← Chapters

သတင်းများ ပျံ့နှံ့ခြင်း

Vol. 58 Ch. 805

သတင်းများ ပျံ့နှံ့ခြင်း

Vol. 58 Ch. 805

ဝှစ်... ဝှစ်...

ကြယ်ကိုးပွင့် ရှန့်ထိုခန်းမမှ မြေကြီး ရှန့်ထို သုံးယောက် ထွက်ခွာသွားပြီးနောက် မကြာခင်မှာပင် ပုံရိပ် နှစ်ခုမှာ မလှမ်းမကမ်း တစ်နေရာ၌ ပေါ်လာခဲ့သည်။

ပထမ တစ်‌ယောက်ကတော့ ငွေရောင် ဝတ်စုံကို ဆင်မြန်းထားသည့် အမျိုးသမီး တစ်ဦးပင် ဖြစ်သည်။ သူမက မျက်နှာကို လူမြင် မခံလိုဟန် ရကာ ဇာပုဝါဖြင့် ဖုံးကွယ် ထား၏။ သူမ၏ လည်ပင်းတွင်တော့ လခြမ်း သဏ္ဌာန် ဆွဲကြိုးလေးကို ဆွဲထားသည်။ မိန်းကလေးမှာ ပိန်ပိန်သွယ်သွယ် ဖြစ်သော်လည်း... ခါးသေးရင်ချီ ပဒုမ္မနီ လို အသက်ရှူ မှားအောင် ဆွဲဆောင်မှု ရှိသည့် ခန္ဓာကိုယ် မျိုးပင်။

ဒုတိယမြောက် တစ်ယောက်ကတော့ အလွန်အမင်း ချောမော ခန့်ညားလှသည့် အမျိုးသား တစ်ဦးပင်။ သူက ရောင်စုံ ကြယ်အစက်အပျောက်များ ပါရှိသည့် အဖြူရောင် ဧကရာဇ် ဝတ်စုံကို ဆင်မြန်းထား၏။ သူ၏ မျက်နှာက အဖုအပိန့်၊ အချိုင့်အခွက် မရှိ ကျောက်စိမ်းကဲ့သို့ ချောမွေ့နေကာ မျက်ခုံးများက ဓားသွား ကဲ့သို့ ဖြောင့်တန်းနေ၏။ သူ၏ ဦးခေါင်းထက်တွင်တော့ သရဖူ တစ်ခုကို ဆင်မြန်း ထားသည်။

“သူက မင်းတို့လူ မဟုတ်တာ သေချာလား...”

ယောက်ျားက မေးလိုက်သည်။

“သေချာတယ်...”

မိန်းကလေးက ပြန်‌ဖြေလိုက်၏။ အမျိုးသားက မေးစေ့ကို ပွတ်သပ်ရင်း စဥ်းစား လိုက်၏။

“သူ့ရဲ့ ဇစ်မြစ်ကို ရှာဖို့ စိတ်မဝင်စားဘူးလား...”

“...”

မိန်းကလေးက တုန့်ပြန်ခြင်း မပြုချေ။ သူမက အတွေး အတွင်း နစ်မြောနေဟန် ရလေ၏။ ယောက်ျားက ပြုံးလိုက်လေသည်။

“သူက မင်းတို့လူ မဟုတ်ဘူး ဆိုရင် ဘာလို့ သက်တံ့တံတားနဲ့ ရောက်လာတာလဲ”

သူ၏ လေသံက မိန်းကလေး၏ စကားအား မယုံကြည်သည်မှာ ရှင်းလင်းလှသည်။

“အဲဒါကို ငါ ဖော်ထုတ်မှာပါ...”

