← Chapters

ကျန့်ကျန့်၏ စွမ်းအား (၂)

Vol. 58 Ch. 802

ကျန့်ကျန့်၏ စွမ်းအား (၂)

Vol. 58 Ch. 802

“မကောင်းတော့ဘူး...”

လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက်မှာ ထိတ်လန့်တကြား အော်ဟစ်လိုက်မိ၏။ နဂါး ခေါင်းဆောင်းနှင့် မြေကြီးရှန့်ထိုမှာ သူတို့ အသက်များကို ညှင်း၍ ချွေရန် အတွက် စွမ်းအားများကို ဖြည်းညင်းစွာပင် မြှင့်တင် နေခဲ့ခြင်းဖြစ်သည်။

တစ်နည်း ဆိုရသော်... သူက သူတို့ အသက်များနှင့် ဆော့ကစား နေခြင်းပင်။ သေမျိုးတစ်ပိုင်း အရှင် အဆင့်များပင်လျှင် သေဖို့ စောင့်နေရုံသာ တတ်နိုင်ကြ၏။

မွမ်းကြပ်သော ခံစားချက် တစ်ခုက လျှို့ဝှက် ဝိညာဥ် အဆင့်၏ နှလုံးသားထဲမှ နေ၍ တစ်ကိုယ်လုံး အထိ ပျံ့နှံ့လာသည်။ ထိုအခိုက်တွင်ပင် နောက်ထပ် လျှို့ဝှက် ကြယ်တာရာ အဆင့် နှစ်ယောက် ပေါက်ကွဲသွားသည်ကို မြင်လိုက်ရ၏။ သူ မျက်ရည်များပင် ထွက်ကျ လာခဲ့၏။ မည်မျှ ရက်စက်လိုက်သနည်း။

ကျင့်ကြံသူက အံကို တင်းတင်းကြိတ်ရင်း ခုခံမှု စွမ်းအားကို အကန့်အသတ် ရောက်သည် အထိ တိုးမြှင့်လိုက်သည်။ သူက စွမ်းအားကို မြှင့်တင်ရန် အတွက် လျှို့ဝှက် ဝိညာဥ် တစ်စိတ်တစ်ပိုင်းကိုပင် လောင်ကြွမ်း ပစ်လိုက်၏။

ထို့နောက် သူက ဟင်းလင်းပြင် လှုပ်ရှားမှု ကျင့်စက် တစ်ခုကို သုံးလိုက်သည်။ သို့သော်လည်း အာကာသ တင်းကြပ်မှုများက သူ့ကို ကန့်သတ်ထား၏။ သူ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို ထပ်သုံးဖို့ ကြိုးပမ်းလိုက်သည်။ သို့သော်လည်း ထိုအရာက မလုံလောက်ချေ။ နှစ်မလက်မ မျှသာ မြင့်တက်သွားပြီးနောက် အလွန်ပြင်းထန်သည့် ဖိအား တစ်ခုက သူ့အပေါ် ပိကျလာ၏။

“မဟုတ်ဘူး... မဟုတ်ဘူး...”

သူ၏ အမူအရာက သွေးရူး သွေးတန်း ဖြစ်လာသည်။ ထိုအခိုက်တွင်ပင် သူ့ခန္ဓာကိုယ်ထက်၌ အက်ကွဲကြောင်းများ ပေါ်လာသည်ကို သူ တွေ့လိုက်ရ၏။ ထို့နောက်...

ဘုန်း...

တဒင်္ဂ အတွင်းမှာပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးက အပိုင်းပိုင်း အစစ ဖြစ်သည် အထိ ကွဲထွက် သွားတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခြား လျှို့ဝှက် ဝိညာဥ် အဆင့်များမှာ ဖြူရော် သွားကြ၏။

နဂါး ခေါင်းဆောင်း နောက်ရှိ တပ်မဟာ ကွန်မန်ဒါ၏ မျက်လုံးများကတော့ စိတ်လှုပ်ရှားစွာဖြင့် ပိုမို တောက်ပလာသည်။

“မြေဆွဲအား စွမ်းအင်ကလည်း အံ့မခန်းပဲ... သေမျိုးတစ်ယောက် အတွက် မွန်းစတား ဆန်လွန်းတယ်”

