← Chapters

ယန်ယဲ့ကမှ မောက်မာတဲ့သူပဲ

Vol. 30 Ch. 594

ယန်ယဲ့ကမှ မောက်မာတဲ့သူပဲ

Vol. 30 Ch. 594

“မင်းကရိုင်းတယ်လို့ ဘယ်သူပြောရဲတာလဲ” ယန်ယဲ့သည် သဲ့သဲ့ပြုံးလိုက် ၏။ သူသည် တဖြည်းဖြည်းလက်ချကာ ပေထင်းဟွမ်၏လက်ကို ဆုပ်ကိုင်လိုက် သည်။ သူသည် သူမကို ရှကျန့်ဆီသို့ခေါ်သွားသည် “သူက ရိုင်းတယ်လို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ... သူ့ရဲ့သရုပ်မှန်ကိုသိလို့လား”

သရုပ်မှန်လား..

ရှကျန့်၏တစ်ကိုယ်လုံးသည် တုန်ယင်နေသည်။ ဤအခိုက်အတန့်တွင် သူသည်လည်း ယန်ယဲ့၏စကားများကြောင့် ထိတ်လန့်သွားကာ ရုတ်တရက် ကြည့်လိုက်သည်။ မထင်မှတ်စွာပင် ပေထင်းဟွမ်၏အင်္ကျီလက်မှ ငွေရောင် ချည်ဖြင့်ထိုးထားသည့် ပင့်ကူနှင်းပန်းကိုတွေ့လိုက်ရသည်။ ပွင့်ဖတ် ၉ ဖတ်ပင်။ ထိုအချိန်တွင် သူမသည် သူ့ကို နတ်မိစ္ဆာကဲ့သို့ ရက်စက်စွာပြုံးပြလိုက်သည် “ယန်း.. ယန်းမြို့တော်လား.. ကိုး..ဖတ်..”

“သိရင်ကောင်းတယ်” ယန်ယဲ့၏အသံသည် ဓားသွားကဲ့သို့ ပေါ့ပါးနေ၏။ “ဒီကမ္ဘာမှာ သူ့ကိုရိုင်းတယ်လို့ ဘယ်သူမှ ဝေဖန်လို့မရဘူး.. မင်းကိုကြည့်ပေး တာနဲ့တင် တော်တော်လေးစားရာရောက်နေပြီ.. မင်းကဘာလိုချင်သေးတာလဲ”

ယန်းမြို့မှ ငွေရောင်ချည်ဖြင့်ထိုးထားသော ပွင့်ဖတ်ကိုးဖတ်နှင့်ပင့်ကူ နှင်းပန်းရှိသောလူ၏သရုပ်မှန်ကို မည်သူမှမသိကြပေ။ သို့သော် ယန်းမြို့တွင် ပွင့်ဖတ် ၉ ဖတ်နှင့် ပင့်ကူနှင်းပန်းကို တိုက်ကြီးပေါ်မှလူများ ကောင်းကောင်းသိ ကြသည်။ ပွင့်ဖတ်တိုင်းသည် ရာထူးအဆင့်အတန်းကို ဖော်ပြသည်။

ပွင့်ဖတ် ၉ ဖတ်သည် ယန်းမြို့တွင် လူတစ်ဦးတည်းတွင်သာရှိသည်။ ၎င်း သည် ယန်ယဲ့ဖြစ်၏။ ပွင့်ဖတ် ၉ ဖတ်ကို ရွှေချည်မျှင်ဖြင့်ထိုးထားသည်။ တစ်စုံတစ်ယောက်သာ သူတို့ကိုမလေးမစားလုပ်မိလျှင် သူတို့ဖြတ်လျှောက် သွားချိန်၌ ဆယ်လှမ်းအကွာတွင် အလောင်းများပုံသွားနိုင်ပြီး အရိုးများမှာ ဆိုးဆိုးဝါးဝါးထွက်လာနိုင်သည်။

ယန်ယဲ့၏နာမည်ဆိုးသည် အရိုးဖြူနှင့် သွေးပင်လယ်တို့ကြောင့် ပေါ်ထွက်လာခြင်းပင်။

ယန်ယဲ့မြို့သည် တိုက်ကြီးတွင်ထိပ်ဆုံးနေရာ၌ရှိနေခြင်းမှာ နတ်အဆင့် ကျွမ်းကျင်သူကြောင့်ဖြစ်သည်။ သို့သော် ယန်းမြို့၏ မြို့စားကိုတော့ မည်သူက မှမမြင်ဖူးကြပေ။ ယန်းမြို့သည် ယန်းမြို့မှလာသည့် မင်းသား ၇ ယန်ယဲ့၏ အမိန့်ကိုသာနာခံကြကြောင်းကိုသာ သူတို့ သိကြသည်။ ယန်းမြို့တွင် သူ၏ ရာထူးသည် မြို့စားနှင့်တူညီသည်။ ပေထင်းဟွမ်သည် ရွှေရောင်ပင့်ကူနှင်းပန်း ၉ ဖတ်ကို ဝတ်ဆင်ရန် အရည်အချင်းရှိသည်ဟု သူပြောပါက မည်သူမှ မေးခွန်း မထုတ်ရဲကြပေ။

