ထွက်ခွာခြင်း၊ ကျောင်းတော်ထဲအတွင်း ထိတ်လန့်မှု
Vol. 30 Ch. 600
နေထွက်လာတော့မည်ကိုကြည့်ပြီး ရှန်းယန်ပိုသည် စကားလုံးမဲ့စွာ သက်ပြင်းချလိုက်သည်။ သူသည် စားပွဲပေါ်မှ ဆေးပုလင်းသုံးပုလင်းယူကာ လက်ကိုဝေ့ယမ်းလိုက်သည်။ “သွားမယ် အချိန်မဖြုန်းနဲ့တော့.. ဘယ်လိုပဲဖြစ် ဖြစ် မင်းတို့လည်း ခေါင်းဆောင်ရဲ့ဘီလူးသရဲစီးတဲ့အရည်အချင်းတွေကို အသားကျနေပြီပဲ.. ဒီလိုကိစ္စသေးသေးလေးနဲ့ ဘာတွေများ ထိတ်လန့်နေတာ လဲ”
ဘီလူးသရဲစီးတယ်ဟုတ်လား။ ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်လိုက် သည်။ သူမသည် ဆေးတချို့ကို သန့်စင်ရုံတင်သာ။ မည်သို့များ ဘီလူးသရဲစီး သည်ဟု ဖြစ်သွားသနည်း။ ညအရှင်သည်လည်း နတ်ဘုံအဂ္ဂိရတ်ပညာရှင်ဖြစ် သည်။ သူမသာ ဘီလူးသရဲဆိုလျှင် ညအရှင်ဘုရင်သည် မည်သို့မည်သို့ဖြစ်သွား မည်နည်း။
“အမှန်ပဲ.. ငါတို့ခေါင်းဆောင်ကို ပထမဆုံတွေ့တုန်းက ခေါင်းဆောင်က အားဖြည့်ဆေးကို သကြားလုံးစားသလိုစားခဲ့တာမလား” ရန်ရှောင်ကျဲသည် သူ့ နာမည်နှင့် ဆေးပုလင်းသုံးပုလင်းယူလိုက်သည် “ငါလည်း နောက်ဆို ဆေးကို သကြားလုံးစားသလိုစားနိုင်တော့မယ်.. ဟင်း ငါ့ကိုမကြိုက်တဲ့သူတွေကို သေအောင် ညှဉ်းပန်းပစ်မယ်”
သူတို့အဖွဲ့သည် ရယ်မောပြီး ထွက်လာကြသည်။ အဆောင်ဧရိယာ အပြင်ဘက်ရှိ အဓိကလမ်းမကြီးတွင်ရပ်ပြီး ပေထင်းဟွမ်သည် အဝေးတွင်ရှိနေ သော အနောက်ဘက်တောင်ကိုကြည့်ပြီး ရှန်းယန်ပိုကို မေးလိုက်သည် “ငါတို့တွေ အဲဒီကိုဘယ်လိုသွားလို့ရမလဲ”
“သေချာပေါက် လမ်းလျှောက်သွားရမှာပေါ့.. အဲဒီကိုတည့်တည့်သွားရင် ကျောင်းနဲ့အနောက်ဘက်တောင်ကြားမှာ ခြံစည်းရိုးတစ်ခုရှိလိမ့်မယ်.. အဲဒီ ခြံစည်းရိုးကို ကျော်ပြီးရင် ဝိညာဉ်ထောင်ချီတောင်ကိုဝင်ပြီ.. ဝိညာဉ်ထောင်ချီ တောင်ကြားက ဝိညာဉ်ထောင်ချီတောင်မှာ အဓိကချောက်ပဲ.. ခေါင်းလောင်း ပန်းက ချောက်အနက်ပိုင်း မိုင် ၅၀ မှာရှိတယ်” ရှန်းယန်ပိုပြောလေသည်။
“လျှောက်သွားရမှာလား” ပေထင်းဟွမ်သည် နှာခေါင်းကိုထိကာ အဝေး ကြီးထိ လမ်းလျှောက်သွားရမည်ကို စိတ်မရှည်ဖြစ်နေသည်။ သို့သော် ရှန်းယန်ပိုတို့သည် ကောင်းကင်အဆင့်သို့မရောက်သေးသဖြင့် သူမနှင့်အတူ မလိုက်နိုင်ပေ။ နတ်သားရဲစီသွားလျှင် ကျောင်းမှ အဘိုးကြီးများ၏ သက်ရှိ ပစ်မှတ်ဖြစ်သွားနိုင်သည်။
စွန့်စားရာကျလွန်းသည် “ဒါဆိုလည်း သွားကြတာပေါ့”
