လောကပုလဲ အခွံ
Vol. 58 Ch. 803
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် နေမီးတောက်နှင့် သူ သယ်ဆောင်လာသည့် လျှို့ဝှက် ဝိညာဥ် အဆင့် ကျင့်ကြံသူတို့မှာ သေဆုံး သွားခဲ့ပြီ ဖြစ်သည်။ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ မျက်လုံးများက အကန့်အသတ်သို့ ရောက်သည် အထိ ကျဥ်းမြောင်း သွား၏။
ကျန့်ကျန်က သူမကို သတိပေးသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
“မင်းတို့ကို မသတ်ဖို့ အတွက် သူက ငါ့ကို အမိန့်ပေးထားပေမဲ့ ဒုက္ခတ ဖြစ်အောင် မလုပ်နဲ့တော့ မပါဘူး”
ထို့နောက် သူက အခြား သေမျိုး တစ်ပိုင်း အရှင်များကို လှမ်းကြည့်လိုက်၏။ သို့သော်လည်း သူ ရှေ့ကို ခြေတစ်လှမ်း တိုးဖို့ ဟန်ပြင်လိုက်စဥ်မှာပင် ပတ်ဝန်းကျင် ဟင်းလင်းပြင်က စတင် တုန်ရီလာသည်ကို သတိထားမိ လိုက်သည်။
"လောကအခွံလား... စိတ်ပျက်စရာပဲကွာ”
ထို့နောက် သူက ငွေရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့် ထွက်ခွာ သွားပြီးနောက်တွင် အမှောင် ဟင်းလင်းပြင်က နောက်တစ်ကြိမ် ပြန်လည် တိတ်ဆိတ် သွားခဲ့ပြီ ဖြစ်သည်။
အဇူရာ ဝတ်စုံဝတ် ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ ဗိုလ်ချုပ်ကြီး ကျန့်ကျန့် ပျောက်ကွယ် သွားခဲ့သည့် နေရာကို တိတ်တဆိတ် ကြည့်နေခဲ့၏။ သူမ၏ ခပ်ပါးပါး မျက်ခုံးလေးများက အနည်းငယ် ကြုတ်ထားကာ ကျန့်ကျန့် ရပ်ခဲ့သော နေရာကို ငေးကြည့် နေခဲ့သည်။ သူမ၏ လှပသော မျက်လုံးများ အတွင်းတွင်တော့ အဇူရာ အလင်းရောင် ဖျော့ဖျော့ တောက်ပနေခဲ့၏။
ဝှစ်...
ဝှစ်...
ပုံရိပ် နှစ်ခုမှာ သူမ၏ ဘယ်နှင့် ညာသို့ ရောက်ရှိ လာခဲ့သည်။ သူတို့က ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုနှင့် ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုတို့ပင်။ သူတို့၏ အမူအရာများက စိတ်ဝင်စား နေကြဟန် ရလေသည်။
“သူ့ကို သူတို့ရဲ့ လောကအခွံထဲ ဝင်ခွင့် ပြုလိုက်တာလား...”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မေးလိုက်၏။ ဤသည်က ဝိညာဥ် မြှင့်တင်ခြင်း နယ်မြေ ဖြစ်လေရာ မိန်းကလေး အနေဖြင့် ဆန္ဒ ရှိပါက မဟာ နယ်မြေ ဝင်္ကပါကို အသုံးပြုနိုင်စွမ်း ရှိသည်။
ထိုအရာက လျှို့ဝှက် အဆင့် ဝင်္ကပါကြီး တစ်ခု ဖြစ်ကာ အလင်းရောင်ပြန် ခါးပတ်များမှ ထုတ်လွှတ်သည့် လျှို့ဝှက် အဆင့် မန်နာနှင့် အမတေများကို စုပ်ယူ အသုံးပြုနိုင်စွမ်း ရှိသည်။ တစ်နည်း ဆိုရသော်... ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ ထိုဝင်္ကပါဖြင့် သတ်မှတ် နယ်မြေ အတွင်းရှိ အမှောင် ဟင်းလင်းပြင်ကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။ သူမသာ ဆန္ဒ ရှိပါက လောကပုလဲ အခွံကို တားဆီးနိုင်ပေသည်။
