← Chapters

မေ့နေသော မှတ်ဉာဏ်

Vol. 58 Ch. 806

မေ့နေသော မှတ်ဉာဏ်

Vol. 58 Ch. 806

"မီးဖီးနစ်...”

ရွှယ်ရီဖေး၏ မျက်လုံးများမှာ တောက်ပသွား၏။ မာ့ကျန်းက ခေါင်းညိတ်လိုက်သည်။

“နောက်ပြီး သူတို့က မြေကြီး ရှန့်ထိုနဲ့ အတူ ပျောက်ကွယ်သွားတယ်... လက်ရှိ တည်နေရာကို မသိရဘူး”

လူအိုကြီး၏ အသံက အနည်းငယ် တုန်လှုပ်ခြင်းများနှင့် ပြည့်နှက်နေ၏။ အကယ်၍ ထိုအရာသာ အမှန် ဆိုပါက ဝေ့ဝူယင်မှာ ထာဝရ ဧကရာဇ်၏ မျိုးဆက် တကယ် ဖြစ်နေသည်လော။ ထို့အပြင် မြေကြီး ရှန့်ထိုမှာ အာကာသ ဝေဟင်ဂိုဏ်း၏ သက်တံ့တံတားကို အသုံးပြုခဲ့သေးသည်ဟု ဆိုသည်။ လွန်ခဲ့သည့် ခြောက်နှစ် အတွင်း ဝေ့ဝူယင်မှာ အာကာသ ဝေဟင်ဂိုဏ်းကို ရောက်ရှိနေသည်လော။

‘သူ့မှာ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်လည်း ရှိသေးတယ်...’

မာ့ကျန်း၏ အမူအရာက ပိုမို၍ သုန်မှုန်လာ၏။ လွန်ခဲ့သည့် နှစ်များ အတွင်း... ထာဝရ ကြယ်တာရာ နယ်မြေသားများထံမှ စုစည်း ရရှိလာသည့် အချက်အလက်များကို သူ ပြန်လည် စဥ်းစားကြည့်လိုက်၏။ သို့သော်လည်း ဝေ့ဝူယင်၏ နောက်ခံနှင့် ပတ်သက်၍ မည်သည့် ထူးခြားချက်ကိုမှ သူ မတွေ့ပါချေ။

အကယ်၍ ထိုလူငယ်လေးသာ အာကာသ ဝေဟင်ဂိုဏ်းက ဆိုပါက ထန်ကလန်ကို ထိုကဲ့သို့ တိုက်ခိုက်လိမ့်မည် မဟုတ်ပါချေ။ မည်သို့ပင် ဆိုစေ... တန်ခိုးရှင် အဆင့် ဂိုဏ်းကြီးများ အကြားတွင် လျှို့ဝှက် ကျိန်စာများ ရှိနေသည် မဟုတ်ပါလား။

ဝေ့ဝူယင်၏ ဇစ်မြစ်က အလွန်ပင် လျှို့ဝှက် ဆန်းကြယ် လှသည်။ သူ၏ အခြေခံ၊ ပါရမီ၊ ကျင့်ကြံခြင်း အုတ်မြစ် အားလုံးက သူ့အသက်အရွယ်နှင့် ယှဥ်လျှင် အထင်ကြီးစရာ ကောင်းလွန်းလှသည်။ ထို့အပြင်... သူက အသက်ငါးဆယ် မပြည့်သေးခင်မှာပင် မဟာ သေမျိုး အဂ္ဂိရတ် အာဏာရှင် တစ်ယောက်လည်း ဖြစ်နေပြန်သေးသည်။

“သူက အဲဒီလူကြီးရဲ့ မျိုးဆက် ဖြစ်နိုင်ချေရှိတယ်... ဒါပေမဲ့ သေချာ ပြန်စဥ်းစားတော့လည်း မဟုတ်ပြန်ဘူး... အာကာသ ဝေဟင်ဂိုဏ်းကရော သူနဲ့ ဘာပတ်သက် နေတာလဲ...”

