← Chapters

ထွက်ခွာခြင်း

Vol. 58 Ch. 807

ထွက်ခွာခြင်း

Vol. 58 Ch. 807

‘ဆိုတော့ကာ ထန်းလန် ဧကရာဇ်နဲ့ လောကချုပ်နှောင်ဧကရီတို့က အစစ်အမှန် မွေးဖွးခြင်းကပေါ့... ကျန့်ကျန့် သတ်လိုက်တဲ့လူက ထန်းလန် ဧကရာဇ်ပဲ နေမယ်... ဒဏ်ရာရပြီး ထွက်ပြေးသွားတဲ့ တစ်ယောက်က လောကချုပ်နှောင် ဧကရီပဲ နေမယ်... ကျန့်ကျန့် ပြောပုံ အရဆို သူက ကျင့်ကြံခြင်း အခြေခံ ပျက်စီးလုနီးနီး အထိ ဖြစ်သွားခဲ့တာတဲ့... ပြင်ပ အကူအညီ မပါရင် ပြန်ကုသဖို့ ရာစုနှစ်ဝက်လောက် အချိန်ယူ ရမှာ...’

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်ကာ တွေးတော နေခဲ့၏။ ထို့အပြင် ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုခန်းမမှ ရတနာ အားလုံးကို ယူဆောင်ကာ ပျောက်ကွယ် သွားခဲ့သည်ဟု ဆိုသည်။

ထိုသတင်းကို ကြားပြီးနောက်... ဝေ့ဝူယင်စိတ်ထဲ ပထမဆုံး ဝင်လာသည့် အတွေးက ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုမှာ အစစ်အမှန် မွေးဖွားခြင်း၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ကောင်း ဖြစ်နေနိုင်သည် ဆိုခြင်းပင်။ ထိုအချက်ကြောင့်ပင် ဝိညာဥ်မြှင့်တင်ခြင်း နယ်မြေ အတွင်း၌ အစစ်အမှန် မွေးဖွားခြင်းက လွတ်လွတ်လပ်လပ် လှုပ်ရှား နေခြင်း ဖြစ်နိုင်သည်။ သို့သော်... သေချာ တွေးပြန်တော့လည်း မမှန်သလို ခံစားရသည်။ အရေးကြီးသည့် အချက်အလက် အချို့ လွဲချော်နေသည်ကတော့ သေချာလှသည်။

မိနစ် အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် ဝေ့ဝူယင်က ခေါင်းကို မော့ကာ ရှောင်ရီကို ကြည့်လိုက်၏။

“ဒါနဲ့ ရှောင်ရီ... တို့ သင်္ဘောသားတွေရဲ့ ကျင့်ကြံခြင်းကရော ဘယ်လိုလဲ...”

ရှောင်ရီ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားကာ ကိုယ်ပျောက်ကြီးပေါ်ရှိ အပြောင်းအလဲများကို စတင်ကာ ရှင်းပြလိုက်လေတော့သည်။ ဝေ့ဝူယင် ထွက်ခွာသွားပြီးနောက် ရှစ်လ အတွင်း ကြယ်တာရာ အမြုတေ အဆင့် သုံးသောင်း နှစ်ထောင် မွေးဖွားလာခဲ့သည်။ ထိုအပြောင်းအလဲ၌ ဝေ့ဝူယင် ထောက်ပံ့ပေးခဲ့သည့် အဂ္ဂိရတ် ထုတ်ကုန်များက အလွန် အရေးပါခဲ့ပေသည်။

