ခပ်လျှိုလျှိုနေတယ်ဆိုတဲ့စကားလုံးကိုနားမလည်ဘူး
Vol. 30 Ch. 587
ချူဟန့်သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားသော်လည်း မျက်နှာတွင် မည်သည့်အမူအရာမှမပြပေ။ နနလင်သည် အပြင်ပန်းမြင်ရသကဲ့ သို့ နူးညံ့ပြီး ကြော့ရှင်းမနေပေ။ သူသည် စိတ်ထဲမှဒေါသကို ချုပ်တည်းထားရ သည် “သူ့ကိုတွေ့ပြီးရင် အခက်တွေ့အောင်လုပ်မှာကို သခင်ကြီးနန်လင်းက စိုးရိမ်နေတာလား”
ချူဟန့်သည် သွေးအန်ချင်သည့်စိတ်ကို အောင့်အီးထားရသည်။ ထို့အပြင် သူသည် ငွေလရောင်အင်ပါယာဧကရာဇ်ကိုယ်တိုင်ပေးထားသည့် မြောက် တောင်ပံဘုရင်ဆိုသည့်ခေါင်းစီးကို ရထားသူဖြစ်သည်။ သူ၏ရာထူးနှင့်ဆိုလျှင် ရာယာအင်ပါယာသို့လာသည်နှင့် အင်ပါယာဧကရာဇ်ပင်လျှင် ကိုယ်တိုင် ကြိုဆိုရမည်ဖြစ်သည်။ မိသားစုမှနှင်ထုတ်ခံရသည့် အစွန့်ပစ်ခံကလေးကို တွေ့ရန် သူအားထုတ်နေရသည်။ ဘာတွေဖြစ်နေတာလဲ။
ပေထင်းဟွမ်သည် ချူဖုန်းကဲ့သို့ အရှက်ကင်းမဲ့သည်ဟု ချူဟန့်ခံစားရ သည်။ သူသည် ပေထင်းဟွမ်ကဲ့သို့လူမျိုးကို ကောင်းကောင်းမွန်မွန်ဆက်ဆံ ပေးမည့်သူမဟုတ်ပေ။ သူ့နောက်တွင် ဆရာနန်လင်းရှိနေခြင်းကြောင့် သူ့ကိုယ်သူ မည်မျှအထင်ကြီးနေသည်မသိပေ။ သူသည် ပေထင်းဟွမ်ထက်ပင် ကျောထောက်နောက်ခံတောင့်သည်။
ဓားအလင်းသည် မိုးပေါ်တွင် လက်ကနဲဖြစ်သွားသည်။ သူတို့အားလုံး သည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ဓားအလင်း သည် တောက်ပလွန်းသည်ဟု ချူဟန့်နှင့်တခြားသူများခံစားရသည်။ အဝေးမှ ဖိအားတစ်ခုထွက်ပေါ်လာသည်။ အားလုံးကြည့်လိုက်ရာ အဝေးရှိ မိုးပြာရောင် ကောင်းကင်မှ အနက်ရောင်အစက်တစ်စက် ချည်းကပ်လာသည်ကိုမြင်လိုက်ရ ၏။ ဓားပိုက်ကွန်ပေါ်တွင် လူငယ်တစ်ယောက်သည် လက်ပိုင်လျက်ရပ်နေ သည်။ သူ၏အဝတ်များသည် လွင့်ပျံနေကာ နက်မှောင်သောဆံပင်သည် လေ နှင့်အတူလွင့်ပါနေသလို သူ၏ဂရုမစိုက်သောမျက်လုံးများထဲတွင် တောက်ပနေ သည့် ကြယ်များရှိနေသည်။ သူ၏ပိန်ပါးသောနှုတ်ခမ်းများသည် ဓားသွားကဲ့သို့ ပြုံးလိုက်၏။ သူ မရောက်ခင်တွင် သူ၏ စူးရှမှုကိုပြသနေသည်။
နန်လင်းသည် လက်တစ်ဖက်ဖြင့် ဖန်ခွက်ကိုကိုင်ကာ မျက်လုံးထဲမှ အပြုံး များဖြင့်ကြည့်လိုက်သည်။ သူ၏ ဖန်လုံးနှင့်တူသော အညိုရောင်မျက်အိမ်များ သည် ပေထင်းဟွမ်၏ပုံရိပ်ပေါ်တွင် တစိုက်မတ်မတ်ကျရောက်နေသည်။ သူ၏ လှပသောနှုတ်ခမ်းများကွေးတွန့်သွားပြီး ခေါင်းကိုအသာခါယမ်းလိုက်သည်။ ဒီကောင်လေးက သိုသိုသိပ်သိပ်နေတယ်ဆိုတဲ့ အဓိပ္ပာယ်ကို တကယ် နားမလည်ဘူးပဲ။
