← Chapters

အခန်း (၇၂၁)

Vol. 49 Ch. 721

အခန်း (၇၂၁)

Vol. 49 Ch. 721

ယန်ရှင်း၏ခန္ဓာကိုယ်ကတုန်ယင်နေသကဲ့သို့ သူ၏ကိုယ်အပေါ်ပိုင်းကမြေကြီးပေါ်မှ

ထလာသည်။

“ဝေါ့”

ရုတ်တရက် ယန်ရှင်း၏ ပါးစပ်မှ ပါးစပ်အပြည့်သွေး တစ်ပွက်အန်ထွက်လာ၏။

ယန်ရှင်းသူ၏အမွှေးတို့နှင့်လက်အား ဆန့်ထုတ်လိုက်ပြီး သူ၏ပါးစပ်ကိုဖုံးလိုက်သော်လည်း သွေးများကသူ၏လက်မှစီးထွက်နေဆဲဖြစ်ကာ သူရင်ရင်ဘက်ပေါ်သို့ကျဆင်းနေသည်။ သူ၏အဝတ်များကရုတ်ခြည်းနီရဲသွားသည်။

ယန်ရှင်းကတုန်ယင်နေသကဲ့သို့ သူ၏လက်အားပါးစပ်မှဖြည်းညှင်းစွာ

ဖယ်လိုက်သည်။ လက်ကိုသူ၏မျက်လုံးရှေ့တွင်ထားလိုက်၏။ သူ၏အမွှေးနက်များနှင့်လက်တွင် သွေးတို့စွန်းထင်းနေသည်။

ဤအရာအားလုံးကအစစ်အမှန်ဖြစ်သည်။ အားလုံးကတကယ်ကိုစစ်မှန်သည်ဖြစ်သည်။ ယန်ရှင်း၏ဒန်တန်ကပျက်စီးသွားသည်။ ရှောက်ယန်ဓားဂိုဏ်း၏ပါရမီရှင် ဖြစ်သူ ကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူယန်ရှင်း၏ဒန်တန်ကပျက်စီးသွား

ခဲ့ပြီဖြစ်သည်။ သူက အသုံးမကျသောလူတစ်ယောက်ဖြစ်လာသည်။

ဤအချိန်တွင် သူ၏ရှေ့ရှိမြင်ကွင်းက အိမ်မက်ဆိုးတစ်ခုဖြစ်ပါစေရန်ယန်ရှင်းမျှော်လင့်မိသည်။ အကယ်၍ဤအရာကသာ အိမ်မက်ဆိုးတစ်ခုဖြစ်လျှင် ဖြစ်နိုင်သမျှအမြန်ဆုံးနိုးထစေရန်ယန်ရှင်းမျှော်လင့်မိသည်။

သို့သော် ဤအရာအားလုံးကသူ၏မျက်လုံး

ရှေ့တွင်အရမ်းရှင်းလင်းနေ၏။ ဤသည်ကား…ဤသည်ကား အိမ်မက်တစ်ခုလုံးဝဟုတ်မနေချေ။ အားလုံးကအစစ်အမှန်ဖြစ်သည်။ ယင်းကယန်ရှင်းထံတွင်တကယ်

ဖြစ်ပျက်နေသည်။

“ဒါက လုံးဝအိမ်မက်ဟုတ်မနေဘူး”

“အကယ်၍ ငါသေရင်တောင်. ငါသူတို့ကိုအလွယ်တကူလွှတ်မပေးဘူး.. ငါသူတို့ကိုအလွယ်တကူလွှတ်မပေးနိုင်ဘူး. အကယ်၍ငါသေရင်တောင်.. ငါတစ္ဆေဖြစ်သွားရင်တောင်သူ

တို့ကိုအရှင်လတ်လတ်စားပစ်မယ်”

ယန်ရှင်းကနှလုံးသားထဲမှခက်ထန်စွာ

တွေးလိုက်သည်။ ရုတ်တရက်သူ၏ခေါင်းကိုမော့လိုက်၏။ ယန်ရှင်းကရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံး

တို့အားထပ်မံကြည့်လိုက်ချိန်တွင် ရုတ်တရက်ထပ်မံရူးသွပ်လာသည်။ သို့သော်ဤအကြိမ်တွင် ယန်ရှင်းက ရူးသွပ်စွာရယ်မောနေ၏။

“ဟားဟား..ဟားဟားဟားဟား..

