ဆေးတွေလား၊ ခေါင်းဆောင်မှာ တခြားဟာရှိနေသေး တာလား
Vol. 30 Ch. 599
ပေထင်းဟွမ်၏လက်ပတ်နေရာထဲတွင် သားရဲများမှ တောင်များကို သိမ်းပိုက်ပြီး ဘုရင်ကဲ့သို့နေထိုင်ကတည်းကပင် ဝင်ပေါက်မှ မြက်ပင်များ ပြောင်တော့သည်။ တောင်အနောက်မှ နေရောင်ကိုမျက်နှာမူသည့် ဧရိယာကြီး တစ်ခုလုံးကိုရှင်းလင်းပြီးနောက် ထိုနေရာသည် ဆေးပင်စိုက်ခင်းဖြစ်လာသည်။
ကျိန်းသေပေါက်ပင် ထိုကိစ္စသည် ပေထင်းဟွမ်ကြောင့်ဖြစ်လာခြင်း မဟုတ်ပေ။ ပေထင်းဟွမ် ယန်ယဲ့၏အဂ္ဂိရတ်ပညာအခန်းတွင် ဆေးသန့်စင်နေ ချိန်တွင် အဂူးသည် သူမ၏သားရဲများကို ဦးဆောင်ပြီးလုပ်ထားခြင်းဖြစ်သည်။ သူသည် ထိုအလုပ်များနှင့် ရင်းနှီးကျွမ်းဝင်ရှိသည့်ပုံပင်။ သူသည် ပေထင်းဟွမ်၏နေရာ၊ တောထဲမှ တောဝက်ရိုင်းအုပ်ကိုခေါ်ခဲ့သည်။ တောင် အနောက်ဘက်၊ နေနှင့်မျက်နှာမူသည့်နေရာတွင် သူတို့သည် မြေသားနုများကို တူးပြီး ယင်နှင့်ယန်အတွက် အကျိုးပြုစေသည့် ဆေးအမျိုးအစားများစွာကို စိုက်ပျိုးခဲ့သည်။
အဂူးနှင့် လူသားအသွင်ပြောင်းထားသည့်သားရဲ ကင်းကောင်တို့၏ အားစိုက်မှုနှင့်တူ ပေထင်းဟွမ်ထိုနေရာတွင်နေနေသည့် တစ်လအတွင်း၌ သူမ ၏ နေရာအတွင်းတွင် ဆေးဥယျာဉ်တစ်ခုပေါ်ပေါက်လာခဲ့သည်။ တိုးတက်မှု သည် ကျေနပ်စရာကောင်းသော်လည်း သူမသည် လက်ရှိအချိန်ကိုသာ ကြည့် နိုင်ခဲ့သည်။ ထိုအစေ့များ ကြီးထွားလာပြီး အမတဆေးပင်အဖြစ် ဆေးသန့်စင် ရာတွင်သုံးရန် အချိန်မည်မျှကြာမည်ကို သူမ မသိပေ။
တစ်ဖက်တွင် ယန်ယဲ့သည် အလွန်အထောက်အကူဖြစ်သည်။ သူသည် သူမ၏သိုလှောင်လက်စွပ်ထဲသို့ အဆင့် ၅ အသက်သန့်စင်ဆေးမှစပြီး အဆင့် ၂ ဝိညာဉ်ရှင်သန်ဆေး၊ အဆင့် ၅ အဆိပ်ဖြေဆေးစသည့် ဆေးပင်အမျိုးအစား စုံလင်စွာထည့်ထားသည်။ ထိုဆေးများသည် ဆေးဖက်ဝင်အပင်များဖြစ်ကြ၏။
ပေထင်းဟွမ်သည် ဆေးသန့်စင်ရန် နေ့ရောညပါ အချိန်တစ်နှစ်သုံးလျှင် တောင် ထိုဆေးပင်များကို အသုံးမပြုနိုင်သေးပေ။
“သူက ဘာလို့ ငါ့အပေါ်ကို အရမ်းကောင်းပေးတာလဲ” ပေထင်းဟွမ်သည် တံခါးတွင်ရပ်ပြီး နေရောင်အောက်၊ နွေဦးလေပြေအောက်တွင်ရှိနေသော နေရာထဲမှ ချီဝိညာဉ်ကိုအရူးအမူးစုပ်ယူသည့် ဆေးဥယျာဉ်ကိုကြည့်နေသည်။ ဆေးပင်တချို့တွင် အနက်ရောင်မြူခိုးများရှိဆဲဖြစ်သည်။ ပေထင်းဟွမ်သည် မျက်မှောင်အသာကြုတ်လိုက်သည် “အရင်ဆုံး ငါက သူ့သူငယ်ချင်းဟောင်းနဲ့ တူတယ်လို့ပြောတယ်.. နောက်တော့ မင်က ငါ့ကိုလာရှာတယ်၊ အဂူးနဲ့ ဒယ်စောက်လေးက ငါ့ကိုသခင်အဖြစ်သတ်မှတ်တယ်.. အဲဒါက ငါ့ခန္ဓာကိုယ်ထဲ မှာ ကစဥ့်ကလျားနတ်အရင်းအမြစ်ရှိနေလို့လား”
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့လူမှားတာက သူတို့ကိစ္စပဲ.. ဒါပေမဲ့ ငါက မသိဘဲ လိုက်ဟန်ဆောင်ပြီး ဒါကိုပျော်နေရင် ငါ့အမှားဖြစ်သွားပြီ” ပေထင်းဟွမ်သည် စိတ်ပိုင်းဖြတ်ပြီး သူမ၏ဆေးများနှင့်အတူ နေရာမှထွက်လာခဲ့သည်။ ထိုနေ့သည် သူတို့သဘောတူထားသည့် မနက်ဖြစ်သည်။
