← Chapters

အခန်း (၇၂၂)

Vol. 49 Ch. 722

အခန်း (၇၂၂)

Vol. 49 Ch. 722

ရှစ်ဖုန့်က ဟင်းလင်းပြင်ထဲသို့ရောက်ရောက်ချင်း ရုတ်ခြည်းလေထဲ၌ရပ်တန့်လိုက်သည်။

ထို့နောက် သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြု၍ သွေးကျောက်ပြားနေရာလွတ်အတွင်း

သို့ဝင်ရောက်လိုက်သည်။ ထို့နောက်တွင် ရှစ်ဖုန့်၏အသံကရွယ်ဝူဟမ်နှင့် လောချင်းချွမ်တို့ရှိနေသော နေရာ၌ ပဲ့တင်ထွက်ပေါ်လာသည်။

“ဝူဟမ်. မင်းရဲ့ဆေးဝါးဖော်စပ်မှုအဆင့်က

ဘယ်လောက်မှာလဲ”

သွေးကျောက်ပြားနေရာလွတ်အတွင်း၌ ကျင့်ကြံနေသော ရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်၏အသံအားကြားပြီးနောက်ကျင့်ကြံခြင်းအခြေအနေမှ နိုးထလာသည်။ ထို့နောက်ရွှယ်ဝူဟမ်ကပြန်ဖြေလိုက်သည်။

“အဆင့်ခုနှစ်သူတော်စင်နယ်ပယ်မှာပါ”

“ကောင်းတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီသခင်လေးမှာ အဆင့်ရှစ် မဟာသူတော်စ်င်နယ်ပယ် ဆေးပင်ရှိတယ် .. ဒီသခင်လေးကိုကူပြီးတော့ဒီဆေးပင်ရဲ့

အဆီအနှစ်ကို သန့်စင်ပေး”

“အဆင့်ရှစ် မဟာသူတော်စင်နယ်ပယ်ဆေးပင်

တစ်ပင်လား”

ရှစ်ဖုန့်၏ စကားအားကြားပြီးနောက် ရွှယ်ဝူဟမ်က ခဏတွေးပြီးပြောလိုက်သည်။

“ ကျွန်တော်က ဆေးဝါးဖော်စပ်မှုမှာ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ပဲရှိပြီး အဆင့်ရှစ်ဆေးပင်တွေကိုဆေးဝါးဖော်စပ်နိုင်မှုမရှိဘူးဆိုပေမဲ့.. ဝိညာဉ်နဲ့ မသန့်စင်မှုတွေကို ဖယ်ရှားပေးပြီး အဆီအနှစ်ကိုသန့်စင်ပေးတာ

လောက်ကတော့ပြဿနာမရှိပါဘူး”

“ကောင်းပြီ”

ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြန်ဖြေလိုက်သည်။ ထို့နောက်တွင် သွေးနီရောင်အလင်းတစ်ခုက

သူ၏ညာလက်ချောင်းတွင်လင်းလက်လာသည်။ လက်သီးဆုပ်အရွယ် အဖြူရောင်ပန်းပွင့်က ရှစ်ဖုန့်၏လက်ထဲမှပျောက်သွားပြီး ရှစ်ဖုန့်၏သွေးကျောက်ပြားနေရာလွတ်အတွင်းသို့စုပ်ယူခံလိုက်ရသည်။ ထို့နောက်တွင် ၎င်းက ရွှယ်ဝူဟမ်ထံသို့ကျဆင်းသွား၏။

စိတ်ဝိညာဉ်ဆေးတစ်ပင်၏အဆီအနှစ်ကိုသန့်စင်ပြီး မသန့်စင်မှုတို့အားဖယ်ထုတ်ပစ်ခြင်းက ၎င်း၏ အကျိုးသက်ရောက်မှုအားလုံးဝ

စုပ်ယူခွင့်ပြုသည်ဖြစ်သည်။ ထို့အပြင် မသန့်စင်မှုများကလည် ဆေးပင်၏ အကျိုးသက်ရောက်မှုအပေါ်၌များ

စွာသက်ရောက်မှုရှိသည်ဖြစ်၏။

အကယ်၍ ကမ္ဘာ့နံပါတစ် ဆေးဝါးဖော်စပ်သူချင်ယူဖန်း၌သာ

အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်

ဆေးပင်တစ်ပင်ရှိနေပြီး ဤဆေးပင်အားသူသန့်စင်ပါက ၎င်း၏ အကျိုးသက်ရောက်နိုင်စွမ်းကစိတ်ကူး