သူ၏ပုံရိပ်သည် ခြိမ်းခြောက်နေခြင်းပင်။ အပြာနုရောင်ဒြပ်စင်စွမ်းအင် သည် ဓားပျော့ဘေးအား ရစ်ပတ်ပြီး ပိုက်ကွန်အဖြစ်ရက်လုပ်လေသည်။ အေးစက်သော ဓားအလင်းရောင်သည် ဓားပျော့မှထွက်လာကာ အပိုင်းပိုင်း အဖြစ် ပိုင်းဖြတ်နိုင်လေသည်။ ၎င်းသည် နတ်လက်နက်ဖြစ်သည်ကို ကျွမ်းကျင်သူများသည် တစ်ချက်တည်းကြည့်သည်နှင့်ပြောနိုင်ကြသည်။ သူ ပေါ်လာကတည်းကပင် နတ်လက်နက်ကိုထုတ်ခဲ့သည်။ သူက လူတွေကို သက်သက်ခြောက်နေတာလား။
သို့သော် ဆရာနန်လင်း၏မျက်လုံးများတွင် မေတ္တာဖြင့်ပြည့်နေသည်။ ပေထင်းဟွမ်သည် သူ၏တစ်ဦးတည်းသောကျောင်းသားမဟုတ်သော်လည်း ဤတိုက်ကြီးရှိ အင်အားကြီးအုပ်စုနှင့် ကျွမ်းကျင်သူများနှင့် လိုက်လျောညီထွေ ရှိရန် ခွန်အားမရှိပါက၊ ပေထင်းဟွမ်၏ လက်ရှိ 'ကျောထောက်နောက်ခံမရှိ' သည့် အခြေအနေသည် ထိုကန်းနေသောလူများ၏ ကဲ့ရဲ့ခြင်းကို သေချာပေါက် ခံရမည်ဖြစ်သည်။
တစ်ဖက်တွင် ပေထင်းဟွမ်သည် အထင်သေးခံရသည်ကို ငြိမ်ခံနေမည့် လူစားမဟုတ်ပေ။ ပေထင်းဟွမ်၏ အပြုအမူများသည် ယုံမှားစရာမရှိအောင် ရန်စနေခြင်းဖြစ်သည်။ သူမသည် အဟန့်ကောင်းသည့်လေထုကို တည်ဆောက်ချင်သည်။
သူမသည် ဂုဏ်သိက္ခာမြင့်မြင့်နှင့် ဓားပေါ်စီးပြီး ကမ္ဘာကြီးကို ငုံ့ကြည့် နေသည်။
သူမသည် နတ်ဘုရားတစ်ပါးလိုပင်။
ပေထင်းဟွမ်၏ပုံရိပ်သည် ပထမဆုံးမြင်ရသူအဖို့ အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ရာပင်။ လူငယ်၏ပုံရိပ်သည် ထင်းရှူးပင်လိုပင်။ အပြာနုရောင် ဒြပ်စင်စွမ်းအင်သည် ဓားပိုက်ကွန်တွင် တွဲလဲခိုကာ အေးစက်သောအလင်း သည် သူမကို ပို၍ပင်အေးစက်မော်ကြွားကာ တောက်ပစေသည်။
ဤအခိုက်အတန့်တွင် ချူဟန့်တို့နောက် ကာကွယ်ရန်လိုက်လာသော စစ်သည်များသည် ကောင်းကင်တွင်ပျံလာသည့် အင်ပါယာကျောင်းတော်၏ ကျောင်းသားဖြစ်သူ ပေထင်းဟွမ်ကိုမြင်သောအခါ ထိတ်လန့် မှင်တက်ကြ၏။ သူတို့သည် မိုးပေါ်မှဖြည်းဖြည်းချင်းဆင်းသက်လာသည့်လူငယ်အား မြင် သောအခါ မသိလိုက်ခင်မှာပင် သွားရည်များကျလာသည်။
“မိုက်လိုက်တာ”
“မိုးနတ်မင်းရေ သခင်ကြီးပေထင်းဟွမ် ငါ တကယ်သူနဲ့လက်ထပ်ချင် လိုက်တာ”
“သေစမ်း ဒီလူက ယောက်ျားတွေကိုကြိုက်တာလား.. ငါလည်း ယောက်ျားလေးဖြစ်ချင်လိုက်တာ”
ချူဟန့်နှင့် လအလင်းတော်ဝင်ကျောင်းတော်မှ ကျောင်းအုပ်တို့သည် လာရင်းကိစ္စကိုပင် မေ့လျော့သွားလေ၏။ သူတို့သည် လေထဲတွင်ပျံသန်းနေ သောလူငယ်ကို မျက်လုံးအပြူးသား၊ ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလေ သည်။ ပေထင်းဟွမ်၏မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးအုပ်ထားသော်လည်း သူမ ၏မျက်လုံးထဲမှ တောက်ပမှုကို မဖုံးကွယ်နိုင်ပေ။ သူတို့နှစ်ယောက်လုံးသည် ဤလူငယ် မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းမိကြသည်။