ထို့အပြင် ဟင်းလင်းပြင် ပဲ့တင်သံ အဆင့် သုံးယောက် အသစ် မွေးဖွားခဲ့သည်။ သူတို့ထဲမှ နှစ်ယောက်က ပဲ့တင်သံလှိုင်း ခုနစ်ခုစီကို ပိုင်ဆိုင်ထားကာ နောက်တစ်ယောက်ကတော့ ရှစ်ခုမြောက် အထိ အောင်မြင်နိုင်ခဲ့သည်။ ထိုအရာက ကိုယ်ပျောက်ကြီးထက်ရှိ လူအားလုံးကို ပျော်ရွှင်စေခဲ့ကာ ပျော်ပွဲ ရွှင်ပွဲများကိုပင် ကျင်းပခဲ့ကြသည်။

မည်သို့ပင် ဆိုစေ... ကိုယ်ပျောက်ကြီးထက်ရှိ ပျမ်းမျှ ကျင့်ကြံသူ တစ်ယောက်မှာ အာကာသ ပဲ့တင်သံလှိုင်း ငါးခုကိုသာ ပိုင်ဆိုင်နိုင်ပေသည်။ ကျဆင်းနေသည့် ထာဝရ ကြယ်တာရာ နယ်မြေတွင် ဆိုလျှင်... အာကာသ ပဲ့တင်သံလှိုင်း ခြောက်ခုမှာ အမြင့်ဆုံး အကန့်အသတ် ဖြစ်နေပေသည်။

ဝေ့ဝူယင်မှာ သင်္ဘောသား တစ်ယောက်ချင်းစီတိုင်း၏ နာမည်များနှင့် တိုးတက်မှုများ အပါအဝင် အသေးစိတ် အချက်အလက်များကို မျက်မှောင်ကြုတ်ရင်း နားထောင် နေခဲ့၏။ ကျင့်ကြံခြင်းက ခက်ခဲသည်။ အချိန်တို အတွင်း ထိုကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှု ပင်လျှင် အလွန် အံ့အားသင့်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။

အားလုံးကို နားထောင်ပြီးနောက် ဝေ့ဝူယင်က ရှောင်ရီကို အဆင့် ခုနစ် အဂ္ဂိရတ် ထုတ်ကုန် တစ်ခုဖြင့် ချီးမြှင့်ပေးခဲ့သည်။ ထိုအရာက အလုပ်ကြိုးစားခြင်း အတွက် ဆုလာဒ်လည်း ဖြစ်ပေသည်။ သူမက ဝေ့ဝူယင်ကို ကျေးဇူးတင်စကား ပြောကာ ထွက်ခွာ သွားခဲ့သည်။ အခန်း အပြင်ဘက်သို့ အရောက်၌ သူမ မျက်လုံးများထဲ၌ စိတ်ပျက်သည့် အရိပ်အယောင်များ ပေါ်ထွက်လာခဲ့သည်။ ဝေ့ဝူယင်က သူမ အလှအပအား လုံးဝ စိတ်မဝင်စားသည့် ပုံပင်။

ဝေ့ဝူယင်ကတော့ ရှောင်ရီ၏ အတွေးများကို မသိသလို စိတ်လည်း မဝင်စားပါချေ။ သူ၏ စိတ်က ပိုမို အရေးကြီးသည့် ကိစ္စများ အပေါ်တွင်သာ အာရုံစိုက် နေခဲ့၏။ တွက်ချက်မှု အချို့ ပြုလုပ်ပြီးနောက် သူ သက်ပြင်း တစ်ချက် ချလိုက်မိသည်။

အလင်းပြာဂြိုဟ်ထက်၌ ဆက်စပ်မှု စစ်အလံ၏ တစ်ရာခိုင်နှုန်းကို သန့်စင်ရန် သူ များစွာသော မူလ ဝိညာဥ် အလင်းများကို အသုံးပြုခဲ့ရသည်။ ထိုစဥ်အခါက... မူလ ဝိညာဥ်အလင်းများကို ပြန်လည် သိုလှောင်ရန် အလွန်တရာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း သူ တွေးပင် မတွေးခဲ့ဖူးချေ။ ထိုကဲ့သို့ ထုတ်ကုန်များကိုလည်း သူ တစ်ခါမှ မတွေ့ဖူးချေ။