“သူ သူ...” ချူဟန့်သည် မျက်လုံးများထွက်ကျမတတ် ကြောက်ရွံ့နေ၏။ ငွေလရောင်အင်ပါယာ၏ မြောက်ပိုင်းတောင်ပံ ဂုဏ်သရေရှိဘုရင်သည် လွန်ခဲ့ သည့် စက္ကန့်ပိုင်းကပင် သူ့ကိုယ်သူ ညအရှင်နှင့်ယှဉ်နိုင်သည်ဟုတွေးခဲ့သည်။ သို့သော် ယခုအခါ သူသည် ဣန္ဒြေပျက်သွားကာ ပေထင်းဟွမ်၏ဝတ်ရုံမှ ပွင့်ဖတ် ၉ ဖတ်ကို ညွှန်ပြလေသည်။ သူသည် သူ့ဘာသာရေရွတ်လိုက်သည် “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ရွှေနှင့်ငွေကြားတွင် အဆင့်တစ်ဆင့်ကွာခြားသော်လည်း ပင်မတိုက်ကြီး တွင် သာမန်လူများသုံးသည် ရွှေဒင်္ဂါးနှင့် ငွေဒင်္ဂါးအချိုးသည် ၁ ပုံ ၁၀၀ ပုံရှိ၏။ ရွှေဒင်္ဂါးတစ်ပြားသည် ငွေဒင်္ဂါး ၁၀၀ နှင့်ညီမျှသည်။ သို့သော် ယန်းမြို့တွင် ရွှေဖြစ်စေ ငွေဖြစ်စေ ပန်းပွင့်ဖတ်အရေအတွက်ကိုသာ တွက်ချက်သည်။

ယန်းမြို့မှာ ပေထင်းဟွမ်ရဲ့ သရုပ်မှန်က ယန်ယဲ့နဲ့တူနေတာလား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မည်သို့ဖြစ်ပျက်သွားသည်ကို ကျောင်းအုပ်နန်လင်းပင် နားမလည်တော့ ပေ။ သို့သော် ပေထင်းဟွမ်သည် ပေထင်းမိသားစုမှနှင်ထုတ်ခံရပြီး မိသားစုဆီ သို့မပြန်ရသေးပေ။ နန်လင်းတစ်ယောက်သာ ပေထင်းဟွမ်ကို ထောက်ပံ့ထား သည်။ သို့သော် ပိုအားကောင်းသည့်လူမှ ကာကွယ်ထားလျှင် ပို၍လုံခြုံနေလိမ့် မည်။ ညအရှင်နှင့် ယန်းမြို့သည် သူမ၏ အားကောင်းသောနောက်ခံအဖြစ်ရှိ လျှင် သေချာပေါက် အထောက်အကူကြီးဖြစ်မည်။

“ဘာမှမဖြစ်နိုင်တာမရှိဘူး.. မင်းက ငါ့စကားတွေကို သံသယဝင်နေတာ တလား” ယန်ယဲ့သည် အေးစက်စွာနှာမှုတ်ကာ ချူဟန့်အား ထပ်မံဖိအားပေး လိုက်သည် “သခင်လေး ၉ က မင်းနဲ့တွေ့ဖို့အချိန်မရှိဘူးလို့ ကြားတယ်.. မင်းက သူ့ကိုခြိမ်းခြောက်နေသေးတယ်ပေါ့.. ကျောင်းပြိုင်ပွဲကနီးလာပြီဆိုတော့ ဒီနေ့ ငါ မင်းကိုမသတ်သေးဘူး.. ကျောင်းပြိုင်ပွဲမှာ သခင်လေး ၉ ရဲ့ဓားချက်ကို မင်း ရှောင်နိုင်မယ်ဆို မင်းအသက်ကို သက်ညှာပေးဖို့ စိတ်မရှိဘူး”

သေမယ့်လမ်းကနေ လွတ်လာတဲ့ခံစားချက်က ဘယ်လိုမျိုးလဲ။ ချူဟန့် သည် တစ်ကိုယ်လုံးစိတ်ချသွားသလိုခံစားလိုက်ရသည်။ သူသည် မြေကြီးပေါ် တွင် လှဲလျောင်းနေရသည့်တိုင်အောင် အသက်ဘေးမရှိတော့ပေ။ သူ့အတွက် ၎င်းသည် ကျေနပ်စရာအကောင်းဆုံးဖြစ်သည်။ သူသည် အပျော်လွန်သွား၏။ သို့သော် ယန်ယဲ့ ပေထင်းဟွမ်ကို မေးသည့်မေးခွန်းကိုကြားလိုက်ရပြန်သည် “ဟွမ်အာ ဘယ်လိုထင်လဲ”

ပေထင်းဟွမ်သည် ချူဟန့်၏အတွေးများကို မြင်နေရသည်။ သည်လိုနှင့် ချူဟန့်သည် ကျောင်းပြိုင်ပွဲတွင် သူ့အသက်ကိုကယ်နိုင်လိမ့်မည်ဟု သေချာ ပေါက်တွေးသွားလိမ့်မည်။ မျှော်လင့်ချက်ကြီးလေလေ နောက်ဆုံးတွင် စိတ်ပျက်အားလျော့လေလေဖြစ်သည်...

“ဟုတ်ပြီလေ”

All Chapters