← Chapters

သခင်ကြီးချူဟန့်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီး ပါနဲ့

Vol. 30 Ch. 592

သခင်ကြီးချူဟန့်၊ ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီး ပါနဲ့

Vol. 30 Ch. 592

ပေထင်းဟွမ်သည် ပါရမီရှင်ဖြစ်သည်ကို အားလုံးသိကြသည်။ သို့သော် မည်မျှအားကောင်းသလဲဆိုသည်ကိုတော့ မသိကြပေ။

“သခင်ကြီးပေထင်းဟွမ်က ကောင်းကင်အဆင့်ဓားသခင်လို့ကြားတယ်”

“ကောင်းကင်အဆင့်ဓားသခင်ဟုတ်လား.. အဲဒါပြီးခဲ့ပြီ.. မင်းရဲ့ သခင်ကြီး ပေထင်းဟွမ်က အဆင့်မြင့်ဓားကြယ်သခင်ဖြစ်နေပြီ”

“မိုးနတ်မင်းရေ အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်.. မင်း ဘယ်လိုသိတာ လဲ”

“အန္တရာယ်နေရာကနေ ထွက်လာတဲ့လူတွေအကြောင်း ဘယ်သူမသိလို့ လဲ ဟင်း.. သူက ကျောင်းရဲ့ကျောင်းကင်အဆင့် ဒုတိယပြ.. သူက သခင်ကြီး ထန်းယန်ကိုတစ်ချက်တည်းနဲ့သတ်ပြီး ဓား ၈ လက်ကြယ်ဝိညာဉ်သခင်ပဲ.. ဘယ်လိုထင်လို့လဲ”

“ကျွတ် ကျွတ် ကျွတ်.. ကောင်းကင်က ဘာတွေတွေးနေလဲဆိုတာ တကယ်မသိတော့ဘူး.. လူ့ဘုံကို ဘယ်လိုလုပ် ဒီလိုမျိုးနတ်မိစ္ဆာကိုလာပို့ရတာ လဲ.. ငါတို့ ဘယ်လိုနေရတော့မှာလဲ” အသက် ၁၄ နှစ်အရွယ် ဓား ၈ လက်ကြယ် ဝိညာဉ်သခင်သည် တိုက်ကြီး၏သမိုင်းကြောင်းတွင် မကြုံစဖူးပင်။ ဤကဲ့သို့ လူမျိုးကိုပင် ပြိုင်ဘက်ကင်းပါရမီရှင်ဟုခေါ်ထိုက်သည်။ မြောက်ပိုင်းတောင်ပံ ဘုရင်သည် အသက် ၄၀ နီးပါးရှိနေပြီဖြစ်၏။ ၁၄ နှစ်နဲ့ ပြိုင်အောင်စိန်ခေါ်တဲ့ အထိ ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ။

ခွန်အားကို နတ်လက်နက်ဖြင့် အတုအပပြုလုပ်နိုင်သည်။ သို့သော် လူတစ်ဦး၏ ခွန်အားမှ အရင်းခံလာသည့် ဤကဲ့သို့ဖိအားသည် နတ်လက်နက် ဖြင့်ဖန်တီးရနိုင်သည့်အရာမျိုးမဟုတ်ပေ။ တိုင်းပြည်ကိုကာကွယ်သည့် စစ်သည်သိသည်၊ ချူဟန့်သိသည်၊ သေချာပေါက် ရှကျန့်လည်းသိသည်။

သူသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားစိုက်ကြည့်လေသည်။ တစ်ခါက ရာယာအင်ပါယာတွင် ပါရမီရှင်တစ်ဦးပေါ်လာခ့သည်။ ထိုပါရမီရှင် သည် အသက် ၁၆ နှစ်တွင် ကောင်းကင်အဆင့်ကိုချိုးဖောက်နိုင်ခဲ့သည်။ သို့သော် ပေထင်းဟွမ်သည် ၁၄ နှစ်သာရှိသေးသည်။ ၁၄ နှစ်အရွယ်တွင် သူသည် အဆင့်မြင့်ဓားကြယ်ဝိညာဉ်သခင်ခွန်အားသို့ ရောက်နေပြီဖြစ်သည်။ သူ့မျက်လုံးနဲ့ ဘာလို့ ဒီလိုမျိုးကောင်းကင်ကိုအံတုတဲ့အရာမျိုးမြင်နေရတာလဲ။

နန်လင်းသည် ဤတိုက်ကြီးတွင် ထူးခြားသည့်ပါရမီရှင်ဖြစ်ခဲ့ဖူးသည်။ သူသည် ယခုနှစ်တွင် အသက် ၂၀၀ အစောပိုင်းရှိနေပြီဖြစ်၏။ သူသည် ကောင်းကင်အဆင့်ကို အသက် ၂၀ တွင်ချိုးဖောက်ခဲ့ကာ အသက် ၃၀ တွင် ဝိညာဉ်သခင်ကြီးဖြစ်ခဲ့သည်။ သူ၏မွေးဖွားမှုသည် တိုက်တစ်ခုလုံးကို ထိတ်လန့်စေကာ အတိတ်တွင် ပြိုင်ဘက်ကင်းပါရမီရှင်ဖြစ်ခဲ့သော်လည်း ပေထင်းဟွမ်သည် သူ့ထက်ပင် ပို၍သာလွန်နေသည်။ သူမသည်ငယ်ရွယ်သေး ကာ သူမ၏အနာဂတ်ပေါက်မြောက်မှုများကို သူမြင်နိုင်နေသည်။