လက်ရှိ အခြေအနေ၌ မူလ ဝိညာဥ် အလင်းကို ပြန်လည် သိုလှောင်ရန် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာက အလင်းစွမ်းအင်များကို သန့်စင်ရန် သာ ဖြစ်ပေသည်။ ထိုအရာက အလွန် ရှုပ်ထွေးကာ အချိန် ကြာမြင့်မည့် ဖြစ်စဥ် တစ်ခု ဖြစ်ပေသည်။

ထို့အပြင် ကျန့်ကျန့်မှာလည်း မြေကြီးရှန့်ထို သုံးယောက်နှင့် တိုက်ပွဲ၌ ဝိညာဥ်စွမ်းအားကို အသုံးပြုမိထားလေရာ ၎င်းတို့ကို ပြန်လည် ဖြည့်တင်းဖို့ အချိန်များစွာ လိုအပ်လိမ့်မည် ဖြစ်သည်။ မအောင်မြင် မချင်း သူ့ကို နောက်တစ်ကြိမ် ဆင့်ခေါ်နိုင်လိမ့်ဦးမည် မဟုတ်ချေ။

ထိုဖြစ်စဥ်များအား လျှင်မြန်စွာ ပြီးမြောက်စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းက သက်ဆိုင်ရာ အဂ္ဂိရတ် ထုတ်ကုန်များကို ရရှိဖို့ ဖြစ်သည်။ သို့သော်လည်း... သူ့တွင် ဆေးညွှန်း မရှိချေ။

“ကြည့်ရတာ ငါ အဂ္ဂိရတ် အစည်းအရုံးကို တစ်ခါလောက်တော့ သွားရမယ် ထင်တယ်”

ဝေ့ဝူယင် တွေးလိုက်မိ၏။ ဝူယု၏ စကားအရဆိုလျှင်... မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အဂ္ဂိရတ် ဖော်စပ်နည်း အများစုမှာ အဂ္ဂိရတ် အစည်းအရုံးထဲတွင် ရှိသည်ဟု ဆိုသည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်မှာ ထာဝရ ကြယ်တာရာ နယ်မြေနှင့် လုံးဝ ခြားနားသည့် နေရာတစ်ခု ဖြစ်သည်။ ထာဝရ ကြယ်တရာ နယ်မြေတွင် ဆိုလျှင် မည်သူမှ အဂ္ဂိရတ် ဖော်စပ်နည်းများကို ကန့်သတ်ထားခြင်း မရှိချေ။ ထာဝရ ဧကရာဇ်၏ အမွေအနှစ်များ ပင်လျှင် ဂိုဏ်းပေါင်းစုံ နေရာပေါင်းစုံ၌ ပြန့်ကျဲ နေပေသည်။

သို့သော်လည်း မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင်တော့ ထာဝရ ဧကရာဇ်၏ အမွေအနှစ်များ၊ အဂ္ဂိရတ် ထုတ်ကုန်များနှင့် အမျိုးမျိုးသော ဆေးညွှန်းများကို ထာဝရ အစည်းအရုံးတွင်သာ သိမ်းဆည်းထားသည်။ တစ်ခုတည်းသော ချွင်းချက်က ထာဝရ ဧကရာဇ်၏ တပည့် အဖြစ် နာမည် ကျော်ကြားနေသည့် မိုးကုပ်စက်ဝိုင်း အဂ္ဂိရတ် ရှန့်ထို ဖြစ်သည်။ အများပြည်သူထံ ပျံ့နှံ့နေသည့် ထာဝရ ဧကရာဇ်၏ ဆေးဖော်စပ်နည်း အမွေအနှစ် အချို့ ရှိသည့်တိုင် ထိုအထဲ၌ အဂ္ဂိရတ် ကြယ်တာရာများ အကြောင်းပင် မပါဝင်ချေ။

ဝေ့ဝူယင် တိတ်တဆိတ်ပင် သူလုပ်ရမည့် အစီအစဥ်များကို တွက်ချက်ကာ လမ်းကြောင်း တစ်ခုကို ချမှတ် ပြီးစီး သွား၏။

...

