စုံတွဲဝတ်စုံဝတ်ဆင်ခြင်းအား သံသယဖြစ်ခြင်း
Vol. 30 Ch. 595
ချူဟန့်နှင့်တခြားသူများသည် လေးလံစွာသက်ပြင်းကြီးချချိန်တွင် ယန်ယဲ့သည် အထူးပျော်ရွှင်ပုံပေါက်သည်။ သူသည် ခံစားချက်ကောင်းနေ၏။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ဦးခေါင်းကိုပွတ်လေသည်။ သူသည် သူမကို စူးစူးစိုက်စိုက်ကြည့်ပြီးနောက် လှည့်ပတ်ကြည့်လေသည်။ သူ့မျက်နှာ သည် အထူးချောမောလှသော်လည်း ဝိုးတိုးဝါးတားခံစားချက်မျိုးကိုပေးစွမ်း၏ “ဒီသုံးလအတွင်း ယန်းမြို့မှာ ပွဲကြီးတစ်ခုရှိလိမ့်မယ်.. ဒီမှာရှိတဲ့လူတွေကို ကြိုပြီးဖိတ်ထားမယ်.. အဲအချိန်ထိ အသက်ရှင်နေရင် တက်ရောက်ဖို့ကြိုဆိုပါ တယ်”
အားလုံးနီးပါး ကြက်သေသေသွားလေသည်။ ညအရှင်သခင်ရဲ့ ဖိတ်ကြား ချက်က... ရဲလွန်းတာမဟုတ်ဘူးလား။ 'အဲအချိန်ထိ အသက်ရှင်နေရင်' ဆိုတာ က ဘာအဓိပ္ပာယ်လဲ။ သူတို့ဦးခေါင်းများသည် အချိန်မရွေးပြုတ်ကျသွားနိုင် သည့်အလားဖြစ်နေသည်။
ကျောင်းအုပ်နန်လင်းတစ်ယောက်သာ ယန်ယဲ့၏စကားများကို ဂရုမစိုက် သလိုပင်။ သူသည် ခေါင်းညိတ်ပြီးပြုံးလေသည် “ဖိတ်ကြားတဲ့အတွက် ကျေးဇူး တင်ပါတယ်.. အရှင် အဲအချိန်ကျရင် ကျုပ်လာခဲ့ပါမယ်”
ကျောင်းအုပ်နန်လင်းမှ ဖိတ်ကြားချက်ကိုလက်ခံသည်နှင့် ရှကျန့်နှင့် တခြားသူများသည် သဘောတူရန် နှေးကွေးနေလျှင် ယန်ယဲ့ဒေါသထွက်မည် ကို ကြောက်သည့်အလား မြေကြီးပေါ်မှထလေသည်။ သူတို့သည် အလျင်အမြန်ပင် သဘောတူလိုက်၏။ ယန်ယဲ့၏မျက်နှာအား ခပ်ဝါးဝါး ရောင်ခြည်ဖြင့် ဖုံးအုပ်ထားသည်ကိုကြည့်လျှင် သူ၏အလွန်တရာချောမော သောမျက်နှာတွင် ဂရုမစိုက်သည့်အမူအရာမျိုးရှိနေသည်မှာ သူတို့အား ပုရွက်ဆိတ်များအလား ကြည့်နေသည်နှင့်တူသည်။ ထိုလူများသည် စိတ်ထဲ တွင် ခံစားချက်မကောင်းရုံတင်မကဘဲ ယန်ယဲ့၏မောက်မာသည့်စကားများ အတွက် ဆင်ခြေရှာနေကြသည်။ ညအရှင်သည် အမှန်တကယ်ပင် ပညာရှိ၏။ ကျင့်ကြံရေးလမ်းစဉ်သည် ကောင်းကင်ကိုအံတုနိုင်သည်။ လူတစ်ယောက် သည် မနက်ဖြန်အထိ ရှင်သန်ရမလွယ်ပေ။ သုံးလသည် အနည်းငယ်ကြာမြင့် သည်။
“ဟွမ်အာ.. ကျောင်းကနေ ငါ့ကိုလိုက်မပို့တော့ဘူးလား”
ညအရှင်သည် ပေထင်းဟွမ်၏လက်ကိုဆုပ်ကိုင်ကာ သူမအား ခရမ်းရောင်လဲ့နေသောမျက်လုံးများဖြင့် စိုက်ကြည့်လေသည်။ ပေထင်းဟွမ် နှုတ်ဆိတ်နေပြီး သူ့ကိုနောက်ပြောင်သည့်အကြည့်နှင့်ကြည့်နေသည်ကို မြင် သောအခါ ညအရှင်သည် သူမအား အံ့အားသင့်စွာပြန်ကြည့်ပြီး ဘေးတွင်ရပ် ပြီး ပြုံးကြည့်နေသော ကျောင်းအုပ်နန်လင်းကိုလှည့်ပြောလေသည်။ “ကျောင်းအုပ်နန်လင်း ဟွမ်အာကို လိုက်ပို့ခွင့်ပြုမှာလား”