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက လက်မခံလိုဟန်ဖြင့် ခေါင်းခါလိုက်၏။
“လောကပုလဲ အခွံက အနိမ့်ဆုံး လျှို့ဝှက် မြေကြီး အဆင့်မြင့်မှာ ရှိနေတဲ့ အာကာသ အဆောင် တစ်ခုဗျ... ဟန့်တားဖို့ အရမ်းကို ခက်တယ်... နောက်ပြီး စွမ်းအင် စီးဆင်းပုံ အရ ကြည့်ရရင် နောက်ကွယ်မှာ မြေကြီး ရှန့်ထို နှစ်ယောက်က ထိန်းချုပ်ထားတာ... အစစ်အမှန် မွေးဖွားခြင်းက လူတွေကို အထင်မသေးနဲ့... စလှုပ်ရှားတည်းက မဟာ နယ်မြေ ဝင်္ကပါ အကြောင်း သူတို့ မသိပဲ မနေဘူ”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်၏။ အတန်ကြာပြီးနောက် သူက ခေါင်းတစ်ချက် ညိတ်ကာ ဝေဖန်တာကို တိတ်တိတ်လေး ပြန်ရုတ်သိမ်းလိုက်သည်။
ထို့နောက် သူတို့ သုံးယောက်မှာ တိတ်တဆိတ်ပင် အမှောင် ဟင်းလင်းပြင်ကို စိုက်ကြည့် နေခဲ့ကြတော့၏။
လောကပုလဲ အခွံ...
အရှင်းလင်းဆုံး ဆိုရလျှင် အခွံလောကပုလဲ ဆိုသည်မှာ တိုက်ပွဲများတွင် အသုံးပြုလေ့ ရှိသည့် သီးသန့် လောကနယ်မြေ တစ်ခုပင် ဖြစ်သည်။ ၎င်းက အလွန်အမင်း တည်ငြိမ်ကာ တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုများ မရှိအောင် တားမြစ်ပေးနိုင်စွမ်း ရှိသည်။
မြေကြီးရှန့်ထိုများမှာ အလွန်ပင် အစွမ်းထက်ကြကာ သူတို့၏ တိုက်ခိုက်မှု တစ်ခုက နယ်မြေကြီးများကိုပင် ဖျက်ဆီး ပစ်နိုင်စွမ်း ရှိသည်။ ပြောရလျှင်... သေမျိုးတစ်ပိုင်း အဆင့်များ၏ တိုက်ပွဲ ပင်လျှင် အန္တရာယ် များလွန်းလှသည်။ ၎င်းတို့၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုကပင် ဂြိုဟ်များကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိသည်။
ထန်မျိုးနွယ်နှင့် ပိုင်လင်တို့မှာ ကိုယ်ပိုင် အကြောင်းပြချက်များကြောင့် အလင်းပြာဂြိုဟ်ကို ထိခိုက် ပျက်စီးမှု မရှိအောင် ရှောင်တိမ်းခဲ့ကြသည်။ မဟုတ်ပါက... သူတို့၏ တိုက်ပွဲက ယခုထက် အဆပေါင်းများစွာ ပိုမို ကျယ်ပြန့်ကာ ပျက်စီးမှု များပြားပေလိမ့်မည်။
ထို့ကြောင့်ပင် ထိပ်တန်း ကျင့်ကြံသူကြီးများမှာ ထိခိုက် ပျက်စီးမှုများကို ရှောင်တိမ်းရန် လောက ပုလဲ အခွံများကို သုံးလေ့ ရှိသည်။ ယခု အစစ်အမှန် မွေးဖွားခြင်းမှာ လောကပုလဲ အခွံကို ထုတ်ဖော် ထားခဲ့ပြီ ဖြစ်လေရာ သူတို့ စတင် လှုပ်ရှားနေပြီဟု ဆိုလိုပေသည်။ မည်သည့် ရလဒ်မျိုး ထွက်ပေါ်လာမည်ကတော့ စိတ်ဝင်စားစရာပင်။
“ဒါနဲ့ ခုနက သူ ပြောသွားတာ ရှင်တို့ ကြားလိုက်တယ် မလား... အမိန့်အရ ဆိုလားပဲ...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက တိတ်ဆိတ်မှုကို နောက်တစ်ကြိမ် ဖြိုခွင်းလိုက်၏။ အခြား မြေကြီး ရှန့်ထို နှစ်ယောက်က ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည်လည်းပဲ ထိုအရာကို သတိပြုမိကြပေသည်။
