← Chapters

အခုအရှင်ချူဖုန်းက ဘယ်မှာလဲ

Vol. 30 Ch. 590

အခုအရှင်ချူဖုန်းက ဘယ်မှာလဲ

Vol. 30 Ch. 590

ပေထင်းဟွမ်သည် ဆရာနန်လင်း၏ရှေ့မှ ဖြည်းဖြည်းချင်းထကာ ငွေလရောင်အင်ပါယာလူများနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူမ၏ ကျောပြင်သည် ဖြောင့်တန်းနေသည်မှာ ဓားအိမ်မပါသည့် ဓားနှင့်တူသည်။ သူမသည် ချူဟန့်၏စကားများကို သဘောတူလိုက်သည့်အလား ခေါင်းဆတ် လိုက်၏။ သို့သော် သူမ ပြောလိုက်သောစကားများသည် ဒေါသထွက်၍သေစေ နိုင်သည် “ဟုတ်တယ် ကျုပ်က ခင်ဗျားတို့ကိုယ်တိုင်ရောက်လာပြီး အတင်း လာတွေ့တဲ့ သခင်လေး ၉ ပဲ.. ကျုပ်လို အမှိုက်မျိုးက မြောက်ပိုင်းတောင်ပံ ဘုရင်ကို ဘာတွေများ အခက်တွေ့အောင်လုပ်ရဲမှာလဲ”

ဟင်း.. သူမက ရုပ်ပဲရှိတာ.. သူမရှေ့ကလူတွေကရော ဘာတွေလဲ။ သူတို့က ဘာလို့သူမကိုကိုယ်တိုင်လာတွေ့ရမှာလဲ။ သူတို့က တုံးနေလို့လား။

ဤနေရာတွင် လူအများအပြားရှိသည်။ သို့သော် သူတို့အားလုံးသည် ထက်မြက်သူများဖြစ်သည်။ သူတို့သည် ပေထင်းဟွမ်၏ စကားများကို လှောင်ပြောင်ကြသည်။ ချူဟန့်သည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်လာသည်။ သူ စကားပြောရန် ခက်သွားသည်။ ဤအမှိုက်၏ ပါးစပ် သည် လူကိုအဆိပ်ခတ်သလိုဖြစ်နေလိမ့်မည်ဟု သူ ထင်မထားပေ။

သူတို့သည် ပထမအချီအနေနှင့် ပါးစပ်နှင့်တိုက်ခိုက်နေသော်လည်း ပေထင်းဟွမ် အနိုင်ရသွားသည်မှာ ထင်ရှားနေသည်။

ထိုအခိုက်အတန့်တွင် ငွေလရောင်အင်ပါယာမှ စစ်သည်များသည် မရယ်နိုင်တော့ပေ။ ထိုလူများ၏မျက်လုံးမှ အမူအရာများသည် အထူးသဖြင့် စိမ်းသက်နေကြသည်။ ဤကောင်လေးသည် အစွမ်းအစမရှိသော်လည်း လျှာစောင်းထက်သည်။ သူမဘေးမှ ဆရာနန်လင်းကြောင့်သာမဟုတ်လျှင် သူတို့သည် သူမကို အကြိမ်ပေါင်းထောင်ချီ ညှဉ်းပန်းရန်စိတ်ရှိမည်မဟုတ်ပေ။

လအလင်းတော်ဝင်ကျောင်းတော်မှ ကျောင်းအုပ်၏မျက်နှာသည် အထူးသဖြင့် အကျည်းတန်နေသည်။ သူသည် ခေါင်းလှည့်ပြီး ကျောင်းအုပ် နန်လင်းအားကြည့်လိုက်သည် “ဆရာနန်လင်းရဲ့ သင်ကြားမှုက နည်းနည်း လစ်ဟင်းတယ်ထင်တယ်.. အင်ပါယာကျောင်းတော်က ဝိညာဉ်သခင်တွေကို ပျိုးထောင်တဲ့နေရာလို့ပဲကြားတာ.. ဆရာနန်လင်းသင်ပေးတဲ့ ကျောင်းသားက ဝိညာဉ်စွမ်းအင်မရှိဘဲ ဘာလို့အပြောပဲရှိနေတာလဲ”

ထိုစကားများသည် ပေထင်းဟွမ်ကို ကြိမ်းမောင်းခြင်းသာဖြစ်သော်ငြား ကျောင်းအုပ်နန်လင်းပါ ဆွဲထည့်ခံရသည်။ သို့သော် နန်လင်းသည် ဒေါသထွက် ပုံမပြပေ။ သူ၏စူးရှသောအကြည့်များသည် ပေထင်းဟွမ်ပေါ်တွင်ရှိတုန်းပင် ဖြစ်သည်။ သူသည် နူးညံ့စွာပြုံးလိုက်သော်လည်း စကားများသည် ဓားသွားကဲ့ သို့ချွန်ထက်လှသည် “ကျောင်းအုပ်ရှကျန့် ဘာတွေအလောကြီးနေတာလဲ.. ကျောင်းပြိုင်ပွဲက လတစ်ဝက်နေရင်ကျင်းပမှာပဲ.. အဲအချိန်ကျရင် ခင်ဗျား တပည့် သခင်ကြီးချူဟန့်က ကျုပ်ကျောင်းသား ဘယ်လောက်သန်မာလဲဆို တာ သိလာမှာပါ”