နာရီ အနည်းငယ် ကြာမြင့်ပြီးနောက်...

မီးခိုးရောင် အစင်းကြားများ ခြယ်သထားသည့် အဖြူရောင် ဟင်းလင်းပြင် သင်္ဘောတစ်စင်းမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အဆုံးနားသို့ ရောက်လာခဲ့၏။ ထိုအရာက ဝေ့ဝူယင်နှင့် ပိုင်လင်တို့ အတွက် ရှောင်ရီ စီစဥ် ပေးထားသည့် ဟင်းလင်းပြင် သင်္ဘောပင် ဖြစ်သည်။ ၎င်းက ပျံသန်းမှုကို ဦးစားပေး၍ ပြုလုပ်ထားရာ ပျမ်းမျှ ကြယ်တာရာ သခင်များထက် ပိုမို၍ လျှင်မြန်ပေသည်။

ကြယ်တာရာ နယ်မြေ နယ်နိမိတ်ကို ကျော်လွန်ပြီးသော အခိုက်၌ သင်္ဘော၏အရှေ့တွင် ဟင်းလင်းပြင် ပေါ်တယ် တစ်ခု ပေါ်လာခဲ့၏။ သူတို့က အလွန် လျှင်မြန်‌သော အရှိန်ဖြင့် ဖြတ်သန်း ဝင်ရောက်သွားကာ ပေါ်တယ်မှာလည်း ချက်ချင်းပင် ပြန်လည် ပိတ်သွားခဲ့တော့သည်။

ဝေ့ဝူယင်တို့ ထွက်ခွာသွားပြီး တစ်ခဏ အကြာ၌... ပုံရိပ် တစ်ခုမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ နယ်နိမိတ်မျဥ်း ပေါ်တွင် ပေါ်လာခဲ့သည်။ ၎င်းက အစစ်အမှန် မွေးဖွားခြင်းနှင့် ဗိုလ်ချုပ်ကြီး ကျန့်ကျန့်တို့၏ တိုက်ပွဲကို လျှို့ဝှက်စွာ လေ့လာနေခဲ့သည့် နှစ်ယောက်ထဲမှ ဇာပုဝါကာ အမျိုးသမီးပင်။

“...”

မိန်းကလေးမှာ တိတ်ဆိတ် ငြိမ်သက်နေ၏။ တစ်ခဏ ကြာပြီးနောက် သူမက တစ်စုံတစ်ရာကို တီးတိုး ရေရွတ်ကာ လည်ပင်းရှိ လခြမ်း သဏ္ဌာန် ဆွဲကြိုးလေးကို ညင်သာစွာ ထိလိုက်လေသည်။

...

အဆုံးမဲ့ အမှောင် ဟင်းလင်းပြင်ထဲ၌ အလွန် ကြီးမားသော စက်ဝိုင်း သဏ္ဌာန် ပုံရိပ်ကြီး တစ်ခုမှာ တိတ်တဆိတ် မြောပါနေ၏။ ၎င်း၏ အထက်တွင်တော့ အသက်လတ် အရွယ် လူကြီး တစ်ယောက် ရှိနေခဲ့သည်။

သူ၏ ဓားသွားကဲ့သို့ ဖြောင့်စင်းသည့် မျက်ခုံးများကို ပိုင်ဆိုင်ထား၏။ သူ၏ မျက်လုံးများကတော့ နက်မှောင် နေကာ နှိုင်းယှဥ်၍ မရနိုင်သည့် ဖိအားများကို သယ်ဆောင် ထားသည်။ ဖြောင့်စင်းသည့် နှာတံ၊ ပိရိသေသပ်သည့် နှုတ်ခမ်း၊ ခပ်ပါးပါး နှုတ်ခမ်းမွေးတို့နှင့် အတူ ထိုလူလတ်ပိုင်းမှာ မိန်းကလေးတိုင်း၏ နှလုံးသားကို သိမ်းပိုက်နိုင်သည့် ရုပ်ရည် ပိုင်ရှင်မျိုး ဖြစ်သည်။