“သူက ကိုယ်ပွားလား... ဒါမှမဟုတ် ဝိညာဥ် အပိုင်းအစလား”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မေးလိုက်၏။ ဗိုလ်ချုပ်ကြီး ကျန့်ကျန့်၏ အသက် အော်ရာ ကင်းမဲ့မှုက သူတို့ကို ဒွိဟများစွာ ဖြစ်စေခဲ့သည်။ ထိုအရာက ထူးဆန်းသော ကျင့်စဥ် တစ်ခု၏ အကျိုးဆက်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသေးသည်။ မည်သို့ပင် ဆိုစေ... သူက သာမန် သက်ရှိ တစ်ယောက်နှင့် တူမနေသည်ကတော့ အမှန်တကယ်ပင် ဖြစ်သည်။
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ခေါင်းခါလိုက်၏။ ထိုအရာက သူ ကိုယ်တိုင် စဥ်းစားမရသည့် ပုစ္ဆာလည်း ဖြစ်သည်။ သူက သက်ပြင်းတစ်ချက် ချလိုက်ရင်း မာ့ဆုကျင်း ထွက်ခွာသွားသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။
“နောက်ဆုံး မင်းသမီးရဲ့ စကားက မှန်နေတဲ့ ပုံပဲ”
မိန်းကလေးက မီးဖီးနစ်နှင့် အာရုဏ်ဦး အာဏာရှင် ဧကရာဇ်တို့ အကြားမှ ဆက်စပ် ပတ်သက်မှုကို သူတို့ထံ သတိပေး သွားခဲ့သည်။ ယခုတဖန် နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထိုကလည်း သူ ထန်မျိုးနွယ်ကို အမိန့်တစ်ခုကြောင့် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း ဝန်ခံသွားခဲ့သည်။
“အာရုဏ်ဦး အာဏာရှင် ဧကရာဇ်... သူက ဘယ်သူလဲ... သူ့ရဲ့ အစစ်အမှန် နောက်ခံက ဘာလဲ”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုက ခပ်တိုးတိုး ရေရွတ်လိုက်၏။ ပထမဆုံး သူက ရွှေရောင် အသက် နန်းတော်နှင့် အတူ သူ့ကိုယ်သူ မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက် ဖြစ်ကြောင်း ကြေညာခဲ့သည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်တစ်ခုလုံးအား တုန်လှုပ်သွားစေခဲ့သည့် ထုတ်ကုန်ကို မိတ်ဆက်ပေးခဲ့သည်။
ထို့နောက်... လွန်ခဲ့သည့် တစ်နှစ် အတွင်းမှာပင် လျှို့ဝှက် ဝိညာဥ် အဆင့် ကျင်ကြံသူ တစ်ယောက်က သူ့ကိုယ်စားလှယ် အဖြစ် ပေါ်လာကာ ရွှေရောင် အသက်နန်းတော်၏ ပဋိပက္ခအား ကူညီ ဖြေရှင်းပေးခဲ့သည်။ ယခုတစ်ဖန် သူနှင့် ဆက်စပ်၍ မြေကြီးရှန့်ထို တစ်ယောက် ပေါ်လာပြန်ပြီ ဖြစ်သည်။
“ဒီလျှို့ဝှက် အာဏာရှင်က ပျောက်ကွယ်ခြင်း အမှတ်တွေကိုတောင် ဖန်တီးနိုင်တယ် ဆိုတော့ ယာယီ ဟင်းလင်းပြင် ပေါ်တယ်တွေကိုလည်း ဖန်တီးနိုင်မှာပဲ... သူက အစစ်အမှန် မွေးဖွားခြင်းရဲ့ အရိပ်ဥကို ဖျက်ဆီး ပစ်လိုက်တဲ့ မြေကြီးရှန့်ထိုဆိုတာ သေချာတယ်... သူတို့ ဒီလောက် မြန်မြန် တုန့်ပြန်တာ မထူးဆန်းတော့ဘူး”
