ဓားကြယ်ဝိညာဉ်သခင်အဆင့်မြင့်ရဲ့ဖိအား
Vol. 30 Ch. 591
ချူဖုန်းနာမည်ကိုပြောလိုက်သည်နှင့် ပေထင်းဟွမ်၏စိတ်ထဲမှ အမုန်းတရားသည် ဒီရေသဖွယ်မြင့်တက်လာသည်။ သူမပတ်ပတ်လည်မှ ရောင်ဝါသည် ချက်ချင်း ပြောင်းသွားသည်။ စူးရှမှုများမြင့်တက်လာပြီး သူမ၏ ဖိအားသည် ငွေလရောင်အင်ပါယာ၏လူများကို ကန်မျက်နှာပင်မှ လှိုင်းများ ကဲ့သို့ ဖိနှိပ်လေသည်။
အစောင့်အကြပ်စစ်သည်နှင့် အဂ္ဂိရတ်ပညာရှိများသည် မုန်တိုင်းထန် သည့် ပင်လယ်ထဲတွင် လှေငယ်နှင့်ရွက်လွှင့်နေရသကဲ့သို့ပင်။ သူတို့သည် မူးသွားသည့်အလား မတ်မတ်မရပ်နိုင်တော့ပေ။ အားအနည်းဆုံးသူသည် ပေထင်းဟွမ်ရှိရာဘက်သို့ ဒူးထောက်လေသည်။
ရှကျန့်သည် ငြိမ်မနေနိုင်တော့ပေ။ သူ ရုတ်တရက် မတ်တတ်ရပ်ကာ ပေထင်းဟွမ်အား မယုံနိုင်စွာကြည့်လေသည်။ သူသည် ပေထင်းဟွမ်အား ရန်စရန် ချူဖုန်းကို အသုံးချသည်။ သို့သော် ၎င်းသည် သူမကိုဒေါသမထွက်စေ ပေ။ ထိုအစား သူတို့ကိုဆန့်ကျင့်သဖြင့် သူကသာဒေါသထွက်ရသည်။
ချူဟန့်သည် မျက်နှာတစ်ခုလုံးတင်းနေသည်။ သူသည် စားပွဲကိုကိုင်ပြီး မတ်တတ်ရပ်ဟန်ပြုသော်လည်း ခြေထောက်များသည် တုန်ယင်နေသည်။ သူသည် ပေထင်းဟွမ်၏ဖိအားကြောင့် မကြောက်သင့်ပေ။ ထိုဖိအားသည် သူ့ ထက်မလျော့သည်ကို မယုံကြည်နိုင်ဖြစ်ကာ အံ့ဩမိသည် “ဒါ ဒါ ဒါက.. အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်လား”
ချူဟန့်သည် ဓား ၉ လက်ကြယ်ဝိညာဉ်သခင်ကြီးဖြစ်သည်။ သို့သော် ပေထင်းဟွမ်သည် သူ့ထက်အားကောင်းနေသည်။ သူမသာ အဆင့်မြင့်ဓား ကြယ်ဝိညာဉ်သခင်ကြီးမဟုတ်လျှင် မည်သည့်အရာဖြစ်မည်နည်း။ သူမသည် ဝိညာဉ်သခင်ကြီးဖြစ်သည်ဟု သူ မပြောရဲပေ။ သို့သော် သူမသည် အမြင့်ဆုံး ကြယ်ဝိညာဉ်သခင်ဖြစ်သည်ဟုလည်း မပြောချင်ပေ။
စိတ်ထိခိုက်စရာပဲ။
သူ့အတွက်ကတော့ စိတ်တည်ငြိမ်မှုပျောက်ဆုံးသွားပြီး ပေထင်းဟွမ်၏ ခွန်အားကိုမြင်သောအခါ အော်ဟစ်မိလုနီးပါးပင်။ သူသည် အလွန်ရှက်ရွံ့မိ၏။ ချက်ချင်းဆိုသလိုပင် ချူဟန့်သည် အရှက်တရားကြောင့် ဒေါသထွက်ကာ မျက်နှာမှာပြာဖြစ်သွားသလိုပင်။ အကယ်၍ အကြည့်ဖြင့်လူသတ်နိုင်လျှင် ပေထင်းဟွမ်သည် တစ်ကိုယ်လုံးအပေါက်များဖြင့် ပြည့်သွားနိုင်သည်။
ထိပ်ဆုံးအဆင့်ကြယ်ဝိညာဉ်သခင်.. ၁၄ နှစ်အရွယ် ထိပ်ဆုံးအဆင့်ကြယ် ဝိညာဉ်သခင်.. ၎င်းသည် အလွန်ကြောက်စရာကောင်းလွန်းသည်။
ချူဟန့်သည် သူကိုယ်တိုင် ကြယ်ဝိညာဉ်သခင်ဖြစ်သည်။ သို့သော် သူ့ အသက်မည်မျှနည်း။ သူသည် အသက် ၄၀ နီးပါးရှိပြီဖြစ်၏။ ပေထင်းဟွမ်သည် သူ့သားအရွယ်ခန့်သာရှိသည်။