မာ့ကျန်းမှာ အဖြေတစ်ခုခု ပေးလို ပေးနိုင်ငြား ရွှယ်ရီဖေးကို ကြည့်လိုက်၏။ အကယ်၍ မဟာမြင်း လောကဘုံတွင် ဝေ့ဝူယင် အကြောင်း သိသည့် တစ်စုံတစ်‌ယောက် ရှိသည် ဆိုလျှင်... သူ့ ကိုယ်လုပ်တော်မှ တစ်ပါး အခြား မည်သူမှ မဖြစ်နိုင်ချေ။

ရွှယ်ရီဖေးကတော့ အတွေးများ အတွင်း ပျောက်ဆုံးနေဟန် ရလေ၏။

“သူ ဘယ်ကို ရောက်နေတာလဲ...”

နွေးထွေးစွာ ပြုံးနေသည့် လူငယ်လေး၏ ပုံရိပ်က သူမ အာရုံ အတွင်း ဝင်ရောက် လာခဲ့၏။ မိန်းကလေးမှာ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ စိုးရိမ်ပူပန် လာခဲ့တော့သည်။

...

သတင်းများ ပျံ့နှံ့နေစဥ်တွင် ဝေ့ဝူယင်နှင့် ပိုင်လင်တို့ကတော့ ကိုယ်ပျောက်ကြီး ပေါ်ရှိ အလုံပိတ် အခန်း တစ်ခုထဲတွင် ရှိနေခဲ့ကြသည်။ သူတို့က ဒဏ်ရာ ပြန်လည် ကုသရေးနှင့် စွမ်းအား ပြန်လည် ဖြည့်တင်းရေးတို့ကို အပြည့်အဝပင် အာရုံစိုက် နေခဲ့ကြ၏။ တစ်နာရီခန့် ကြာပြီးနောက်၌ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က တဆတ်ဆတ် လှုပ်ခါသွားသည်။ ထိုဖြစ်ရပ်မှာ စက္ကန့် အနည်းငယ် ကြသည် အထိ ဆက်တိုက် ဖြစ်ပွား နေခဲ့၏။ ဝေ့ဝူယင် ဖြည်းညင်းစွာပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ကံမကောင်းစွာပင် မျက်လုံးကို ဖွင့်လိုက်သည်နှင့် ဝိညာဥ် အလင်းများက လှိုင်းများလို အခန်းအတွင်း ပြည့်လျှံ သွားသည်။ နက်ရှိုင်း တုန်ရီနေသည့် အသံ တစ်ခုမှာ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာ၏။ အသက်ကို ခပ်ပြင်းပြင်း ရှူရင်း ဝေ့ဝူယင် မျက်လုံးများကို ပြန်ပိတ် လိုက်သည်။ ဝိညာဥ်အလင်းများမှာ တစ်ခဏကြာမျှ တည်တံ့ပြီးနောက် ပြန်လည် ပျောက်ကွယ်သွား၏။

ဝေ့ဝူယင် လျှာကို ကိုက်လိုက်မိသည်။

“ဘယ်လောက်တောင် စိတ်ပျက်စရာ ကောင်းလိုက်လဲကွာ... ကြည့်ရတာ ငါ အဖြေတစ်ခု ရှာသင့်ပြီ... မဟုတ်ရင် ကောင်းကင်ဘုံ နတ်မျက်လုံးကို လုံးဝ သုံးလို့ မရပဲ ဖြစ်သွားလိမ့်မယ်”

ပိုင်လင်က မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရွှေရောင် မီးတောက်များမှာ သူမ မျက်လုံးထဲတွင် တောက်ပ နေ၏။ အထူးသဖြင့်.... သွေးအမတေ လောင်ကြွမ်းခဲ့ပြီးနောက်တွင် သူမမှာ ပြန်လည် ကောင်းမွန်ရန် အတွက် ဝေ့ဝူယင်ထက် အချိန် ပိုလိုခဲ့ပေသည်။

“သခင့်မှာ ဘာအစီအစဥ် ရှိလဲ...”

