← Chapters

ဝမ်ယဲ့ဘာလုပ်ခဲ့တာလဲ

Vol. 30 Ch. 597

ဝမ်ယဲ့ဘာလုပ်ခဲ့တာလဲ

Vol. 30 Ch. 597

“ဟား” ပေထင်းဟွမ်၏မျက်လုံးများသည် မှောင်မိုက်သွားသည်။ “မင်းတို့ က ခေါင်းလောင်းပန်းခူးတဲ့မစ်ရှင်လုပ်ဖို့ ဝိညာဉ်ထောင်ချီတောင်ကြားကိုသွား မယ်ဆိုတာ သူတို့ကဘယ်လိုသိတာလဲ.. သူတို့က ဘယ်သူတွေလဲ”

“သူတို့ကိုခေါင်းဆောင်လာတဲ့သူက ငွေလရောင်အင်ပါယာက မင်းသမီး ချန်လဲ့ပဲ.. သူမက ချူဟန့်လိုမျိုး လအလင်းတော်ဝင်ကျောင်းတော်က ကျောင်းအုပ်ရဲ့တပည့်လို့ပြောတဘ်.. သူတို့အကုန်လုံးက ငွေလရောင်အင်ပါ ယာကျောင်းတော်က မျိုးရိုးမြင့်တွေချည်းပဲ”

“ငါတို့က ခေါင်းလောင်းပန်းမစ်ရှင်လုပ်ဖို့ အဲဒီကိုသွားတယ်ဆိုတာ သူတို့ သေချာပေါက်သိတာပေါ့.. သူတို့ထဲမှာ ငါတို့ကျောင်းကလူတွေလည်းပါတယ်”

သူတို့သည် စကားကိုလုယက်ပြောနေကြသော်လည်း မုချင်းလင်သည် ခေါင်းငုံ့ထားကာ မျက်နှာကို ဒူးနှစ်ဖက်ကြားမြှုပ်ထားသည်။

ပေထင်းဟွမ်သည် ရှန်းယန်ပိုတို့ကို လက်မြှောက်ပြီးတားလိုက်သည်။ သူမ၏လက်သည် မုချင်းလင်၏ပခုံးပေါ်သို့ ဖြည်းဖြည်းချင်းကျသွားပြီး ခွန်အား ထည့်လိုက်သည် “လင်အာ ငါ့ကိုပြောပါဦး ဘာတွေဖြစ်နေတာလဲ”

မုချင်းလင်သည် ခေါင်းမော့လာပြီး အပြစ်မကင်းသည့်မျက်လုံးများနှင့် အပေါင်းအဖော်များကို ကြည့်လေသည်။ သူ့မျက်လုံးထဲမှ အမူအရာသည် သနားစဖွယ်ဖြစ်သည်။ သူမ စကားမပြောခင်မှာပင် ချင်ရှဲလင်သည် သူမ၏ လက်ကိုဆုပ်ကိုင်လေသည် “လင်အာ အဲဒါမင်းနဲ့ဘာမှမဆိုင်ဘူး.. ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဆွဲသွင်းရတာလဲ”

“ဟုတ်တယ် လင်အာ.. အဲဒါမင်းနဲ့ ဆိုင်မယ်ဆို ငါနဲ့လည်းဆိုင်မှာပဲ.. အဲဒီကောင်မက နန်ကုန်းမိသားစုမှာ နေတုန်းပဲဆိုတာ သိထားရမယ်” နန်ကုန်းချန်ရှီးသည် ပေထင်းဟွမ်နားမလည်မည်ကိုစိုးသဖြင့် ဒေါသတကြီး ပြောလေသည် “ခေါင်းဆောင် အဲဒီမိန်းမမုဝမ်ယဲ့လေ.. သူမက ငွေလရောင် အင်ပါယာရဲ့ဘဏ္ဍာရေးဝန်ကြီးရဲ့သား ဟူခွန်းနဲ့ဘယ်လိုချိတ်မိလဲတော့မသိဘူး၊ သူမက ငါတို့တည်နေရာကို ဟူခွန်းကိုပြောရုံတင်မကဘူး ဝိညာဉ်ထောင်ချီ တောင်ကြားကို လူတွေခေါ်လာပြီး ငါတို့အစီအစဉ်ကို ဖျက်ဆီးပစ်တာပဲ”

“ငွေလရောင်အင်ပါယာက ငါတို့ကို ပစ်မှတ်ထားအောင်လုပ်အောင်ထိ မုဝမ်ယဲ့က အစွမ်းအစမရှိဘူး” ပေထင်းဟွမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ ဘာလို့မသိခဲ့တာလဲ။ ထိုသို့ပြောပြီးနောက် သူမသည် ရှန်းယန်ပိုအား ကြည့် လိုက်သည်။