ဟားဟားဟားဟား”

“အမ်.. ဒီကောင်တကယ်ရူးသွားတာလား.”

ယွဲ့ရှောက်ချုံးက ယန်ရှင်းအားကြည့်၍ ပြောလိုက်သည်။

ဤအချိန်တွင် ယန်ရှင်းက ဘာကြောင့်ရယ်နေမှန်းကိုယွဲ့ရှောက်ချုံး

မသိသော်လည်းရှစ်ဖုန့်ကတော့

သိသည်ဖြစ်သည်။

“ဟားဟားဟား. အားလုံးအတူတူသေကြရအောင်..အားလုံးအတူတူသေကြစို့.. ဘာပဲဖြစ်ဖြစ် ငါထပ်ပြီးအသက်မရှင်ချင်တော့ဘူး. အားလုံးအတူတူသေကြတာပေါ့”

ယန်ရှင်းကဆက်လက်ရူးသွပ်စွာ

ရယ်မောနေသည်။သို့သော်သူ၏ရယ်မောမှုက အရမ်းကိုပြင်းထန်သောကြောင့်

နောက်ထပ်ပါးစပ်အပြည့်သွေးတစ်ပွက်ကိုအန်ထုတ်လိုက်ရသည်။

သို့သော်ယန်ရှင်းမှာ ယင်းကိုခံစားရပုံမပေါ်ချေ။ သွေးအန်ပြီးနောက်သူက

ဆက်လက်ရူးသွပ်စွာရယ်မောနေသည်။

ယန်ရှင်း၏ စားတို့အားကြားရပြီ ယန်ရှင်း၏ ရူးသွပ်စွာရယ်မောမှုအားကြည့်၍ ယွဲ့ရှောက်ချုံးက အထင်သေးမှုအပြည့်ဖြင့်ပြောလိုက်သည်။

“ သေဖို့လား.. မင်းလို အသုံးမကျတဲ့ကောင်ပဲသေမှာ”

“ဟားဟား.. ဟားဟားဟား”

ယန်ရှင်းက ဆက်လက်ရယ်မောနေသည်။

ဤအချိန်တွင် ယွဲ့ရှောက်ချုံးက ယန်ရှင်း၏မျက်လုံးအတွင်းသို့ကြည့်ရင်း ရုတ်ခြည်း တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။ ယန်ရှင်းကသူ့အားကြည့်နေပြီးနောက် သူ၏ခေါင်းထက်သို့ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ငါ့ရဲ့ခေါင်းထက်မှာလား”

ယွဲ့ရှောက်ချုံးကတွေးရင်း သူ၏ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်သည်။

ခေါင်းအားမော့လိုက်သကဲ့သို့ သူ၏မျက်နှာကလည်းရုတ်ခြည်း

ပြောင်းလဲသွား၏။ သူ၏မျက်လုံးတို့ကတုန်လှုပ်အံ့အား

သင့်မှုကြောင့်ပြူးကျယ်နေသည်။

စိမ့်မြေအတွင်း၌ အိပ်မောကျနေသင့်သော မြွေကြီး၏ ဦးခေါင်းက ယခုအခါ၌သူ၏ဦးခေါင်းထက်တွင်

ရှိနေသည်ကို ယွဲ့ရှောက်ချုံးတွေ့လိုက်ရသည်။ ၎င်း၏ပါးစပ်က အကျယ်ကြီးပွင့်ဟနေပြီး ချွန်မြသော အစွမ်းတန်းနှစ်ခုကိုလှစ်ဟာပြထား၏ ။ယွဲ့ရှောက်ချုံးနှင့်ရှစ်ဖုန့်တို့မှာ ၎င်း၏ခက်ထန်သောမျက်နှာ ဖြင့်လုံးဝလွှမ်းအုပ်မိုးထားမှုကိုခံထားရသည်။