“ထင်ထားတဲ့အတိုင်း မင်းက ကျောင်းအုပ်နန်လင်းရဲ့ကျောင်းသားပဲ.. ဒါပေမဲ့ ဒီကမ္ဘာမှာ ပါရမီရှင်မရှားပါဘူး.. အချိန်မတန်သေးဘဲသေဖို့ အလွယ်ဆုံး နည်းလမ်းက ပါရမီရှင်ဖြစ်ရတာပဲ.. ကျောင်းအုပ်နန်လင်း.. ခင်ဗျား နောက်ဆို ရင် ခင်ဗျားရဲ့အဖိုးတန်တပည့်လေးကို စောင့်ကြည့်ရတော့မယ်.. သူ့ကို တစ်ခုခု မဖြစ်စေနဲ့.. ဒဏ်ရာရတာတို့ အသက်ဆုံးရှုံးတို့ဖြစ်ရင် မကောင်းဘဲနေရော့မယ်” ရှကျန့်သည် ပြုံးသဲ့သဲ့ဖြင့်ပြောလေသည်။

“ဟုတ်တယ် အထူးသဖြင့် ကျောင်းပြိုင်ပွဲက မကြာခင်လာတော့မယ်.. လုံယွိနဲ့တခြားသူတွေက သူတို့နဲ့ပြိုင်ရမယ့်လူရဲ့ ခွန်အားကိုသိပြီလားမသိဘူး၊ ဟား ဟား အဲလူက ဓားသခင်ဖြစ်နေပြီလို့ကြားတယ်.. ဝမ်းကွဲပေထင်းဟွမ်က ရော ယုံကြည်ချက်ရှိပြီလားသိချင်သေးရဲ့” ချူဟန့်၏မျက်လုံးများသည် စင်းလဲ လှသည်။ ထိတ်လန့်မှုများပျောက်ကွယ်မသွားခင် သူသည် အဆိပ်ကြောများထ နေပြီး မနာလိုမှုများပြည့်နေသည်။ သူသည် ပေထင်းဟွမ်ကို ချက်ချင်းပင် သေသွားစေချင်သည်။

“ဝမ်းကွဲဟုတ်လား” ပေထင်းဟွမ်၏မျက်လုံးများသည် အေးစက်နေကာ သူမ၏လှောင်ပြောင်သောအသံသည် ထိုးထွက်လာသည့်ဓားလိုပင် “ကျုပ်ကို ဝမ်းကွဲလို့ခေါ်ရအောင် သခင်ကြီးချူဟန့်က ဘာလုပ်ပိုင်ခွင့်ရှိလို့လဲ.. ဒီကမ္ဘာ ပေါ်မှာ ဝမ်းကွဲချူဖုန်းကပဲ ကျုပ်ကိုအဲလိုခေါ်လို့ရမယ်.. သခင်ကြီးချူဟန့် ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်မကြီးနဲ့”

ရှကျန်းသည် ချူဖုန်းနှင့် သူမကိုခြိမ်းခြောက်ပြီး ချူဟန့်သည် ချူဖုန်းနှင့် ရန်စရဲသည်။ တခြားဖုံးကွယ်စရာရှိဦးမည်လား။ ရက်စက်သည့်လျှာရှိခြင်းနှင့် တခြားသူများကိုမျက်နှာသာမပေးခြင်းအတွက် မည်သူကမှ ပေထင်းဟွမ်ကို မပြောရဲကြပေ။

ချူဟန့်သည် ဒေါသထွက်လွန်းသဖြင့် ခုံပေါ်မှထခုန်ကာ ပေါက်ကွဲလုနီး ပါးပင်။ သူသည် အသက်ရှူရပ်ပြီး သေမတတ်ပင်။ ဤကောင်လေးသည် ပေထင်းမိသားစုမှ နှင်ထုတ်ခံထားရသည့် အမှိုက်သာဖြစ်သည်။ သူသည် မျိုးရိုးမြင့်များကြားမှ အခြေခံအကျဆုံးကျင့်ဝတ်ကိုပင်မသိပေ။ သူသည် မည်သို့ ပင်ဖြစ်စေ ဒဲ့တိုးပြောတတ်သည်။

သူ၏အချစ်ဆုံးတပည့်သည် ပေထင်းဟွမ်၏အနိုင်ကျင့်ခြင်းကိုခံရပြီး မတိုက်ခိုက်ရခင်မှာပင် သေတော့မလိုဖြစ်တော့မည်ကိုမြင်ပြီး ရှကျန့်သည် သည်းမခံနိုင်တော့ပေ။ သူသည် နန်လင်းကို ထပ်ပြောလေသည် “သခင်ကြီး နန်လင်း ခင်ဗျားတပည့်ရဲ့စကားတွေက နည်းနည်းလွန်နေပြီမလား.. ငွေလ ရောင်အင်ပါယာရဲ့ မြောက်ပိုင်းတောင်ပံဘုရင်ရဲ့ ရထူးက ရာယာအင်ပါယာရဲ့ ညအရှင်ထက်မနိမ့်ပါဘူး.. သခင်ကြီးပေထင်းဟွမ်က အနည်းဆုံးလေးစားမှုကို တော့ပြသင့်တာပေါ့...”

All Chapters