သူကတော့ အနန္တ ဧကရာဇ်ဂိုဏ်း၏ တည်ထောင်သူ တစ်ဖြစ်လည်း မဟာ ဧကရာဇ် ဝူယုပင် ဖြစ်လေသည်။ ဝူယုမှာ ဝေ့ဝူယင်၏ ညွှန်ကြားမှုနှင့် အတူ လပေါင်းများစွာ ကြာအောင် လျှို့ဝှက် တာရာ မိုင်းတွင်းတွင် ကာကွယ်သူ အဖြစ် စောင့်ဆိုင်း နေခဲ့သည်။ အစောပိုင်း လများက ဝိညာဥ် ငလျင်ကြောင့် သူ မိုင်းတွင်းကို တစ်ကြိမ် ရွှေ့ပြောင်းခဲ့ရသေးသော်လည်း ထိုနောက်ပိုင်းတွင်တော့ မည်သည့် ပြဿနာ ကြီးကြီးမားမားကိုမှ မကြုံရတော့ချေ။

လျှို့ဝှက် တာရာ မိုင်းတွင်း၏ ဓမ္မ ကာကွယ်သူ အဖြစ် ဆောင်ရွက်နေခဲ့သည့် တစ်လျှောက်လုံး၌ ဝူယုမှာ အလကားနေနေခဲ့သည်တော့ မဟုတ်ချေ။ အချိန်ရလျှင် ရသလို ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။

လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံခြင်းမှာ သာမန် သေမျိုးအဆင့်များနှင့် မတူချေ။ အထူးသဖြင့် အဆင့်နိမ့် အဆင့်များတွင် ဖြစ်ပေသည်။ ၎င်းက လျှို့ဝှက် ရည်ရွယ်ချက်ကို နားလည်အောင် အာရုံစိုက်ရကာ လျှို့ဝှက် သင်္ကေတများ ဖွဲ့စည်းရေးကို အလေးပေးရသည်။ ထို့အပြင်... ကပ်ဘေးများကို ရဲရင့်စွာ ကျော်လွှားရသည်။

ထာဝရ ပြန်လည် မွေးဖွားခြင်း ဆေးလုံးကို သောက်ပြီး နောက်တွင် သူ၏ ကျင့်ကြံခြင်း အခြေခံက များစွာ တိုးတက် လာခဲ့ကာ လျှို့ဝှက် စွမ်းအင်များနှင့် ဆက်သွယ်မှု ပိုမို အားကောင်းလာခဲ့သည်။ ပြောရလျှင်... တတိယ ကပ်ဘေးကို နောက်တစ်ကြိမ် ကျော်လွှားရန် သူ့တွင် ယုံကြည်ချက် ရှိနေခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း တစ်ခါ သင်ခန်းစာ ရပြီး နောက်တွင်တော့ ဝူယု အစောတလျင် လုပ်မည် မဟုတ်ပါချေ။ သေချာသည့် အခြေအနေ အချိန်အခါ တစ်ခု အထိ သူ စောင့်ဆိုင်းမည် ဖြစ်သည်။

“ဟမ်...”

ရုတ်တရက် သူ့ မျက်လုံးများက ဝိညာဥ် အလင်းများဖြင့် တောက်ပသွားကာ အနည်းငယ် ကျဥ်းမြောင်း သွား၏။ ထို့နောက် အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့်လိုက်သည်။ သူ ကြည့်နေစဥ်မှာပင် အမှောင် ဟင်းလင်းပြင်ထဲ၌ အပေါက် တစ်ခု ပေါ်လာကာ လျှင်မြန်စွာ ကျယ်ပြန့်လာ၏။

“ဟင်းလင်းပြင် ပေါ်တယ်...”