သူ ၁၄ နှစ်အရွယ်တုန်းက အဆင့်ဘယ်လောက်လဲ။ သူသည် ငွေလရောင် အင်ပါယာ၏ လူငယ်အရည်အချင်းရှိသူ အဆင့်မြင့်ဝိညာဉ်သခင်ဖြစ်ခဲ့သည်။ သူသည် အင်ပါယာထဲမှ အင်အားစုများ၏ တန်ဖိုးထားခြင်းခံခဲ့ရသည်။ သူသာ အရည်အချင်းရှိသူဆိုလျှင် ပေထင်းဟွမ်သည် မည်သူနည်း။ ပါရမီရှင်ဖြစ်မည် လား။
ပေထင်းဟွမ်သည် မသိလိုက်ခင်မှာပင် ရောင်ဝါထုတ်မိသွားရာ အလျင်အမြန်ပင် ပြန်ထိန်းလိုက်သည်။ ငွေလရောင်အင်ပါယာမှလူများသည် ပေထင်းဟွမ်အား တစ္ဆေသရဲတစ်ကောင်ကိုတွေ့လိုက်ရသကဲ့သို့ အထိတ် တလန့်ကြည့်ကြသည်။ သူတို့ ခုနကဘာမြင်လိုက်တာလဲ။ သူတို့သည် ပေထင်းဟွမ်ကို မမြင်တော့ဘဲ ညအရှင်သခင်ကိုယ်တိုင်ရောက်လာသလို ခံစား လိုက်ရသည်။
ကန်ဘေး မနီးမဝေးတွင် ကောင်းကင်ကျောင်းတော်မှကျောင်းသားများ သည် ရစ်သီရစ်သီလုပ်နေကြသည်။ လအလင်းတော်ဝင်ကျောင်းတော်မှ ကျောင်းအုပ်နှင့် ငွေလရောင်အင်ပါယာမှ မြောက်ပိုင်းတောင်ပံဘုရင်တို့သည် စစ်သည်များကို ဦးဆောင်၍ ဤနေရာသို့ရောက်လာကြသည်။ ကျွမ်းကျင်သူ များကို လေးစားမှုကြောင့် ထိုကျောင်းသားများသည် ကန်ဘေးသို့ တစ်ယောက် ပြီးတစ်ယောက် ပြေးလာကြသည်။ သူတို့သည် အေးရာအေးကြောင်း လမ်းလျှောက်ထွက်သည်ဟုထင်ရသော်လည်း အမှန်တကယ်တော့ သူတို့သည် ဘေးမှစောင့်ကြည့်နေကြခြင်းဖြစ်သည်။ မုန်တိုင်းတစ်ခုသည် ငြိမ်သက်နေ သော ကန်ကိုရိုက်ခတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်မှ ကျောင်းသားများသည် မုန်တိုင်းထန်သည်ကိုကြည့်နေသည့်အလား ကြက်သေသေနေကြသည်။
ခုနက ဘာဖြစ်သွားတာလဲ။ ပေထင်းဟွမ်က ငွေလရောင်အင်ပါယာက လူတွေ မကောင်းတဲ့ရည်ရွယ်ချက်ရှိနေတာကို ခွန်အားနဲ့ ခြောက်လိုက်တာ လား။ မုန်တိုင်းက ဘာအဓိပ္ပာယ်လဲ။ ထိုကျောင်းသားများသည် ခွန်အားအရာ တွင် ထူးခြားကြရာ ရှင်းလင်းစွာမြင်နေရသည်။ အံ့ဩမှုအပြင် သူတို့အားလုံး သည် ပီတိဖြစ်မိကြသည်။ ဟင်း အင်ပါယာကျောင်းတော်ကို လာပြီး ပြဿနာ ရှာရဲတယ်ပေါ့လေ။ သူတို့ စံပြပုဂ္ဂိုလ်ပေထင်းဟွမ်က ဒီလူတွေကို သင်ခန်းစာ ပေးလိမ့်မယ်။
မြောက်ပိုင်းတောင်ပံဘုရင်သည် တိုက်ကြီးတစ်ခုလုံးတွင် ပြိုင်စံရှား ပါရမီရှင်ဖြစ်သည်ဟု လူသိများကြသည်။ သို့သော် ထိုအရာသည် အတိတ်တွင် ကျန်ခဲ့လေပြီ။ ပေထင်းဟွမ် ခွန်အားထုတ်ပြလိုက်သဖြင့် ပေထင်းဟွမ်မှလွဲပြီး တခြားမည်သူကိုများ 'ပါရမီရှင်' ဟုခေါ်ရဲတော့မည်နည်း။