသည်။ သူ ယခုလိုစကားမျိုး ပြောသည်မှာ အကြိမ်ရေမည်မျှရှိနေပြီကို မည်သူမှမသိကြ ပေ။
ဆရာနန်လင်းသည် သူ့ကိုလျစ်လျူရှုသလိုကြည့်လိုက်သည်။ သူသည် စိတ်ဆိုးခြင်းလည်းမရှိပေ။ သူသည် လက်ထဲမှဝိုင်ခွက်ကို နှာခေါင်းနားတေ့ပြီး ညင်သာစွာအနံ့ကိုရှိုက်သွင်းလိုက်သည်။ ခံ့ညားသည့်အပြုံးနှင့် ကလူသည့် ရောင်ဝါမျိုးထွက်လာသည် “ကျုပ်ကျောင်းသားရဲ့ခွန်အားကို တိုက်ကြီးရဲ့ လူတွေက မျှမျှတတဆုံးဖြတ်ပေးတာပါ.. သူ့ကို နောက်ကနေ ထင်ကြေးပေး ပြီး အသရေဖျက်နေဖို့မလိုပါဘူး.. သူလည်း မင်းနဲ့တိုက်ခိုက်ဖို့ ရှောင်လွှဲလို့မရ ပါဘူး.. အခု သူနဲ့တိုက်ခိုက်ပြီး အချိန်ဖြုန်းနေမယ့်အစား သခင်ကြီးချူဟန့် ဘာလို့ အေးအေးချမ်းချမ်းမကျင့်ကြံတာလဲ.. ကွင်းပြင်မှာ မျှမျှတတတိုက်ခိုက် ဖို့ မျှော်လင့်နေရဦးမှာလေ”