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက မှတ်ချက် ပေးလိုက်သည်။
“သူက အာကာသ ဝေဟင်ဂိုဏ်းကလို့ ခင်ဗျားတို့ ထင်လား... ဒါမှမဟုတ် အာကာသ ဝေဟင်ဂိုဏ်းချုပ် ကိုယ်တိုင်ရော ဖြစ်နေလောက်လား”
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက မေးလိုက်၏။ ထိုဖြစ်စဥ်ကြီး တစ်ခုလုံးက သူ့အတွက်တော့ ပဟေဠိကြီး တစ်ခုလိုပင်။
“အာကာသ ဝေဟင်ဂိုဏ်းချုပ်က မိန်းကလေး ဆိုတာ သေချာတယ်... သူနဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ အတွေ့အကြုံရ ငါ အဲဒါကို အာမခံနိုင်တယ်”
ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုက ပြောလိုက်သည်။ ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုက ပခုံးတစ်ချက် တွန့်လိုက်၏။
“ကောင်ပြီလေ... သူတို့နဲ့ ပတ်သက်နေတဲ့ တစ်စုံတစ်ယောက်လို့ပဲ ငါတို့ မှတ်ချက် ချကြတာပေါ့... ဒါပေမဲ့ သူ့လို ပုံစံမျိုး ရှိတဲ့ မြေကြီးရှန့်ထိုကိုတော့ ငါတို့ တစ်ခါမှ မကြားဖူးဘူး”
ထို့နောက် သူက ကစားလိုသည့် ပုံစံဖြင့် အနည်းငယ် ပြုံးလိုက်ရင်း ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုကို ကြည့်လိုက်သည်။
“သင်္ကေတ ငါးခု လျှို့ဝှက် အာဏာရှင်... ကြည့်ရတာ သူ့မှာ နတ်မျက်စိ ရှိနေတဲ့ ပုံပဲနော်”
“...”
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ အမူအရာက ပြောင်းလဲ သွား၏။ သို့သော်လည်း သူမက အလျှင်အမြန်ပင် ပြန်လည် ဣန္ဒြေဆည်လိုက်ကာ မထူးဆန်းဟန်ဖြင့် ပြုံးလိုက်သည်။
“သူ့ရဲ့ အာရုံခံစားမှုက အတော်လေး လွဲနေတာပဲ... ငါထိန်းချုပ်ထားတဲ့ မဟာ နယ်မြေ ဝင်္ကပါကြောင့် ဖြစ်ချင် ဖြစ်မှာပေါ့လေ”
ထို့နောက် မြေကြီးရှန့်ထို သုံးယောက်လုံးမှာ တိတ်ဆိတ်သွား၏။ မွမ်းကြပ် တင်းမာသည့် ခံစားချက် တစ်ခုကတော့ အမှောင် ဟင်းလင်းပြင် အတွင်း တဖြည်းဖြည်း မြင့်တက် လာနေခဲ့လေသည်။
ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုမှာ တိုးတိုးတိတ်တိတ် သက်ပြင်းချလိုက်မိ၏။ အကယ်၍ ထိုလျှို့ဝှက် အာဏာရှင် အဆင့်၏စကားသာ မှန်ကန်ပါက...ထိုအချက်အလက်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လှိုင်းများ သဖွယ် ရိုက်ခတ် သွားလိမ့်မည် ဖြစ်သည်။
မည်သို့ပင် ဆိုစေ..သူ ကိုယ်တိုင်က သင်္ကေတ သုံးခု ရှန့်ထို တစ်ယောက်သာ ဖြစ်သည်။ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုသာ အမှန်တကယ် သင်္ကေတ ငါးခုကို ပိုင်ဆိုင်ထားသည် ဆိုပါက သူမ၏ ပါရမီမှာ အပြင်လောကထံ ကြေညာထားသည်ထက် အများကြီး ပိုမို ထက်မြက်ပေလိမ့်မည်။ ဆိုလိုသည်က နောက်တစ်ဆင့်ကို တက်လှမ်းရန် အတွက် သူမထံတွင် သူတို့ထက် အခွင့်အရေး များစွာ ရှိပေသည်။
***