မင်းက ငွေလရောင်အင်ပါယာရဲ့ မြောက်ပိုင်းတောင်ပံ ဘုရင်လား
Vol. 30 Ch. 589
ပေထင်းဟွမ်လာနေသည်ကိုမြင်သည်နှင့် ဆရာနန်လင်းသည် လက်ထဲမှ ဖန်ခွက်ကိုချလိုက်သည်။ သူသည် ပေထင်းဟွမ်အား ဝေ့ယမ်းပြပြီး သူ့အနားကို လာစေသည်။ သူသည် နွေးထွေးစွာပြောလေသည် “မင်းကျောင်းကိုရောက်နေ တာကြာပြီဆိုတော့ အသားကျပြီလား.. မင်းက ကျင့်ကြံဖို့ကိုပဲ အာရုံစိုက်ထား တယ်လို့ ဖူခန်းပြောတယ်.. တစ်ခုခုနားမလည်တာရှိရင် ငါ့ဆီကိုလာခဲ့လေ”
ပေထင်းဟွမ်၏ စိတ်ထဲတွင် နွေးထွေးသောခံစားချက်တစ်ခု ပေါက်ဖွား လာသည်။ နန်လင်း၏ ကြင်နာမှုသည် သံမဏိသွေး၊ ချူဖုန်းနှင့် ယန်ယဲ့တို့နှင့် ကွဲပြားသည်။ ထို့အပြင် သူမသည် ဆရာနန်လင်းအား သွားရှာရန်အချိန်မရှိ သော်လည်း ဆရာသည် နောက်ကွယ်တွင် သူမ၏အခြေအနေကို တခြားသူ အားစောင့်ကြည့်ခိုင်းထားပြီး သိနေလိမ့်မည်ဟု ပေထင်းဟွမ်ထင်မထားပေ။
“စိတ်မပူပါနဲ့ ဆရာ၊ ကျွန်တော့်ကျင့်ကြံမှုက လောလောဆယ်တော့ တော်တော်ချောမွတ်နေပါတယ်၊ ကောင်းကောင်းလည်းလုပ်နေပါတယ်.. မကြာခင် အဆင့်ဖြတ်နိုင်မယ်လို့ ယုံပါတယ်” ပေထင်းဟွမ်သည် ပြောပြီးသည် နှင့် သူမ၏တိုးတက်မှုကို ဆရာနန်လင်း ခံစားမိစေရန် ရောင်ဝါထုတ်လွှတ် လိုက်သည်။
ဆရာနန်လင်းသည် ခေါင်းဆတ်လေသည်။ သူသည် အထူးသဖြင့် ကျေနပ်သည်။ သူ မှော်သားရဲတောသို့သွားချိန်တွင် မတော်တဆလက်ခံခဲ့သည့် ကျောင်းသားနှင့်ပတ်သက်ပြီး ဆရာနန်လင်းသည် ဖော်မပြတတ်လောက် အောင် ကျေနပ်လျက်ရှိသည်။ ဤလူငယ်လေး၏ အလားအလာသည် အကန့်အသတ်မရှိသည်ကို သူ ခန့်မှန်းနိုင်သည်။ အနာဂတ်တွင်.. မဟုတ်ပေ အနီးဆုံးအနာဂတ်တွင် သူမ၏ပေါက်ရောက်မှုသည် သူ့ထက်မနိမ့်နိုင်ပေ။ ဤ ကလေးကို အထင်သေးပါက ထိုလူသည် ကြီးမားသောဆုံးရှုံးမှုဖြစ်လိမ့်မည်။
“ကျောင်းပြိုင်ပွဲမတိုင်ခင် လတစ်ဝက်လိုသေးတယ်.. မနက်ဖြန်ကစပြီး မင်း ကျင့်ကြံတာပြီးသွားရင် ငါ့ဆီနေ့တိုင်းလာခဲ့.. မင်းက အဆင့်တက်တာမြန် ပြီး မင်းရဲ့ဘုံကလည်း မတည်ငြိမ်သေးဘူး.. ငါ ကူပြီးလေ့ကျင့်ပေးမယ်” နန်လင်း ပြုံးလိုက်သည်။
ပေထင်းဟွမ်သည် ခေတ္တမျှမှင်တက်သွားသည်။ သူမသည် ဝိညာဉ်သခင် ကြီးနှင့်တိုက်ခိုက်ချင်သည်ဟု ပြောခဲ့သည်။ သို့သော် ယခုအခါ ဆရာနန်လင်း သည် သူနှင့်အတူတိုက်ခိုက်စေချင်နေသည်လား။ နှာခေါင်းကိုပွတ်ရင်း ပေထင်းဟွမ်သည် အနည်းငယ်ရှက်နေမိသည် “ဆရာ ကျွန်တော် ဘယ်လိုလုပ် နိုင်မှာလဲ”