မိန်းကလေး၏ အသံက အနည်းငယ် အေးစက်စက် နိုင်နေ၏။ ထို့နောက် သူမက နှုတ်ပင် မဆက်ပဲ အမှောင် ဟင်းလင်းပြင် အတွင်း တိုးဝင်ကာ ပျောက်ကွယ် သွားခဲ့သည်။

ချောမောသော ယောက်ျားမှာ မေးစေ့ကို ပွတ်သပ်ရင်း ကျန်ရစ်ခဲ့၏။ သူ၏ အမူအရာက မိန်းကလေး ထွက်ခွာသွားခဲ့သည်ကို စိတ်မဝင်စားဟန် ရသည်။

“သူတို့လူလည်း မဟုတ်ဘူး... အစစ်အမှန် မွေးဖွားခြင်းကလည်း မဟုတ်ဘူး... ငါတို့လူလည်း မဟုတ်ဘူး... ပထမဆုံး လျှို့ဝှက် ဝိညာဥ် အဆင့်... အခု မြေကြီး ရှန့်ထို... သူက သူ့ရဲ့ မျိုးဆက်ကို ဒီနေရာ ပို့လိုက်တာများလား”

ပုံရိပ် တစ်ခုမှာ သူ့အတွေးအတွင်း ဖြည်းညင်းစွာ ပေါ်လွင်လာခဲ့၏။ မိနစ် အနည်းငယ် ကြာမြင့်ပြီး နောက်မှ သူက ခေါင်းကို ခါယမ်းလိုက်သည်။ သူက ခါတိုင်းလိုပင် ချောမော ခန့်ညားသည့် အပြုံးကို ပြန်လည် ဆင်မြန်း လိုက်၏။ ပြီးသည်နှင့် ကြယ်တာရာ အလင်းတန်းများ အသွင် ပြောင်းလဲကာ ပျောက်ကွယ် သွားခဲ့တော့သည်။

...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၊ ဝိညာဥ် မြှင့်တင်ခြင်း နယ်မြေ အတွင်း၌...

အလွန် ကြီးမားသည့် သင်္ဘောကြီး တစ်စင်းမှာ တစ်ဝက်တစ်ပျက် လျှို့ဝှက် အစီအရင်၏ ဖုံးကွယ်မှုနှင့် အတူ အမှောင် ဟင်းလင်းပြင် အတွင်း မောင်းနှင် နေခဲ့၏။ အစီအရင်၏ အပြင်ဘက်တွင်တော့ ဖီးနစ် တစ်ကောင်နှင့် လူတစ်ယောက် ရှိနေခဲ့သည်။ သူတို့က ဖြည်းညင်းစွာပင် သင်္ဘောကြီး အနားသို့ ချဥ်းကပ်လာနေခဲ့၏။

၎င်းတို့က ကိုယ်ပျောက်ကြီး၊ ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှ လွဲ၍ မည်သူ ဖြစ်နိုင်တော့မည်နည်း။ ဝေ့ဝူယင် ပင့်သက် တစ်ချက် ရှိုက်ကာ ကိုယ်ပျောက်ကြီးကို လှမ်းကြည့် လိုက်မိသည်။

တိုက်ပွဲ အပြီး၌ ကျန့်ကျန့်က သူ့တွင် အချိန် လေးမိနစ်သာ ကျန်တော့ကြောင်း ပြောခဲ့သည်။ ထိုအရာက အရေးမကြီးချေ။ အဓိက ပြဿနာက... မြေကြီးရှန့်ထို သုံးယောက်နှင့် တိုက်ခိုက်ချိန်၌ ဝိညာဥ် စွမ်းအင်ကို သုံးခဲ့ရခြင်း ဖြစ်သည်။

ထိုဒဏ်ရာကို ကုသရန် အတွက် ဝိညာဥ် အလင်းကို ပြန်လည် သိုလှောင်ဖို့ လိုအပ်ပေသည်။ ထိုဖြစ်စဥ် မအောင်မြင် မချင်း ဝေ့ဝူယင် ကျန့်ကျန့်ကို ဆင့်ခေါ်၍ ရဦးမည် မဟုတ်ချေ။

မြေကြီး ရှန့်ထို အဆင့် စစ်ဝိညာဥ် ဆိုသော်လည်း... ကျန့်ကျန့်၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားသည်က ဝေ့ဝူယင်၏ အမတေနှင့် စွမ်းအင်များသာ ဖြစ်သည်။ ထိုအရာက သူ့စွမ်းအား အပေါ် ကန့်သတ်ချက် များစွာ ဖြစ်ပေါ် စေခဲ့သည်။ ကျန့်ကျန့်၏ စကားအရ ဆိုလျှင်... သူ အစစ်အမှန် ခွန်အား၏ သုံးရာခိုင်နှုန်းကိုသာ သုံးနိုင်သည်ဟု ဆိုသည်။ ထို့ကြောင့်ပင် အစစ်အမှန် မွေးဖွားခြင်း၏ မြေကြီး ရှန့်ထို သုံးယောက်နှင့် တိုက်ခိုက်ချိန်၌ သူ လျှို့ဝှက် ဝိညာဥ်၏ စွမ်းအားကို ထုတ်သုံးခဲ့ရသည်။