ပိုင်လင်က မေးလိုက်၏။ ဝေ့ဝူယင် မည်သည့် ပြဿနာနှင့် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သူမ သိပေသည်။ သိ့သော်လည်း... ၎င်းက သူမ အကျွမ်းဝင်ရာ နယ်ပယ် မဟုတ်ပါချေ။

“မသိတော့ပါဘူးကွာ... အနန္တ ဧကရာဇ်ဂိုဏ်းကလည်း ထန်ဂူကြောင့် ပျက်စီးသွားပြီ... ငါတို့ဆီမှာ ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ် နောက်ထပ် အဆင့်တွေနဲ့ ပတ်သက်တဲ့ ဘာအရိပ်အမြွက်မှ မကျန်တော့ဘူး... ထို့ပိဟန် ပြောပုံ အရဆို အဲဒီ အစီအရင်ကို ကျင့်ကြံဖူးတာ ငါ့အပြင် ထာဝရ ဧကရာဇ် တစ်ယောက်ပဲ ရှိတယ် တဲ့... ခုနေ ငါတို့သာ အဇူရာ မူလ ကြယ်စင်စုမှာဆို ငါတို့ သူ့ကို သွားရှာလို့ ရမှာ... ဒါပေမဲ့ ငါ့ရဲ့ လက်ရှိ စွမ်းအားကလည်း အဲဒီကို သွားဖို့ ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ဖန်တီးဖို့တောင် မလုံလောက်ဘူး...”

ဝေ့ဝူယင် စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်မိ၏။ အကယ်၍ အဖြေတစ်ခုသာ ရှာမတွေ့ပါက အဂ္ဂိရတ် ထုတ်ကုန်များ မရှိပဲ ကျင့်ကြံခြင်းကား အလွန်ပင် ခက်ခဲ ပေလိမ့်မည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက အထွတ်အထိပ်ကို ရောက်လုနေပြီ ဖြစ်သည်။ အသေးအမွှား တိုးတက်မှုလေး တစ်ခု ရရှိဖို့ပြင် စွမ်းအင် ပမာဏ အမြောက်အများကို လိုအပ်ပေသည်။

“အဲဒီ ဖားအိုကြီးရဲ့ စကားက မှန်ရော မှန်လို့လား... ကျင့်ကြံဖူးတဲ့ အခြား တစ်ယောက်ယောက်လည်း ရှိချင်ရှိမှာပေါ့”

ပိုင်လင်က အထွန့်တက်လိုက်၏။ ဝေ့ဝူယင်က မျက်မှောင်ကြုတ် လိုက်သည်။ ထိုအရာက အမှန်ဖြစ်ပါစေဟု သူ ဆုတောင်းမိသည်။ သို့သော်လည်း... ထာဝရ ကြယ်တာရာ နယ်မြေတွင်တော့ ဆွေးမြေ့နေသည့် ထိုနည်းလမ်းအား ကျင့်ကြံခဲ့သူ အခြား တစ်ယောက် မရှိတာ သေချာလှသည်။

‘နေဦး... ထာဝရ ကြယ်တာရာ နယ်မြေ’

ရုတ်တရက် မေ့လျော့နေသည့် မှတ်ဉာဏ် တစ်ခုမှာ ဝေ့ဝူယင် အတွေးများ အတွင်း ပေါ်လာခဲ့၏။

“အဲဒါ ဖြစ်နိုင်တယ်...”

ဧဒင်က သူ့ ထင်မြင်ချက်ကို ခပ်မြန်မြန်ပင် ပြောလိုက်သည်။

"ဟုတ်တယ်...”

...