သူတို့အားလုံးသည် မိန်းမပျို၊ ယောက်ျားပျိုများဖြစ်ကြသည်။ သူတို့သည် ပေထင်းဟွမ်အနောက်မှ အနီးကပ်လိုက်ကာ ကျောင်းတော်၏ အဓိကလမ်း တစ်လျှောက် လျှောက်လာကြသည်။ တောင်လေသည် သူတို့ကိုတိုက်ခတ်လာ ရာ သူတို့၏အင်္ကျီများကို လွင့်ပျံသွားစေသည်။ သူတို့လျှောက်သွားသည်နှင့် မရေမတွက်နိုင်သည့် ကျောင်းသားများသည် အားကျကြသည်။
“သခင်ကြီးပေထင်းဟွမ်.. အဲဒါက သခင်ကြီးပေထင်းဟွမ်ပဲ.. သူက ဘာလို့ သံမဏိသွေးအဖွဲ့ကို ခေါင်းဆောင်နေတာလဲ”
“မနေ့က သံမဏိသွေးအဖွဲ့ ခေါင်းလောင်းပန်းမစ်ရှင်လုပ်နေတုန်း လအလင်းတော်ဝင်ကျောင်းကလုသွားတယ်လို့ကြားတယ်.. သူတို့တွေက သူတို့ မစ်ရှင်ကို ဆက်လုပ်ဖို့သွားတာဖြစ်မယ်”
“ဟင်း လအလင်းကလည်း လွန်ကိုလွန်တယ်.. ကောင်းတယ် သူတို့တွေ သံပန်းကန်ပြားကို ကန်မိတယ်ဆိုတာကို စောစောစီးစီးသိသွားတာပေါ့”
“လာခဲ့ ငါတို့လည်းသွားရအောင် သခင်ကြီးပေထင်းဟွမ်ရှိရင် ငါတို့တွေ ဘာလို့ လအလင်းကိုကြောက်နေရမှာလဲ”
သူတို့ နယ်မြေအက်စ်၏ အဆောင်ဧရိယာမှထွက်လာပြီး အနောက်ဘက် တောင်ခြံစည်းရိုးနားသို့သွားချိန်တွင် လူတစ်စုသည် ပေထင်းဟွမ်တို့နောက်မှ လိုက်လာကြသည်။ ခြံစည်းရိုးအနီးတွင် တပ်စွဲထားသော ကျောင်းနည်းပြများ သည် ထိုခမ်းနားသောမြင်ကွင်းကြောင့် ကြက်သေသေနေကြသည်။ သူတို့သည် စာပို့ဖန်တုံးဖြင့် တခြားသောနည်းပြများကို မေးမြန်းကြလေသည် “ချန်လင်တောင်မှာ တစ်ခုခုဖြစ်လို့လား”
“မကြားမိပါဘူး ဘာလို့လဲ”
“ဒါဆို သခင်ပေထင်းဟွမ်က ဘာလို့ ကျောင်းသားအုပ်ကြီးကို ဝိညာဉ် ထောင်ချီတောင်ကို ဦးဆောင်သွားတာလဲ”
“အဲဒါဘာထူးဆန်းလို့လဲ.. သခင်ပေထင်းဟွမ်ဆိုမှတော့ အင်ပါယာ ကျောင်းတော်မပြောနဲ့ သူဘယ်သွားသွား ကောင်းကင်နဲ့မြေကြီးကလိုက်မှာပဲ.. ဒီလောက်တောင်ကြာနေပြီ ခင်ဗျားလည်း လိုက်လျောညီထွေဖြစ်အောင်နေ သင့်ပြီ”
ခြံစည်းရိုးကိုစောင့်ကြပ်သည့်နည်းပြသည် ဆွံ့အသွားလေ၏။ သူ ဘာ အဓိပ္ပာယ်လဲ။ သူ၏ လိုက်လျောညီထွေနေသည့်စွမ်းအင်ပင် အလွန်နည်းနေ သလိုပင်။ သို့သော် သူသည် ပေထင်းဟွမ်၏လက်ထဲမှ ကျောက်စိမ်းဝိညာဉ် တံဆိပ်ပြားကိုမြင်လိုက်ချိန်တွင် စနစ်သည်အသံထွက်လာသည်ကို မြင်လိုက်ရ သည်။
“ဝိညာဉ်ထောင်ချီတောင်ကို ဝင်ဖို့ တစ်ယောက်ကို ဝိညာဉ်အမှတ် ၁၀ မှတ်ပေးရမယ်.. သင်သည် ဝိညာဉ်အမှတ် ၆၀ သုံးပြီးသားဖြစ်ပါတယ်”
သေစမ်း ဒီကျောင်းကလည်း ဘယ်သွားသွား ပိုက်ဆံလိုချင်နေတာပဲ။ ကျောင်းထဲတွင် သူတို့တွေသည် မစားမသောက်ဘဲနှင့်ပင် အနည်းဆုံး နေ့စဉ် ဝိညာဉ်အမှတ် ဒါဇင်ခန့်သုံးရသည်။ သူတို့ ရှာဖွေရေးသွားလျှင် အရင်ဆုံး ဝိညာဉ်အမှတ်ပေးရသည်။ ရှန်းယန်ပိုနှင့်တခြားသူများသည် မနေ့က ဘာမှမရ ခဲ့သည့်အပြင် အရှုံးပါပေါ်ခဲ့ပုံပင်။
“ညီလေးပေထင်းဟွမ် ဘယ်သွားမလို့လဲ...”