ညအရှင်သခင်က ကိုယ်တိုင်ရောက်လာမယ်လို့ ထင်မထားဘူး
Vol. 30 Ch. 593
ငွေလရောင်အင်ပါယာမှာ ချူဟန့်ရဲ့ ရာထူးက ရာယာအင်ပါယာက ညအရှင်သခင်ရဲ့ရာထူးထက်မနိမ့်ဘူးဟုတ်လား။ ပေထင်းဟွမ်သည် ရယ်ကွဲ မတတ်ပင်။ ဤအခိုက်အတန့်တွင် ပေါ့ပါးသောအသံသည် ခမ်းနားပြီးလေလံ သည့် ဖိအားနှင့် အဝေးမှချည်းကပ်လာလေသည် “ဘယ်သူက ငါ့နာမည်ကို ခေါ်လိုက်တာလဲ.. မြောက်ပိုင်းတောင်ပံဘုရင်ကဘယ်သူလဲ.. ဘယ်လိုလုပ် ငါနဲ့ လာယှဉ်ရဲတာလဲ”
အသံသည် ငရဲမှတက်လာသည့်အသံနှ့င်တူသည်။ ၎င်းသည် အရိုးထဲထိ စိမ့်သွားစေသည့်အေးစက်မှုနှင့် တောင်ကဲ့သို့ ကြောက်မက်ဖွယ် ဖိအားကို သယ်ဆောင်လာလေသည်။ သူ၏ နောက်ဆုံးစကားမှာ အားလုံး၏နားနှင့် ရင်ထဲသို့ ပဲ့တင်ထပ်သွားသည်နှင့် တခြားသူများသည် မူးဝေလာသည်။ ချူဟန့် နှင့် ရှကျန့်တို့သည် သွေးအန်ထွက်မိတော့မလိုပင်။
“ဘယ်သူလဲ”
ချူဟန့်ခေါ်လာသည့် စစ်သည်နှင့် အဂ္ဂိရတ်ပညာရှိတို့သည် လက်ထဲတွင် ဓားရှည်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားကာ လှည့်ပတ်ကြည့်လေသည်။ တစ်ဖက်လူစကားဆုံးပြီးနောက်တွင် သူတို့သည် ထိုလူ၏အရိပ်ကိုပင် မမြင်ရ ပေ။ ကြီးမားတဲ့လှည့်ကွက်ပဲ။
အဲဒါဘယ်သူဖြစ်နိုင်ဦးမှာလဲ။
ပေထင်းဟွမ်သည် ကျောင်းတော်၏ဝင်ပေါက်ရှိရာသို့ ကြည့်လိုက်သည်။ သေချာသလောက်ပင် တိမ်တိုက်များအကြားမှ အရိပ်တစ်ခုသည် လမ်းလျှောက်ထွက်လာသည်။ ထိုလူ၏မြင့်မားသောပုံရိပ်သည် အနောက်ဘက် မှရဲရဲနီနေသောနေရောင်အောက်တွင်ရပ်နေသည့် အရှင်မြတ်နှင့်တူသည်။ အားလုံးသည် သူလှုပ်ရှားသည်ကိုသာမြင်လိုက်ရသည်။ လျှပ်တပြက်အတွင်း မှာပင် သူသည် ပေထင်းဟွမ်ဘေးရောက်နေပြီဖြစ်ကာ သူမဘေးတွင်ရပ်လိုက် ၏။
ထိုလူသည် တစ်ဦးတည်းဆိုသော်ငြား သူ့အနောက်တွင် ထောင်ချီသော စစ်သည်နှင့်မြင်းများရပ်နေသလိုပင်။ သူ့ရောင်ဝါအနည်းငယ်ထုတ်လွှတ်ထား သော်လည်း ဖိအားသည် မခံနိုင်လောက်အောင်ပင်။
သူသည် ခရမ်းရောင်ဘရိုကိတ်ဝတ်စုံကိုဝတ်ဆင်ထားပြီး ရွှေရောင်ချည် ဖြင့် ထိုးထားသည့် ပင့်ကူနှင်းပန်းတို့သည် ပွင့်လန်းနေကြသည်။ သူ၏ ငွေရောင်ဆံပင်သည် လေမတိုက်ဘဲနှင့်လွင့်နေသည်။ သူ၏ပြိုင်ဘက်ကင်း သောမျက်နှာသည် နတ်မိစ္ဆာအလင်းအလွှာနှင့် ဖုံးအုပ်ထားသကဲ့သို့ဖြစ်နေပြီး လူအများကို မကြည့်ရဲလောက်အောင်ဖြစ်စေသည်။ သူ၏ မြေခွေးနှင့်တူသော ဆွဲဆောင်မှုရှိသည့်မျက်လုံးများသည် ခရမ်းရောင်အလင်းထွက်နေပြီး လူတစ်ဦး ၏ ဝိညာဉ်ကိုခြောက်လှန့်နေသလိုပင်။ သူ့ကို ထိလိုက်လျှင်တောင် ဝိညာဉ် ကွဲကြေသွားမည့်သဘောရှိသည်။
“ညအရှင်သခင်”
အမြဲတစေ ပုံမှန်မျှသာနေတတ်ပြီး ငွေလရောင်အင်ပါယာမှလူများကို အရေးတယူမရှိသော ကျောင်းအုပ်နန်လင်းသည် ဤအခိုက်အတန့်တွင် မတ်တတ်ရပ်ကာ ယန်ယဲ့အား အရိုအသေပေးလေသည် “ညအရှင်သခင်က ကိုယ်တိုင်ရောက်လာလိမ့်မယ်လို့ထင်မထားဘူး”
