← Chapters

ရှာဖွေခြင်းများ၊ သူမက အရမ်းပိုက်ဆံလိုနေတာ

Vol. 30 Ch. 598

ရှာဖွေခြင်းများ၊ သူမက အရမ်းပိုက်ဆံလိုနေတာ

Vol. 30 Ch. 598

ကျောင်းပြိုင်ပွဲအတွင်းတွင် သူမနှင့်ချူဟန်တို့အကြားတွင် ကျိန်းသေပေါက် ပြိုင်ပွဲတစ်ခုရှိလာလိမ့်မည်။ ထိုအချိန်တွင် သေရေးရှင်ရေး သည် တစ်ယောက်နှင့်တစ်ယောက်၏ အစွမ်းအစပေါ်တွင်မူတည်လိမ့်မည်။ မင်းသမီးချန်လဲ့သည် သူမ၏ဝမ်းကွဲကို ယခုလိုအရှက်ခွဲခဲ့သည်။ သူမကို သင်ခန်းစာကောင်းကောင်းမပေးလျှင် ပေထင်းဟွမ်ပီသတော့မည်လား။

“ငါတို့တွေကခေါင်းလောင်းပန်းရှာမတွေ့သေးဘူး အဲတော့ဘယ်လိုလုပ် ကြမလဲ” ပေထင်းဟွမ်သည် လက်ထဲရှိကိစ္စကို စိတ်ပူဆဲဖြစ်သော်လည်း သူတို့ အတွက်သာ၍စိတ်ပူမိသည်။ ကျောင်းတော်၏ရှာဖွေမှုများသည် အချိန်ပြည့် အထိမခံပေ။ အထူးသဖြင့် ဤကဲ့သို့သေးငယ်သောရှာဖွေမှုများသည် မထူးချွန် လှပေ။ အကယ်၍ ရှာဖွေခြင်းများမပြီးမြောက်ပါက အမှတ်လျှော့ခံရလိမ့်မည်။ ဤတာဝန်သည် သူတို့အတွက် ပထမဆုံးစုဆောင်းရေးမစ်ရှင်ဖြစ်သည်။ သို့သော် ဤမျှလောက်ကံဆိုးလိမ့်မည်ဟု ထင်မထားပေ။

“ဝိညာဉ်ထောင်ချီတောင်ကြားထဲမှာ တခြားပန်းပင်ရှိတယ်လို့ကြားဖူး တယ်.. ဒါပေမဲ့ အဲဒါက ကြယ် ၁ ပွင့်နတ်သားရဲရဲ့ ပိုင်နက်ထဲမှာရှိတာ.. မနက် ဖြန်ကံသွားစမ်းကြတာပေါ့” ရှန်းယန်ပိုသည် မတတ်သာစွာပြောလေသည် “ဟူး ငါတို့တွေက တစ်ချိန်လုံး စာချုပ်နတ်သားရဲရဲ့ စွမ်းအားကို အားမကိုးချင် ဘူး၊ ဒါပေမဲ့ ဒီတစ်ခေါက်မစ်ရှင်ကိုပြီးအောင်မလုပ်ရင် နောက်တစ်ခါ စီအဆင့် ရှာဖွေမှုပဲရလိမ့်မည်၊ အဲလိုဆို ဘီအဆင့်အဖွဲ့အဖြစ် အဆင့်တက်ဖို့ ငါတို့အဖွဲ့ အတွက်ခက်သွားပြီ”

ကျောင်းတော်သည် တိုက်ကြီးတွင် ကြေးစားအဖွဲ့စနစ်ကိုသုံးပြီး အဖွဲ့များ ကို ဖွဲ့စည်းထားသည်။ စီအဆင့်အဖွဲ့များသည် မစ်ရှင်များလုပ်ရင်းနှင့် အက်စ် အဆင့်သို့တက်နိုင်သည်။ သံမဏိသွေးအဖွဲ့သည် တည်ထောင်စဖြစ်သဖြင့် စီအဆင့်အဖွဲ့သာရှိသေးသည်။ စီအဆင့်ရှာဖွေမှုကို ဆက်တိုက်အောင်မြင်မှပင် ဘီအဆင့်ရှာဖွေမှုအဖြစ် လက်ခံမည်ဖြစ်သည်။ ဘီအဆင့်ရှာဖွေမှု ပြီးမြောက်ပြီး သည်နှင့် သူတို့သည် ဘီအဆင့်အဖွဲ့အဖြစ် ရာထူးတိုးမည်ဖြစ်သည်။

ထိုလူများသည် စီအဆင့်ရှာဖွေရေးနှစ်ခုပြီးမြောက်ပြီးသည့်ပုံပင်။ သူတို့ သည် နောက်ဆုံးတစ်ခုပြီးသည်နှင့် ဘီအဆင့်ရှာဖွေရေးကိုလက်ခံရန် စောင့်ဆိုင်းရုံပင်။

“ဘယ်တော့သွားမှာလဲ ငါလည်းလိုက်မယ်” ပေထင်းဟွမ် ပြောလိုက်၏။ သူမသည် သူတို့ကို ကူညီချင်ရုံသာမကဘဲ လက်ရှိတွင် သူမလည်း ပိုက်ဆံ ပြတ်လပ်နေပြီဖြစ်သည်။ လတစ်ဝက်အတွင်း တော်ဝင်လေလံပွဲတွင် လေလံပစ်မည့် မူလအရည် ၁၀ စက်အကြောင်းတွေးမိချိန်တွင် သူမ စိတ်မအေး နိုင်တော့ပေ။