အချိန်နာရီများက ဖြည်းဖြည်းရွေ့ရွေ့ပင် လှုပ်ရှားနေကာ နှစ်လတာ ဆိုသော အချိန်ကာလ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ ထိုအတောအတွင်း၌ မျှော်လင့် မထားသည့် တိုးတက်မှုများနှင့် အံ့အားသင့်ဖွယ်ရာ သတင်း အပိုင်းအစများမှာ ဆက်တိုက် ဆိုသလို ပျံ့လွင့် နေခဲ့သည်။ ထိုအထဲတွင် အကျော်ကြားဆုံးကတော့ ဝိညာဥ် မြှင့်တင်ခြင်း ခန်းမ၏ ထုတ်ပြန်မှုပင် ဖြစ်လေသည်။

ထန်မျိုးနွယ် ရှုံးနိမ့်ပြီး တစ်ပတ် အကြာ.. လူအများက စစ်ပွဲ ကဲ့သို့ မလိုလားအပ်သော ကံကြမ္မာ တစ်ခုကို မှန်းဆ နေချိန်တွင် ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ သူမ ဉာဏ်အလင်း အချို့ကို ရှာဖွေ တွေ့ရှိခဲ့၍ တံခါးပိတ်ကာ တရားကျင့်ကြံတော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

၎င်းက ကျင့်ကြံခြင်း လောကတွင် ဖြစ်မြဲ ဓမ္မတာ တစ်ခု ဖြစ်သည့်တိုင် ယခုလို အခြေအနေ အချိန်အခါမျိုးတွင်တော့ အနည်းငယ် သံသယ ဖြစ်စရာ ကောင်းလှသည်။ သို့သော်လည်း မြေကြီး ရှန့်ထို တစ်ယောက်က မည်ကဲ့သို့ မသမာမှုမျိုးကိုမှ မလုပ်ဟု အားလုံး လက်ခံ ယုံကြည်ခဲ့ကြပေသည်။

ဤသို့နှင့် နောက်ထပ် တစ်ပတ် ကြာမြင့်ပြီးနောက်တွင် ဝိညာဥ် ပေါက်ကွဲခြင်း ရှန့်ထိုနှင့် ဝိညာဥ် ဉာဏ်အလင်း ရှန့်ထိုတို့မှာ ဝိညာဥ် မြှင့်တင်ခြင်း ခန်းမသို့ သွားရောက် လည်ပတ်ခဲ့သည်။ ထိုအခါ အရာ အားလုံးက ဗဟာလင်းပြင်း ဖြစ်နေကာ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုရော၊ သူ့တပည့် သားမြေးများရော ပျောက်ဆုံးသွားသည်ကို ရှာဖွေ တွေ့ရှိခဲ့သည်။

နောက်ဆက်တွဲ သတင်း အချို့ ထွက်ပေါ်လာသော အခါတွင်တော့ အားလုံးမှာ ပိုမို၍ပင် အံ့အားသင့် ခဲ့ရတော့သည်။ ထိုအရာက နှစ်ပေါင်း ထောင်နှင့်ချီ စုဆောင်းထားသည့် ဝိညာဥ် မြှင့်တင်ခြင်း ခန်းမ၏ ရတနာသိုက် တစ်ခုလုံး ပျောက်ဆုံး သွားခဲ့ခြင်းပင်။

ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို ခန်းမ၏ ကြွယ်ဝ ချမ်းသာမှု အားလုံးကို ခိုးယူကာ လစ်သွားခဲ့ပြီ ဖြစ်သည်။

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ တုန့်ပြန်မှုက အံ့အားသင့်စရာ ကောင်းလောက်အောင် မြန်ဆန်ကာ ဆုံးဖြတ်ချက် ပြတ်သား လွန်းလှ၏။ သူတို့က ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို အကြောင်း သတင်း ပေးနိုင်သည့် မည်သူ မဆို ဆုလာဘ်များ ချီးမြှင့်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထို့အပြင်... ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုကို ဖုံးကွယ်ပေးထားသည့် မည်သည့် ကြယ်တာရာ နယ်မြေကို မဆို သူတို့ စစ်ခင်းမည် ဖြစ်သည်။

သူတို့၏ ထုတ်ပြန်မှုက ကြယ်ကွင်းပြင် တစ်ခုလုံးကို လှုပ်ခါသွားစေခဲ့ကာ သစ္စာဖောက် ဆိုသည့် စကားလုံးများက နေရာအနှံ့ တွင်ကျယ် လာခဲ့သည်။

