← Chapters

ကျန့်ကျန့်

Vol. 58 Ch. 800

ကျန့်ကျန့်

Vol. 58 Ch. 800

“ဟုတ်တယ်... ငါက မင်းပဲ... မင်း ကိုယ်ပွားဆိုလည်း ဟုတ်တယ်... ငါ့ကို မင်းရဲ့ ဆေဘာလိုမျိုး သဘောထားပြီး သုံးလို့ ရတယ်”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က သက်ပြင်း တစ်ချက် ချရင်းပြောလိုက်၏။ သူ၏ ရည်ရွယ်ချက်က ဝေ့ဝူယင်၏ ဆန္ဒ အတိုင်း ဆောင်ရွက်ရန် ဖြစ်သည်။

“ငါ့ဆီမှာ အကန့်အသတ်မဲ့တဲ့ စွမ်းအား မရှိဘူး... ဒီပုံစံကိုလည်း ထာဝရ ထိန်းမထားနိုင်ဘူး... မင်းဆီက ယူထားတဲ့ စွမ်းအင် ကုန်တာနဲ့ ငါလည်း ပျောက်ကွယ် သွားရလိမ့်မယ်... ဒါပေမဲ့ ပြင်ပ နည်းလမ်းတွေကို သုံးမယ် ဆိုရင်တော့ နည်းနည်းတော့ ဆက်ထိန်းထားလို့ ရမှာပေါ့”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် တစ်ချို့ကို ဝေ့ဝူယင် ပါးစပ်ထဲ ထည့်ကာ လည်ချောင်းကို ပွတ်သပ် ပေးလိုက်၏။ စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ဆင်ထားသည့် ဗိုလ်ချုပ်ကြီး တစ်ယောက်က လူငယ်လေး တစ်ယောက်ကို ပွေ့ပိုက်ကာ ဆေးများ တိုက်ကျွေးနေသည့် မြင်ကွင်းက အတော်လေး ထူးဆန်း လှပေသည်။

“အင်း... လောလောဆယ်တော့ လျှို့ဝှက် အာဏာရှင် အဆင့်လေး မြေကြီး ရှန့်ထို အဆင့်က ငါ့အကန့်အသတ်ပဲ... မင်းသာ စစ်ဝိညာဥ်တွေ၊ မူလ အလင်းတွေနဲ့ သန့်စင်မယ် ဆိုရင်တော့ တစ်မျိုး ပြောင်းချင် ပြောင်းသွားမှာပေါ့”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်မှာ ဝေ့ဝူယင်၏ မေးခွန်းများကို ဆက်လက် အဖြေပေး နေခဲ့၏။

ဘုန်း...

ထိုအခိုက်တွင်ပင် အလွန် အစွမ်းထက်သည့် ဝိညာဥ် အာရုံ တစ်ခုမှာ ဂြိုဟ်ပေါ်သို့ ကျဆင်းလာခဲ့၏။ ကျန့်ကျန့်က မျက်မှောင်ကြုတ် လိုက်ကာ ဖုံးကွယ်ခြင်း အစီအရင် တစ်ခုကို ဖန်တီးလိုက်သည်။ ကျဆင်းလာသည့် ဝိညာဥ် အာရုံများမှာ သူတို့ကို လွဲ‌ချော်သွား၏။

“ငါတို့က ဘာလို့ ပုန်းနေရမှာလဲ...”

ကျန့်ကျန့်က ဝေ့ဝူယင်၏ အမိန့်ကို နားမလည်ဟန်ဖြင့် မေးလိုက်၏။ သူ့စိတ်ထဲ၌ ဖုံးကွယ်ခြင်း အစီအရင် သုံးရသည်ကို အနည်းငယ် အရှက်ရနေသည်။ သို့သော်လည်း...အဆုံးသတ်တွင်တော့ သူက သက်ပြင်း တစ်ချက်သာ ချလိုက်၏။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်မှာ သေမျိုးအဆင့်တွင်သာ ရှိနေသေးသည် မဟုတ်ပါလား။ သူတို့ အတွေးများက သေချာပေါက် မတူနိုင်ချေ။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က မျက်မှောင်ကြုတ် လိုက်၏။ မေးစေ့ကို ပွတ်သပ်ကာ စဥ်းစားရင်း တစ်ခဏ ကြာပြီးနောက် သူက ဝေ့ဝူယင်ကို ပြန်ငုံ့ကြည့်လိုက်သည်။

“ဒီတော့ ငါ ဘာလုပ်ပေးရမလဲ”

“...”