ကြည့်၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။

ကံမကောင်းစွာဖြင့် ချင်ယူဖန်းကဆေးဝါးဖော်စပ်မှု၏ မြင့်အားသောအဆင့်တစ်ခုကိုလိုက်စားနေသည်။ သူ၏တပည့်များနှင့်လောချင်းချွမ်အပါအဝင် သူ၏စီနီယာအကိုများပင် သူယခုဘယ်မှာရှိနေမှန်းကိုမသိကြချေ။

ရှစ်ဖုန့်ဤကိစ္စအားကိုင်တွယ်

ဖြေရှင်းပြီးသည့်နောက်၌ ပုံရိပ်တစ်ခုကသူ၏ဘေးသို့ရောက်ရှိလာသည်။ ယင်းကယွဲ့ရှောက်ချုံးဖြစ်သည်။ သူကလည်းရှစ်ဖုန့်၏ဘေးတွင်

ရပ်တန့်လိုက်သည်။

ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားကြည့်၍မေးလိုက်သည်။

“ရှစ်ဖုန့်လေး. တို့တွေနောက်ထပ်ဘာလုပ်သင့်လဲ”

ရှစ်ဖုန့်၏ခွန်အားနှင့်ဤကမ္ဘာ၏အန္တရာယ်များအားမျက်မြင်ကြုံတွေ့ပြီးသည့်နောက်၌ ယွဲ့ရှောက်ချုံးမှာ ရှစ်ဖုန့်အား သူ၏ကျောရိုးအဖြစ် မှတ်ယူလာသည်။

အကယ်၍သူဤနေရာ၌ရှင်သန်လိုလျှင် ရှစ်ဖုန့်ပြောသည်ကိုသူ

နားထောင်ရမည်ဖြစ်သည်။

ယွဲ့ရှောက်ချုံး၏ စကားတို့အား

ကြားပြီးနောက် ရှစ်ဖုန့်ကနောက်တစ်ကြိမ်သူ

၏အကြည့်ကိုအောက်ဘက်ရှိ တောအုပ်ထံသို့ပြောင်းလိုက်သည်။ သူက အဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်ဆေးပင်

ဖြစ်သောအဖြူရောင်ပန်းတစ်ပွင့်နှင့် မမျှော်လင့်ဘဲပက်ပင်းကြုံခဲ့သည်ဖြစ်

သောကြောင့် ဤတောအုပ်အတွင်း၌အခြားသော

စိတ်ဝိညာဉ်ဆေးပင်များလည်း

ရှိနေလိမ့်မည်ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်ဆေးပင်များက နတ်ဆိုးသားရဲတို့၏ ဝမ်းဗိုက်အတွင်းစားသောက်ချေဖျက်

မှုကိုခံရပြီးဖြစ်လောက်ပြီဖြစ်ပြီး ၎င်းတို့ ရှင်ကျန်ရစ်နိုင်သောအခွင့်အရေးက အရမ်းကိုနည်းပါးသည်ဖြစ်သည်။

စွမ်းအားကြီးသားရဲများစောင့်ကြပ်နေသော စိတ်ဝိညာဉ်ဆေးပင်များတွင်မူ ရှင်သန်ကျန်ရစ်ဖို့အခွင့်အရေးမြင့်မား

သည်ဖြစ်သည်။

သူအစောပိုင်းကပက်ပင်းကြုံခဲ့သောအဆင့်ရှစ်မဟာသူတော်စင်နယ်ပယ်အဖြူ

ရောင်ပန်းကဲ့သို့ပင် ၎င်းအား အဆင့်ခုနှစ်သူတော်စင်နယ်ပယ်နတ်ဆိုသားရဲကစောင့်ကြပ်နေသောကြောင့် အခြားသောနတ်ဆိုးသားရဲများက ၎င်းနားသို့ အလိုအလျောက်ချဉ်းကပ်ရဲခြင်းမရှိပေ။

ထိုအဖြူရောင်ပန်းမှာလည်း ဧရာမမြွေကြီးကအနာဂတ်၌ အဆင့်တက်သောအခါ၌ အသုံးပြလိုခြင်းဖြစ်လောက်သည်ဖြစ်သည်။ သို့သော်သူထိုနေ့အားမစောင့်စား