သူက ဧည့်သည်မဟုတ်ဘူးလား။ ဒါပေမဲ့ အခုမှ ယန်ယဲ့ကို ဧည့်သည် အဖြစ်ဧည့်ခံဖို့ နောက်ကျမသွားဘူးလား။ ခုနက မာန်ပါပါရောက်လာပြီး လက် တစ်ချက်ဝှေ့လိုက်တာနဲ့ ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးတော့မယ့်အတိုင်းဖြစ်နေ တာ ဘယ်သူလဲ။
ပေထင်းဟွမ်သည် နန်လင်းကို အခက်တွေ့အောင် လုပ်စရာအကြောင်း မရှိပေ။ နန်လင်းပြောသည်ကိုပင်မစောင့်ဘဲ သူ ရှေ့သို့လျှောက်သွားလေသည်။ နန်လင်းသည် အနည်းငယ်စောင်းကာ ပေထင်းဟွမ်နှင့်ယန်ယဲ့တို့လျှောက်သွား သည်ကို ကြည့်နေသည်။ သူ၏ပုံရိပ်သည် အနည်းငယ်ပိန်ပါးကာ နူးညံ့သည်။ သူသည် ခံစားချက်ပြင်းနေသည်ကို ခံစားမိသည်။ သူ့နှလုံးသား၏ အစိတ်အပိုင်းတစ်ခု နစ်မြုပ်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။ သူ့ဘဝ၏ အကြီးကျယ်ဆုံးအောင်မြင်မှုသည် ဝိညာဉ်သခင်ကြီးဖြစ်လာခြင်း မဟုတ်သလို အင်ပါယာကျောင်းတော်အတွက် ဂုဏ်သရေကိုယူဆောင်လာပေး ခြင်းမဟုတ်ဘဲ ပေထင်းဟွမ်အား ကျောင်းသားအဖြစ်လက်ခံခဲ့ခြင်းသာ ဖြစ်နေ မလားမသိပေ။
“ဒီနေ့ ဘာလို့ထွက်လတာလဲ.. ပြီးတော့ ကျွန်တော်ဝတ်ထားတဲ့ အင်္ကျီက ဘာဖြစ်နေလို့လဲ” ပေထင်းဟွမ်သည် ခန္ဓာကိုယ်မှ အင်္ကျီကို စိတ်ဆိုးမာန်ဆိုးနှင့် ခါလေသည်။ ပွင့်ဖတ် ၉ ခုပင့်ကူနှင်းပန်းသည် အထူးတလည်ပွင့်လန်းနေသည်။ ပင့်ကူနှင်းပန်းများသည် အရည်အသွေးမမြင့်လှသော်လည်း ယန်ယဲ့၏ ခန္ဓာကိုယ်ပေါ်မှ ရွှေရောင်ပင့်ကူနှင်းပန်းကဲ့သို့ မျက်စိကိုဖမ်းစားနိုင်သည်။ သူတို့နှစ်ယောက်အတူလျှောက်သွားချိန်တွင် တစ်ယောက်သည် ရွှေရောင် တောက်ကာ နောက်တစ်ယောက်သည် ငွေရောင်နှင့်ဖြစ်သည်။ သူတို့နှစ်ယောက်လုံးသည် အနက်ရောင်ချည်ဖြင့်ချုပ်ထားသော အင်္ကျီကို ဝတ်ဆင်ထားကြသည်။ မည်သို့ပင်ကြည့်စေကာမူ စုံတွဲဝတ်စုံကဲ့သို့ဖြစ်နေ၏။
“ဟွမ်အာ မကြိုက်ဘူးလား” ယန်ယဲ့သည် ပေထင်းဟွမ်၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လေသည်။ သူသည် ရထားလုံးယူမလာသလို လေထဲတွင် လည်း လမ်းမလျှောက်ပေ။ ထိုအစား ကျောင်းတော်၏ တတိုင်းမွှေးပင်အောက် တွင် သာမန်လူကဲ့သို့ ဖြည်းဖြည်းချင်းလျှောက်လာသည်။ “ပွင့်ဖတ် ၉ ချပ် ပင့်ကူနှင်းပန်းနီက ယန်းမြို့မှာဆို အမြင့်ဆုံးသင်္ကေတပဲ.. မင်းက ဒီအင်္ကျီနဲ့ တိုက်ကြီးပေါ်က ရန်စတာတွေကိုမရှောင်နိုင်ပေမဲ့ ဘယ်သူကမှ မင်းအသက်ကို မယူရဲဘူး”
“ကျွန်မက ကိုယ့်အသက်ကိုယူမယ့်လူကို ကြောက်မယ်လို့ထင်နေတာ လား” ပေထင်းဟွမ်သည် မျက်ခုံးများပင့်ပြီး ခေါင်းမော့ကာ ယန်ယဲ့အား အပြုံး သဲ့သဲ့ဖြင့် ကြည့်လေသည်။
“မကြောက်ပါဘူး”
သို့သော် သူမ၏အရင်ဘဝတွင်ပင် ယခုလိုကာကွယ်ပေးမည့်သူမရှိခဲ့ပေ။