ပေထင်းဟွမ်၏ မျက်နှာသည် နီရဲသွားသည်။ သူမသည် ယခင်ဘဝကဲ့သို့ တည်ငြိမ်မှုမျိုး မဆုံးရှုံးပေ။ ဆရာနန်လင်း ပြောပြီးသည်နှင့် ပေထင်းဟွမ်သည် ရယ်မောလေသည်. မသည် ကျောင်းအုပ်နန်လင်းဆီသို့ ခြေနှစ်လမ်းကပ်ပြီး နောက် သူ့ဘေးတွင်ရပ်လိုက်သည်။ သူမ ရှင်းပြလေသည် “ဆရာ ကျွန်တော် ရယ်စရာတစ်ခုကြားလိုက်ရသလိုပဲ”

ရှကျန့်လား။ စက်ဆုပ်ဖွယ်ကောင်းတာလား။ (ရှကျန့်သည် တရုတ်လို စက်ဆုပ်ဖွယ်ကောင်းသော အသုံးအနှုန်းနှင့်တူညီသည်။)

သေစမ်း ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့မိဘတွေရှိသေးတာလား။ သူတို့တွေ ကဘာလို့ သူတို့ကလေးကို ဒီလောက်ရယ်ရတဲ့နာမည်ပေးတာလဲ။

နန်လင်းသည် တစ်စုံတစ်ရာကိုနားလည်သွားပုံပေါ်သည်။ သူသည် မျက်လုံးထဲမှ အပြုံးကို မချုပ်တည်းနိုင်ပေ။ 'ရှကျန့်' ဆိုသည့်နာမည်သည် တိုက်ကြီးတွင် ဟာသအဖြစ်ကျန်ရှိလိမ့်မည်။ နန်လင်းတို့သည် သူတို့၏ ရာထူး ကြောင့် ရယ်ချင်စိတ်ကိုအောင့်အီးလိုက်သော်လည်း ပေထင်းဟွမ်သည် ကြင်နာမှုမရှိပေ။

ထိုအခိုက်တွင် ပေထင်းဟွမ်၏နေရာထဲတွင် နှစ်ပေါင်းမရေမတွက်နိုင် လောက်အောင် နေလာသော အထွတ်အမြတ်သားရဲ အဂူးပင်လျှင် ရယ်မော လေသည်။ လူသားလောကတွင် အတွေ့အကြုံများများစားစားမရှိသေးသည့် နတ်သားရဲရွှေရာင်ရှေးမျောက်ဝံသည် ပို၍ပင်ကြင်နာကင်းမဲ့သည် “ဟားဟား နိမ့်ကျလိုက်တာ.. သူ့အမေက ကြာခိုလို့ သူ့အဖေက သူ့ အမေကို ကြိမ်းမောင်း ဖို့ ဒီနာမည်ကိုပေးလိုက်တာလား”

ကင်းကောင်သည် အသင်မြန်သူဖြစ်သည်။ သူ အပြင်ထွက်သည်မှာ ရက် ပေါင်းမည်မျှသာရှိသေးသနည်း။ သူသည် 'ကြာခို' သည်ဆိုသည့် ဗန်းစကားကို ပင် သင်ကြားခဲ့သည်။ ပေထင်းဟွမ်သည် ကျောရိုးထဲမှ ကြက်သီးမွေးညှင်းများ ထသွားသည်။

သခင်ကြီးရှကျန့်၏မျက်နှာသည် မည်းနက်နေသည်။ တစ်ဖက်လူမှ ရယ်မောနေပြီး သူဘာမှပြန်မပြောနိုင်သည့်ခံစားချက်သည် မကောင်းလှပေ။ ရှကျန့်သည် မျက်ခုံးများကိုပင့်ကာ ပြောလိုက်သည် “ချူဟန့် ပြောရရင် မင်းက သခင်ကြီးပေထင်းဟွမ်နဲ့ ရေစက်ဆုံတာပဲ.. မင်းရဲ့ဝမ်းကွဲညီက သခင်ကြီး ပေထင်းဟွမ်ရဲ့ ဝမ်းကွဲပဲ.. အရှင်ချူဖုန်း အခုဘယ်များရောက်နေပါလိမ့်”

All Chapters