ထို့နောက်ချက်ချင်း ဧရာမမြွေကြီးက အောက်သို့ အုပ်ကာ ကိုက်ခဲလိုက်သည်။

“မဟုတ်ဘူး”

ဧရာမပါးစပ်ကြီးကသူနှင့်နီးကပ်လာသည်ကိုတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံး ငယ်သံပါအောင်အော်လိုက်သည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်နတ်ဆိုးသားရဲတစ်ကောင်၏ရှေ့တွင် သူကဲ့သို့ ကြယ်သုံးပွင့်ဘိုးဘေးနယ်ပယ်တစ်ယောက်၌

လုံးဝခုခံနိုင်သောစွမ်းအားရှိမနေပေ။

“ဟားဟား..ဟားဟားဟား.. သေစမ်း..မင်းတို့အားလုံးသေလိုက်ကြစမ်း”

ဧရာမမြွေကြီးအောက်သို့အုပ်ကာကိုက်ခဲလာသည်ကိုမြင်ရသောအခါတွင် ယန်ရှင်းက ဟက်ဟက်ပက်ပက်ကိုရယ်မောလိုက်သည်။ သူကအရမ်းကိုပြင်းထန်စွာရယ်မော

သောကြောင့် သူ၏မျက်လုံးတို့မှ မျက်ရည်များပင်ထွက်ကျလုနီးပါးဖြစ်နေသည်။

သို့သော်ဤအခိုက်အတန့်တွင်ရှစ်ဖုန့်ကရုတ်တရက်သူ၏ခေါင်းကိုမော့လိုက်သည်။ သူ၏ရေခဲတမျှအေးစက်သောမျက်နှာကသူထံသို့ကိုက်ခဲလာသော ဧရာမမြွေကြီးကို စိုက်ကြည့်နေသည်။

“ရွှီး”

ဤအချိန်တွင်မူလက ကြမ်းကြုတ်ရန်မူသော ဧရာမမြွေကြီးက ကိုက်ခဲမှုကိုရုတ်ခြည်းရပ်တန့်လိုက်သည်။ ၎င်း၏ပါးစပ်အားဖြည်းညှင်း

စွာပိတ်လိုက်ပြီး ၎င်းထက်ပို၍ ခက်ထန်သောသားရဲတစ်ကောင်

အားပက်ပင်းကြုံလိုက်ရသကဲ့သို့ ၎င်း၏ ဧရာမမြွေမျက်နှာထက်တွင် လူသားတစ်ယောက်ပမာ ကြောက်ရွံ့သောအသွင်အပြင်

တို့ဖြစ်ပေါ်လာသည်။

ထို့နောက်ယန်ရှင်း၏ ယုံရခက်နေသောအမူအယာအောက်၌ပင် ဧရာမမြွေကြီး၏ကိုယ်က ဖြည်းဖြည်းချင်းနောက်ပြန်ဆုတ်သွားသည်။

“ဘာဖြစ်နေတာလဲ. ဘာဖြစ်နေတာလဲ.. ဒါကဘယ်လိုဖြစ်ရတာလဲ”

ယန်ရှင်းကမယုံကြည်နိုင်စွာဖြင့်ထပ်မံရေရွတ်လိုက်သည်။ ထို့နောက် သူက ဧရာမမြွေကြီးထံသို့ လက်သင့်မခံနိုင်စွာဖြင့်အော်ဟစ်လိုက်သည်။

“မဟုတ်ဘူး…ပြန်လာခဲ့. မြန်မြန်ပြန်လာခဲ့.. သူတို့ကိုသေအောင်ကိုက်.သူတို့ကိုမြိုချပစ်လိုက်.. သူတို့ကိုမြန်မြန်မျိုချပစ်လိုက်..မြန်မြန်..”