နောက်ထပ် သတင်းအပိုင်းအစ တစ်ခုကား... ထန်းလန် ဧကရာဇ် သေဆုံး သွားခဲ့ခြင်းပင်။ သို့သော်လည်း သူသတင်းက ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို၏ သတင်းနှင့် ယှဥ်လျှင်တော့ မှေးမှိန်လှပေသည်။ လက်ရှိ၌ ထန်းလန် ကြယ်တာရာ နယ်မြေမှာ ပြည်တွင်း ပဋိပက္ခများ အတွင်း နလန် မထူနိုင်အောင် နစ်မြုပ် နေခဲ့ပြီ ဖြစ်သည်။ ဆယ်ရက်ခန့် အတောအတွင်းမှာပင် ကြယ်တာရာ အမြုတေ အဆင့် သောင်းနှင့်ချီ သေဆုံးကာ ဂြိုဟ်အချို့ပင် ပျက်စီးသွားခဲ့ပြီဟု သိရသည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးက ထိုပဋိပက္ခများအား ထန်းလန် ကြယ်တာရာ နယ်မြေ၏ ဒုတိယမြောက် မြေကြီး ရှန့်ထို မည်ကဲ့သို့ ကိုင်တွယ်မည်ကို စောင့်ကြည့် နေကြချိန်တွင် လောကချုပ်နှောင် ဧကရီကတော့ ပျောက်ချင်းမလှပင် ပျောက်နေခဲ့သည်။ မည်သူမှ သူမကို ခြေရာ မခံနိုင်သလို၊ သူမနှင့် ပတ်သက်သည့် မည်သည့် သတင်းအစနကိုမှလည်း မရရှိကြချေ။

ယင်းကဲ့သို့ ကြယ်ကွင်းပြင် ထွဋ်ခေါင် မြေကြီး ရှန့်ထိုများ၏ အဖြစ်အပျက်များက ထူးဆန်းကာ ခန့်မှန်းရ ခက်ခဲသည့် မြေအောက် ရေစီးကြောင်းများ သဖွယ် ပျံ့နှံ့နေကာ မရေမတွက်နိုင်သည့် လူများအား စိတ်မသက်မသာ ဖြစ်စေခဲ့လေသည်။

...

“ကပ္ပတိန်...”

ငယ်ရွယ် ချောမောသည့် မိန်းကလေး တစ်ယောက်မှာ အခန်း အတွင်းသို့ ဝင်ရောက် လာခဲ့၏။ သူမက ကိုယ်ပျောက်ကြီးထက်၌ ဝေ့ဝူယင် ကိုယ်တိုင် လက်ထောက် အဖြစ် ခန့်အပ်ထားသည့် ရှောင်ရီပင် ဖြစ်လေသည်။

မိန်းကလေး၏ အော်ရာက ကြယ်တာရာ အမြုတေ အဆင့်ခြောက် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ ယခင်ကထက် အဆပေါင်းများစွာ ပိုမို အားကောင်း လာနေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ် အတွင်း မသန့်စင်မှု အငွေ့အသက်များ ကင်းမဲ့နေကာ ရုပ်ပိုင်းဆိုင်ရာ များစွာ ဖွံ့ဖြိုး တိုးတက်လာကြောင်း ထင်ရှားလှသည်။ ဝေ့ဝူယင်၏ လက်ထောက် တစ်ယောက် ဖြစ်လာပြီး နောက်တွင် သူမမှာ ကျင့်ကြံခြင်းနှင့် ပတ်သက်သည့် ရင်းမြစ်များကို များစွာ ရရှိခဲ့ပေသည်။

မကြာခင် မှာပင် မိန်းကလေးက လွန်ခဲ့သည့် နှစ်လ အတွင်း ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာ၊ သတင်း အပိုင်းအစများကို ဝေ့ဝူယင်အား စတင်ကာ အစီရင်ခံလိုက်တော့၏ ဝေ့ဝူယင်က တိတ်တဆိတ်ပင် မျက်လုံးများကို မှိတ်ရင်း နားထောင် နေခဲ့လေသည်။

***

All Chapters