စတင် တိုက်ခိုက်သည့် အချိန်ကတည်းက စ၍... ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် အမျိုးမျိုးသော စွမ်းအားများနှင့် သွေးမျိုးဆက် စွမ်းအင်တို့ကို ကြည့်ကာ သူ အံ့အားသင့်ပြီးရင်း သင့် နေရသည်။ ၎င်းတို့က အမျိုးမျိုး ကွဲပြားကာ သန့်စင်လွန်းလှသည်။ ထို့အပြင် အရေအတွက်ကလည်း သူ့ကဲ့သို့ မြေကြီးရှန့်ထို တစ်ယောက် အတွက်ပင် အထင်ကြီးစရာ ကောင်းလှသည်။

ဟင်းလင်းပြင် စွမ်းအင်များမှာ အထင်ကြီးစရာ ကောင်းလှသလို မြေဆွဲအား စွမ်းအင်များကလည်း ကြောက်စရာ ကောင်းလှသည်။ စစ်ဝိညာဥ် တစ်ယောက် အနေဖြင့် သူ့ ဗဟုသုတက စာကြည့်တိုက်ကြီး တစ်ခုထက်ပင် များပြား လှသည်။ ၉၉၉၉ ‌ယောက်သော လျှို့ဝှက် အာဏာရှင် အဆင့်များကို အမိန့်ပေးရသူ တစ်ယောက် အနေဖြင့် သူ မရေမတွက်နိုင်သည့် အစီအရင်များ၊ လက်နက်များ၊ ကျင့်စဥ်များ၊ ဗျူဟာများကို တတ်ကျွမ်းထားသည်။ ထို့ကြောင့်ပင် ဝေ့ဝူယင် ပိုင်ဆိုင်ထားသည့် စွမ်းအင်များက မည်မျှ အထင်ကြီးစရာ ကောင်းကြောင်း သူ နားလည်ပေသည်။

“ငါ့ရဲ့ ဒီသခင် အသစ်က အတိအကျ ဘယ်သူလဲ...”

ကျန့်ကျန့်မှာ မေးစေ့ကို ပွတ်သပ်ကာ စဥ်းစားလိုက်၏။ တစ်ခဏ ကြာပြီးနောက် သူက အောက်ရှိ သင်္ဘောကို နောက်တစ်ဖန် ငုံ့ကြည့်လိုက်သည်။ ဘယ်လိုပဲ ဖြစ်ဖြစ်...အရင်ဆုံး ထိုသင်္ဘောကို ရှင်းလင်းရပေလိမ့်မည်။

“တော်သင့်ပြီ...”

ရုတ်တရက်... ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ အသံက ထွက်ပေါ်လာ၏။ သူမ၏ အပြာရောင် မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းနေကာ အေးစက်စက် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။

ထန်မျိုးနွယ်၏ အသက်များကို သူမ ဂရုမစိုက်သည့်တိုင် ဤသည်က သူမ၏ နယ်မြေ ဖြစ်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ မဟာ ဧကရာဇ် ပင်လျှင် ဤနေရာ၌ သူမကို အလေးထားရသည်။ သို့သော်လည်း ထိုအကြီးအကဲကတော့ သူမကို အရည်အချင်း ရှိလား ဟူ၍ပင် မေးခွန်းထုတ်ခဲ့သည်။ ထိုအရာက သူမ၏ နာမည်နှင့် တည်ရှိမှုတို့ကို တိုက်ရိုက်ပင် စော်ကားလိုက်ခြင်း ဖြစ်သည်။

ဝှစ်...

လျှပ်တစ်ပြက် အတွင်းမှာပင် ကျန့်ကျန့်မှာ နောက် မိုင်တစ်သောင်း အကွာသို့ ပြန်လည် ဆုတ်သွားခဲ့၏။ ထို့နောက် အဇူရာ ဝတ်စုံဝတ် မိန်းကလေးကို ကြည့်လိုက်၏။ ပြီးသည်နှင့်... ဘယ်ကို တစ်ချက်၊ ညာကို တစ်ချက် ကြည့်လိုက်သည်။ သဘောပေါက်သွားသည့် အငွေ့အသက်များက သူ့မျက်လုံးများ အတွင်း ပေါ်လာခဲ့၏။

ထန်မျိုးနွယ်ဝင် အားလုံးကတော့ တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲ နေခဲ့ပြီ ဖြစ်လေသည်။ သေခြင်းတရားနှင့် မျက်နှာချင်းဆိုင် တွေ့ခြင်းကြောင့် သူတို့၏ အမူအရာများက အလွန်အမင်း ဖြူရော် နေ၏။ ထန်ဘိုး‌ဘေးက ပထမဆုံး အသိဝင်လာသူ ဖြစ်ကာ သင်္ဘောကို မောင်းနှင်ဖို့ အမိန့်ပေးလိုက်သည်။

သို့သော်လည်း... တစ်ခဏ ကြာပြီးနောက် သူမ အမူအရာက အလွန်အမင်း မည်းမှောင်သွား၏။ သင်္ဘော၏ အစီအရင်နှင့် ဝင်္ကပါ အားလုံးမှာ ဖျက်ဆီးခံလိုက်ရပြီ မဟုတ်ပါလား။

“နောက်ဆုတ်ကြ...”