သို့သော်ဧရာမမြွေကြီးကနောက်သို့ ဆက်လက်ဆုတ်သွားသည်။ ၎င်းက အဆင့်ခုနှစ်သူတော်စင်နယ်ပယ်သား

ရဲတစ်ကောင်သာဖြစ်သည်။ ရှစ်ဖုန့်၏အော်ရာအောက်တွင် မည်ကဲ့သို့မဆုတ်ခွာပဲနေပါမည်နည်း။

မကြာခင်တွင်ဧရာမမြွေကြီးက စိမ့်မြေထဲသို့ ဆုတ်ခွာသွားသည်။

“မဟုတ်ဘူး..မဟုတ်ဘူး..မဟုတ်ဘူး.

.မဟုတ်ဘူး. မဟုတ်ဘူး”

ဧရာမမြွေကြီးကအဝေးသို့ထွက်ပြေးသွားသည်ကိုတွေ့ရသောအခါတွင် ယန်ရှင်းက ရူးသွပ်စွာအော်ဟစ်လိုက်သည်။ ထို့နောက်သူကရှစ်ဖုန့်အား ခက်ထန်စွာစိုက်ကြည့်လိုက်၏။

“မင်း..မင်း.မင်း.မင်း.မင်း. မင်းပဲ.ထပ်ပြီးမင်းပဲ.. မင်းက ကြယ်တစ်ပွင့်အင်ပါယာနယ်ပယ်

အမှိုက်တစ်ယောက်ပဲ.. မင်း.ဘာလို့..ဘာလို့မင်းကဒီလိုမျိုး

ဖြစ်လာရတာလဲ”

ယန်ရှင်းကရှစ်ဖုန့်အားရူးသွပ်စွာ

အော်ဟစ်နေသည်။ သူကရှစ်ဖုန့်အားအပိုင်းပိုင်း

ဆုတ်ဖြဲပစ်ချင်သကဲ့သို့ကြည့်နေ၏။ ယင်းမှာသူ၏စိတ်ထဲတွင်ရှစ်ဖုန့်၏

စွမ်းအားနှင့်ရှစ်ဖုန့်၏အမှားတို့ကြောင့်သာဖြစ်သည်။

“ သူဒီလိုလုပ်လို့မရဘူး . သူဒီလိုမြွေကြီးကိုအဝေးကိုခြောက်

ထုတ်လို့မရဘူး. သူတို့တွေ က မြွေကြီးဝါးမျိုတာခံရပြီး အစွယ်တွေနဲ့ အပိုင်းပိုင်းဖြစ်အောင်ကြိတ်ဝါးခံကြရမှာ.. အား..အား…..”

“ငါလိုပါရမီရှင်ယန်ရှင်းကိုဒီလိုမျိုးဖြစ်အောင် လုပ်မဲ့သူတစ်ယောက်ကပေါ်လာပြီးဘာလို့ငါ ယန်ရှင်းဆီကနေအားလုံးကိုယူသွားရတာလဲ”

“ဘာလို့လဲ”

ယန်ရှင်း၏မျက်လုံးတို့မှ မျက်ရည်တန်းနှစ်ခုစီးထွက်လာပြီး

ပါးပြင်ပေါ်သို့ ကျဆင်းလာသည်။ သူကကလေးဘဝထဲမှစ၍ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် မချင့်မရဲခံစားရခြင်းဖြစ်သည်။

“အရူးတစ်ယောက်လိုအော်ဟစ်ဖို့ပဲသိတဲ့ အမှိုက်တစ်ကောင်ပဲ”

ရှစ်ဖုန့်က ယန်ရှင်းအားကြည့်၍ အေးစက်စွာပြောလိုက်သည်။

“မင်း.မင်း..မင်း.မင်း.မင်း.မင်း….”

ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် ယန်ရှင်းတစ်ယောက်ပြင်းထန်စွာ

တုန်တက်သွားသည်။

“သွားစို့..”