လိုက်ရခင်မှာ ပင် ဤကမ္ဘာအတွင်းသို့ဝင်ရောက်လာကြသော ကျူးကျော်သူတို့က အရင်ကျူးကျော်ယူဆောင်သွား

ခဲ့သည်ဖြစ်သည်။

ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားကို

အသုံးပြုပြီးအောက်ဘက်ရှိတောအုပ်အားအာရုံခံလိုက်သည်။ ထို့နောက်မကြာခင်တွင် ဧရာမမြွေကြီးနှင့်ဆင်တူသောနယ်မြေ၌ အဆင့်ခုနှစ်အထွတ်အထိပ်နတ်ဆိုး

သားရဲတစ်ကောင် ရှိနေသည်ကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ အခြားသောနတ်ဆိုးသားရဲများက ဤနေရာသို့ချဉ်းကပ်လာရဲခြင်းမရှိပေ။

ထို့နောက်ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအားထပ်မံပြောလိုက်သည်။

“သွားစို့”

ထိုနောက်တွင် ရှစ်ဖုန့်က ဦးဆောင်ပြီး ထိုနယ်မြေသို့ ပျံသန်းသွားသည်။ ယွဲ့ရှောက်ချုံးကရှစ်ဖုန့်၏လုပ်ဆောင်မှုကိုတွေ့ရသောအခါတွင်ရှစ်ဖုန့်၏နောက်မှ

နီးကပ်စွာလိုက်ပါလာသည်။

ရှစ်ဖုန့်ကအော်သို့ထိုးဆင်းလိုက်သည်။ အသံတစ်ခုနှင့်အတ ထူထပ်သောသစ်ရွက်လွှာများအာ လျှင်မြန်စွထိုးခွင်းလိုုက်ပြီး တောအုပ်အတွင်းသို့ကျဆင်းသွားသည်။

ဆင်တစ်ကောင်အရွယ်အစားရှိသောဧရာမ ရေခဲဝံပုလွေတစ်ကောင်က ငိုက်မျဉ်းနေသည်။ ၎င်း၏ ဦးခေါင်းထက်တွင် ချွန်မြသော ဦးချိုတစ်ချောင်းရှိပြီး ၎င်း၏ကိုယ်အားလက်သီးဆုပ်အရွယ် သိပ်သည်းသောရေခဲအကြေးခွံများ

ကဖုံးလွမ်းထားပြီး အေးစက်သောလေထုကိုထုတ်လွှတ်နေသည်။

ထို့နောက်တွင် ဧရာမရေခဲဝံပုလွေကြီးက ကျူးကျော်သူရောက်ရှိလာမှုကိုအာရုံခံမိပြီး ရုတ်ခြည်းနိုးထလာသည္။ ၎င်း၏မျက်လုံးတို့အားဖွင့်၍ ခက်ထန်ကြမ်းကြုတ်သောမျက်နှာ

တစ်ခုကိုပြသလာ၏။ ၎င်း၏ဧရာမကိုယ်ကြီးကရုတ်တရက်

လှုပ်ရှားသွားပြီး ၎င်း၏အစွယ်တို့ကို ထုတ်ပြကာ လက်ကသည်းတို့ကိုဝင့်၍အဖြူရောင်ပုံရိပ်ထံသို့ခုန်အုပ်လိုက်သည်။

ရှစ်ဖုန့်၏အမူအယာကပြောင်းလဲခြင်းမရှိပေ။ သူ့ထံသို့ခုန်အုပ်လာသော ဧရာမရေခဲဝံပုလွေကြီးအားကြည့်၍သူ၏လက်ချောင်းကိုတောက်လိုက်ပြီးသွေးနီ

ရောင်မီးစတစ်ခုက ထွက်ပေါ်လာသည်။

ရုတ်ခြည်း သွေးနီရောင်မီးစက ရေခဲဝံပုလွေထံသို့ပျံသန်းသွားသည်။ ရေခဲဝံပုလွေ၏ ဧရာမကိုယ်ကြီးမှာ ရုတ်ခြည်း ဧရာမသွေးနီရောင်မီးတောက်အဖြစ်