“ကောင်းတယ်.. ခေါင်းဆောင်သာလှုပ်ရှားရင် ငါတို့က ဘာကြောက်စရာ ရှိတော့မှာလဲ” ချင်ရှဲလင်သည် လက်ခုတ်တီးကာ နှလုံးသားမဲ့စွာ ပြုံးလိုက်သည် “ခေါင်းဆောင် ကျွန်မက ရှင်နဲ့ ရှာဖွေရေးလုပ်ဖို့ အမြဲတမ်းအိပ်မက်မက်နေခဲ့ တာ”

“အရင်ဆုံး ငါ တစ်ခုလုပ်ဖို့ရှိတယ်.. ခဏတော့အပြင်သွားရမယ် ကောင်းကောင်းနားထားကြ မနက်ဖြန်မနက်ကို ထွက်ကြမယ်” ပေထင်းဟွမ် သည် ထိုသို့ပြောပြီးနောက် ထရပ်လိုက်သည်။ သူမသည် ဆရာနန်လင်း၏ နေရာသို့ အရင်သွားချင်သည်။ မူလက မနက်ဖြန်မှသွားရန်ဖြစ်သည်။ သို့သော် ယန်ယဲ့၏စကားများသည် စိတ်ထဲဝင်လာခဲ့သည် “လူတစ်ယောက်ရဲ့ခွန်အား က အဆင့်အတွက် ကန့်သတ်ချက်မရှိဘူး” တစ်နည်းပြောရလျှင် သူမ၏ တိုက်ခိုက်ရေးခွန်အားတိုးတက်စေရန် နည်းလမ်းတစ်ခုရှာရမည်ဖြစ်သည်။ သူမသည် အဆင့်တက်သည်ကိုပင် အားကိုး၍မရပေ။

နန်လင်းသည် ကျောင်းတော်ရှိ လူသူပြတ်လပ်သည့်နေရာတွင် နေထိုင် သည်။ သူသည် ပေထင်းဟွမ်အားမြင်ရသည်ကိုပင် အထူးသဖြင့် ပျော်သည်။ သူတို့နှစ်ယောက်သည် ခြံဝင်းအနောက်တွင်ထိုင်လိုက်သည်။ နန်လင်းသည် ဤတိုက်ကြီးနှင့်ပတ်သက်ပြီး ပေထင်းဟွမ် အခြေခံသိလောက်စရာများကို ရှင်းပြသည်။ သူသည် ပေထင်းဟွမ် လေ့ကျင့်ရန် ဝါးဓားရှည်တစ်ချောင်းကို ပေးသည်။

ခွန်အားတွင်ဖြစ်စေ တိုက်ခိုက်ရေးအတွေ့အကြုံတွင်ဖြစ်စေ နန်လင်း သည် ပေထင်းဟွမ်ထက် အဆင့်များစွာမင့်သည်။ ပေထင်းဟွမ်သည် ဤနေရာ တွင် လတစ်ဝက်ခန့် နေ့လယ်မှညအထိနေသည်။ ၎င်းသည် သူမအတွက် အကျိုးရှိလေသည်။

“ငါ့ကျင့်ကြံရေးအကုန်လုံးနီးပါးက ကစဥ့်ကလျားနည်းပညာမှာ အခြေခံ တယ်.. ငါ့အရင်ဘဝက တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီး ခွန်အားကလည်း ကောင်းပေမဲ့ ဆရာနန်လင်းနဲ့ ယန်ယဲ့ကိုလိုက်မှီဖို့ဆို အများကြီးလိုသေးတယ်” ပေထင်းဟွမ်သည် သူမဘာသာတွေးတောနေသည် “ငါ စိတ်ချနေလို့မဖြစ်သေး ဘူး.. နောက်ဆိုရင် လေ့ကျင့်ဖို့ ဆရာနန်လင်းနေရာကိုလာမှဖြစ်မယ်”

နန်လင်းဆီမှ သင်ကြားပြီးလည်း ပေထင်းဟွမ်သည် မနားပေ။ သူမသည် အဂူးနှင့် ကင်းကောင်ကို အခန်းစောင့်ကြပ်ခိုင်းထားပြီး လက်ပတ်နေရာသို့ဝင် ကာ နေ့ရောညပါ ဆေးသန့်စင်သည်။ ပင်မတိုက်ကြီးပေါ်ရှိ အချိန်သည် လေဟာနေရာထဲနှင့် ကွာခြားသည်။ ပေထင်းဟွမ်တွင် ကြီးမားသော အားသာ ချက်ရှိသည်။ အထဲတွင် ငါးရက်ငါးညနီးပါး ဆေးသန့်စင်ပြီးနောက် အပြင်ကမ္ဘာ တွင် တစ်ညသာအချိန်ကုန်ဆုံးပြီးဖြစ်၏။

“ဟူး မဆိုးဘူး” ပေထင်းဟွမ်သည် လက်ထဲမှ ဒါဇင်ခန့်ရှိသော ကျောက်စိမ်းပုလင်းများကို မြှောက်လိုက်သည်။ “ဝိညာဉ်ရှင်သန်ဆေး၊ စွမ်းအင် အားဖြည့်ဆေးနဲ့ ခန္ဓာကိုယ်သန့်စင်ဆေးတွေက သူတို့တွေ ခဏသုံးဖို့တော့ လောက်တယ်”

All Chapters