← Chapters

ပုံရိပ်ယောင်အပြီး၊ နတ်ဘုံရွှေ့ပြောင်းမှုလား

Vol. 30 Ch. 588

ပုံရိပ်ယောင်အပြီး၊ နတ်ဘုံရွှေ့ပြောင်းမှုလား

Vol. 30 Ch. 588

ပေထင်းဟွမ်သည် ဂရုမစိုက်သလိုကြည့်လိုက်သည်။ ကျောင်းအုပ် နန်လင်းအား လေးစားပြီးရင်းနှီးသည့် အကြည့်နှင့်ကြည့်ပြီးနောက် သူမသည် ကန်ပေါ်သို့ဆင်းသသက်လိုက်သည်။ သူမသည် လေပေါ်တွင် ပေါလောပေါ်နေ ကာ သူမလှမ်းလိုက်သည့်အချိန်တိုင်း လေပေါ်တွင် နင်းနေသလိုထင်ရသည်။ သူမ၏ခြေထောက်အောက်မှ ဒြပ်စင်စွမ်းအင်သည် ကန်ရေနှင့်ထိပ်တိုက်တွေ့ ရာ ခြေထောက်အောက်တွင် ရေကြာပန်းပွင့်သကဲ့သို့ဖြစ်နေသည်။

ဆရာနန်လင်းသာ ဤနေရာတွင်မရှိလျှင် ပေထင်းဟွမ်၏ ကိုယ်ရည် ကိုယ်သွေးအရ တိုက်ခိုက်သည့်အလား သူမသည် ထိုလူများ၏ဦးခေါင်းပေါ်သို့ ဆင်းသက်မည်ဖြစ်သည်။ သို့သော် ဆရာနန်လင်းရှိနေရာ ပေထင်းဟွမ်သည် မလေးမစားလုပ်ရပ်မျိုး မည်သို့လုပ်မည်နည်း။ သူမတွင် မိဘများမရှိပေ။ ဆရာနန်လင်းနှင့် ဆရာလန်ချန်းမိုတို့သည် ဤကမ္ဘာတွင် သူမ၏ဆရာများသာ ဖြစ်သည်။ သူမသည် သူတို့ကိုလေးစားသမှုရှိရမည်။

ကန်ဘောင်ရှိမြက်ခင်းကိုနင်းပြီး ပေထင်းဟွမ်၏ အေးစက်သော အကြည့်သည် ချူဟန့်အပေါ်တွင် ခေတ္တမျှရပ်တန့်သွားပြီး သူ့အနောက်မှ စစ်သည်ကိုကြည့်လိုက်သည်။ သူမ၏နှုတ်ခမ်းပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခုပေါ်လာသည်။ သူမသည် မောက်မာသည်၊ အေးစက်သည်၊ စဉ်းလဲ သည်။ ပေထင်းဟွမ်သည် မြက်ခင်းပေါ်တွင် တစ်လှမ်းချင်းစီ နှုတ်ဆိတ်စွာ နင်းလာသည်။ သူမခြေထောက်၏ ထူးဆန်းသော ခြေလှမ်းများကြောင့် သူမ၏ ပုံရိပ်ကိုသာမြင်နေရသည်။ သူမသည် အစောကတင် ကန်ဘောင်ပေါ်တွင်ရှိနေ ခဲ့သော်လည်း တစ်ခဏအတွင်းမှာပင် သူတို့ရှေ့သို့ရောက်နေပြီဖြစ်သည်။

ထိုမြင်ကွင်းသည် အားလုံးကို ထိတ်လန့်သွားစေသည်။ ပုံရိပ်များ.. ထိုပုံရိပ်များသည် နတ်အဆင့်ကျွမ်းကျင်သူများသာ လုပ်နိုင်သည့်အရာများ ဖြစ်သည်။ သူတို့သည် ကောင်းကင်အဆင့်ဝိညာဉ်သခင်ကို အမှန်တကယ်ပင် မြင်နေရသည်။

လအလင်းတော်ဝင်ကျောင်းတော်မှ ကျောင်းအုပ်သည် ရုတ်တရက် နေရာမှထရပ်လိုက်သည်။ သူ၏တောက်ပသောမျက်လုံးများသည် ပေထင်းဟွမ်အား အာရုံစိက်ထားသည်။ သူ့နှုတ်ခမ်းများသည် တုန်ယင်နေပြီး နောက်တော့ရေရွတ်လေသည် “မင်း.. မင်း.. မင်းကဘယ်သူလဲ ဘယ်လိုလုပ် ရွှေ့ပြောင်းနိုင်တာလဲ”