ကျန့်ကျန့်က ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကို အနီးအနားရှိ ကိုယ်ပျောက်ကြီးနားတွင် လျှို့ဝှက်စွာ ချထားပေးခဲ့ကာ သူ ကိုယ်တိုင်ကတော့ အာရုံ လွှဲပြောင်းရန် အတွက် ကြယ်တာရာ နယ်မြေ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့သည်။ ယခုတွင်တော့ သူက စစ်အဆောင်ထက်ကို ပြန်ရောက် နေခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း သူ့ကို ကိုယ်စားပြုသည့် ကြယ်တာရာကတော့ မူလကထက် အဆများစွာ မှေးမှိန် နေခဲ့ချေပြီ။

“ဘာပဲ ဖြစ်ဖြစ် ငါတို့ ဝဝလင်လင် အသက်ရှူနိင်ပြီ...”

ဝေ့ဝူယင်က ဆိုလိုက်၏။ ပိုင်လင်က သဘောတူဟန်ဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။

“အစစ်အမှန် မွေးဖွားခြင်းရဲ့ မြေကြီးရှန့်ထိုတွေ တကယ့်ကို စောင့်နေတာပဲနော်... နှစ်ယောက် လွတ်သွားတာ နာတယ်”

လောကပုလဲ အခွံ အတွင်း၌ ကျန့်ကျန့်မှာ မြေကြီးရှန့်ထို တစ်ယောက်ကို သတ်ဖြတ် နိုင်ခဲ့သည်။ ကျန်နှစ်ယောက်ကတော့ ဟင်းလင်းပြင် လှုပ်ရှားခြင်း ကျင့်စဥ်များကို အတော်လေး အဆင်မြင့်စွာ တတ်ကျွမ်း ထားကြပုံ ပေါ်သည်။ တစ်ယောက်က လောကပုလဲအခွံကို ရတနာ တစ်ခုဖြင့် ထွင်းဖောက်၍ လွတ်မြောက်သွားကာ အခြား တစ်ယောက်ကတော့ နောက်ချန် ထွက်ပေါက်ကို အသုံးပြု သွားခဲ့သည်။

နောက်ဆုံး တစ်ယောက်ကတော့ လုံးဝ ထောင်ချောက်မိကာ ကျန့်ကျန့်၏ လက်၌ သေဆုံး သွားခဲ့ရသည်။ ဝေ့ဝူယင်၏ သဘောထားက နောက်ဆုံး တစ်ယောက်ကို သတ်ဖြတ်ဖို့ထက် အရှင် ဖမ်းမိဖို့ ဖြစ်သည်။ အကယ်၍ သူသာ အရိပ်ဥများ၏ အခြား တည်နေရာများကို ရှာဖွေ နိုင်ပါက...

သို့သော်လည်း ထိုပုဂ္ဂိုလ်များမှာ မြေကြီးရှန့်ထိုများ ဖြစ်နေပေသည်။ သူတို့ကို ဖမ်းဆီးရသည်က သတ်ဖြတ်ရသည်ထက် ဆယ်ဆမက ပိုမို ခက်ခဲလှပေသည်။

ဝေ့ဝူယင် သက်ပြင်းတစ်ချက် ချလိုက်မိ၏။ မဟာ စက်ဝန်း ကြယ်ကွင်းပြင်ဆီ သူ၏ ခရီးက ထင်ထားသည်ထက် ပိုမို ခက်ခဲတော့မည့်ပုံပင်။

“သွားကြမယ်...”

ဝေ့ဝူယင်က အမိန့်ပေး အဆောင် တစ်ခုကို အသုံးပြု၏။ ကိုယ်ပျောက်ကြီး၏ အကာအကွယ် အစီအရင်များနှင့် ဝင်္ကပါများက ပြောင်းလဲသွားကာ ဝင်ပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက်... သူတို့ နှစ်ယောက်မှာ အထဲသို့ ဝင်သွားခဲ့ကြတော့၏။

...