ထန်ဘိုး‌ဘေးက မတုန့်မဆိုင်းပင် အမိန့်ပေးလိုက်၏။ သူမ ကိုယ်တိုင်လည်း ညီမဖြစ်သူ သွေးမီးတောက်၏ ပခုံးကို ဆုပ်ကိုင်ကာ သင်္ဘောပေါ်မှ စွန့်ခွာ လိုက်သည်။

ဘုန်း...

ပေါက်ကွဲသံ တစ်နှင့် အတူ သူမ၏ ခန္ဓာကိုယ်က မီးတောက် အဖြစ် ပြောင်းလဲ သွား၏။ ပတ်ဝန်းကျင် အပူရှိန်က တရိပ်ရိပ်ပင် မြင့်တက်လာကာ လျှို့ဝှက် တစ်ပိုင်း ဗာမီလီယန် မီးတောက် အဆင့်ကို ရောက်ရှိသွားသည်။ သူမက မီးတောက် လူသား ဖြစ်သွား၏။

အခြား သေမျိုးတစ်ပိုင်း အရှင်များမှာလည်း အလားတူပင် လျှို့ဝှက် တစ်ပိုင်း အဆင့်များကို အသက်သွင်း လိုက်ကြ၏။ သူတို့က ချက်ချင်းပင် မီးတောက်များ အဖြစ် ပြောင်းလဲသွားကာ အနီးဆုံး လူများကို ဆုပ်ကိုင်၍ ထွက်ပြေးကြလေတော့သည်။

ထန်ဘိုးဘေးမှာ ခါးသီးမှုကို ခံစား နေရ၏။ အဘယ်ကြောင့် သူမ ယုံကြည်ထားသော အရာများက ဖြစ်မလာခဲ့သနည်း။ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမမှာ အဘယ်ကြောင့် မြေကြီးရှန့်ထို တစ်ယောက်က အဆင့်နိမ့် ကျင့်ကြံသူများ အသတ်ခံနေရသည်ကို ကြည့်နေရသနည်း။ ကြယ်တာရာ နယ်မြေများတွင် မြေကြီး ရှန့်ထိုများ ကျူးကျော်ခွင့် မရှိသည့် စည်းမျဥ်းများ ရှိပေသည်။ ဘယ်ကြောင့် သူတို့က ခွင့်ပြုထားသနည်း။

ထို့အပြင်... အစစ်အမှန် မွေးဖွားခြင်းဂိုဏ်းမှ လူများကရော အဘယ်ကြောင့် ငြိမ်သက် နေရသနည်း။ ထိုမြေကြီး ရှန့်ထိုမှာ အရိပ်ဥ တစ်ခုကို ဖျက်ဆီးခဲ့သူ မဟုတ်ပါလော။ သူတို့ အနေဖြင့် ချက်ချင်း လှုပ်ရှားခဲ့သင့်ပေသည်။ ထန်ဘိုးဘေးမှာ မည်သည့် အရာကိုမှ နားမလည်နိုင်တော့ချေ။

ဘယ်လိုပဲ ဖြစ်ဖြစ်... သူမ၏ တွက်ချက်မှု အမှားကပ လက်အောက် ငယ်သား များစွာကို သေဆုံး စေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... မီးဖီးနစ်ကိုလည်း လက်လွှတ်ရမှာ ကျိန်းသေနေချေပြီ။ အရာရာက အရှုံးဘက်ကချည်း ဖြစ်ပေသည်။

ဗိုလ်ချုပ်ကြီး ကျန့်ကျန့်က ထွက်ပြေးနေသည့် မီးတောက် ပုံရိပ်များကို လှမ်းကြည့်လိုက်၏။ သူ့ မျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးသည့် အငွေ့အသက် အချို့ ဖြစ်ပေါ်နေသည်။

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက သူ့ကို လှမ်းကြည့်ကာ တည်ငြိမ်စွာပင် ပြုံးလိုက်၏။

“ကျွန်မက အခု အရည်အချင်း ရှိပြီလား”

“မရှိသေးဘူး...”

