← Chapters

ဒါပေမဲ့ကြောက်တယ်

Vol. 30 Ch. 596

ဒါပေမဲ့ကြောက်တယ်

Vol. 30 Ch. 596

ဒါပေမ့ ကြောက်တယ်။

သို့သော် ယန်ယဲ့ ထိုစကားကိုမပြောလိုက်ပေ။ နွေရာသီအစောပိုင်းလေ သည် အလွန်ကောင်းသည်။ ပန်းနံ့ခပ်ဖျော့ဖျော့ကလေးပါလာတတ်သည်။ သူတို့နှစ်ယောက်သည် ကျောင်းထဲတွင် လမ်းလျှောက်ကြည်။ ငေးကြည့်ရသည် မှာ ပေထင်းဟွမ်သည် ၂၁ ရာစုတရုတ်ပြည်သို့ ပြန်ရောက်သွားသလိုခံစားလိုက် ရသည်။ သူမဘေးရှိလူသည် အလွန်အရင်းနှီးဆုံးသူဖြစ်သည်။ လမ်းလျှောက် ရင်းနှင့် သူနှင့်တစ်သက်တာမြဲတော့မလိုခံစားရသည်။

ယန်ယဲ့အား ရထားလုံးဆီသို့ပို့ပြီးသည်နှင့် ရထာလုံးသည် ရှေ့သို့ ထွက် သွားလေသည်။ ပေထင်းဟွမ်သည် လတစ်ဝက်အတွင်း ကျောင်းပြိုင်ပွဲတွင် သခင်အဆင့်ရတနာချပ်ဝတ်တန်ဆာရှိသော ပြိုင်ဘက်နှင့်ရင်ဆိုင်ရတော့မည် ကို ရုတ်တရက်သတိရသွားသည်။ သူမသည် ယန်ယဲ့အား သူမအတွက် အားကောင်းသောလက်နက် ကူပြီးသန့်စင်ပေးရန် တောင်းဆိုဖို့ကို သတိရသွားသဖြင့် ရှေ့သို့ အမြန်ပြေးပြီး ရထားလုံးအားလိုက်လေသည်။

ပေထင်းဟွမ် ခြေလှမ်းနှစ်လှမ်းခန့်သာလှမ်းရသေးသော်လည်း ရထားလုံး သည် ရပ်တန့်သွားလေသည်။ တံခါးကိုဆွဲဖွင့်ပြီး သူသည် ပေထင်းဟွမ် ဝင်လာ သည်ကိုစောင့်ဆိုင်းနေသည်။

“ပင်မတိုက်ကျောင်းတော်က လော့ရှောင်မိုပဲ.. သခင်အဆင့်နတ် လက်နက်ရှိတဲ့ ပြိုင်ဘက်ကိုစိတ်ပူဖို့မလိုဘူး.. သူ့ကို လူတစ်ယောက်က ရှင်းပေးလိမ့်မယ်” ပေထင်းဟွမ် ဘာမှမပြောခင်မှာပင် ယန်ယဲ့သည် လက်မြှောက်ကာ ဘေးသို့ကျနေသည့် ပေထင်းဟွမ်၏ဆံပင်ကို သပ်တင်ပေး လိုက်သည်။ သူသည် ပေထင်းဟွမ်အား ခရမ်းရောင်မျက်လုံးများဖြင့် ကြည့် လေသည် “အားကောင်းတဲ့လက်ရှိတာ အရမ်းအကျိုးရှိတယ်.. ဒါပေမဲ့ မင်းက အခုမှ ကြယ်ဝိညာဉ်သခင်ပဲရှိသေးတာ.. ဝိညာဉ်သခင်ကြီးမှာ သခင်အဆင့် လက်နက်ရှိရင်တောင် မင်းမှာအားကောင်းတဲ့လက်ရှိရင် သူလည်း ဘာမှမတတ်နိုင်ဘူး.. မင်းက ပြင်ပပစ္စည်းတွေကိုမှီခိုလွန်းပြီး ကိုယ့်တိုးတက်မှု ကို လျစ်လျူရှုမိနေတာပဲ”

ပေထင်းဟွမ်သည် မေးခွန်းများထပ်မေးရန်ကိုပင် မေ့လျော့သွားသည်။ သူမသည် ပါးစပ်ပင်မဟရသေးပေ။ သခင်အဆင့်ရတနာသန့်စင်ဖို့ တောင်းဆို မည်ဆိုသည်ကို သူ မည်သို့သိနေသနည်း။ သူ သူမအား တစ်စုံတစ်ရာဖုံးကွယ် ထားသည်လား။ သူသာ ငြင်းဆန်လျှင် သူမ သူ့ကိုသင်ခန်းစာကောင်းကောင်း ပေးမည်။

ရထားလုံးထဲမှ ထွက်လာပြီးနောက် ပေထင်းဟွမ်သည် ယန်ယဲ့ပြောခဲ့ သည့်စကားများကို တွေးနေတုန်းပင်ဖြစ်သည် “…ငါက မင်းဘေးမှာမရှိရင် တောင်.. ဆေးသန့်စင်တာကို ဇွဲရှိရှိလုပ်ရမယ်.. လေ့ကျင့်ရင်ပြီးပြည့်စုံလာမှာပဲ.. မီးကိုထိန်းချုပ်နည်း၊ စွမ်းအင်ထိန်းချုပ်နည်းနဲ့ သန့်စင်တဲ့လုပ်ငန်းစဉ်မှာ တာအို သုံးနည်းကိုသိလာမယ်.. မင်းဘုံကလည်း တိုးတက်တာမြန်တယ် မတည်ငြိမ် သေးဘူး.. အဲဒါက မင်းရဲ့အနာဂတ် ကျင့်ကြံမှုကို ထိခိုက်စေလိမ့်မယ်”