ဝိညာဥ် မြှင့်တင်ခြင်း နယ်မြေ အတွင်း၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများက အလွန် တိုတောင်းသည့်တိုင် ကြယ်ကွင်းပြင် တစ်ခုလုံး၏ အခြေအနေ အပေါ် များစွာသော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ် စေခဲ့လေသည်။ အသိသာဆုံးသက်ရောက်မှုကား... ကြယ်ကွင်းပြင် တစ်ခုလုံးကိ လွှမ်းခြုံ၍ သတင်း အပိုင်းအစ များစွာ ပျံ့နှံ့လာခြင်း ဖြစ်သည်။

ပထမဆုံး အနေဖြင့်... ထန်မျိုးနွယ် ကျရှုံးခဲ့သည်။ မီးဖီးနစ်ကို မဖမ်းနိုင်ခဲ့ရုံမျှသာ မက သူတို့၏ ဟင်းလင်းပြင် သင်္ဘောများလည်း ပျက်စီး ခဲ့ရသည်။ လွတ်မြောက်ခဲ့သည့် တစ်ခုတည်းသော အပိုင်းအစက မျိုးနွယ်စု ခေါင်းဆောင် ဗာမီလီယန် ပိုင်ဆိုင်သည့် သင်္ဘောပင် ဖြစ်သည်။

ထန်မျိုးနွယ်က သေမျိုးတစ်ပိုင်း အရှင် အဆင့် သုံးယောက် ကျဆုံးကြောင်း ကြေညာခဲ့ချိန်၌ အားလုံး ပိုမို၍ပင် အံ့အားသင့် ခဲ့ရသည်။ သေမျိုးတစ်ပိုင်း အရှင် အဆင့် အဆင့် တစ်ယောက် သေဆုံးခြင်းကပင်လျှင် ကြယ်ကွင်းပြင် တစ်ခုလုံးကို တုန်လှုပ်စေနိုင်သည့် သတင်း ဖြစ်သည်။

သို့သော်လည်း ယခုတွင်တော့ သုံးယောက် ဖြစ်သည်။ ၎င်းက မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ အချို့ တန်ခိုးရှင် အဆင့်ဂိုဏ်းကြီး များစွာထက်ပင် ပိုမို သာလွန်သည့် ပမာဏ ဖြစ်သည်။

မျက်မြင်အချို့ အရ တိုက်ပွဲအတွင်း မြေကြီးရှန့်ထို တစ်ယောက်ပင် ပေါ်ထွက်လာခဲ့သည်သည်ဟု ဆိုသည်။ ထိုမြေကြီး ရှန့်ထိုနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလဟလများ ပျံ့နှံ့ နေသော်လည်း တိကျ သေချာသည့် သီအိုရီမျိုးတော့ ပေါ်ထွက်ခြင်း မရှိသေးချေ။

အချို့ကတော့ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမမှာ စည်းမျဥ်းများကို မျက်ကွယ် ပြုကာ အဆုံးမဲ့ ကောင်းကင်ကို အားနည်းအောင် ကြံစည်ခဲ့သည်ဟု ဝေဖန်နေကြသည်။ မည်သို့ပင် ဆိုစေ ထန်မျိုးနွယ်မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေမှ အင်အားစု တစ်ခု ဖြစ်သည်။ သူတို့ အပေါ် ထိခိုက်ခြင်းက အဆုံးမဲ့ ကောင်းကင် အပေါ် ထိခိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

အချိန်နှင့် အမျှ ဝေဖန်မှုများက ပိုမို၍ မြင့်တက်လာကာ အချို့မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား စတင် မိတ်ဆက်စဥ်က အဖြစ်အပျက်များကိုပင် ပြန်လည် ဖော်ထုတ် လာကြသည်။

ထိုစဥ်က လျူမျိုးနွယ်၏ တရားဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် လျူဖေး ပြောခဲ့သော နာမည်ကျော် စကား တစ်ခွန်း ရှိခဲ့ဖူးသည်။ အာရုဏ်ဦး နေမီးတောက် ဆေးလုံးမှာ ကြယ်ကွင်းပြင်၏ အနာဂတ် အုပ်စိုးသူကို ဆုံးဖြတ်ပေးလိမ့်မည်ဟု။