ရှန်းယန်ပိုနှင့် တခြားသူများသည် ကျောင်းတော်၏ ထမင်းစားခန်းမှ မနက်စာများယူလာပြီး ပေထင်းဟွမ်ရောက်လာမည်ကို စောင့်ဆိုင်းနေကြ၏။ သူတို့သည် မနက်စာကို ရိုးရိုးရှင်းရှင်းစားလိုက်ကြပြီး စားကြွင်းစားကျန်များကို ချန်ထားကြသည်။ အာလုံးသည် သိုလှောင်လက်စွပ်အတွင်းသို့ ပေါင်မုန့်နှင့် ဝိုင်တချို့ထည့်ပြီး ထွက်ရန်ပြင်ဆင်ထားကြသည်။
“နေဦး ငါတို့မသွားခင် မင်းတို့အတွက် ပြင်ဆင်ထားတာရှိတယ်... ဒါ အရင်ယူလိုက်ကြ” ပေထင်းဟွမ်သည် စားပွဲပေါ်သို့ လက်ဝေ့ယမ်းလိုက်သည်။ စားပွဲတစ်ဝက်သည် အဖြူရောင်ကျောက်စိမ်းပုလင်းများဖြင့် ပြည့်သွား၏။ ပေထင်းဟွမ်သည် မှင်တက်ပြီး သူတို့မျက်လုံးသူတို့မယုံနိုင်ဖြစ်နေကြသော သူမ၏အပေါင်းအဖော်များကိုကြည့်လိုက်သည် “ဒါအကုန်လုံးကဆေးတွေပဲ.. ဆေးမတူတာတွေကို သုံးပုလင်းစီယူထားကြ ပြီးတာနဲ့ စထွက်မယ်”
“ဆေးတွေဟုတ်လား”
ချင်ရှဲလင်သည် ပထမဆုံး အော်မိသူဖြစ်၏။ သူမသည် စားပွဲပေါ်သို့ လက်ဖြင့်ရိုက်လိုက်ရာ စားပွဲပေါ်မှဆေးပုလင်းများသည် မြေကြီးပေါ်သို့ ကျလုနီးပါးဖြစ်သွားသည်။ ကံကောင်းစွာပင် ရန်ရှောင်ကျဲသည် အလျင်အမြန် တုံ့ပြန်လိုက်သည်။ ဆေးပုလင်းများကို ကာကွယ်ပြီးနောက် သူသည် သူမကို အော်ဟစ်လေသည် “ရှဲလင်.. မင်း မလန့်လို့မရဘူးလား”
ရန်ရှောင်ကျဲ၏လက်များသည် တုန်ယင်နေသည်။ သူသည် သူ့ဘာသာ ရေရွတ်လိုက်၏ “လာနောက်နေတာလား.. ခေါင်းဆောင်မသိတဲ့ဟာများရှိသေး ရဲ့လား”
“ဟုတ်တယ် ခေါင်းဆောင်.. မင်းမလုပ်နိုင်တာရှိသေးလား” နန်ကုန်းချန်းရှီသည် ပေထင်းဟွမ်အားကြည့်ပြီး ထိုမေးခွန်းကိုပင်မေးလေ၏။ ကောင်းကင်အဆင့် ဝိညာဉ်သခင်၊ ကောင်းကင်အဆင့်ဓားသခင်နှင့် သားရဲထိန်း ဖြစ်သည်။ ယခုအခါ မည်သို့ ဆေးသန့်စင်ရမည်ကိုပါ သိနေသည် “ခေါင်းဆောင် မင်းက သားရဲထိန်းဆိုတာကို သူများကိုမပြောခိုင်းရင် ဆေးသန့်စင်တာကရော.. မင်းရဲ့ဆေးသန့်စင်တဲ့ပညာကို သူတို့ကို ပြောရမှာ လား”
“မင်းတို့သဘောပဲ” ပေထင်းဟွမ်သည် မိန်းကလေးအားကြည့်လိုက်သည် “တတိယအဆင့်ဆေးဆရာဖြစ်ရတာ ရှက်ဖို့ကောင်းတယ်လို့မထင်ရင် နေရာ တိုင်းမှာ အော်လိုက်လို့ရတယ်”
“အဆင့် ၃ အဂ္ဂိရတ်ပညာရှင်ဖြစ်ရတာ ရှက်တယ်လို့ထင်တာလား.. ခေါင်းဆောင် လာနောက်နေတာလား.. တိုက်ကြီးပေါ်မှာ အဆင့် ၅ အဂ္ဂိရတ် ပညာရှင်တွေကို အဖွဲ့အစည်းကြီးတွေကလိုချင်နေကြတယ်ဆိုတာကို သိရဲ့ လား.. အခုက အဆင့် ၃ အဂ္ဂိရတ်ပညာရှင်ဖြစ်နေပြီ.. အဲဒါကို အရှက်ရမှာကို ကြောက်နေသေးတယ်” ရန်ရှောင်ကျဲသည် အထိတ်တလန့်ဖြင့်ထခုန်ကာ ပေထင်းဟွမ်အား မိစ္ဆာတစ်ကောင်သဖွယ်ကြည့်လေသည်...