ရှန်းယန်ပိုသည် ခေါင်းကုတ်ကာစဉ်းစားလေသည် “မင်းသမီးချန်လဲ့က တစ်ခါက သခင်ကြီးချူဖုန်းရဲ့သတို့သမီးလောင်းလို့ ကြားဖူးတယ်”

ပေထင်းဟွမ်၏ဂုဏ်သတင်းသည် ပင်မတိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့သွား ပြီး သံမဏိသွေးအဖွဲ့သည် ထင်ပေါ်ကျော်ကြားလာသည်နှင့်အမျှ သံမဏိသွေး ခေါင်းဆောင်အနေနှင့် သူနှင့် ပေထင်းဟွမ်တို့၏ ဆက်ဆံရေးကို အားလုံးသိ သွားကြသည်။ မင်းသမီးချန်လဲ့က ချူဖုန်းရဲ့သတို့သမီးလောင်းဖြစ်တာကို ဘာလို့ ပေထင်းဟွမ်ကို လာပြဿနာရှာနေတာလဲ။

“ခေါင်းဆောင် မင်းသမီးချန်လဲ့က မင်းကို ပစ်မှတ်ထားတာမဖြစ်နိုင်ဘူး၊ ပြီးတော့ မင်းက ခေါင်းဆောင်ဆိုတာ လူတော်တော်များများမသိကြဘူး.. သံမဏိသွေးရဲ့ နေ့စဉ်ကိစ္စတွေကို တာဝန်ယူထားတဲ့သူက သခင်ချူဖုန်းပဲ.. မင်းသမီးချန်လဲ့ ငါတို့ကိုပစ်မှတ်ထားတာက ငါတို့ကသံမဏိသွေးမို့လို့ဖြစ်မယ်၊ သူမက တပ်မှူးချူဖုန်းကို ပစ်မှတ်ထားချင်နေတာ” ပေထင်းဟွမ် နားထောင် ရင်း ရှုပ်လာသည်ကို ရန်ရှောင်ကျဲ မြင်နေရသည်။ သူသည် သတ္တိမွေးကာ ပြောလိုက်သည် “မင်းသမီးချန်လဲ့က တပ်မှူးချူဖုန်းကို လက်ထပ်မယ့်အစား မုဆိုးမဖြစ်တာကောင်းမယ်ဆိုပြီး နိုင်ငံလေးခုအခမ်းအနားပွဲမှာပြောဖူးတယ်၊ သူမရဲ့ လက်ရှိသရုပ်မှန်က ငွေလရောင်အင်ပါယာမြောက်ပိုင်းတောင်ပံဘုရင်ရဲ့ သတို့သမီးလောင်းပဲ”

ဧည့်ခန်းတစ်ခုလုံးသည် တိတ်ဆိတ်သွားကြသည်။ တစ်ယောက်နှင့် တစ်ယောက်၏ အသက်ရှူသံကိုသာကြားနေရသည်။ လေထုသည် အလွန် လေးလံရာ အသက်ရှူကြပ်မတတ်ပင်။ ပေထင်းဟွမ်၏မျက်နှာသည် မုန်တိုင်း မလာခင်အခြေအနေကဲ့သို့ မည်းမှောင်နေသည်။ ဒေါသသည် ပေါက်ကွဲတော့ မည့် မီးတောင်ကဲ့သို့ပင်။ မည်သူမှ သူမ၏ဒေါသကို မခံနိုင်ကြပေ။

အတန်ကြာပြီးနောက် သူမသည် ဤအိမ်ကိုဖြိုပစ်တော့မည်ဟု ပေထင်းဟွမ်၏သံမဏိသွေးအပေါင်းအဖော်များထင်လိုက်ချိန်တွင် သူမ နှာမှုတ်သံကိုကြားလိုက်ရသည် “သူမက မုဆိုးမဖြစ်ချင်မှတော့ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမျာပေါ့.. ပြောရရင် သူမက ဝမ်းကွဲအစ်ကိုရဲ့သတို့သမီးလောင်း ဖြစ်ခဲ့တာပဲ”

သံမဏိအဖွဲ့သားများသည် လေးလံစွာသက်ပြင်းချလိုက်သည်။ ၎င်းသည် သူတို့မျှော်လင့်ထားသည့်အတိုင်းပင်။ သူတို့ခေါင်းဆောင်သည် သူတို့ကိုအနိုင် ကျင့်သူများကို သေချာပေါက် အလွတ်ပေးမည်မဟုတ်ပေ။ ဟင် မင်းသမီးချန်လဲ့က သူတို့ခေါင်းဆောင်ကို အထင်သေးလိုက်တာပဲ။ အဲအချိန် ရောက်ရင် အဲမိန်းမ ဒူးထောက်ပြီး တပ်မှူးချူဖုန်းရဲ့ဖိနပ်ကို ဘယ်လိုလျှာနဲ့ လျက်မလဲဆိုတာ ကြည့်ချင်သေးရဲ့...

All Chapters