“ရပါတယ်” ယန်ယဲ့သည် လက်ကိုညင်သာစွာယမ်းလိုက်ရာ မမြင်နိုင် သော အင်အားတစ်ခုထွက်လာသည်။ ကျောင်းအုပ်နန်လင်းသည် သူ့တစ်ကိုယ် လုံး လင်းလက်သွားသည်ကိုခံစားမိသည်။ သို့သော် သူ မတ်မတ်ရပ်လိုက်ရ၏။ သူ့ရင်ထဲမှထိတ်လန့်မှုသည် လှိုင်းများကဲ့သို့လှိမ့်တက်နေသည်။ နန်လင်းသည် သူ၏ခွန်အားကို ကောင်းစွာသိသည်။ သူသည် ဝိညာဉ်သခင်ဘုံထိပ်ဆုံးသို့ ရာက်ကာ နတ်ဘုံသို့ရောက်ရန် ခြေလှမ်းတစ်ဝက်သာလိုတော့သည်။ တစ်ဖက် တွင် ယန်ယဲ့သည် သူ့တစ်ကိုယ်လုံးကို လက်ချောင်းထိတ်ဖြင့်သာ ထိန်းချုပ်နိုင် သည်။ ထိုလူ၏ခွန်အားသည် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။
ယန်ယဲ့သည့် သူ့အနောက်မှလူများ ဒူးထောက်နေကြသည်ကို ဂရုမစိုက် ပေ။ သူ့အကြည့်သည် ပေထင်းဟွမ်အပေါ်၌သာရှိနေသည်။ သူမသည် နှာခေါင်းကိုထိပြီး သူ့အား ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်နသည်။ ၎င်းသည် နောက်ပြောင်ခြင်း၊ လှောင်ပြောင်ခြင်းနှင့် အနည်းငယ်ဒေါသထွက်ခြင်းများ ပါနေသည်။ မဟုတ်ပေ.. သူမသည် ခင်ပွန်းဖြစ်သူက လှည့်ကွက်များကိုမြင်မိ ပြီး ဖွင့်ပြောမည်ကိုစောင့်ဆိုင်းနေသည့် ဇနီးသည်နှင့်တူနေသည်။
ယန်ယဲ့သည် ပယင်းကဲ့သို့ပင်။ သူ၏ခရမ်းရောင်မျက်လုံးများသည် မေတ္တာနှင့် မြတ်နိုးမှုတို့ပါဝင်နေသည်။ သူသည် သူ၏ကျောက်စိမ်းရောင်လက် ကိုမြှောက်ကာ ပေထင်းဟွမ်၏နှာခေါင်းကို ဆိတ်လိုက်၏ “ဒီလူ့ကို မင်းအတွက် ချန်ထားပေးရမလား ဒါမှမဟုတ် သူ့ကိုအခုပဲရှင်းပေးရမလား.. ဟင်း ရိုင်းလိုက်တာ”
ပေထင်းဟွမ် မည်မျှပင် ဒေါသထွက်စေကာမူ လူအများရှေ့တွင် ဒေါသကို ထွက်ပေါက်ရှာရန်မဖြစ်နိုင်ပေ။ သူသည် စိတ်ထဲတွင် ချုပ်တည်းထားရန်သာ တတ်နိုင်သည်။ သူသည် ခေါင်းကိုအသာလှည့်ပြီး မြေပေါ်တွင်ဒူးထောက်နေ သည့် ချူဟန့်အားကြည့်လိုက်သည် “သူကရိုင်းတယ်လို့ မင်းပြောခဲ့တယ်နော်.. ခုနကပဲ ကျောင်းအုပ်ရှကျန့်က ဆရာနန်လင်းရှေ့မှာ ငါ့ကိုရိုင်းရိုင်းပြောခဲ့တယ်”
သူတို့နှစ်ယောက် ရိုင်းပြသည့်အကြောင်းပြောနေချိန်တွင် ရှကျန့်သည် ယန်ယဲ့၏ရှေ့တွင် ကျိုးနွံစွာဒူးထောက်လျက်ရှိသည်။ သူ၏ကျောပြင်သည် အေးစက်ပြီး တစ်ကိုယ်လုံး ချွေးအေးများပြန်လာသည်။ ထိုသို့ဖြစ်ရခြင်းမှာ လည်း သူ့တွင်ကျောရိုးမရှိခြင်းကြောင့်မဟုတ်ဘဲ ယန်ယဲ့၏ရောင်ဝါသည် သက်တန့်ကဲ့သို့ဖြစ်ကာ သူ၏ဒြပ်စင်စွမ်းအင်သည် ပင်လယ်ကဲ့သို့ ထူထဲခြင်း ကြောင့်ပင်။ သူသည် ဒြပ်စင်စွမ်းအင်ထုတ်ပြီး မခုခံချင်၍မဟုတ်ပေ။ သူ၏ ဒြပ်စင်စွမ်းအင်ကိုထုတ်လိုက်သော်လည်း လေဟာနယ်ထဲသို့ကျသွားသကဲ့သို့ မြောက်ပိုင်းပင်လယ်တွင်နစ်မြုပ်သွားသလို ခံစားလိုက်ရသောကြောင့်ပင်...