သို့လေထဲ၌ပြောင်းလဲသွားပြီး ၎င်းက နာကျင်မှုအပြည်ဖြင့်ဟစ်အော်လိုက်သည်။

မကြာခင်တွင်အော်သံရပ်တန့်သွားပြီး လေထုအလယ်မှသွေးနီရောင်မီး

တောက်တို့ကရှစ်ဖုန့်ထံသို့ ပြန်လည်လှိမ့်ဝင်လာသည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်မှာရှစ်ဖုန့်၏ လက်တစ်ချက်တောက်ချက်ဖြင့် ပြာဖြစ်သွားသည်။

ထို့နောက်တွင်ရှစ်ဖုန့်ကခေါင်းခါလိုက်၏။ ဤနေရာရှိအရာအားလုံးအားသူ

အာရုံခံကြည့်သော်လည်း မည်သည့်ကောင်းကင်နှင့်မြေကြီး၏ရတနာတို့၏တည်ရှိမှုကိုမှသူအာရုံခံမိခြင်းမရှိပေ။

ဤအချိန်တွင်ယွဲ့ရှောက်ချုံးက

နောက်ကျမှရောက်လာသ်။ သူရောက်ရောက်ချင်းရှစ်ဖုန့်၏

အသံကိုကြားလိုက်ရသည်။

“သွားစို့”

ရှစ်ဖုန့်စကားပြောပြီးနောက်သူ၏ပုံရိပ်က ထပ်မံရွေ့လျားသွားပြီး ရှေ့သို့လျှင်မြန်စွာထပ်မံပျံသန်းသွားကာ ဤတောအုပ်အတွင်းရှာဖွေလိုက်သည်။

ရှစ်ဖုန့်၏အစီအစဉ်ကအခြားဧရိယာ

များသို့မပြောင်းရွှေ့ခင်ဤတောအုပ်အားဖြတ်သန်းရှာဖွေရန်ဖြစ်သည်။ ပျံသန်းနေရင်း သူ၏ဘေး၌သွေးနီရောင်အလင်း

တစ်ခုဖျက်ခနဲပေါ်လာသည်။

“ဂါး”

ရှစ်ဖုန့်၏ဘေးမှ ရှေးဟောင်းသားရဲတစ်ကောင်ကဲ့

သို့ကြမ်းကြုတ်သောအော်သံတစ်ခု

ထွက်ပေါ်လာသည်။ဟင်းလင်းပြင်

ကလှုပ်ခါသွားသည်။

သွေးနီရောင်အလင်းပျောက်ကွယ်သွား

သောအခါတွင် ရှစ်ဖုန့်၏ဘေး၌ပိန်းပေါက်အောင်

နက်မှောင်သောပုံရိပ်တစ်ခုပေါ်လာသည်။

ရှစ်ဖုန့်ကတီရှာအားသွေးကျောက်ပြား နေရာလွတ်အတွင်းမှထုတ်ကာ ဤတောအုပ်အတွင်းရှိကောင်းကင်နှင့်မြေကြီး၏ရတနာတို့အား သူနှင့်အတူလူခွဲရှာစေသည်။

……………………………………..

တောအုပ်အတွင်းတွင်ပုံရိပ်နှစ်ခုကဆက်တိုက်လျှောက်လှမ်းနေသည်။သူတို့၏ပတ်ဝန်း

ကျင်အားကြည့်ကာမျက်နှာများက လေးနက်နေ၏။

၎င်းတို့နှစ်ယောက်ကယောက်ျား

တစ်ဦးနှင့်မိန်းမတစ်ဦးဖြစ်သည်။ အမျိုးသားက ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူ၌ ယောက်ျားပီသသောမျက်နှာနှင့်သူရဲ

ကောင်းဆန်သောစိတ်ဝိညာဉ်တစ်ခုရှိ၏။

အမျိုးသမီးက အစိမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားသည်။ သူမက အပြစ်ကင်းဆင်ပြီးနူးညံ့ချိုသာသော

အသွင်ရှိသည်။

ဤကယ်၍ ယွဲ့ရှောက်ချုံးသာဤနေရာ၌ရှိနေလျှင် သေချာပေါက်၎င်းတို့နှစ်ဦးကိုသူမှတ်မိမည်ဖြစ်သည်။ ၎င်းတို့က သူပြောသည်ဖောက်ပြန်သည့်စုံတွဲဖြစ်သော ယွန်ယန်ဓားဂိုဏ်းကဟုသိကြသည့် မုရုံခန်းနှင့်ထျန်းချင်းချင်းတို့ပင်ဖြစ်သည်။