မည်သည့် အရာများ ဖြစ်ပျက်နေကြောင်း သူ သဘောပေါက် သွား၏။ စက္ကန့်ပိုင်း အတွင်းမှာပင် အဖြူရောင် ဟင်းလင်းပြင် သင်္ဘော အသေးတစ်စင်းမှာ ထိုအပေါက်မှ ထွက်ကာ အပြင်သို့ ရောက်ရှိလာ၏။ ဝူယု ထိုင်ရာမှ ထရပ်ကာ သတိအနေအထားဖြင့် စောင့်နေလိုက်သည်။

ဝှစ်...

ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ သင်္ဘောထဲမှ ထွက်လာကြ၏။ ဝေ့ဝူယင်က အမှောင် ဟင်းလင်းပြင် အတွင်း ရှင်သန်နိုင်ရန် အစစ်အမှန် နဂါးအသွင်ကို ပြောင်းလဲလိုက်သည်။ ထို့နောက် သူက ဟင်းလင်းပြင် သင်္ဘောကို သိမ်းဆည်းကာ စက်ဝန်းပေါ်သို့ ဆင်းသက်လိုက်၏။

“သခင်လေး...”

ဝူယုက နှုတ်ဆက်လိုက်သည်။ ၎င်းက သူ့စိတ်အတွင်း ကျပန်း ပေါ်လာသည့် အသုံးအနှုန်း တစ်ခုပင် ဖြစ်ကာ ဝေ့ဝူယင်နှင့်လည်း လိုက်မည်ထင်၍ ထိုကဲ့သို့ သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ဝေ့ဝူယင်က အသာအယာပင် ခေါင်းညိတ် ပြလိုက်သည်။

“သခင်လေးရဲ့ မျက်လုံးတွေ..”

ဝူယုက ဝေ့ဝူယင်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်၏။ ဝေ့ဝူယင်နှင့် စတွေ့ကတည်းက သူ သတိအထားမိဆုံး အရာက ငွေရောင် မျက်လုံးများပင် ဖြစ်လေသည်။

ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးလိုက်၏။

“ကျုပ်ရဲ့ မျက်လုံး ကျင့်စဥ်က အတားအဆီး တစ်ချို့နဲ့ ကြုံနေရတယ်ဗျ”

ထို့နောက် သူက တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် မေးလိုက်၏။

“ဒါနဲ့ ခင်ဗျား ကောင်းကင်ဘုံ နတ်မျက်လုံး ကျင့်စဥ်ကို သိလား”

ဝူယုမှာ ထာဝရ ဧကရာဇ်နှင့် ခေတ်တစ်ခုတည်း ဆင်းသက်လာသူ ဖြစ်သည်။ ထို့အပြင် ၎င်းကျင့်စဥ်ကို အနန္တ ဧကရာဇ်ဂိုဏ်း အတွင်းမှ သူ ရှာဖွေ တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ဝူယုမှာ အနန္တ ဧကရာဇ်ဂိုဏ်း တည်ထောင်သူ ဖြစ်လေရာ သိကောင်း သိနိုင်ပေသည်။

“ကောင်းကင်ဘုံ နတ်မျက်လုံးလား...”

ဝူယုက မျက်မှောင်ကြုတ်ကာ စဥ်းစားလိုက်၏။ သူက ထိုနာမည်နှင့် ပတ်သက်သည့် မှတ်ဉာဏ်များကို မွှေနှောက် ရှာဖွေနေဟန် ရသည်။ ကံဆိုးစွာပင် အဆုံးသတ်တွင်တော့ သူက ခေါင်းကိုသာ ခါလိုက်၏။

“အဲဒါက သခင်လေး ကျင့်တဲ့ မျက်လုံး ကျင့်စဥ်လား

***

All Chapters