ထိုစဥ်က လေလံ အောင်မြင်သွားခဲ့သူမှာလည်း ကြယ်ကိုးပွင့် ရှန့်ထို ခန်းမကပင် ဖြစ်သည်။ သူတို့က ခြေလှမ်းများကို စတင်နေပြီလား မပြောတတ်ချေ။ အချို့ကတော့ မကြာခင် ကြယ်တရာ နယ်မြေ နှစ်ခု အကြား၌ စစ်ပွဲကြီး တစ်ခု ဖြစ်လာလိမ့်မည်ဟု အခိုင်အမာပင် ပြောဆို နေကြ၏။

ထိုကဲ့သို့ ပျံကျ သတင်းများ အပြင် တန်ခိုးရှင် အဆင့် အင်အားစုကြီးများ အကြား၌ လျှို့ဝှက်စွာ လှည့်ပတ် ကူးခပ် နေခဲ့သော သတင်း တစ်ခုလည်း ရှိပေသေးသည်။ ထိုသတင်းကတော့ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ သင်္ကေတ ငါးခုကို ပိုင်ဆိုင်ထားသည် ဟူ၍ပင်။

ထိုသတင်းက အများစု မျှော်လင့်ထားသလို လှုပ်လှုပ်ရှားရှား ဖြစ်မလာခဲ့ပါချေ။ သဘာဝ မကျစွာ တိတ်ဆိတ်၍ပင် လာခဲ့၏။ သို့သော်လည်း ထိုတိတ်ဆိတ်မှုက တစ်စုံတစ်ခုကို ပြောပြနေကြောင်း အားလုံး သိကြပေသည်။

...

အကြွင်းမဲ့ စည်းစိမ်နယ်မြေ၊ မဟာမြင်းဘုံ၌...

မာ့ျကန်းနှင့် ရွှယ်ရီဖေးတို့မှာ အတူတကွ ထိုင်နေကြ၏။ ရွှယ်ရီဖေး၏ မျက်နှာက အလိုမကျဟန်နှင့် အနည်းငယ် မှုန်ကုပ်ကုပ် ဖြစ်နေစဥ်တွင် မာ့ကျန်းကတော့ အနားယူဟန်ဖြင့် မျက်လုံးများကို မှိတ်ထားခဲ့သည်။တစ်ခဏ ကြာပြီးနောက် မာ့ကျန်း၏ လက်စွပ်က လင်းလက်လာကာ စာတစ်စောင် ဝင်လာခဲ့၏။

မာ့ကျန်းက မျက်လုံးများကို ဖွင့်ကာ ထိုစာကို ကြည့်လိုက်သည်။ တစ်ခဏ ကြာပြီးနောက် သူ့ မျက်မှောင်က အနည်းငယ် ကြုတ်သွားခဲ့၏။

“ဘာတဲ့လဲ...”

ရွှယ်ရီဖေးက မာ့ကျန်း ဖွင့်ပြောသည် အထိ မစောင့်နိုင်ပဲ မေးလိုက်သည်။ မာ့ကျန်းက ပင့်သက် တစ်ချက် ရှိုက်လိုက်၏။

“မြေကြီး ရှန့်ထို တစ်ယောက် သက်တံ့တံတားနဲ့ ရောက်လာတယ်... ပြီးတော့ ထန်မျိုးနွယ်ရဲ့ သင်္ဘောတွေကို ဖျက်ဆီးပြီး သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်ကို သတ်လိုက်တယ်... နောက် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကနေ ထွက်သွားတယ်... ထန်မျိုးနွယ်က သေမျိုးတစ်ပိုင်း အရှင် သုံးယောက်ကို ဆုံးရှုံးလိုက်ရတယ်... တစ်ယောက်ကို မြေကြီးရှန့်ထိုက သတ်ပြီး နောက်နှစ်ယောက်ကိုကျ မီးဖီးနစ်က သတ်တာ”

မာ့ကျန်းက သူ ကြားရသမျှကို ရှင်းပြလိုက်တော့၏။

***

All Chapters