ရွှေ့ပြောင်းခြင်းသည် နတ်ဘုံအဆင့်သို့ရောက်ပြီးမှ အသုံးပြုနိုင်သည့် လေဟာနယ်မန္တန်မျိုးဖြစ်သည်။ ရွှေ့ပြောင်းခြင်းသည် မဖမ်းနိုင်သည့် ပုံရိပ်များ ကိုသာ ချန်ထားနိုင်သည်။

အဂ္ဂိရတ်ပညာရှင်နှစ်ယောက်လည်း တုန်ယင်နေသည်။ သူတို့မျက်လုံး များသည် ထွက်ကျမတတ်ဖြစ်ကာ ပါးစပ်များလည်း ကြက်ဥပစ်ထည့်နိုင် လောက်သည်အထိ အဟောင်းသားဖြစ်နေသည်။ ဒီလူက ၁၄ နှစ် ၁၅ နှစ် လောက်ပဲရှိသေးတာမလား။ ဟာသပဲ။ ဘယ်လိုလုပ် နတ်ဘုံကျွမ်းကျင်သူဖြစ် နေတာလဲ။ သူက ကောင်းကင်အဆင့် ကျွမ်းကျင်သူဖြစ်နေတာကိုက မဖြစ်နိုင် နေတာ။ သူက နတ်လက်နက်ဖြစ်တဲ့ ဓားပျော့ကိုပျံဖို့သုံးပြီးတော့ သူက ကောင်းကင်အဆင့်ပါလို့ သူများတွေကို သိစေချင်တယ်။

ရွှေ့ပြောင်းခြင်းလား။ သူ့ဆီမှာ တခြားရတနာရှိသေးလား။ ဒီငပျင်းက ဘယ်အဖွဲ့အစည်းကလာတာလဲ။ သူက သူများတွေရှေ့မှာ သူ့ရတနာတွေ အကုန်လုံးကိုထုတ်သုံးပြီး သေချင်နေတာလား။

လအလင်းတော်ဝင်ကျောင်းတော်၏ ကျောင်းအုပ်သည် ထိုမေးခွန်းကို အထိတ်တလန့်မေးပြီးနောက် ငြိမ်သက်သွားသည်။ ပေထင်းဟွမ်၏အဖြေကို မစောင့်ဘဲ မည်းနက်သောမျက်နှာထားဖြင့် ထိုင်ချလေသည်။ သူသည် ဤ လူငယ်၏ လှည့်ကွက်များကြောင့် စိတ်လောစွာနှင့် ခြိမ်းခြောက်ခံခဲ့ရသည်ကို နောင်တရခဲ့သည်။ ပေထင်းဟွမ်သည် သူ့မေးခွန်းကို ပြန်ဖြေရန်စိတ်ကူးမရှိပေ။

အေးစက်ပြီးမောက်မာသည့်ရောင်ဝါတစ်ခုသည် ဆရာနန်လင်း၏ရှေ့၌ ပေါ်လာသည်။ ပေထင်းဟွမ်၏မျက်နှာသည် လေးစားမှုများဖြင့် ပြည့်နေသည်။ သူမသည် မျက်လုံးများကို အသက်ဝင်စွာခတ်ကာ ရင်းနှီးစွာခေါ်လိုက်သည် “ဆရာ”

“ဆရာ”

အားလုံးသည် ထပ်မံထိတ်လန့်သွားကာ နားကြားမှားမိသလားဟုပင် တွေးမိလုနီးပါးပင်။ ဤကမ္ဘာတွင် နန်လင်းအား ဆရာဟုခေါ်မည့်သူသည် နန်လင်း၏ကျောင်းသား ပေထင်းဟွမ် တစ်ဦးသာရှိသည်။ ဒီလူငယ်က ပေထင်းဟွမ်လား။

ဟုတ်သည်။ သူသည် ပေထင်းဟွမ်ဖြစ်သည်။ ငွေလရောင်အင်ပါယာမှ လူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ ချူဟန့်သည် သက်ပြင်းချလိုက်သည်။ ဒါက ပေထင်းဟွမ်ရဲ့ခွန်အားလား။ သူက ခံတပ်ကို သိမ်းဖို့ နတ်လက်နက်ကို အားကိုးနေတာလား။ ဟား ဟား.. သူက ကြယ်ဓား သခင်ဖြစ်ပြီး ကောင်းကင်အဆင့်ခွန်အားရှိတယ်လို့ သူပြောခဲ့သေးတာ။ ဟင်း နတ်လက်လက်မရှိရင် သူက ဘယ်လိုလုပ် ကောင်းကင်အဆင့်ဖြစ်မှာလဲ။

ခုနက သူ တကယ်ပဲရွှေ့ပြောင်းတဲ့ပညာသုံးသွားတယ်လို့ ထင်သွားသေး တယ်။

All Chapters