ဝေ့ဝူယင်ထံမှ သတ်ဖြတ်ဖိုသည့် အငွေ့အသက်များ ထွက်ပေါ်လာခဲ့၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က မတုန့်မဆိုင်းပင် ခေါင်းညိတ်လိုက်သည်။

“နားလည်ပြီ...”

သူက ဖုံးကွယ်ခြင်း အစီအရင် အပြင် အခြား ကာကွယ်ရေး အစီအရင်များကိုပါ ထပ်မံ ချလိုက်၏။ ထို့နောက် ဝေ့ဝူယင်ကို မြေပြင်ပေါ် လှဲသိပ်ကာ မတ်တက်ရပ် လိုက်သည်။ နဂါးခေါင်းဆောင်း နောက်မှ သူ့ မျက်လုံးများက အမှောင် ဟင်းလင်းပြင်ဆီသို့ ရွေ့လျား သွားသည်။

ထန်မျိုးနွယ် လျှို့ဝှက် အာဏာရှင် အဆင့်များ၏ နှလုံးခုန်သံများက ပိုမို၍ ကျယ်လောင် လာခဲ့၏။ အနက်ရောင် ဝတ်စုံဝတ် ပုံရိပ်များ၏ သတ်ဖြတ်လိုစိတ်ကတော့ ပိုမို၍ပင် ပြင်းထန် လာခဲ့လေသည်။

များလှစွာသော ဝိညာဥ်အာရုံများမှာ အလင်းပြာဂြိုဟ်ထက်ရှိ စစ်ဝတ်စုံ အပြည့်အစုံ ဝတ်ထားသည့် ပုံရိပ်ကို စူးစမ်း နေခဲ့ကြ၏။ ထိုပုဂ္ဂိုလ် ဆောင်းထားသည့် ရွှေရောင် အကြေးခွံများပါ နဂါးခေါင်းဆောင်းက လေးပင်သည့် ဖိအား တစ်ခုကို ဖြစ်ပေါ်စေသည်။

“သူ မဟုတ်ဘူးလား...”

ဝိညာဥ် ဉာဏ်အလင်း ရှန့်ထို၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွား၏။ အာရုဏ်ဦး အာဏာရှင် ဧကရာဇ်နှင့် မီးဖီးနစ်တို့၏ ဆက်စပ်မှု အကြောင်း ကြားပြီးရပြီး နောက်တွင် ဝေ့ဝူယင် ကိုယ်တိုင် ပေါ်လာလိမ့်မည်ဟု သူ ထင်မှတ် နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အမှန်တကယ် ရောက်ရှိ လာခဲ့သူက အရပ်ရှည်ရှည် ချပ်ဝတ်တန်ဆာ အပြည့်နှင့် စစ်သူကြီး တစ်ယောက်သာ ဖြစ်နေခဲ့သည်။

ထိုလူကြီးက အာရုဏ်ဦး အာဏာရှင် ဧကရာဇ်လော။ မဖြစ်နိုင်ချေ။ သူ၏ အော်ရာက သေမျိုး အကန့်အသတ် အတွင်း၌ မရှိချေ။ သတင်းများ အရဆိုလျှင်... ဝေ့ဝူယင်မှာ လောကသခင် အဆင့်ကိုပင် မရောက်သေးဟု ဆိုသည်။

ဝှစ်... ဝှစ်...

အားလုံး၏ အကြည့်များ အောက်တွင်ပင် ကျန့်ကျန့်မှာ ကောင်းကင်သို့ ပျံတက်လာ၏။ လမ်းတစ်လျှောက်၌ ထန်မျိုးနွယ် ချမှတ်ထားသည့် အစီအရင်များမှာ တည်ရှိနေသော်လည်း သူ့အတွက် အတားအဆီး ဖြစ်ပုံ မပေါ်ချေ။ သူက အရာ အားလုံးကို စက္ကူတစ်စလိုပင် ဖောက်ထွက်ကာ အမှောင် ဟင်းလင်းပြင်ဆီ ရောက်သည် အထိ ဆက်လက် မြင့်တက် လာခဲ့၏။

“မြေကြီးရှန့်ထို...”