ဤအချိန်တွင်ရှစ်ဖုန့်ကခေါင်းကိုလှည့်လိုက်ပြီး ယွဲ့ရှောက်ချုံးကိုပြောလိုက်သည်။

ယွဲ့ရှောက်ချုံးမှာ ဧရာမမြွေကြီးသူ့ထံသို့ယူဆောင်လာသည့် တုန်လှုပ်အံ့အားသင့်မှုမှ အပြည့်အဝပြန်လည်ကောင်းမွန်မလာသေးပေ။ သူက ကြက်သေသေနေဆဲဖြစ်သည်။ ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် သူ၏ခေါင်းအား စက်ယန္တရားတစ်ခုပမာလှည့်လိုက်ပြီး စက်ယန္တရားတစ်ခုကဲ့သို့ပင်ခေါင်း

ညိမ့်လိုက်သည်။

“အိုး..အိုး..”

နောက်ထပ်စက္ကန့်ပိုင်းတွင် ရှစ်ဖုန့်၏ ပုံရိပ်က ဖျက်ခနဲ သိပ်သည်းသော သစ်ရွက်တို့ကိုဖြတ်ကျော်သွားပြီး ယွဲ့ရှောက်ချုံး၏မြင်ကွင်းမှပျောက်ကွယ်

သွားသည်။

ရှစ်ဖုန့်ထွက်ခွာသွားပြီးနောက် ယွဲ့ရှောက်ချုံးက သူ၏ခေါင်းကိုလှည့်လိုက်ပြီး စိမ့်မြေအတွင်းအကွာအဝေး

တစ်ခုသို့ဆုတ်ခွာသွားသော ဧရာမမြွေကြီးထံသို့ ကြည့်လိုက်သည်။ဤအချိန်တွင်ရှစ်ဖုန့်ထွက်ခွာသွားကြောင့် ထင် ဧရာမမြွေကြီး၏ ကိုယ်က ရုတ်တရက် လှုပ်ရှားသွားပြီး လျှင်မြန်စွာသူ့ထံသို့ ကူးလူးလာသည်။

ဤမြင်ကွင်းအားတွေ့ရသောအခါတွင် ယွဲ့ရှောက်ချုံးထပ်မံနေရဲခြင်းမရှိတော့ချေ။ သူ၏ပုံရိပ်ကလည်းလေကိုထိုးခွင်းသွားပြီး ထွက်ပြေးလိုက်သည်။ သို့သော်ထွက်ပြေးနေရင်းသူ့အောက်ရှိယန်ရှင်းကိုလည်းကြည့်ရန်ယွဲ့ရှောက်ချုံးမမေ့ပေ။ သူကအထင်သေးမှုအပြည့်ဖြင့်

သရော်ပြုံးတစ်ခုကို ယန်ရှင်းကိုပြုံးပြလိုက်သည်။

ထို့နောက်တွင် ယွဲ့ရှောက်ချုံး၏ပုံရိပ်ကလည်း သိပ်သည်းသောသစ်ရွက်များ

ကိုဖြတ်ကျော်သွားပြီး ရှစ်ဖုန့်နောက်သို့အမှီလိုက်လိုက်သည်။

“မင်း.မင်းတို့..အား”

ရှစ်ဖုန့်နှင့်ယွဲ့ရှောက်ချုံးတို့ထွက်ခွာသွားသည်ကိုတွေ့ရပြီး အထူးသဖြင့် ယွဲ့ရှောက်ချုံး၏ သရော်ပြုံးနှင့် အထင်သေးသောအမူအယာအား

တွေ့ရသောအခါတွင် ယန်ရှင်း၏နှလုံးသားခက်ထန်စွာ လှုပ်ရှားသွားသည်။

ရုတ်ခြည်း ယန်ရှင်း မော့ကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦးဖြတ်သန်းသွားသော

သိပ်သည်းသည့်သစ်ရွက်များ

နေရာတွင်ရုတ်ခြည်း ခက်ထန်ပြီးကြီးမားသော

မြွေပါးစပ်ကြီးနှင့်ကြမ်းကြတ်သော ဓားကဲ့သို့ ထက်ရှသည့် အစွယ်တို့ကအစားထိုးဝင်ရောက်လာသည်။

ဤအချိန်တွင် ယန်ရှင်း၏မျက်နှာက သေလုအောင်ဖြူဖျော့သွားသည်။

“ရွှီး”

“မလုပ်နဲ့”

“အား..”

All Chapters