“စီနီယာအကို. ဒီနေရာကအရမ်းအန္တရာယ်များလွန်းတယ်.. ဒီနေရာကထွက်သွားဖို့နည်းလမ်းတစ်ခုစဉ်းစားရအောင်.. ဒီနေရာကနေဘာအခွင့်အလမ်းကိုမှာ

မရှာဘဲနေကြရအောင်.. အစောပိုင်းကကြုံခဲ့ရတဲ့နတ်ဆိုးသားရဲ

နှစ်ကောင်ကညီမတို့အသက်ကိုယူလုနီးပါးပဲ.. “

ဤအချိန်တွင်မိန်းမငယ်လေးထျန်းချင်းချင်းက မုရုံခန်းအားကြည်လင်ချိုသာသော

အသံဖြင့်ပြောလိုက်သည်။

“ဂျူနီယာညီမလေး”

ထျန်းချင်းချင်း၏ စကားအားကြားပြီးနောက်မုရုံခန်း

ကအသံတိုးတိုးဖြင့်ပြောလိုက်သည်။

“အခုတို့ကရှေးဟောင်းအမွေအနှစ်ထဲကိုဝင်လာခဲ့တာ ဘယ်လိုလပ်ပြီးတော့အလွယ်တကူ

လက်လျော့နိုင်မှာလဲ. ဒီတောအုပ်ထဲမှာတို့တွေ အန္တရာယ်တွေနဲ့ပက်ပင်းကြုံခဲ့တယ်ဆိုပေမဲ့. အဆင့်ခုနှစ်သူတော်စင်နယ်ပယ်ဆေးပင် ရိုးတံသုံးခုကိုရခဲ့တာကိုမမေ့နဲ့အုံး”

“ပြီးတော့ ဂျူနီယာညီမလေးမင်းမေ့သွားပြီလား. တို့တွေဒီနေ့လိုအောင်မြင်မှုတွေကိုရလာပြီး ငါတို့မျက်လုံးထဲမှာရှိတဲကျွမ်းကျင်သူအားလုံး၌ ယှဉ်လာနိုင်တဲ့အကြောင်းပြချက်က အဲ့ရှေးဟောင်းသင်္ချိုင်းကြောင့်ပဲ. ဒီရှေးဟောင်းအမွေအနှစ်ထဲကအခွင့်အလမ်းတွေက အဲ့ရှေးဟောင်းသင်္ချိုင်းထက်တော်ပိုပြီး ကြီးမားမယ်လို့အကိုခံစားနေရတယ်”

“ဖြစ်နိုင်ရင်.ဖြစ်နိုင်ရင်တို့တွေမဟာသူတော်စင်နယ်ပယ်ကိုဝင်ရောက်ပြီး မဟာသူတော်စင်တွေဒီမှာဖြစ်လာ

လောက်တယ်”

မဟာသူတော်စင်နယ်ပယ်တစ်ယောက်ဖြစ်လာပြီးကမ္ဘာကြီးရှိသက်ရှိအားလုံးအား

နှိမ့်ချကြည့်နိုင်မှုကို တွေးရင်းမုရုံခန်းစိတ်လှုပ်ရှား

တက်ကြွလာသည်။ သူက စိတ်ထက်သန်ပြင်းပြမှုတို့ဖြင့်

လောင်မြိုက်နေ၏။

“အား”

မုရုံခနးစိတ်ထက်သန်မှုတို့လောင်မြိုက်နေစဉ် ရုတ်တရက်အလန့်တကြားအော်လိုက်ပြီး ရှေ့သို့ ထိုးညွှန်ပြလိုက်သည်။သူ၏နှလုံးသားထဲရှိစိတ်လှုပ်ရှားမှုကပို၍ပင်စိတ်လှုပ်ရှားလာသည်။ ရှေ့သို့ထိုးညွှန်ထားသောသူ၏လက်တို့ပင် မထိန်းနိုင်ဘဲတုန်ယင်နေသည်။

“ဂျူနီယာညီမလေး ကြည့်လိုက်..အဲ့မှာ အဲ့မှာရှေးဟောင်းရေတွင်းတစ်ခု အဲ့မှာ..အဲ့မှာ တို့အတွက်အခွင့်အလမ်းတွေရှိလောက်တယ်.. အဲ့ကိုသွားပြီးတစ်ချက်ကြည့်ကြစို့..

မြန်မြန်လေး”

All Chapters