သွေးမီးတောက် အပါအဝင် သေမျိုး တစ်ပိုင်း အဆင့်များ၏ အမူအရာများက မည်းမှောင် သွားကြ၏။ ကျန့်ကျန့်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် လျှို့ဝှက် အော်ရာကို စိုက်ကြည့်ရင်း သူတို့၏ မျက်လုံးများက ထိတ်လန့် တုန်လှုပ်မှုများဖြင့် ပြည့်နှက် လာနေခဲ့သည်။

လျှို့ဝှက် အော်ရာမှာ မြေကြီးရှန့်ထို တစ်ယောက်၏ လက္ခဏာပင် ဖြစ်သည်။ ထိုအဆင့် ပုဂ္ဂိုလ်ကြီးများမှာ လျှို့ဝှက် ရည်ရွယ်ချက်ကို နိုးထခြင်း အဆင့် အထိ ဆုပ်ကိုင် နိုင်ကြကာ အလွန် အစွမ်းထက်သည့် ရုပ်ပိုင်းဆိုင်ရာ အော်ရာကို ထုတ်လွှတ် လာနိုင်ကြသည်။ သူတို့က ထိုရုပ်အော်ရာကို လက်နက်သဖွယ် အသုံးပြုကာ တိုက်ခိုက်နိုင်ပေသည်။

“တစ်ခုခု မူမမှန်ဘူး...”

ထန်ဘိုးဘေးက ရေရွတ်လိုက်၏။ သို့သော်လည်း... ဟင်းလင်းပြင် သင်္ဘော တစ်ခုလုံးရှိ ကျင့်ကြံသူများမှာ သူမ စကားကို ရှင်းလင်းစွာ ကြားလိုက်ရပေသည်။ သူတို့က ရှုပ်ထွေးသော ခံစားချက်များနှင့် အတူ ခေါင်းဆောင် ရှိရာဆီ လှမ်းကြည့်လိုက်၏။

မည်သည့် အရာက မူမမှန်နေသနည်း။ မြေကြီး ရှန့်ထို တစ်ယောက် ထွက်ပေါ်လာခြင်းကို ဆိုလိုသလော။ ထိုအရာကိုတော့ သူတို့သည်လည်း ခံစားမိပြီး ဖြစ်သည်။ သူမ မည်ကဲ့သို့ ဆုံးဖြတ်မည်နည်း။ မီးဖီးနစ်ကို လိုချင်သည့်တိုင် မြေကြီးရှန့်ထို တစ်ယောက်နှင့် ရင်ဆိုင်ရမည့် ကိစ္စက မလွယ်ကူချေ။

ထန်ဘိုး‌ဘေး၏ အမူအရာက ထူးဆန်းလာ၏။ သူမ၏ မျက်လုံးများက ပိုမို၍ ကျဥ်းမြောင်းလာကာ အမှောင် ဟင်းလင်းပြင် အတွင်း ရောက်ရှိလာသည့် ကျန့်ကျန့်၏ ပုံရိပ်ကို စိုက်ကြည့် လိုက်သည်။

“သူ့အော်ရာက ထူးဆန်းတယ်... အစစ်အမှန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက်နဲ့ မတူဘူး... သူ့ခန္ဓာကိုယ်ကို ဝန်းရံနေတာက လျှို့ဝှက် အော်ရာ ဆိုပေမဲ့ အသက်အော်ရာကျ လုံးလုံး မရှိပြန်ဘူး”

“ဘာကို ပြောချင်တာလဲ အမကြီး...”

သွေးမီးတောက်က နားမလည်ဟန်ဖြင့် မေးလိုက်၏။ ထန်ဘိုးဘေးက ခေါင်းခါ လိုက်သည်။ တစ်ခဏ ကြာပြီးနောက် သူမက ခပ်တိုးတိုး ထပ်မံ ရေရွတ်လိုက်ပြန်၏။

“သူက လူတစ်ယောက်နဲ့ မတူဘူး...”

...

အမှောင် ဟင်းလင်းပြင် တစ်နေရာ၌...

“အဲဒီ ပုဂ္ဂိုလ်က သက်ရှိလား...”

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက မေးလိုက်သည်။ သူမ၏ အပြာရောင် မျက်ဝန်းများက စိတ်ဝင်စားမှုများနှင့် တဖျပ်ဖျပ် တောက်ပနေသည်။

“ကျုပ်လည်း အဲဒါကို မေးချင်နေတာ...”

ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ပြုံးလိုက်သည်။ သို့သော်လည်း...သူ့ အပြုံးက အပြုံး မပီသပဲ အနည်းငယ် ထူးဆန်း နေ၏။

ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုကတော့ ငြိမ်သက်နေသည်။ ထိုအရာက ကိုယ်ပွား တစ်ခုလော။ သို့မဟုတ် မိစ္ဆာ ကျင့်စဥ် တစ်ခုလော။ မြင်ရသလောက် နှစ်ခုစလုံး ဖြစ်ဟန်လည်း မရပါချေ။ သူ့အတွေးများက လျှင်မြန်စွာပင် လှည့်ပတ်ကာ အဖြေကို ရှာဖွေ နေခဲ့လေသည်။

အခြားတစ်ဖက်၌... အနက်ရောင် ဝတ်စုံဝတ် သုံးယောက်မှာ ငြိမ်သက် နေ၏။ သူတို့၏ အမူအရာများက အနည်းငယ် ထူးဆန်းနေသည်။ ထိုလျှို့ဝှက် အာဏာရှင်တွင် ခိုင်မာသည့် အသက် အော်ရာ မရှိချေ။ သူက သက်ရှိ တစ်ယောက်နှင့် အတူချေ။ သို့သော်လည်း... သူ့ခန္ဓာကိုယ် အတွင်းတွင်တော့ သန်မာသည့် ဝိညာဥ် တည်ရှိမှု တစ်ခု ရှိနေခဲ့၏။ သူတို့က ချက်ချင်း မလှုပ်ရှားသေးပဲ အခြေအနေကို အရင်ဆုံး စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်ကြသည်။

“တစ်...”

“နှစ်...”

“သုံး...”

ဖြည်းညင်းစွာပင် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က ဘာမှ မရှိသည့် အမှောင် ဟင်းလင်းပြင်ကို လက်ညိုး ထိုးရင်း လိုက်လံ ရေတွက် နေခဲ့၏။

“ရှစ်...”

စက္ကန့်ပိုင်း အတွင်းမှာပင် ရေတွက်မှုက ပြီးဆုံးသွား၏။ သူက ပြုံးလိုက်ရင်း ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“မြေကြီး ရှန့်ထို ရှစ်ယောက်... အထင်ကြီးလောက်စရာ အရေအတွက်ပဲ... ဒါပေမဲ့ အားလုံးက လျှို့ဝှက် မြေကြီး အဆင့်အောက်တွေ”

ထို့နောက်... သူက လက်ကို ရှေ့သို့ ဆန့်ထုတ်ကာ လက်ဝါးကို ဖြန့်လိုက်၏။ သူတို့က စပြီး မလှုပ်ရှားလျှင်လည်း သူက လှုပ်ရှားလိုက်ရုံသာ ရှိပေသည်။

“...”

ကျန့်ကျန့်မှာ တစ်ခဏမျှ ငြိမ်သက်သွားကာ သူ့လက်ဝါးကို ငုံ့ကြည့်လိုက်၏။ နဂါးခေါင်းဆောင်း နောက်မှ သူ့ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်း သွားသည်။ ဝေ့ဝူယင်မှာ သေမျိုး စွမ်းအင်များဖြင့်သာ သူ့ကို ဖန်တီးထားခြင်း ဖြစ်ကြောင်း သူ အနည်းငယ် မေ့သွားခဲ့သည်။ လုံလောက်သည့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် စွမ်းအားတို့ သူ့တွင် မရှိချေ။ မည်မျှ ဒုက္ခရောက်လိုက်သနည်း။

လက်နက်များကို ပုံဖော်၍ မရလေရာ သူ ကိုယ်တိုင် နားလည်ထားသည့် လျှို့ဝှက် ရည်ရွယ်ချက်နှင့် ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များကိုသာ အသုံးပြုရတော့မည် ဖြစ်သည်။

“အဲဒါကလည်း လုံလောက်ပါတယ်လေ”

ကျန့်ကျန့်က ခပ်တိုးတိုး ရေရွတ်လိုက်ရင်း ထန်မျိုးနွယ် ဟင်းလင်းပြင် သင်္ဘောများဘက်သို့ လှည့်လိုက်၏။ သူတို့က ဂြိုဟ်ကို လွှမ်းခြုံ၍ ဖိနှိပ်မှု အစီအရင်များကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