နန်လင်းသည် ပြုံးပြီးခေါင်းခါလေသည် “မင်းက သန်မာတဲ့လူရဲ့ ခွန်အား ကိုမသိဘူးလေ.. သန်မာတဲ့လူရဲ့ ဘုံကိုမတွေ့ကြုံဖူးရင် ဘယ်လိုလုပ် သန်မာတဲ့ လူဖြစ်နိုင်မှာလဲ.. အဲဒါကြောင့် ကိုယ့်ထက်အဆင့်မြင့်တဲ့သူနဲ့တိုက်ခိုက်တာက တိုးတက်ဖို့ အကောင်းဆုံးနည်းလမ်းပဲ” ဆရာတပည့်နှစ်ယောက်သည် တခြား လူများ၊ အထူးသဖြင့် အဝေးမှလာသည့်ဧည့်သည်များကို လျစ်လျူရှုကာ သူတို့ဘာသာပြောနေကြသည်။ ဆရာနန်လင်းသည် သူ့တပည့်ကိုသာ ဒဏ္ဍာရီ ထဲမှပြောသလို ရတနာတစ်ပါးကဲ့သို့ ဆက်ဆံချင်နေသည်လားမသိပေ။
သူ သူမကိုမြင်သည်နှင့် တခြားအရာများကို မမှတ်မိပေ။ သို့မဟုတ် ဆရာနန်လင်းသည် ငွေလရောင်အင်ပါယာမှ လူများကို လျစ်လျူရှုရန် ဤနည်းလမ်းကိုသုံးလိုက်လေသလား။
ချူဟန့်သည် ကျယ်လောင်စွာရယ်မောမိသည်။ ဆရာနန်လင်းရဲ့ ဦးနှောက်က တံခါးနဲ့တိုက်မိသွားတာလား။ ပေထင်းဟွမ်ကပဲ အံ့မခန်း ကျွမ်းကျင်သူဖြစ်နေသလိုမျိုး ပြောနေလိုက်တာ။
ပေထင်းဟွမ်သည် ဆရာနန်လင်းနှင့်စကားပြောနေချိန်တွင် သူ့ဘက်သို့ မျက်နှာမလှည့်ပေ။ ပေထင်းဟွမ်သည် ခေါင်းလှည့်လိုက်ကာ သူမ၏မျက်လုံး များသည် မြားကဲ့သို့အေးစက်သည်။ သူမသည် အေးစက်စွာပြောလေသည် “မင်းက ငွေလရောင်အင်ပါယာရဲ့ မြောက်ပိုင်းတောင်ပံဘုရင်လား”
ဒဲ့တိုးဆန်ပြီး ရိုင်းပြသည်။ သာမန်လူသည် မျိုးရိုးမြင့်ကို မလေးစားသကဲ့ သို့၊ အားနည်းသူသည် အားကောင်းသူသို့ မလေးစားသလိုပင်။
ချူဟန့်၏မျက်နှာသည် ချက်ချင်းပင် မည်းနက်သွားလေသည်။ ဒါဘယ်လိုသဘောထားလဲ။ ရာယာအင်ပါယာတောင်မှ သူ့ကိုမြင်တာနဲ့ တလေးတစားဆက်ဆံရတာ။ ပေထင်းဟွမ်၏ အေးစိမ်းတည်ငြိမ်သော အပြုအမူသည် သူ့၏စိတ်ထဲမှဒေါသကို ပိုကြီးစေသည်။ သူ့မျက်လုံးများသည် အေးစက်နေကာ တိုးညင်းသောအသံဖြင့်ပြောလေသည် “ဟုတ်တယ် ငါက ငွေလရောင်ပါယာဧကရာဇ်ကိုယ်တိုင် ချီးမြင့်ထားတဲ့ မြောက်ပိုင်းတောင်ပံ ဘုရင်ပဲ.. မင်းက ပေထင်းမိသားစုက နှင်ထုတ်ထားတဲ့ အသုံးမကျတဲ့ သခင်လေး ၉ လား”
“ဟား” ထိုအခိုက်တွင် ချူဟန့်ခေါ်လာသော စစ်သည်များသည် ရယ်မော ကြလေသည်။ ဟာသပင်.. တစ်ယောက်သည် မြင့်မြတ်သော မြောက်ပိုင်း တောင်ပံဘုရင်ဖြစ်ကာ တစ်ယောက်သည် မိသားစုမှစွန့်ပစ်ထားသည့် အမှိုက် သခင်လေးဖြစ်သည်။ သူတို့သည် ဟာသပင်...