“ခွန်အားက အဆင့်တွေမှာ ကန့်သတ်ထားတာမျိုးမဖြစ်သင့်ဘူး” ပေထင်းဟွမ်သည် ထိုစကားများကို စဉ်းစားရင်းနှင့် ကျောင်းသို့ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည် “နောက်လတစ်ဝက်အတွင်းမှာ ငါ အရမ်းကြီးမကျင့်ကြံ သင့်ဘူးထင်တယ်.. အဲအစား ငါဘုံကိုတည်ငြိမ်အောင် အရင်လုပ်ရမယ်.. ထားလိုက်ပါတော့.. ငါလည်းထွက်လာပြီဆိုမှတော့ အရင်ဆုံး ရှန်းယန်ပိုတို့ကို သွားတွေ့ရမယ်”

နယ်မြေအက်စ်ရှိ အဆောက်အဦးငယ်တစ်ခုတွင် ရှန်းယန်ပိုဦးဆောင် သည့် သံမဏိသွေးသည် အပြင်မှပြန်ရောက်ခါစဖြစ်သည်။ သူတို့သည် ပထမ အထပ်ရှိ ဧည့်ခန်းတွင်ထိုင်နေကြသည်။ အများစုသည် ဒေါသကြောင့် မျက်နှာ နီရဲကာ စကားများကို မျိုသိပ်ထားပုံပေါ်သည်။

ပေထင်းဟွမ်ဝင်လာချိန်တွင် စိတ်ဆိုးမာန်ဆိုးမျက်နှာများကို မြင်လိုက်ရ သည်။ ထိုလူများသည် အပြင်တွင်အနိုင်ကျင့်ခံလာရပြီး ရယ်မောခြင်းသာ တတ် နိုင်သည်ကိုသူသိသည်။ “ဘာတွေဖြစ်နေကြတာလဲ”

အားလုံးသည် ထိုင်ရာမှ ထခုန်မတတ်ပင်။ ချင်ရှဲလင်နှင့်တခြား မိန်းကလေးများသည် ပေထင်းဟွမ်အားဝိုင်းပြီး ဖက်ကြလေသည် “ခေါင်းဆောင် နောက်ဆုံးတော့ပြန်လာပြီပဲ ကျွန်မတို့ရှင့်ကို ဘယ်လောက် လွမ်းနေလဲဆိုတာ သိမှာမဟုတ်ဘူး”

“သခင်လေး ၉ ဘာလို့ အခုမှထွက်လာတာလဲ”

ပေထင်းဟွမ်သည် ထိုမိန်းကလေးသုံးယောက် ပြောရင်းနှင့် မျက်လုံးများ ရဲနေသည်ကို သတိထားမိသည်။ သူစိတ်မကောင်းဖြစ်ကာ နှုတ်ဆိတ်ပြီး ထိုင် လိုက်သည်။ သူပြုံးပြီး ပြောလိုက်သည် “အဲတော့ မင်းတို့က ငါ့ကိုလွမ်းလို့ ဒေါသထွက်နေကြတာလား”

“ဟား” နန်ကုန်းချန်းရှီသည် မရယ်ဘဲမနေနိုင်တော့ပေ။ သူမသည် ပေထင်းဟွမ်ဘေးတွင် စိတ်ဆိုးမာန်ဆိုးနှင့်ထိုင်လိုက်သည် “ဟင်း လအလင်း တော်ဝင်ကျောင်းတော်ကြောင့်လေ.. ကျွန်မတို့က ဒီနေ့ မစ်ရှင်လုပ်ဖို့ ကျောင်း အနောက်ဘက်က ဝိညာဉ်ထောင်ချီတောင်ကြားကိုသွားပြီး ခေါင်းလောင်းပန်း လို့ခေါ်တဲ့ အဆင့် ၃ ဆေးဖက်ဝင်အပင်သွားရှာတာ.. ကျွန်မတို့က အရင်ရှာတွေ့ တာကို အဲလူတွေက လုသွားတယ်.. သူတို့က ကျွန်မတို့ရှေ့မှာတင် ဆေးပင်ကို ဖျက်ဆီးပစ်တာ”

“ဟုတ်တယ် စိတ်ဆိုးလိုက်တာ.. သူတို့တွေက ငါတို့ကို ပစ်မှတ်ထားတာ သေချာတယ်” ချင်ရှဲလင်သည် ထိုင်ခုံမှထခုန်လေသည် “အဲလူတွေက ငါတို့ မစ်ရှင်မအောင်မြင်အောင်ုလပ်တာပဲ.. ဟင်း သူတို့ထဲကတစ်ယောက်က ကောင်းကင်အဆင့်ဖြစ်ပြီး အစောင့်အရှောက်စစ်သည်ကလည်း အားကောင်း နေလို့ကြောင့်သာမဟုတ်ရင် ငါတို့လည်း သူတို့ကိုရိုက်ပစ်တယ်...”

All Chapters