ရှင်းလင်းစွာပင် ထန်မျိုးနွယ်မှာ မီးဖီးနစ်ကို လက်မလျှော့သေးချေ။ သူတို့က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေမှ မြေကြီး ရှန့်ထိုများနှင့် အစစ်အမှန် မွေးဖွားခြင်းမှ လူများ ဝင်ပါဖို့ မျှော်လင့် နေကြသည်။ ကံမကောင်းစွာပင် သူတို့ မျှော်လင့် နေသည့် လူများ၏ အမြင်၌ တပ်မဟာ ကွန်မန်ဒါက အစစ်အမှန် သက်ရှိ တစ်ယောက် မဟုတ်ခဲ့ပါချေ။

သူက ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။

ဘုန်း...

ပေါက်ကွဲမှု လှိုင်း တစ်ခု ပေါ်လာ၏။ ကျန့်ကျန့်မှာ မူလ နေရာမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင် သင်္ဘော တစ်ခု အထက်တွင် ပေါ်လာခဲ့သည်။

“အိုး... ဟိုး...”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ထံမှ အံ့အားသင့်သည့် အာမေဍိတ်သံ တစ်ခု ပေါ်လာခဲ့၏။

“တယ်မိုက်တဲ့ စွမ်းအားပါလားကွ”

သူက လက်သီးကို ငုံ့ကြည့်ရင်း တအံ့တသြ ‌ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ပေါင်းစပ်ထားသည့် နဂါးအင်အားနှင့် ဒြပ်စင် အင်အားတို့မှာ သေမျိုး အဆင့်အတွင်း ရှိနေသည့်တိုင် အလွန်ပင် သန့်စင်လှသည်။ လျှို့ဝှက် ရည်ရွယ်ချက် အနည်းငယ် ပေါင်းစပ်လိုက်ရုံဖြင့်ပင် ၎င်းတို့မှာ အကန့်အသတ် များစွာကို ချိုးဖျက်ကာတဟုန်ထိုး တိုးတက်လာခဲ့သည်။ မည်မျှ မယုံကြည်နိုင်စရာ ကောင်းလိုက်သနည်း။

“ဟင်းလင်းပြင် စွမ်းအားလည်း ရှိသေးတာလား... ဒါက ပိုပြီးတောင် သန့်စင်သေးတယ် ထူးဆန်းတယ်”

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က စိတ်လှုပ်ရှားစွာပင် လက်ဝါးကို အောက်သို့ ဖိနှိပ်လိုက်၏။

ဟင်းလင်းပြင် သင်္ဘောထက်တွင်တော့ လျှို့ဝှက် ကြယ်တာရာ အဆင့် ထန်မျိုးနွယ် လူအိုကြီး တစ်ဦး ရှိနေခဲ့၏။ သူက မျိုးနွယ်အတွက် ဂုဏ်ယူသည့် မျက်ဝန်းများဖြင့် အထက်ကို မော့ကြည့် နေခဲ့သည်။ ထို့နောက်... သတိပေးချက် တစ်စုံတစ်ရာ မရှိပါပဲ သူ့ခန္ဓာကိုယ်က သွေးမြူများ အဖြစ် ပြောင်းလဲ သွားခဲ့၏။ သူ၏ အရိုး၊ အသွေးအသား၊ အင်္ဂါများနှင့် အမတေ စွမ်းအင် အားလုံးက မျက်တောင် တစ်ခပ်စာ အတွင်း ကျိုးကြေသွားသည်။

ဘုန်း...

ဆက်တိုက်ဆိုသလိုပင် ဟင်းလင်းပြင် သင်္ဘောမှာလည်း ပေါက်ကွဲသွား၏။ ၎င်းက အစိတ်အပိုင်းပေါင်း သောင်းချီ အဖြစ် ကွဲကြေသွားကာ ဖြာထွက် လွင့်စဥ် သွားသည်။

လက်တစ်ချက် အဝှေ့တွင်ပင် ထန်မျိုးနွယ်၏ ဟင်းလင်းပြင် သင်္ဘောတစ်ခုကား ပျက်စီး သွားခဲ့ရပြီ ဖြစ်လေသည်။ သို့သော်လည်း... ဗိုလ်ချုပ်ကြီး ကျန့်ကျန့်ကတော့ ထိုနေရာမှာတင် ရပ်တန့် နေခြင်း မရှိခဲ့ပါချေ။

***

All Chapters