ကျန့်ကျန့်က စက္ကန့်မခြားပင် ဖြေလိုက်သည်။ ထို့နောက် သူက တစ်ခဏမျှ တွေးတောကာ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်၏။ သူ၏ ဦးတည်ရာက နေမီးတောက်ဟု ခေါ်သည့် သေမျိုးတစ်ပိုင်း အရှင် အဆင့်ပင် ဖြစ်ပေသည်။ ထိုအခိုက်၌ နေမီးတောက်မှာ လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ဆုပ်ကိုင်ကာ အလျှင်မြန်ဆုံး နှုန်းထားဖြင့် အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း ပြေးလွှားနေ၏။

“ဟမ်...”

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ မျက်လုံးများက ကျဥ်းမြောင်း သွားကာ သတိပေးချက်များနှင့် ပြည့်နှက် သွား၏။ ထိုအခိုက်တွင်ပင် ကျန့်ကျန့်က လက်သီးကို ဆုပ်လိုက်လေတော့သည်။

“....”

နေမီးတောက်မှာ ပြေးနေရင်း သူ့ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် အင်အား တစ်ခု လာရောက် ရစ်ပတ်သလို ခံစားလိုက်ရ၏၊ သူ၏ အမူအရာက ချက်ချင်းပင် ဖြူရော် ကျသွားကာ ပစ်မှတ်ထားခံလိုက်ရပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။ သူ မတုန့်မဆိုင်းပင် လျှို့ဝှက် ဝိညာဥ်ကို လောင်ကြွမ်းကာ အရှိန်ကို နှစ်ဆ ထပ်တင်လိုက်လေ၏။

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက အေးစက်စက် နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ ထို့နောက် သူမက နေမီးတောက် ရှိရာဆီသို့ ဦးတည်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။ နေမီးတောက်မှာ သူ့ကို ဝန်းရံနေသည့် အင်အားက ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း... သူက နောက်ကို လှည့်၍ပင် မကြည့်ပဲ အစွမ်းကုန်သော အမြန်နှုန်းဖြင့် ရှေ့ကို ဆက်လက် ပျံသန်း သွားခဲ့လေသည်။

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက ပခုံးတစ်ချက် တွန့်ကာ ပြုံးပြလိုက်၏။ ကျန့်ကျန့်က သူမကို ပြန်ကြည့်ကာ အေးစက်စက်နှာခေါင်းရှုံ့လိုကပ်သည်။

“လျှို့ဝှက် သင်္ကေတ ငါးခု ရှန့်ထို အဆင့်နဲ့ ကိုယ့်ကိုယ်ကို အစွမ်းထက်ပြီ ထင်နေတာလား... ဟာသပဲ”

“...”

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ အပြုံးက ပျောက်ကွယ် သွားကာ မည်းမှောင် သွားသည်။ ကျန့်ကျန့်က သဘောကျဟန်ဖြင့် ရယ်မောလိုက်၏။

“မင်းရဲ့ အတုအယောင် နယ်မြေက ငါ့ကို မတားနိုင်ပါဘူး”

ထို့နောက် သူက နေမီးတောက် ထွက်ပြေးသွားသည့် နေရာကို လှမ်းကြည့်လိုက်သည်။ လက်ရှိ၌ ထိုသေမျိုး တစ်ပိုင်း အရှင် အဆင့်မှာ သူနှင့် မိုင်ပေါင်း သုံးသောင်းကျော် အကွာကို ရောက်ရှိ နေခဲ့ပြီ ဖြစ်သည်။ ကျန့်ကျန့်၏ မျက်လုံးများက ထက်ရှသော အလင်း တစ်ခုဖြင့် တောက်ပသွား၏။

ကလန့်...

ဆေဘာဟိန်းသံ တစ်ချက် ထွက်ပေါ်လာကာ တောက်ပသော အလင်းတန်း နှစ်ခုက သူ့မျက်လုံးများထဲမှ ထွင်းဖောက်လာ၏။ ၎င်းတို့က အမှောင် ဟင်းလင်းပြင်ကို ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် ဖြတ်သန်း သွားကြသည်။

အား...

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို တုန့်ပြန်ရန် အချိန်မရခင်မှာပင် ကျယ်လောင်သည့် အော်ဟစ်သံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို သိမ်းပိုက်ကာ ထွက်ပေါ်လာခဲ့လေတော့၏။

***

All Chapters